Photobucket

Tuesday, July 26, 2011

ရက်စက်ခြင်းများ ရပ်ကြလေကုန်

ကျနော် ဒီပုံတွေကိုတွေ့တော့ သိပ်ခံစားရတယ်။ အသိဥာဏ် အကြီးမားဆုံးလို့ ပြောနေတဲ့ လူသားတွေက အသိဥာဏ်အမဲ့ဆုံး အလုပ်တွေကို လုပ်နေကြပါလားလို့ သံဝေဂ ရမိတယ်။ ဒါကြောင့် တချို့ အင်္ဂလိပ်စာ အားနည်းတဲ့လူတွေ (အဲဒီလူတွေထဲမှာ  ကျနော်လည်း အပါအဝင်) နားလည်ပြီး ဖတ်လို့ရအောင် တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်။ အမှားပါရင်လည်း စေတနာအမှားလို့ နားလည်ပေးပါ။ မှားခဲ့ရင် တကယ်တတ်တဲ့လူတွေက ထပ်ပြင်ပေးကြပေါ့။

                                                                                                        ဆလိုင်း ဟံသာစန်း
Denmark is a big shame.
      ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။
The sea is stained in red and it’s not because of the climate effects of nature.
                  သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။
??? ???????
It's because of the cruelty that the human beings (civilised human) kill hundreds of the famous and intelligent Calderon dolphins.
 လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။
??? ???????
This happens every year in Feroe iland in Denmark . In this slaughter the main participants are young teens.  WHY?
To show that they are adults and mature.
ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။

??? ???????
In this big celebration, nothing is missing for the fun. Everyone is participating in one way or the other, killing or looking at the cruelty “supporting like a spectator”

 ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။
??? ???????
Is it necessary to mention that the dolphin calderon, like all the other species of dolphins, it’s near instinction and they get near men to play and interact. In a way of PURE friendship
လင်းပိုင်ဆိုတာ  လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။
??? ?????????? ???????
They don’t die instantly; they are cut 1, 2 or 3 times with thick hocks. And at that time the dolphins produce a grim extremely compatible with the cry of a new born child.
 သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။
??? ???????
But he suffers and there’s no compassion till this sweet being slowly dies in its own blood

ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။
??? ?????????? ???????
Its enough! We will send this mail until this email arrives in any association defending the animals, we won’t only read.
ဒီလောက်ဆို တော်လောက်ပါပြီ။  ဒီမေးလ်ကို ဖတ်ရုံဘဲ မလုပ်ပါနဲ့ သနားစရာ အပြစ်မဲ့တဲ့ တိရိ စ္ဆာန်တွေကို သတ်နေတဲ့ဖြစ်ရပ်ကြီး ပျောက်ကွယ်သွားဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့ထိရောက်သွားအောင် ဒီမေးလ်ကို ဆက်ဖြန့်ဝေပေးကြပါ။
??? ???????
Take care of the world, it is your home!
Assine contra essa crueldade:
ကမ္ဘာဟာ မင်းရဲ့အိမ်ဖြစ်တယ်။ ဒါကြောင့် ဂရုစိုက်ပါ။ စောင့်ရှောက်ပါ။
Please type your name and forward to as many people as possible. Sign and send on – this is serious.....
Sign Against this cruelty:
             တကယ်တော့ လူသားတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်တဲ့အတွက် အသိဥာဏ်နည်းပါးတဲ့ သတ္တဝါတွေကို စောင့်ရှောက်သင့်ပါတယ်။ ကိုယ့်ကို အန္တရာယ်မပေးဘဲ အေးအေးဆေးဆေး နေတဲ့သတ္တဝါကို ဘာသာတရား အဆုံးအမအရ၊ ထုံးတမ်းစဉ်လာ အဆုံးအမအရ မသတ်ဖြတ်သင့်ပါဘူး။ ကိုယ့်အသားဆိပ်ရင် နာတတ်သလို သူ့အသားဆိပ်ရင်လည်း နာမယ်ဆိုတာ တွေးကြည့်စရာ မလိုပါဘူး။ ကိုယ်ချင်းစာတရားဆိုတာ အဆင့်မြင့်တဲ့လူသားတွေ ထားအပ်တဲ့တရားပါ။
ထားကောင်းပါတယ်။ ထားသင့်ပါတယ်။
           တကယ်လို့သာ ဒီနေရာမှာ လင်းပိုင်တွေမဟုတ်ဘဲ လူသားစား ငမန်းတွေသာဆို ဒီလူတွေ ဒီလိုလုပ်ရဲပါ့မလား။ စဉ်းစားစရာပါနော်။ တွေးကြည့်တတ်ဖို့ပါ။ သူ့အလှည့်ကျတော့ အသေအကြေလုပ် ကိုယ့်အလှည့်ကျတော့ နာမှာကြောက် သေမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့ စိတ်မျိုး မမွေးကြပါနဲ့။ ကိုယ်ချင်းစာတရား ထားပြီး အဆင့်မြင့်တဲ့ လူသား ဖြစ်အောင် ကြိုးစားကြစေချင်ပါတယ်။ နောက်ဆုံးပြောရရင် ဒီဓာတ်ပုံထဲက လူတွေလို မရက်စက်ကြပါနဲ့။
ကမ္ဘာမြေဟာ မင်းရဲ့အိမ်ပါ သူငယ်ချင်း။ ကမ္ဘာမြေကို ဖျက်ဆီးခြင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းပါပဲ။
နောက်ပြီး  ဒီလို အဓိပါယ်မရှိတဲ့ လုပ်ရပ်မျိုးတွေ ရပ်တန့်သွားဖို့ တထောင့်တနေရာက ကြိုးစားပေးလိုက်ပါလို့ တောင်းဆိုချင်ပါတယ်။ မလုပ်ရင် ဘာမှ မလုပ်ပါနဲ့။ လုပ်ရင် အဓိပါယ်ရှိတဲ့ အုလုပ်ကို လုပ်ပါ။
                        
                                အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ။ ကိုယ်ချင်းစာတရား ထားတတ်ကြပါစေ
                                                                                                       
                                             သူငယ်ချင်းတစ်ယောက်ကပေးပို့လာတဲ့မေးထဲကအကြောင်းအရာလေး
ပါ စာရေးသူဘလောဂ်တစ်ခုမှာဖတ်ပြီးသားပါပြန်ရှာတာမတွေ့လိုသူငယ်ချင်းကဒီပိုစ်လေတင်ပေးပါဆိုလို့
တင်ပေးလိုက်တာပါ၊ကြည့်ရတဲ့သူအဖို့တော့တကယ်စိတ်မကောင်းစရာဘဲ၊
အပြစ်မဲ့တဲ့တိရိ စ္ဆန်တွေကိုရက်စက်တာတော့လူမဆန်တဲ့လုပ်ရပ်ပါဘဲ။တိရိစ္ဆန်တွေကဘဲဝဋ်ကြွေးကြီးလိုလာ
လူတွေကဘဲအသိဥာဏ်မရှိတော့တာလားစာရေးသူအနေနဲ့မဝေခွဲတတ်တော့ပါရက်စက်ခြင်းမှကင်းဝေးကြပါစေ.... 
                          ရွှေဝန်းရတနာ 

Thursday, July 21, 2011

ထူးထူးခြားခြား တလင် နှစ်မယား ( အားလုံးကြည့်ရန်)


FaceBook မှာ တွေ့ရတဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေပါ။
မင်္ဂလာမောင်မယ်တွေကတော့
မောင်မင်းမင်းစိုး၊ မနှင်းဆွေ၊ မပိုပို လို့ ဆိုတယ်။


ဘိသိတ်ဆြာက လက်မှာ သပြေခက်၊ ရေခွက်၊ မိုက်ကရိုဖုန်းနဲ့။

ရက်စွဲတပ်မထားတော့ ဘယ်ကာလမှန်း မသိရပါ။ (ဓာတ်ပုံရိုက်ခဲ့သူရဲ့ ဖြည့်စွက်ချက်ကို အောက်ဆုံးမှာ ဖော်ပြလိုက်ပါတယ်)




ဧည့်ပရိသတ်ရဲ့ ၀တ်စားဆင်ယင်ပုံအရ ဆောင်းတွင်းလို့ ယူဆရပါတယ်။


ဒီပုံတွေ တင်ထားတဲ့ ကိုဇော်မြင့်သိန်းကတော့ ထူးထူးခြားခြား မင်္ဂလာပွဲ လို့ ခေါင်းစည်း တပ်ပြီး ဟောဒီလို ရေးထားလေရဲ့။

ထူးထူးခြားခြား မင်္ဂလာပွဲလေး 2010ခုနှစ် ကောလင်းသို့ ခရီးသွားခဲ့ရာမှ စတင်​ခဲ့ပါသည်။ ကျွန်တော်သည် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်သည်။ ရွှေဘိုမြို့နယ်တွင် ရိုက်ကူးရေးကို အထူး လုပ်ကိုင်ပါသည်။ သို့ပေမယ့် ခင်ရာ မင်ရာများကိုလည်း ဘယ်လောက်ေ​၀းဝေး လိုက်ရိုက်ပေးပါသည်။ ၀ါသနာ အလွန်ကြီးခဲ့သည်။

ကျွန်တော်နှင့် အလွန် ၀ါသနာတူသော သူငယ်ချင်း တစ်ယောက်လည်း ရှိပါသည်။ ​ သူနှင့်အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ရှိုလယ်ရွာ(အလယ်ရှို)ရွာတွင် ဓာတ်ပုံ ရိုက်ရန် အကြောင်းရှိလာရာ​ သွားရောက် ရိုက်ကူးခဲ့ကြပါသည်။ သွားရောက် ရိုက်ကူးသောပွဲမှာ ရွှေဘိုမြို့မှ ဘော်ဒါကျောင်းဆရာတစ်ဦး၏ မင်္ဂလာဆောင် ဖြစ်ပါသည်။

ဓာတ်ပုံ ရိုက်ပြီးသောနေ့တွင် ထိုရွာမှအပြန် ကားလမ်းမကြီးဘေးအရောက် အမှတ်တမဲ့ ကြည့်မိ၇ာ ကန့်ဘလူမြို့နယ်မှ ကြိုဆိုပါ၏ ဆိုသော ဆိုင်းဘုတ်ကိုေ​တွ့ရပါတော့သည်။ ရွှေဘိုမြို့နယ်ပြီး အထက်ကို တက်လျှင် ခင်ဦးမြို့နယ်ကို ရောက်ပါသည်။ ထိုမှဆက်တက်ပါက ကန့်ဘလူခရိုင်ကို ရောက်သည်။ ကန့်ဘလူခရိုင်ပြီးပါက ကောလင်းမြို့နယ်သို့ ရောက်သည်။

ကောလင်းတွင် သူငယ်ချင်းများရှိရာ​ မရောက်တာ ကြာပြီဖြစ်သော သူငယ်ချင်း နှစ်ယောက်သားမှာ ကောလင်းသို့ သွားရကောင်း နိုးနိုးနှင့် ချီတုံချုတုံ ဖြစ်နေစဉ် တစ်ယောက်ကို တစ်ယောက် ငွေကြေး မည်မျှပါကြောင်း ပြောကာ ခရီးစရိတ် လုံလောက်သောကြောင့် သွားရန်စီစဉ်ပြီး ကောလင်းသို့ ခရီးထွ​က်ခဲ့ကြပါသည်။

ကောလင်းတွင် သူငယ်ချင်းများ ပြော​ပချက်အရ ထူးထူးခြားခြား မင်္ဂလာပွဲ ရှိကြောင်း ၀န်းသိုနယ်ထဲမှာပဲ ဖြစ်ကြောင်း သိ​ရပါသည်။ ထို့ကြောင့် ၀န်းသိုသို့ သွားရန်ထက် စိုင်းပြင်ရပြန်ပါသည်။ ချောင်းဆုံရွာတွင် သတို့သားတစ်ယောက်နှင့် သတို့သမီး​နှစ်ယောက်တို့ တပြိုင်နက် မင်္ဂလာဆောင်ခြင်း ဖြစ်ေ​ကြာင်း သိရသောအခါ အလွန် အင်မတန်မှ စိတ်ဝင်စားခဲ့ပါတော့သည်။

အမှတ်တရ ဓာတ်ပုံများကို ဓာတ်ပုံဆရာများက ရိုက်ကူးပေးသည်မှာ ကြည်နူး​စရာလဲ အလွန်ကောင်းသည်။ (ထိုအခါက တိုင်းမှုးသည်လည်း ကောလင်းနယ်ဘက်သို့ ရောက်နေရာ အလွန်တရာမှ လူပြောများနေသော မင်္ဂလာပွဲသို့ လာရောက်ကြည့်​ရူ့ခဲ့သည်ဟု သိရပါသည်။ ကျွန်တော်ေ​တာ့ မတွေ့လိုက်ရပါ။ ) ခြိမ့်ခြိမ့်သဲမျှ ကျင်းပသော မင်္ဂလာပွဲကို အလွန်တ​ရာ စိတ်ဝင်စားမှုရှိရာမှာ ရွာခံတစ်​ယောက်ကို မေးကြည့်ရာ သတို့သမီးတစ်ဦးမှာ ရွာခံဖြစ်ပြီး ကျန်တစ်ဦးမှာ ရွှေတော(ဖတ်ရှည်)မှ​ ဖြစ်ကြောင်း သိရသည်။

အကြောင်းစုံကို သိရန် မေးမြန်းခဲ့ပါသည်။ 2008ခုနှစ်တွင် ရွာခံ သတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ ချစ်ခင်စုံမက်ရာ လူကြီးမိဘများကို အသိပေးခဲ့ကြလေသ​ည်။ သတို့သားဘက်မှ အလွန်ချို့တဲ့သ​ည့် အလျှောက် သတို့သား မိဘများကလည်း တောင်းရမ်း​လက်ထပ်မပေးနိုင်ပေ။ ထို့ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့် ပေါင်းဖက်နိုင်ရန် အလို့ငှာ ရွှေတော ခေါ် ဖတ်ရှည်သို့ အရင်းအနှီး ရှာရန် ချစ်သူကို ဇာတိကျေးရွာတွင် ထားခဲ့​ကာ ခရီး ထွက်လေတော့သည်။

လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါး အဆင်ပြေသောအခါတွင် မောင်မင်းမင်းစိုးသည် တစ်ရွာတစ်​ယောက် ဆိုသလို ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့် ရည်းစားဖြစ်ပါတော့သ​ည်။ မပိုပိုကိုလည်း ချစ်သည်။ ဇာတိတွင် ကျန်ခဲ့သော မနှင်းဆွေကိုလည်း ချစ်သည်။ အလွန်ခက်ခဲသော ပြဿနာကို မောင်မင်း​မင်းစိုး စတင် ရင်ဆိုင်ရတော့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလျှော့မ​ပေး တင်းမာနေကြရာ မည်သူကမှ အဆုံးအရှုံး မခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကို နှစ်ဦးနှစ်ယောက်လုံးက ရယူလိုကြလေတော့သည်။ ထိုအခါ အမျိုးသမီးနှစ်ဦးက အပြိုင်အဆိုင် ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲ စတင် ဖြစ်ပေါ်လာပါတော့​သည်။

မိဘဆွေမျိုးများက ဘယ်လိုပင် တားတား အလျှော့မပေးကြပေ။ ငယ်ရွယ်ကြသော်လ​ည်း မာနကိုယ်စီနှင့်ပြိုင်ကြရာ သုံးေ​ယာက်သား တစ်ရက်တည်း မင်္ဂလာဆောင်သည်​အထိ ဖြစ်ပေါ်လာပါတော့သည်ခင်ဗျာ အမှားပါရင်လည်း ခွင့်လွှတ်ကြပါဗျာ။ ကျွန်တော်လည်း တွေ့ဖူးတာလေးမို့ တ​င်လိုက်ရတာပါ။

(မှတ်ချက်။ ။ ကျွန်ုပ် သိသမျှဖြစ်ပါသည်။ ဓာတ်ပုံများမှာလည်း မူရင်းအတိုင်း ဖြစ်​ပါသည်။ )

                              `ဤပိုစ်ကိုဒီဆိုက်မှကူယူဖေါ်ပြပါသည်။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ...ရွှေဝန်းရတနာ...
   
  

Sunday, July 17, 2011

မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသတိပြုရန် အချိန်တန်ပြီ



မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသတိပြုရန် အချိန်တန်ပြီ
အောင်ရဲလင်း (စစ်တွေ)

သိပ်မကြာသေးတဲ့ ရက်သတ္တပတ်တွေကနေ စပြီးတော့ မလေးရှားဝန်ကြီးချူပ် နာဂျစ်ရဲ့ စီမံချက် (၆) ဆင့် ပါ ဝင်တဲ့ လုပ်ငန်းစဉ်တခုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ ညွှန်ကြားချက် ထွက်လာခဲ့ ပါတယ်။ ဒီညွှန်ကြားချက်ရဲ့အဓိကအချက်က မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား တနေ့ထက်တနေ့ များပြားလာမှုပါ။ အဲဒါတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံကို သန့်ရှင်းစေဖို့ ဆိုပြီးတော့ တရားမဝင် နိုင်ငံခြားသား အားလုံးကို မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်း စတဲ့ အဆင့် (၆) ဆင့်နဲ့ ဆောင်ရွက်ဖို့ စီစဉ်လာခဲ့တာပါ။

ဒီလိုဆောင်ရွက်လာစဉ်မှာပဲ ဒီစီမံချက်တွေဟာ မလေးရှားနိုင်ငံကို ရောက်ရှိခိုလှုံနေကြတဲ့ များပြားလှတဲ့ ဒုက္ခ သည်တွေလည်း အကျူံးဝင်တယ်ဆိုပြီး နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြလာကြပါတယ်။ ဒါ့အပြင် တ ရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေကို လက်ခံပြီး အလုပ်လုပ်ကိုင်ခွင့်ပေးထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စား သောက်ဆိုင်တွေနဲ့ လုပ်ငန်းခွင်တွေ အားလုံးကိုလည်း ထိရောက်စွာနဲ့ အရေးယူသွားပေးမယ်လို့ မလေးရှား အာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါသေးတယ်။ ဒီတော့ ဒုက္ခသည်တွေကို အလုပ်လုပ်ကိုင်ခွင့်ပေး ထားတဲ့ လုပ်ငန်းပိုင်ရှင်တွေ အတော်များများက နေပြီးတော့ တရားဝင် အလုပ်သမားတွေအဖြစ် ဆောင်ရွက် စေဖို့ သူတို့တွေရဲ့အလုပ်သမား (ဒုက္ခသည်) တွေကို ကမ်းလှမ်းပြောဆိုလာပါတယ်။ တဆက်တည်းမှာပဲ ဒုက္ခ သည်အဖြစ်နဲ့ဆိုရင် ဘယ်လုပ်ငန်းခွင်မှာမှ လုပ်ကိုင်ခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးတော့ အလုပ်ရှင်တွေက တသံ တည်း ထွက်ပေါ်လာတာပါ။

ဒီပြဿနာဟာ မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားတွေနဲ့အတူ မြန်မာဒုက္ခသည် တော်တော်များ များကို ဂယက်ရိုက်ခတ်စေပါတယ်။ ဒီလို ဂယက်ရိုက်နေကြစဉ်မှာပဲ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ ကြေညာချက်တစောင် ဇူလိုင်လ (၇) ရက်နေ့မှာ ရေးသားထုတ်ပြန်ခဲ့တယ်။ အဲဒီအထဲမှာ “ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ မလေးရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်သွားမှာ မဟုတ်တဲ့အပြင် (UNHCR) ကတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ (UNHCR) နဲ့ ဆက်သွယ်မှုပြုလုပ်ကြဖို့နဲ့ တရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးနေကြတဲ့ အေဂျင့်တွေ၊ ကုမ္ပဏီတွေကို အလုပ် လုပ်ခွင့် တရားဝင်ရရှိရေးနဲ့ လွတ်လပ်စွာ သွားလာနေထိုင်နိုင်ဖို့ စတာတွေအတွက် ပိုက်ဆံပေးစရာ မလိုတဲ့ အပြင် အဆင့် (၆) ဆင့် စီမံကိန်းထဲမှာ ပါဝင်ဆောင်ရွက်ရန် မလိုဘူး”လို့ ရေးသားဖော်ပြထားပါတယ်။

တဘက်မှာ မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ ဒုက္ခသည်ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးဖို့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ဆောင်ရွက်နေသလို အခြားတဘက်မှာလည်းပဲ တနေ့ထက်တနေ့ တိုးပွားလာတဲ့ ဒုက္ခသည်ဦးရေတွေကို လျှော့ချနိုင်ဖို့ မလေးရှားအစိုးရနဲ့ UNHCR ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ဒုက္ခ သည် သတင်းရပ်ကွက်က ထွက်ပေါ်လာတာပါ။ ဒီနေရာမှာ တိုးပွားလာတဲ့ ဒုက္ခသည်ဦးရေကို လျှော့ချဖို့ ဆို တာကတော့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ များပြားစွာသော ဒုက္ခသည်အမည်ခံသူတွေဟာ တကယ် တမ်းကြည့်မယ်ဆိုရင် ဒုက္ခသည်အစစ်အမှန် အရေအတွက်က အင်မတန်မှ နည်းပါးလွန်းပါတယ်။ အတုအ ယောင်နဲ့ ဟန်ဆောင်လိမ်လည်သူတွေ များလာတာကို UNHCR အနေနဲ့ သတိပြုမိနေခဲ့တာလည်း ကြာပါပြီ။ ဒီပြဿနာကို အကောင်းဆုံးသော ဖြေရှင်းနည်းဟာ အစိုးရနဲ့ ပူးပေါင်းဖြေရှင်းမှ ရတော့မယ်ဆိုပြီး နားလည် လက်ခံခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ UNHCR နဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ လက်တွဲ ပြီးတော့ အော်ပရာဇီ (အထူးစီမံချက်) တွေနဲ့ ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ် ပါလိမ့်မယ်။

ဒီအခါမှာ မလေးရှားမှာရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေအနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုပါတယ်။ မလေး ရှားအစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံချက်ကို ကြံ့ကြံ့ခိုင်ပြီး ရင်မဆိုင်ရဲဘူး အလွယ်တကူ လက်လျှော့လိုက် မယ်ဆိုရင် မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်တွေရဲ့ အလင်းရောင်ဟာ ပျောက်ကွယ်သွားမှာဖြစ်သလို နေဝင်ချိန်ရောက်ခဲ့ပြီလို့ ပြောလို့ရတဲ့ အခြေအနေနဲ ကြုံတွေ့လာရမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ မလေးရှားအစိုးရအနေနဲ့ သံတမန်ရေးရာအရရော UNHCR နဲ့ ဘယ်ပဋိ ညာဉ်စာချူပ်ကိုမှ ချူပ်ဆိုထားခြင်း မရှိပါဘူး။ ဒါကြောင့်လည်းပဲ ဒုက္ခသည်တွေကို တရားမဝင် နိုင်ငံတွင်း ဝင် ရောက်သူဆိုတဲ့ အချက်နဲ့ အချိန်မရွေး ဖမ်းဆီးပြန်ပို့နိုင်ပါတယ်။ ဒါပေမယ့်လည်း မလေးရှားနိုင်ငံရဲ့မူဝါဒ ပေါ် လစီကို ခန့်မှန်းရခက်နေပါတယ်။ တရားဝင်အားဖြင့် သံတမန်ရေးရာအရ လက်မှတ်ရေးထိုးထားခြင်း မရှိပေ မယ့် UNHCR ရုံးဟာ မြို့တော် ကွာလာလမ်ပူမှာ အခြေစိုက် ဖွင့်လှစ်ခွင့်ပေးထားတာရယ်၊ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ (၇၀) ရာခိုင်နှုန်းသော ဒုက္ခသည်တွေကို အမေရိကန်က တရားဝင်ခေါ်ယူနေတာတွေ၊ UN- HCR နဲ့ တရားဝင် လက်မှတ်ရေးထိုးထားတဲ့ သြစတြေးလျလို နိုင်ငံမျိုးက ဒုက္ခသည် (၈၀၀) ကို မလေးရှားမှာ နေထိုင်ခွင့်ပေးဖို့ နှစ်နိုင်ငံသဘောတူညီချက် ရယူကြတာတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ မလေးရှားအစိုး ရရဲ့ မြှုပ်ကွက်တွေပါ။

မလေးရှားနိုင်ငံမှာ တရားဝင် လာရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့တွေရဲ့ ပျမ်းမျှ လ စာအဖြစ် တလကို (၈၀၀) ရင်းဂစ်ပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်အဖြစ်နဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့လစာဟာ တလကို ရင်းဂစ် (၁,၁၀၀) ကနေ (၁,၄၀၀) ရင်းဂစ်အထိ ရှိနေပါတယ်။ ဒီအချက်ကြောင့် မလေးရှားနိုင်ငံကို တရားဝင် ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အကုန်လုံးလိုလို အိုဗာစတေး အ ဖြစ်ခံပြီးတော့ ဒုက္ခသည် ခံယူလိုက်ကြတာလည်း ဖြစ်ပါတယ်။ နောက်တချက်က ရဲတွေ၊ Rela (ခေါ်) အရံရဲ တွေနဲ့ တွေတဲ့အခါ ပါ့စ်ပို့တ် ကိုင်ဆောင်ထားသူတွေထက် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု စာရွက်စာတမ်း ကိုင်ဆောင်ထားသူတွေက ပိုပြီးတော့ လွတ်မြောက်မှုတွေ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့်လည်းပဲ အများစုက ဒုက္ခသည်အဖြစ် ခံယူဖို့ စိတ်ဝင်စားလာကြတာပါ။

မလေးရှားနိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းကြီးတွေဟာ တရုတ်လူမျိုးတွေရဲ့ လွှမ်းမိုးခြင်းကို ခံထားရပါပြီ။ ခုတကြိမ် နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းသော အလုပ်သမားနေရာကို မြန်မာဒုက္ခသည်တွေက လွှမ်း မိုးသွားမလား ဆိုတာကလည်း နိုင်ငံသားတွေအတွက် အရမ်းကို စိုးရိမ်ရတဲ့ အချက်တခုပါ။

မြန်မာဒုက္ခသည်တွေ အပါအဝင် မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ အခြားသော နိုင်ငံခြားသား အတော်များများဟာလည်းပဲ မလေးရှားအစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံချက်ထဲ မှာ ပါဝင်ဆောင်ရွက်မှု လုံးဝမရှိသလောက်ဖြစ်နေတာကြောင့် မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက စိတ်ပျက် သလောက်ဖြစ်နေတာကိုလည်း နိုင်ငံပိုင်သတင်းစာတွေထဲမှာ အရိပ်အမြွက်ချ ပြောကြားထားတာကို တွေ့နေ ရပါတယ်။

ဒီကနေ့ မလေးရှားနိုင်ငံရဲ့ တရားမဝင် နိုင်ငံတွင်း ဝင်ရောက်နေထိုင်သူ လူဦးရေ ခန့်မှန်းချက်ဟာ နှစ်သန်း ကျော်မျှ ရှိနေပြီးတော့ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ငါးသိန်း အထက် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာရဲ့ အ စီရင်ခံစာတစောင်မှာ ရေးသားဖော်ပြပါရှိပါတယ်။ ဒီလို တိုးပွားလာတဲ့ ဒုက္ခသည် အမည်ခံသူတွေကို လျှော့ချ ဖို့ တခုတည်းသော နည်းလမ်းက မလေးရှားအစိုးရနဲ့ UNHCR တို့ ပူးပေါင်းဆောင်ရွက်ခြင်းပါ။

နိုင်ငံရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း စီးပွားရေးကို လွှမ်းမိုးထားတဲ့ တရုတ်လူမျိုးလုပ်ငန်းရှင်တွေအနေနဲ့ကတော့ သူတို့ တွေရဲ့လုပ်ငန်းခွင်မှာ မလေးရှားလူမျိုး အပါအဝင် အခြားလူမျိုးစုတွေကို အသုံးပြုရတာထက် မြန်မာအလုပ် သမားတွေကို ပိုပြီး သဘောတွေ့နေတာကြောင့် အလုပ်ရှင်တွေအနေနဲ့ အစိုးရရဲ့ပေါ်လစီအတိုင်း ဆောင်ရွက် သွားဖို့ဆိုတာ တကယ်တမ်းတော့ အရမ်းလွယ်ကူတာမဟုတ်ပါဘူး။ မလေးရှားနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန် မာဒုက္ခသည်တွေဟာ ဒုက္ခသည် အမည်ခံရုံသက်သက် မဟုတ်ဘဲ နိုင်ငံသားတွေ မလုပ်နိုင်ကြတဲ့ အောက်ခြေ သိမ်းလုပ်ငန်းနယ်ပယ်စုံမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီးတော့ နိုင်ငံရဲ့စီးပွားရေးကို ပံ့ပိုးပေးနေကြသူတွေပါ။ ဒါတွေကို အလုပ်ရှင်အသီးသီးကလည်း သိရှိပြီးသားပါ။ ဒါကြောင့်လည်း မြန်မာဒုက္ခသည်တွေအနေနဲ့ မလေး ရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ ညီညီညွတ်ညွတ်နဲ့ သပိတ်မှောက်သင့် ပါတယ်။ အဲဒီလိုသာ ဖြစ်သွားခဲ့မယ်ဆိုရင် မလေးရှားနိုင်ငံရဲ့ ဒုက္ခသည်ဆိုတဲ့ လူတန်းစားတရပ်အတွက် တ ဆစ်ချိုး အပြောင်းအလဲတခုကို ဆောင်ကြဉ်းနိုင်မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ UNHCR နဲ့ အဆက် အသွယ်မပြတ်ရှိနေစေဖို့၊ သက်ဆိုင်ရာ လူမျိုးစုအလိုက် ဒုက္ခသည်ကိုယ်စားပြု ရုံးတွေနဲ့ သတင်းအချက်အ လက်ဖလှယ်မှုတွေ အမြဲရှိနေကြမယ်ဆိုရင် မလေးရှားမှာ ရောက်ရှိနေကြတဲ့ ဒုက္ခသည်တရပ်လုံးအတွက် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်စတဲ့ အခွင့်အရေးတွေပါ ယခင်ကထက် ပိုမို ရရှိလာကြ ပါလိမ့်မယ်။ မြန်မာဒုက္ခသည်တွေအနေနဲ့ ဒီအချက်ကို အထူးသတိပြုစေလိုပါတယ်။ ။

အောင်ရဲလင်း (စစ်တွေ)
မှတ်ချက်။ ။ ဒေါက်တာလွန်းဆွေဘလောက်မှကူးယူဖော်ပြသည်။
 ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ..ရွှေဝန်းရတနာ..

Tuesday, July 12, 2011

ရွှေမြန်မာ နှင့် သာသနာ

ရွှေမြန်မာတို့သည် ဂုဏ်ရှိ/မရှိကို ဓမ္မဖြင့် တိုင်းတာရမည့်အစား ဓမ္မရှိ/မရှိကို ဂုဏ်ဖြင့် တိုင်းတာ
နေကြပေသည်။ ထို့ကြောင့် သူတို့အဆိုအရ ထင်ပေါ်ကျော်ကြားလျှင် တရားရှင်- ဟု ဆိုကာ
သားတစ် ၀ိုင်းသော ကျီးအုပ်ကဲ့သို့ တရုန်းရုန်းဖြင့် ၀ိုင်းအုံနေကြပေသည်။
ဘာကြောင့် ထင်ပေါ်ကျော်ကြားနေသည်ကိုကား ရွှေမြန်မာတို့ စိတ်မ၀င်စားကြပေ။

ထို့အပြင် ရွှေမြန်မာတို့သည် အကြောက်တရား လွန်စွာကြီးမာကြပေ၏။
အရှိန်အ၀ါကို ကြောက်ကြသည်။ သြဇာပါဝါကို ကြောက်ကြသည်။
ထိုသူတို့ မှားလျင်လည်း မှားမှန်းသိလျက်နှင့် မသိဟန်လွဲနေနိုင်ကြ၏။
အပါယ်ရောက်ကြောင်းကြီး ဖြစ်ပါလျက်နှင့် ကိုယ့်အချင်းချင်း ကယ်တင်ရန် စိတ်မကူးမိကျချေ။
အန္တရာယ်ကို တွေးကြောက်ပြီး ရေငုံနုတ်ပိတ် နေနိုင်လွန်းကြ၏။

လက်ရှိသာသနာကို ခြုံငုံသုံးသပ်ကြည့်ပါလျင်မူ ရွှေမြန်မာတို့ကို အလွန်မတန် ရင်နာမိ၏။
ရွှေမြန်မာတို့သည် ကိုယ့်သာသနာကို စော်ကားနေလျင်လည်း ဘာမှမဖြစ်သလို နေတတ်၏။
ကိုယ့်သာသနာကို သူစိမ်းက စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။
အချင်းချင်းက စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။
အပြင်လူက စော်ကားလျင်လည်း နာရကောင်းမှန်းမသိ၊
အတွင်းလူက စော်ကားလျင်လည်း နာရကောင်းမှန်း မသိကြချေ။

ကိုယ့်မယား၊ ကိုယ့်သားထိမှ နာတတ်ကြ၏။ ကိုယ့်အသား၊ ကိုယ့်သွေးထိမှ နာတတ်ကြ၏။
သာသနာကို ကိုယ့်မယား ကိုယ့်သားလောက်တောင် တန်ဖိုးမထားတတ်ကြ။ ကိုယ့်အသား၊
ကိုယ့်အသွေးလောက်တောင် တန်ဖိုးမထားတတ်ကြပေ။
မယားမရှိလျင် မယားကို အစားထိုးလို့ ရနိုင်၏။
သားမရှိလျင် သားကို အစားထိုးလို့ ရနိုင်၏။
ကိုယ့်အသားပဲ့ပါသွားလျင် ကိုယ့်အသားကို အစားထိုးလို့ ရနိုင်၏။
ကိုယ့်အသွေးခန်းခြောက်သွားလျင် ကိုယ့်အသွေးကို အစားထိုး၍ ရနိုင်၏။
သာသနာဖျက်ဆီးခံရလျင်ကား သာသနာကို အစားထိုး၍ မရနိုင်ပေ။
သာသနာပျက်စီးသွားလျင်ကား မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။

မြတ်စွာဘုရား၏ သာသနာသည်ကား တိတ္ထိတို့၏ သာသနာကဲ့သို့
ပရမ်းပတာ ဆောက်တည်ထားသည်မဟုတ် “ဥုံဟယ် ဖွဟယ် အပ်ချလောင်းဟယ်” ဖြင့်
မန်းမှုတ်၍ တည်ဆောက်ထားသည် မဟုတ်၊
တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် တည်ဆောက်ထားသည်လည်း မဟုတ်ချေ။
မြတ်စွာဘုရား ကိုယ်တော်တိုင် ဘုရားလောင်းဘ၀မှ စ၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး မနားမနေ ပါရမီဖြည့်ကျင့်တော်မူပြီးမှ တည်ဆောက်ထားခြင်း ဖြစ်၏။

ထိုသို့ မနားမနေ ပါရမီဖြည့်ဆီးရာ၌ အသက်ပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
သွေးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
ချွေးပေါင်းများစွာဖြင့်လည်း တည်ဆောက်ခဲ့ရ၏။ ခြေလက်အင်္ဂါပေါင်းများစွာ
မျက်လုံးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
ထိုသို့ အသက် သွေး ချွေးတို့ဖြင့် ရင်းနှီးတည်ဆောက်ခဲ့၍
သာသနာဆိုတာ ဖြစ်ပေါ်လာခြင်း ဖြစ်၏။

ထိုသို့ ရင်းနှီးတည်ဆောက်ခဲ့သော မြတ်စွာဘုရား၏ သာသနာတော်သည်
တစ်ခြားသော တိတ္ထိတို့၏သာသနာနှင့် လုံးဝ (လုံးဝ) မတူပါပေ။
မြတ်စွာဘုရား၏ သာသနာသည် ကမ္ဘာမှာ အနှစ်သာရ အရှိဆုံး
သာသနာဖြစ်ခဲ့ပါ၏။
ဗုဒ္ဓဘာသာသည် လောက၌ အလိမ္မာဆုံး အယဉ်ကျေးဆုံး ဘာသာတစ်ခု
ဖြစ်ခဲ့ပါ၏။ ဗုဒ္ဓ၏ ဓမ္မများသည် အစမ်းသပ် ခံနိုင်ဆုံး၊ ကျင့်သုံးအပ်ဆုံး၊ ဆောက်တည်အပ်ဆုံး၊
ပွါးများအပ်ဆုံး၊ အချမ်းမြေ့ဆုံး၊ အာမခံချက် အရှိဆုံး ဓမ္မများဖြစ်ခဲ့ပါ၏။

ဤကဲ့သို့ အဖိုးတန်လှသောသာသနာကို အင်္ဂါခြေလက် မပျက်ဆီးအောင် စောင့်ရှောက်သည်ထက်
ပို၍ စောင့်ရှောက်အပ်ပါ၏။
မိမိအသက်တစ်ချောင်းကို တန်ဖိုးထားသည်ထက် ပို၍တန်ဖိုးထားအပ်ပါ၏။
ထို့ကြောင့် အသက်ပေါင်းများစွာကို စတေး၍ တည်ဆောက်ခဲ့သော
အင်္ဂါခြေလက်ပေါင်းများစွာ၊ မျက်လုံးပေါင်းများစွာကို စတေး၍ တည်ဆောက်ခဲ့သော
သွေးနှင့် ချွေးနှင့်ရင်းနှီး၍ တည်ဆောက်ခဲ့သော
မြတ်စွာဘုရား၏ သာသနာကို ပေါ့ပေါ့တန်တန် မတွေးအပ်ပေ။

လွယ်လွယ်ကူကူဖြင့် ထူထောင်ထားသောသာသနာမဟုတ် ခက်ခက်ခဲခဲဖြင့်
တည်ဆောက်ထားသော သာသနာဖြစ်ပေသည်။
ထိုသို့ အသက်၊ သွေး၊ ချွေးတို့ဖြင့် ခက်ခက်ခဲခဲ တည်ဆောက်ထားသော
သာသနာကို အသက်နှင့်လဲ၍စောင့်ရှောက်အပ်ပါ၏။
အသက်တစ်ချောင်း လက်ခြေပေါင်းကို စတေး၍ စောင့်ရှောက်အပ်ပါ၏။

သို့မှသာ သင်သည် ဗုဒ္ဓဘာသာဝင် ပီသပေလိမ့်မည်။
သို့မှာသာ သင်သည် ဗုဒ္ဓသာဝက ပီသပေလိမ့်မည်။
သို့မှာသာ သင်သည် ဘုရားသားတော် ပီသပေလိမ့်မည်။
သို့မဟုတ်လျင်မူ
သင့်ကို အပေါ်ယုံဗုဒ္ဓဘာသာ၊
ရေသာခို ဗုဒ္ဓသာဝက၊
နာမည်ခံ ဗုဒ္ဓသားတော်၊
အရေခြုံ သာသနာ့ဝန်ထန်း နှင့် အခွင့်ထူးခံ ရှင်ရဟန်း ဟု
ဗုဒ္ဓက ကဲ့ရဲ့တော်မူပေလိမ့်မည်။
ဤအချက်ကို နက်နက်နဲနဲ သတိချပ်အပ်ပါ၏။

ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
(၀ီရသူ - မစိုးရိမ်)


                ဤပိုစ်ကိုဒီဆိုက်မှကူးယူဖေါ်ပြပါသည်။ 

                       အခန်းနားမှုအတုရဲ့ပုံရိပ်ပါ
                        ပီနန်းဆရာတော်ဘုရားကြီးနှင့်တပည့်ဒကာဒကာမတို့အမှတ်
                                              တရပုံရိပ်ပါ
                         တစ်ကိုတည်အမှတ်တရပုံရိပ်ပါ
                       ဖရဲသီးဒူရင်းသီတို့နှင့်အမှတ်တရပုံရိပ်ပါသုံးဆောင်ကြပါဦးခင်ဗျာ
                     အဲဒီလိုသင်္ဘောသီးပေါ်မှာတက်ထိုင်ပစ်လိုက်တာဘဲဟီ...
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ..ရွှေဝန်းရတနာ...                                                                                                                                               

Wednesday, July 6, 2011

ပရိတ်တော်တန်ခိုးကြောင့် ရွာသောမိုး

                                        
                  ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီင်္း အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးသည် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ ရဟန်းသာမဏေများကို ဘုရားရှင်၏အလိုတော်နှင့်အညီ စိတ်ကောင်းရှိခြင်းနှင့် ဝိနည်သိက္ခာ လိုက်နာခြင်းကို အဓိကထားသောစည်မျဉ်းစည်ကမ်းတို့ဖြင့် ပြူစုပျိုးထောင်ပေးတော်မူခဲ့သည်။
ဆရာတော်ကြီးသည် ပြောသလိုလုပ်၍ လုပ်သလိုပြောတတ်သော(ယထာဝါဒီ၊တထာကာရီ)ဆရာတော်ပင်ဖြစ်သည်။
                                            ဆရာတော်၏အနာဂတ်သာသနာ အတွက် ဆောင်ရွက်ချက်များမှာ ဆရာတော်ရေးသားပြုစုသော ကျမ်းစာအုပ်များနှင့် ဆရာတော်ဦးဃောသိတရေးသားပြုစုခဲ့သော"တစ်ဘဝသာသနာ" ကျမ်းစာအုပ်တို့ကသက်သေခံလျက်
ရှိသည်။
                           ဆရာတော်ကြီး၏ ကျမ်းစာများကြောင့် ဗုဒ္ဓဘာသာဝင်များ စစ်မှန်သော ထေရဝါဒသာသနာတော်အပေါ် အလေးအမြတ်ထားကြည်ညိုတတ်လာ၏  ဆရာတော်ရေးသားပြုစုသော
ရတနာ့ဂုဏ်ရည်၊ အနာဂတ်သာသနာရေး၊ ကိုယ်ကျင့်အဘိဓမ္မာ၊ဘုရားဥပဒေတော်ကြီး၊တစ်ဘဝသံသရာ စသည့်ကျမ်းစာတို့သည်ထင်ရှားပါ၏။ ယခုခါ ဆရာတော်ကြီး မရှိတော့ပြီဖြစ်သော်လည်း ထိုထိုကျမ်းစာ
အုပ်များသည် ထာဝစဉ်ထွန်းတောက်လျက်ရှိ၏။
                                                              ဤတွင် ဆရာတော်၏တစ်ဘဝသာသနာခရီး၌ ထူးခြာဖြစ်စဉ်တစ်ခုကိုတင်ပြပါမည်။
                                              ၁၃၃၆-ခုနှစ်- ကဆုန်လ မိုးဦးကာလကဖြစ်၏ တချို့ဒေသတို့တွင်
မိုးရွာစပြုနေပြီဖြစ်သော်လည်း မဟာဂန္ဓာရုံကျောင်းတိုက်တည်ရှိရာ အမရပူရမြို့ပတ်ဝန်းကျင်နှင့် မန္တလေး၊စစ်ကိုင်း၊မြစ်ငယ်၊တံ့တားဦးစသည့်နယ်တစ်ခွင်တွင် မိုးမရွာသေးချေ။ မိုးခေါင်နေ၏။ ရာသီဥတုကလည်း ပူပြင်းလွန်းလှ၏။တစ်ချို့ရေတွင်း၊ရေကန်တို့မှာလည်း ခန်းခြောက်စပြုပြီးဖြစ်၏။လူအများမိုးကိုမျှော်လျှက်ရှိ၏။ဆိုးဝါးလှသောအပူရှိန်ကြောင့်ရောဂါများရကာ  အသေအပြောက်များလာ၏။
                                    ဤတွင်ကျေးဇူးတော်ရှင် မဟာဂန္ဓ္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသသည်စိုးရိမ်လျက်ရှိ၏။ ထိုသို့ စိုးရိမ်ကြောင့်ကြစိတ်နှင့်အတူ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် ဝေသာလီပြည်တွင် ကပ်ရောဂါဘေးများကျရောက်ခဲ့စဉ်က အဖြစ်ကိုပြန်လည်ဆင်ခြင်နေမိ၏။ ဘုရားရှင်နှုတ်တော်ထွက် ပရိတ်တော်ဖြင့် ကာကွယ်တားဆီးခြင်းတာ ဘုရားရှင်၏ အလိုတော်နှင့်ကိုက်ညီသော အကောင်းဆုံးနည်းဟု တွေးတောမိ၏။
                                      ထိုအခိုက် အမရပူရမြို့မှ ဦးဆောင်ဒကာအချို့သည် ဆရာတော်ထံရောက်လာကြသည်။
                                                                                                     "အရှင်ဘုရား၊မိုးကလည်း မရွာသေး။ရာသီကလဲပူပြင်း။ရောဂါများလည်းကျရောက်နေပါပြီ။အသေအပျောက်တွေလည်းမနည်းလှတော့ပါ။ ပရိတ်တော်ဖြင့် ချီမြင့်ကယ်မတော်မူပါဘုရား"ဟု လျှောက်ထားတောင်းပန်လာကြ၏။
      ဆရာတော်ကလည်း ကရုဏာစိတ်ထားဖြင့် မဆိုင်းမတွ လက်ခံလေ၏။       ထိုနောက်ဆရာတော်က"ဒကာတို့ခြေလျင်ကြွနေရင် သံဃာများပင်ပန်းပြီး ခရီးမတွင်နိုင်ဘူး။ကျောင်းတိုက်ရှိသံဃာအပါး-၅၀၀-မြို့တွင်းအနှံ့ရွက်ပေးပါမယ်။ကားတစ်စီးမှာ သံဃာအပါး-၅၀-။အပါး-၅၀၀-အတွက် ကား-၁၀-စီးလောက်စီစဉ်ပေးပါ။ ဒကာများကလည်းဝမ်းမြောက်စွာဖြင့် ကားတစ်စီးလျှင် သံဃာ-၅၀-ဆံမည့်ကား-၁၀-စီကို အလျင်အမြန် စီစဉ်ပေးကြ၏။
                          ထိုသို့ကားဖြင့် စီစဉ်စေခြင်းငှါ အချိန်တို အတွင်း မြို့အနှံရွက်နိုင်မည်ဖြစ်သည့်အပြင် ဒကာဒကာမတို့ကြည်ညို၍ လမ်းမှဖြတ်ကာ လှူဒါန်းမည့်အခွင့်လမ်းကို မရစေလိုသည့် သဘောလည်းပါ၏။
သံဃာတော်များလှူဒါန်သည့်ဝတ္ထုပစ္စည်းကို သာယာခဲ့သော် ပရိတ်တော်အပေါ် အာရုံရောက်မှု လျော့နည်းနိုင်၏။မေတ္တာအားလည်း လျော့ပါးသွားနိုင်၏ တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီစဉ်ပင်ဖြစ်၏။ ဆရာတော်၏ အမြော်အမြင်ကြီးမားမှုကားအံ့ချီးဖွယ်ပင်၊ ဤသို့ဖြင့် မြို့တွင်းအနှံ့ကားများဖြင့်ပရိတ်တော်များကို လှည့်ပတ်ရွက်ကြရာ တစ်မြို့လုံး ပရိတ်သံများလွှမ်းလေတော့၏။ပရိတ်တော်ပင်မဆုံးသေး။မိုးသားများအုံ့ဆိုင်းလာ၏။သံဃာတော်များလည်းအား
တက်လာကာပရိတ်တော်အပေါ် ပို၍စူးစိုက်လာ၏ မေတ္တာကို တိုး၍ပို့လွတ်လေတော့၏။
                     လေအေးများလည်း တိုက်ခတ်လာသည်။ချစ်ချစ်တောက် ပူပြင်းနေရာကတစ်မုဟုတ်ချင်းအ
  အေးဓာတ်များ ဝင်လာ၏။ အရပ်လေးမျက်နှာလုံးမိုးသားများ တရိပ်ရိပ်တက်လာတော့၏။ မိုးထက်ချုန်းသံများလည် ပေါ်ထွက်လာသည်။         မကြာမီ ပြင်းထန်သော မိုးထစ်ချုန်းသံတို့နှင့်အတူ
 မိုးကြီးသည်းထန်စွာ ရွာချလေတော့၏။
ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီးနှင့်တကွ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာတော်အပေါင်းတို၏  သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ကား အံ့ချီးဖွယ် ကောင်းလှပေစွ။
                     (အရှင်ဃောသိတ ရေးသားပြုစုသော  အရှင်ဇနကာဘိဝံသ၏ တစ်ဘဝသာသနာကျမ်းစာအုပ်မှ ထုတ်နုတ်ရေးသားတင်ပြခြင်းဖြစ်ပါသည်။)

                           ဒီလိုမျိုးကိုရင်လေးတွေကိုဆွမ်းလောင်းရတယ်အနာဂတ်သာသနာ့
                                          ကြယ်ပွင့်လေးတွေလေ။                            
                                                              
                         အနာဂတ်မှာသာသနာတော်ကြီးကိုဒီကိုရင်လေးတွေကဦးဆောင်ကြမှာလေ။                                   
                         ဒီလိုကိုရင်လေးတွေကနေဆရာတော်ကြီးတွေဖြစ်သွားကြတာဘဲ။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ..ရွှေဝန်းရတနာ..