Photobucket

Sunday, October 30, 2011

Kathina Benefits (Part 2) - ကထိန်အာနိသင်များ (အပိုင်း ၂)

                                                       
                                                       

ကထိန်အာနိသင် (၂)

ဒုတိယအကျိုးအာနိသင်က ဥဒေါသိတသိက္ခာပုဒ်ကို လိုက်နာကျင့်သုံးစရာ မလိုတာ ဖြစ်ပါတယ်။

ဥဒေါသိတသိက္ခာပုဒ် -
ရဟန်း၏ သင်္ကန်း ပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီးလတ်သော် ရဟန်းသည် ရဟန်းတို့၏ သမ္မုတိ မရဘဲ တစ်ညဥ့်မျှလည်း တိစီဝရိက်နှင့် ကင်း၍ နေငြားအံ့ (ထိုရဟန်းအား) စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သင့်၏။” (ပါရာဇိကပါဠိတော်မြန်မာပြန်)

ဒီသိက္ခာပုဒ်အရ ရဟန်းတစ်ပါးဟာ တိစီဝရိက်ဆိုတဲ့ သင်္ကန်းသုံးထည်နဲ့ တစ်ညတောင်မှ ကင်းကွာပြီး မနေရပါဘူး။ သင်္ကန်းသုံးထည်ကို အမြဲကိုင်ဆောင် အသုံးပြုနေရပါတယ်။ အောက်ကခါးဝတ်သင်္ကန်း (သင်းပိုင်)နဲ့ အပေါ်က ကိုယ်ရုံသင်္ကန်း (ဧကသီ)အတွက် သိပ်ဂရုစိုက်စရာ မလိုပါဘူး။ ဒီသင်္ကန်းနှစ်ထည်ကို သွားရင်းလာရင်း အမြဲဝတ်နေကြတာမို့ ဒီသင်္ကန်း နှစ်ထည်နဲ့ ကင်းကွာစရာအကြောင်း မရှိသလောက်ပါပဲ။ နှစ်ထပ်သင်္ကန်းကြီး (ဒုကုဋ်)ကိုတော့ လေးတယ် ရှုပ်တယ်ဆိုပြီး ပစ်ထားခဲ့တတ်လို့ ကိုယ်နဲ့ ကင်းကွာတတ်ပါတယ်။ အဲလို မကင်းကွာရပါဘူး။ ကင်းကွာမိရင် အပြစ်ရှိပါတယ်။ အာပတ်သင့်ပါတယ်။ ဒါ့ပြင် ကင်းကွာထားလိုက်မိတဲ့ သင်္ကန်းကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။

ဒီသိက္ခာပုဒ်မှာ “သင်္ကန်းပြီးဆုံးလတ်သော်”လို့ ဆိုပါတယ်။ “သင်္ကန်းကိစ္စ ပြီးပြီဆိုရင်”လို့ အဓိပ္ပာယ်ရပါတယ်။ သင်္ကန်းကိစ္စ မပြီးဆုံးသေးရင် ခြွင်းချက်အနေနဲ့ သင်္ကန်းနဲ့ ကင်းကွာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီခြွင်းချက်ဟာ ခုခေတ်ရဟန်းတော်တွေနဲ့ မဆိုင်လှပါဘူး။ ခုခေတ်ရဟန်းတော်တွေ အားလုံးမဟုတ်တောင် အားလုံးနီးပါးဟာ ကိုယ်တိုင်သင်္ကန်းမချုပ်ကြတော့လို့ ဖြစ်ပါတယ်။ ချုပ်ခြင်း ဆိုးခြင်းစတဲ့ သင်္ကန်းကိစ္စကို သင်္ကန်းကုန်သည်တွေ ဆောင်ရွက်ထားပြီးသား ဖြစ်ပါတယ်။

နောက်တစ်ခုက “ကထိန်နုတ်ပြီးသော်”တဲ့။ “ကထိန်အကျိုး ကထိန်အာနိသင် မရှိတော့ဘူးဆိုရင်”လို့ အဓိပ္ပာယ်ရပါတယ်။ [ကထိန်နုတ်/နှုတ်ခြင်းအကြောင်း အဆင်သင့်ရင် နောက်မှ ပြောပါအုံးမယ်။] ကထိန်အာနိသင် ရှိနေတယ်ဆိုရင် သင်္ကန်းသုံးထည်နဲ့ ကင်းကွာနေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒါလည်း ခြွင်းချက်အနေနဲ့ သင်္ကန်းနဲ့ ကင်းကွာခွင့် ဖြစ်ပါတယ်။

နောက်တစ်ခုက “ရဟန်းတို့၏ သမ္မုတိ မရဘဲ”တဲ့။ တစ်ခြား ရဟန်းတော်တွေက သဘောတူ ခွင့်ပြုတယ်ဆိုရင် သင်္ကန်းနဲ့ ကင်းကွာပြီး နေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ရဟန်းတစ်ပါးဟာ ကျန်းမာရေး မကောင်းလို့ သင်္ကန်းကို သွားလေရာ သယ်မသွားနိုင်ဘူးဆိုရင် တစ်ခြားရဟန်းတွေကို အသိပေး၊ တစ်ခြားရဟန်းတွေရဲ့ သဘောတူခွင့်ပြုချက်(သမ္မုတိ)ကို ရယူပြီး သင်္ကန်းနဲ့ ကင်းကွာခွင့် ရှိပါတယ်။

ဒါက ဥဒေါသိတသိက္ခာပုဒ်ရဲ့ ဆိုလိုရင်း ဖြစ်ပါတယ်။ ကထိန်အကျိုး ကထိန်အာနိသင် ရထားတယ် ဆိုရင်တော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာ မလိုတဲ့အတွက် တိစီဝရိတ်နဲ့ ကင်းကွာပြီး နေကောင်းပါတယ်။ အထူးသဖြင့် နှစ်ထပ်သင်္ကန်းကြီးနဲ့ ကင်းကွာမိရင်တောင်မှ အပြစ်လည်းမရှိ၊ သင်္ကန်းကိုလည်း စွန့်လွှတ်စရာ မလိုပါဘူး။

အရေးကြီးတဲ့ အချက်တစ်ခု ကျန်ပါသေးတယ်။ ဒီသိက္ခာပုဒ်မှာပါတဲ့ “တိစီဝရိက်”ဆိုတဲ့ စကားနဲ့ ဆက်စပ်နေတဲ့ အချက် ဖြစ်ပါတယ်။ “တိစီဝရိက်”ဆိုတာ လွယ်လွယ်ပြောရရင် “သင်းပိုင်”၊ “ဧကသီ” နဲ့ “နှစ်ထပ်သင်္ကန်း”ဆိုတဲ့ သင်္ကန်းသုံးထည် ဖြစ်ပါတယ်။ ကထိန်အာနိသင်ရလို့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုဘူး၊ နှစ်ထပ်သင်္ကန်းကြီးကို ပစ်ထားခဲ့ပြီး ပေါ့ပေါ့ပါးပါး သွားလာနိုင်တယ်ဆိုတာ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ တပေါင်းလပြည့်အထိ ငါးလအတွင်းမှာသာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ရဟန်းတော်တွေကတော့ တစ်နှစ်ပတ်လုံး နှစ်ထပ်သင်္ကန်းကြီးကို ပစ်ထားခဲ့ပြီး ပေါ့ပေါ့ပါးပါး သွားလာနေကြတာ မဟုတ်လား။ ဘာကြောင့်လဲ။ အဖြေကတော့ “တိစီဝရိက်”ဆိုတဲ့ စကားနဲ့ ဆက်စပ်နေပါတယ်။

သင်္ကန်းအဓိဋ္ဌာန်နှစ်မျိုး

တိစီဝရိက်အဓိဋ္ဌာန်။ ။ “တိစီဝရိက်”ဆိုတာကို ပြည့်ပြည့်စုံစုံ နားလည်အောင် သင်္ကန်းအဓိဋ္ဌာန်ခြင်းအကြောင်း သိထားသင့်ပါတယ်။ သင်္ကန်းအဓိဋ္ဌာန်ဆိုတာ အ၀တ်စကို သင်္ကန်းလို့ အဓိဋ္ဌာန်ပြုလိုက်တာ၊ သင်္ကန်းလို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ “သင်းပိုင်”၊ ဧကသီ” နဲ့ “နှစ်ထပ်သင်္ကန်း”ဆိုတဲ့ သီးခြားနာမည်သုံးမျိုးနဲ့ အဓိဋ္ဌာန်လိုက်တာ၊ သတ်မှတ်လိုက်တာကို “တိစီဝရိက်အဓိဋ္ဌာန်”ပြုတယ်လို့ ခေါ်ပါတယ်။ ချုပ်ထားတဲ့ အ၀တ်စကို “သင်းပိုင်”လို့ သတ်မှတ်လိုက်တာ၊ “ဧကသီ”လို့ သတ်မှတ်လိုက်တာ၊ “နှစ်ထပ်သင်္ကန်း”လို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ပရိက္ခာရစောဠအဓိဋ္ဌာန်။ ။ မျက်နှာသုတ်ပုဝါ၊ စောင် အစရှိတဲ့ အ၀တ်စတွေကို “ပရိက္ခာရစောဠ (သုံးဆောင်စရာအ၀တ်စ)”အဖြစ်နဲ့ အဓိဋ္ဌာန်ပြုရပါတယ်။

ဒီ (ဥဒေါသိတ) သိက္ခာပုဒ်အရ ရဟန်းတော်တွေဟာ တိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းသုံးထည်နဲ့ ညကျော်ပြီး (တစ်ည၊ တစ်ညထက်ပိုပြီး) ကင်းကွာခွင့် မရှိပါဘူး။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ “သင်းပိုင်”၊ ဧကသီ” နဲ့ “နှစ်ထပ်သင်္ကန်း”တို့ကိုလည်း “ပရိက္ခာရစောဠ (သုံးဆောင်စရာအ၀တ်စ)”အဖြစ်နဲ့ အဓိဋ္ဌာန်ပြုနိုင်တယ်လို့ ယူဆကြပါတယ်။ “သင်းပိုင်”၊ “ဧကသီ” နဲ့ “နှစ်ထပ်သင်္ကန်း”တို့ကို “ပရိက္ခာရစောဠ (သုံးဆောင်စရာအ၀တ်စ)”အဖြစ်နဲ့ အဓိဋ္ဌာန်ပြုကြတဲ့ အတွက်ကြောင့် “တိစီဝရိက်”လို့ ဆိုထားတဲ့ ဒီသိက္ခာပုဒ်ကို လိုက်နာစရာ မလိုတော့ဘဲ နှစ်ထပ်သင်္ကန်းကြီးနဲ့ ကင်းကွာခွင့် ရကြပါတယ်။ [“သင်းပိုင်”၊ ဧကသီ” နဲ့ “နှစ်ထပ်သင်္ကန်း”တို့ကို “ပရိက္ခာရစောဠ (သုံးဆောင်စရာအ၀တ်စ)”အဖြစ်နဲ့ အဓိဋ္ဌာန်ပြုကောင်းတယ်၊ မပြုကောင်းဘူးဆိုတဲ့ ၀ိဝါဒကွဲပြားချက်ကို အဆင်သင့်ရင် နောက်မှ ပြောပါအုံးမယ်။]

ဝိကပ္ပနာ နှင့် ပစ္စုဒ္ဓိုရ်

နောက်ပြီးတော့ သင်္ကန်းကို ၀ိကပ္ပနာပြုလိုက်တယ် ဆိုရင်လည်း သင်္ကန်းနဲ့ ကင်းကွာခွင့် ရှိပါတယ်။ ၀ိကပ္ပနာပြုတယ် ဆိုတာဟာ သူတစ်ပါးကို ပေးစွန့်လိုက်တာ ဖြစ်ပါတယ်။ ပေးတယ်ဆိုပေမယ့် ယာယီပေးတာသာ ဖြစ်ပါတယ်။ ၀ိကပ္ပနာပြုလိုက်တဲ့ သင်္ကန်း၊ ပေးစွန့်လိုက်တဲ့သင်္ကန်းကို လက်ခံထားတဲ့ ရဟန်းတော်ဟာ အဲဒီသင်္ကန်းကို အပိုင်ယူခွင့် မရှိပါဘူး။ မူလပိုင်ရှင်ကို ပြန်ပေးရပါတယ်။ အဲဒီလို ပြန်ပေးတာကို ပစ္စုဒ္ဓိုရ်ပြုတယ်လို့ ခေါ်ပါတယ်။

အနီး၊ အဝေး၊ မျက်မှောက်၊ မျက်ကွယ်မှာရှိတဲ့ သင်္ကန်းကို ၀ိကပ္ပနာပြုနိုင်ပါတယ်။ နောက်ပြီး အနီး၊ အဝေး၊ မျက်မှောက်၊ မျက်ကွယ်မှာရှိတဲ့ ရဟန်းတစ်ပါးပါးကို သင်္ကန်းလက်ခံသူအဖြစ် ရည်ရွယ်နိုင်ပါတယ်။ လက်ခံသူက မသိလည်း ရည်ရွယ်ပြီး စွန့်နိုင်ပါတယ်။ ၀ိကပ္ပနာပြုရတာ လွယ်ကူတယ်လို့ ဆိုလိုတာပါ။ ဆိုပါစို့ ညကျော်ညခြားပြီး သင်္ကန်းနဲ့ ကင်းကွာမနေရဘူးဆိုတဲ့ နေရာမှာ တစ်ညလုံး သင်္ကန်းနဲ့ ကင်းကွာပြီး နေခဲ့ရင်တောင်မှ မနက်မိုးစင်စင် မလင်းခင်၊ အရုဏ်မတက်ခင် အခိုက်အတန့်လေးမှာ သင်္ကန်းနဲ့အတူ ရှိနေတယ်ဆိုရင် အပြစ်မရှိပါဘူး။ တစ်ညလုံး သင်္ကန်းနဲ့ ကင်းကွာပြီး နေလာခဲ့မယ်၊ အရုဏ်မတက်ခင် အချိန်လေးရောက်မှ အဝေးမှာ ရှိနေတဲ့ မျက်ကွယ်မှာ ရှိနေတဲ့ သင်္ကန်းကို အဝေးမှာ ရှိနေတဲ့ မျက်ကွယ်မှာ ရှိနေတဲ့ ရဟန်းတစ်ပါးပါးဆီ ပေးစွန့်လိုက်တယ်ဆိုရင်လည်း အပြစ်မရှိပါဘူး။ သူတစ်ပါးသင်္ကန်းလို့ ယူဆလိုက်တာပေါ့။ နောက် အဆင်သင့်မှ ကိုယ့်သင်္ကန်းအဖြစ် ပြန်လည် လက်ခံနိုင်ပါတယ်။

ဒီတော့ ခရီးသွားခါနီးမှာ နှစ်ထပ်သင်္ကန်းကြီးကို ၀ိကပ္ပနာပြုပြီး ရဟန်းတစ်ပါးပါးကို ပေထားခဲ့မယ်၊ ဒါမှမဟုတ် ခရီးသွားရင်း အဝေးတစ်နေရာကနေ လှမ်းပြီး ၀ိကပ္ပနာ ပြုလိုက်မယ်၊ ခရီးကပြန်လာမှ သင်္ကန်းလက်ခံတဲ့ ရဟန်းကို ပစ္စုဒ္ဓိရ်ပြုခိုင်းပြီး ပြန်ယူမယ်ဆိုရင်လည်း ဒီသိက္ခာပုဒ်ကို ရှောင်လွှဲပြီးသားဖြစ်သွားပါတယ်။

ဒါကြောင့် ဒီနေ့ခေတ်ရဟန်တော်တွေ တစ်နှစ်ပတ်လုံး နှစ်ထပ်သင်္ကန်းကြီးကို ပစ်ထားခဲ့ပြီး ပေါ့ပေါ့ပါးပါး သွားလာနေကြတာ ဖြစ်ပါတယ်။ ကထိန်အာနိသင် မရှိတော့တဲ့ အချိန်မှာလည်း ပေါ့ပေါ့ပါးပါး သွားလာနေကြတာ ဖြစ်ပါတယ်။ ဒီတော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုဘူးဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင်ကရော ရဟန်းတော်တွေ အတွက် ထူးထူးခြားခြား အသုံးဝင်ပါသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ နံပါတ်နှစ် ကထိန်အကျိုး ကထိန်အာနိသင်ကို “လေးလံတဲ့ နှစ်ထပ်သင်္ကန်းကြီးကို မသယ်ယူဘဲ (ပေါ့ပေါ့ပါးပါး) သွားလာနိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။
                                                                                                                                                         (ဆက်ပါအုံးမယ်။)
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၃၁.၁၀.၁၁)တနင်္လာနေ့

Wednesday, October 26, 2011

Kathina Benefits (Part 1) - ကထိန်အာနိသင်များ (အပိုင်း ၁)


                                                            

မနက်ဖန် (သီတင်းကျွတ်လပြည့်ကျော် တစ်ရက်)ဆိုရင် တစ်လကြာမယ့် ကထိန်ရာသီ ရောက်ပြန်ပါပြီ။  ကထိန်ရာသီစာ အနေနဲ့ ကထိန်နဲ့ ပတ်သက်လို့ ကထိန်အာနိသင်အကြောင်း သိမှတ်ထားမိသလောက် ပြောချင်ပါတယ်။ “ကထိန်အာနိသင်”ဆိုတာ “ကထိန်အကျိုး” ပါပဲ။ ကထိန်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးအာနိသင်၊ ကထိန်ရဲ့ အကျိုးအာနိသင်ပေါ့။

ကထိန်အကြောင်း ကထိန်အာနိသင်အကြောင်း စဉ်းစားတော့ ရဟန်းတော်တွေရဲ့ ခံစားခွင့်ဖြစ်တဲ့ ကထိန်အာနိသင်ရဲ့ အခန်းကဏ္ဍဟာ ခေတ်ကာလနှင့်အတူ ပြောင်းလဲလာခဲ့တာကို သတိထားမိပါတယ်။ နောက်ပြီး ဆွမ်းအကျိုး၊ ရေအကျိုးစသည်ဖြင့် အလှူတစ်ခုတစ်ခုရဲ့ ထူးခြားတဲ့အကျိုးတွေကို ပါဠိတော်မှာ တွေ့ရပေမယ့် ကထိန်ဒကာတွေ ရရှိတဲ့ ကထိန်အကျိုးကို ပိဋကတ်မှာ တိုက်ရိုက်ဖော်ပြထားချက် မတွေ့ရတာဟာ ထူးဆန်းနေပါတယ်။ ကထိန်ဒကာတွေ ရနိုင်တဲ့ အကျိုးတွေကို ဆရာတော်တွေက ကြံဆဟောကြား ပေးကြရပါတယ်။ ဒီတော့ ကထိန်ဒကာတွေ ရရှိတဲ့ အကျိုးတွေဟာ မယိုးမယိမ်းကွာတဲ့ တစ်မူစီ တစ်မျိုးစီ ဖြစ်နေတာလည်း တွေ့ရပါတယ်။

လူဒကာဒကာမတွေ အနေနဲ့ ရဟန်းတော်တွေ ရရှိတဲ့ ကထိန်အာနိသင်ကို ပြည့်ပြည့်၀၀ နာလည်ဖို့ မလွယ်ပါဘူး။ ဆက်စပ်နေတဲ့ အချက်အလက်တွေ များလွန်းနေလို့ပါ။ နောက်တစ်ခုက ရဟန်းတော်တွေရဲ့ ၀ိနည်းကိစ္စမို့ လူဒကာဒကာမတွေ နားလည်ဖို့ မလိုအပ်လို့ ဖြစ်ပါတယ်။ “လူတွေနာလည်ဖို့ မလွယ်”ဆိုတာ အားနာလို့ လျှော့ပြောလိုက်တာပါ။ အားမနာတမ်း ပြောရရင် ရဟန်းတော်တွေ လောကမှာလည်း ကထိန်အာနိသင်ကို အသိနည်းပါတယ်။ နီးစပ်ရာ သာမန်ဆရာတော် တော်တော်များများကို မေးကြည့်ဖူးပါတယ်။ မသိကြပါဘူး။ အဓိပ္ပာယ် အသေးစိပ် မပြောနဲ့ ကထိန်အကျိုး ကထိန်အာနိသင်ငါးမျိုး  ဘာတွေဖြစ်တယ်ဆိုတဲ့ သရုပ်အရေအတွက်ကိုတောင် မသိကြတာပါ။ ငယ်ငယ်က စာမေးပွဲဖြေဖို့ စာကျက်တုန်းက သိခဲ့တယ်။ နောက်တော့ မေ့သွားရော။ ကျက်မှတ်ခဲ့တုန်းက ထိထိမိမိ ကျက်မှတ်ခဲ့တယ်၊ မှတ်ဥာဏ်လည်း ကောင်းတယ်ဆိုရင်တော့ အဓိပ္ပာယ်မသိတောင် သရုပ်အရေအတွက်တော့ သိနေတာပေါ့။ ဟောတတ်ပြောတတ်တယ် ဆိုရင်လည်း ဟောဖို့ပြောဖို့၊ စာချဘုန်းကြီး ဆိုရင်လည်း တပည့်တွေကို သင်ပြပေးဖို့ သိနေတာပေါ့။ သာမန်ရဟန်းတော်တွေ အနေနဲ့ကတော့  ကထိန်ဆိုတာကလည်း တစ်နှစ်မှ တစ်ခါပဲ ရှိတာဆိုတော့ မေ့မယ်ဆိုလည်း မေ့စရာကောင်းပါတယ်။

လူတွေနားလည်ဖို့ခက်တယ်၊ ရဟန်းတော်တွေတောင် အသိနည်းတယ် ဆိုတာကို  အပြစ်ပြောတယ်၊ ကဲ့ရဲ့တယ်၊ အဆိုးမြင်တယ်လို့ မထင်ပါနဲ့။ ရဟန်းတော်တွေ ရရှိတဲ့ ကထိန်အကျိုး ငါးမျိုးမှာ လေးမျိုးက ၀ိနည်းသိက္ခာပုဒ် လေးပုဒ်ကို လိုက်နာကျင့်သုံးဖို့ မလိုတာ ဖြစ်ပါတယ်။ ကျန်တဲ့ တစ်မျိုးကတော့ ရဟန်းတော်တွေရဲ့ ကထိန်ပစ္စည်း ပိုင်ဆိုင်ခွင့်၊ အထူးသဖြင့် သင်္ကန်းပိုင်ဆိုင်ခွင့် ဖြစ်ပါတယ်။ ဒီတော့ ကထိန်ကြောင့် လျော့ပေါ့သွားတယ်ဆိုတဲ့ သိက္ခာပုဒ် လေးပုဒ်က ဒီနေ့ခေတ်မှာ အထူးတလည် (အထူးတလည်) ကျင့်သုံးစရာ မလိုတဲ့ အတွက်ကြောင့်၊ သင်္ကန်းပိုင်ဆိုင်ခွင့် ဆိုတာကလည်း သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်တဲ့ အတွက်ကြောင့် ကထိန်အာနိသင်ဟာ ဒီနေ့ခေတ်မှာ မှုန်ဝါးဝါး ဖြစ်နေပါတယ်။ ဒါကို ပြောချင်တာပါ။ ဒီအချက်ဟာ တဖြည်းဖြည်း ထင်ရှားလာပါလိမ့်မယ်။ ကထိန်အကျိုး ကထိန်အာနိသင်ကို စ ပြောကြပါစို့။

ကထိန်အာနိသင်ကို တိုက်ရိုက်အားဖြင့် ရဟန်းတော်တွေ ရရှိပါတယ်။ သွယ်ဝိုက်သောအားဖြင့် လူတွေ(ကထိန်ဒကာတွေ)လည်း ရရှိပါတယ်။ ကထိန်ရဲ့ တိုက်ရိုက်အကျိုး သွယ်ဝိုက်အကျိုးတွေက ဘာတွေလဲ။

၁။ ရဟန်းတော်များအတွက် ကထိန်အာနိသင်

မဟာဝါပါဠိတော်(စာ-၃၅၂)မှာ ရဟန်းတော်တွေ ရရှိတဲ့ ကထိန်အကျိုး ကထိန်အာနိသင်ငါးမျိုး တွေ့ရပါတယ်။ ငါးမျိုးဆိုတာ စောစောက ပြောခဲ့တဲ့အတိုင်း ၀ိနည်းသိက္ခာပုဒ် လေးပုဒ်ကို လိုက်နာကျင့်သုံးဖို့ မလိုတာ နဲ့ ပစ္စည်းပိုင်ဆိုင်ခွင့် သင်္ကန်းပိုင်ဆိုင်ခွင့် ဖြစ်ပါတယ်။ ဒီငါးမျိုးကို တစ်ခုချင်း လေ့လာကြည့်ရအောင်။

ကထိန်အာနိသင် (၁)

ပထမအကျိုးအာနိသင်က အနာမန္တစာရသိက္ခာပုဒ်ကို လိုက်နာကျင့်သုံးစရာ မလိုတာ ဖြစ်ပါတယ်။

စာရိတ္တသိက္ခာပုဒ် -
အကြင်ရဟန်းသည် ဆွမ်းစားပင့်ထား၍ ဆွမ်းထင်ရှားရှိလျက် ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ ဆွမ်းမစားမီ ရှေးအဖို့၌သော်လည်းကောင်း ဆွမ်းစားပြီးသည့် နောက်၌သော်လည်းကောင်း (အခြား) ဒါယကာအိမ်တို့သို့ အချိန်အခါကို ကြဉ်၍ လှည့်လည်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ ထိုအိမ်တစ်ပါးသို့ သွားရာ၌ ဤ ဆိုလတ္တံ့သည်ကား အချိန်အခါတည်း။ သင်္ကန်းလှူသောအခါ၊ သင်္ကန်းချုပ်သောအခါ၊ ဖျားနာသောအခါ၊ ဤကား ထိုအိမ်တစ်ပါးသို့ သွားရာ၌ အချိန်အခါတည်း။” (ပါစိတ်ပါဠိတော်မြန်မာပြန်)

ဒီသိက္ခာပုဒ်အရ ရဟန်းတစ်ပါးကို တစ်အိမ်အိမ်က ဆွမ်းကပ်တယ်ဆိုရင် အဲဒီရဟန်းတော်ဟာ ဆွမ်းမဘုဉ်းပေးခင်မှာပဲဖြစ်ဖြစ် ဆွမ်းဘုဉ်းပေးပြီးတဲ့ နောက်မှာပဲဖြစ်ဖြစ် အနီးအနားမှာ ရှိနေတဲ့ ရဟန်းတစ်ပါးပါးကို အသိမပေးဘဲ တစ်ခြားအိမ်ကို မကြွကောင်းပါဘူး။ ကထိန်အကျိုး ကထိန်အာနိသင် ရထားတယ် ဆိုရင်တော့ ကြွကောင်းပါတယ်။

ဒီသိက္ခာပုဒ်နဲ့ ပတ်သက်လို့ အနီးအနားမှာ ရှိနေတဲ့ ရဟန်းတစ်ပါးပါးကို အသိပေးပြီး သွားတယ်ဆိုရင် သွားကောင်းတယ်ဆိုတာ သတိထားသင့်ပါတယ်။ နောက်ပြီး နီးအနားမှာ အသိပေးစရာ ရဟန်းတစ်ပါးပါး ရှိမနေဘူးဆိုရင်လည်း ကိုယ့်ဟာကိုယ် သွားကောင်းပါတယ်။ အနီးအနားမှာ ရှိနေတဲ့ ရဟန်းတစ်ပါးပါးကို အသိပေးပြီး  သွားတာမျိုး၊ အနီးအနားမှာ တစ်ခြားရဟန်း တစ်ပါးမှ မရှိလို့ ကိုယ့်ဟာကိုယ် သွားတာမျိုးဆိုရင် ကထိန်အကျိုး ကထိန်အာနိသင် မရှိလည်း သွားကောင်းပါတယ်။

နောက်ပြီး အနီးအနားမှာ ရှိနေတဲ့ ရဟန်းတစ်ပါးပါးကို အသိမပေးဘဲ တစ်ခြားအိမ်ကို ကြွကောင်းတဲ့ ကြွနိုင်တဲ့ အချိန်အခါတွေ ရှိပါတယ်။ “သင်္ကန်းလှူသောအခါ၊ သင်္ကန်းချုပ်သောအခါ၊ ဖျားနာသောအခါ”တဲ့။ သင်္ကန်းလှူသောအခါဆိုတာ သင်္ကန်းရာသီ၊ ကထိန်အာနိသင် ခံစားခွင့်ရှိတဲ့ သီတင်းကျွတ် လပြည့်တရက်နေ့ကနေ တပေါင်းလပြည့်အထိ ငါးလတာကာလ ဖြစ်ပါတယ်။ ဒီငါးလအတွင်းမှာ ကြွကောင်းပါတယ်။ သင်္ကန်းချုပ်တဲ့အခါ အပ်တို့ အပ်ချည်တို့ လိုအပ်ရင်တောင်းဖို့ ကြွကောင်းပါတယ်။ (ဒီနေ့ခေတ်မှာတော့ ရဟန်းတော်တွေကိုယ်တိုင် သင်္ကန်းချုပ်တာ မရှိသလောက်ပါပဲ။) မကျန်းမမာ ဖြစ်နေရင် ဆေးဝါးဓာတ်စာတောင်းဖို့ ကြွကောင်းပါတယ်။ ဒီလို သွားတာမျိုး ဆိုရင်လည်း ကထိန်အကျိုး ကထိန်အာနိသင် မရှိဘဲ သွားကောင်းပါတယ်။

ဒီနေ့ခေတ် ရဟန်းတော်တွေ ဒီသိက္ခာပုဒ်ကို အထူးတလည် ကျင့်သုံးကြပါသလား။ ဒီသိက္ခာပုဒ်က ဆွမ်းစားကွမ်းစားနဲ့ ပတ်သက်နေပါတယ်။ ဆွမ်းစားကွမ်းစား ကိစ္စရှိမှ ကျင့်သုံးစရာလိုတဲ့ သိက္ခာပုဒ်ပါ။ အများစုဖြစ်တဲ့ သာမန်ရဟန်းတော်တွေဟာ ဘ၀တစ်သက်တာ ကာလအတွင်းမှာ ဆွမ်းစားကွမ်းစားကိစ္စ ကြုံရခဲပါတယ်။ ဆွမ်းစားကွမ်းစားကိစ္စ ရှိလာပြီ ဆိုရင်လည်း တစ်ခြားအိမ်ကို သွားဖို့ဆိုတာ ပိုပြီးတော့တောင် ဖြစ်နိုင်ခဲတဲ့ ကိစ္စပါ။ တစ်အိမ်အိမ်မှာ ဆွမ်းမဘုဉ်းပေးခင်နဲ့ ဆွမ်းဘုဉ်းပေးပြီးတဲ့နောက် တစ်ခြားဘယ်အိမ်မှ မကြွကြတာ ဒီသိက္ခာပုဒ်ကို လိုက်နာကျင့်သုံးဖို့ မကြွကြတာ ဟုတ်ပါသလား။ သွားစရာရှိလို့ “ငါ ဘယ်သွားမလို့။ တပည့်တော် ဘယ်သွားမလို့”ဆိုပြီး အနီးအနားက ရဟန်းတစ်ပါးပါးကို အသိပေးတာ၊ လျှောက်ထားတာဟာ ဒီသိက္ခာပုဒ်ကို ကျင့်သုံးခြင်း ဟုတ်ပါသလား။ ရဟန်းတော်တွေ ကထိန်အကျိုး ကထိန်အာနိသင် ရထားလို့ အနီးအနားက ရဟန်းတစ်ပါးပါးကို ဘာမှမပြောဘဲ သွားခွင့်ရှိနေရင်တောင်မှ သွားစရာရှိရင် ပြောပြီးမှ သွားကြတာ မဟုတ်လား။ ဒီတော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုဘူးဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင်ကရော ရဟန်းတော်တွေအတွက် ထူးထူးခြားခြား အသုံးဝင်ပါသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ နံပါတ်တစ် ကထိန်အကျိုး ကထိန်အာနိသင်ကို “အနီးအနားမှာ ရှိနေတဲ့  ရဟန်းတစ်ပါးပါးကို အသိပေး အကြောင်းကြားစရာ မလိုဘဲ (လွတ်လွတ်လပ်လပ်) သွားလာနိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။
(ဆက်ပါအုံးမယ်။)
 ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၂၇.၁၀.၁၁)ကြာသာပတေးနေ့
 

Monday, October 24, 2011

ကထိန်အကြောင်း သိကောင်းစရာ


                                                                 


မကြာမီ သီတင်းကျွတ်တော့မှာ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင် မြတ်များရဲ့ ၀ါတွင်းကာလလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ်ပြီးတဲ့နောက် မြန်မာဗုဒ္ဓဘာသာဝင်တွေ အတွက် ဘာသာရေးဆိုင်ရာ ကုသိုလ်ပွဲတစ်ခုအဖြစ် ကထိန်အလှူပွဲတွေက ထပ်ပြီးရောက်လာကြတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် သတ်မှတ်ကြကာ မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြတော့မှာ ဖြစ်ပါတယ်။

.ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများနေပြီး ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်ကြတယ်ဆိုတာ အတော်များများ မသိကြဘူး ဖြစ်နေတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ…၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ…၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ… စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ကထိန်ကာလ မတိုင်မီ ကြိုတင်ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံမြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာ
ကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာ
ဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှုဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း
စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရားဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း
ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန) စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။
                                                         
                                                            
               ပဒေသာပင်တွေလိုသလောက်ဆွပ်ခူးနိုင်ပါတယ်။                
                                   မလေးရှာရင်းဂစ်တွေလိုသလောက်ယူသုံးကြပါ။
ကထိန်ခေက်ကကုန်တော့မယ်ပိုစ်အခုမှတင်ရတယ်သည်းခံပြီးဖတ်တော်မူကြပါ။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ.(၂၄.၁၀.၁၁)တနလ်လာနေ့။                        
                                                                 

Wednesday, October 19, 2011

ဘဝအမောတွေပြေစေဘိုအားလုံးဘဲရည်(ရီ)မောကြပါစို့


                                               
                                       ရယ်စရာ ဟာသများ
အရက်ဘားအတွင်းသို့ဘုန်းတော်ကြီး
တစ်ပါးဝင်ရောက်လာပြီးလူတစ်ယောက်အား

ဘုန်းတော်ကြီး ။ ။ မင်းနတ်ပြည်သွားချင်သလား..

ပထမလူ ။ ။ သွားချင်ပါတယ်…

ဘုန်းတော်ကြီး ။ ။ဒါဆို ဒီဘက်မှာလာရပ်ချေ..

နောက်တယောက်အားလည်း

ဘုန်းတော်ကြီး ။ ။ မင်းရောနတ်ပြည်သွားမလား…

ဒုတိယလူ ။ ။ သွားချင်ပါတယ်. ဖာသာ..

ဘုန်းတော်ကြီး ။ ။ ဒါဆိုမင်းလည်းဒီဘက်လာရပ်…

ဘုန်းတော်ကြီးလည်းနောက်ဆုံးတစ်ဦးအား

ဘုန်းတော်ကြီး ။ ။ မင်းရော နတ်ပြည်လိုက်မယ်မလား….

တတိယလူ ။ ။ ဟင့်အင်း..

ဘုန်းတော်ကြီး ။ ။ ဘာဖြစ်လို့တုန်း… မင်းသေရင်နတ်ပြည်မရောက်ချင်ဘူးလားကွ…

တတိယလူ ။ ။ အော်သေမှလား ကျွန်တော်ကအခုချက်ချင်းသွားဖို့လူစုနေတာမှတ်လို့..ဟီး

                                 ဒီလောက်တော့ရှိပြီပေါ့

ပြီးခဲတဲ့အားလပ်ရပ်မှာကျွန်တော်လည်း ပြတိုက်သို့သွားလေ့လာဖြစ်ခဲ့သည်။ ဒိုင်နိုဆောအရိုးစုများပြသသောနေရာအရောက်တွင် Tyrannosaurus (T Rex) အရိုးစုတစ်ခုအားကြည့်ရင်း နဘေးမှ ပြတိုက်ဝန်ထမ်းအားမေးလိုက်မိသည်

ကျွန်ပ် ။ ။ ဒီအကောင်ကြီးတွေ ရဲ့သက်တမ်းဘယ်လောက်များရှိသွားပလဲဗျ

ဝန်ထမ်း ။ ။ နှစ်ပေါင်း ၆၅သန်း၊ နှစ်နှစ်၊ လေးလ နဲ့ ၂၈ရက်ရှိပြီဗျ…

ကျွန်တော်လဲအံ့အားသင့်သွားပြီး

ကျွန်ပ် ။ ။ ဘာလို့ဒီလောက်တောင်အတိအကျပြောနိုင်ရတာလဲ

ဝန်ထမ်း ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်နဲ့လေးလ ကျော်က ကျွန်တော်အလုပ်ဝင်တုန်းက ဒီကောင်ကြီးတွေ သက်တမ်းက ၆၅သန်းလေ… ဒီလောက်တော့အသာလေးရှိပြီပေါ့ဗျာ….တဲ့

                           ချစ်စရာကောင်းသော ချစ်သူ


ချစ်သူနှစ်ယောက် အလွန်သာယာသော လယ်ကွင်းပြင်သို့ လက်တွဲ၍ လမ်းလျှောက်လာကြသည်။
လမ်းတွင် နွားမကြီးက နွားကလေးလေးအား နမ်းနေသည်ကို တွေ့ကြသောအခါ ကောင်လေးက ကောင်မလေးအား ပြောလိုက်သည်
“အချစ်ရယ် ကြည့်စမ်း ဟိုမှာ နွားမကြီးက နွားကလေးကို နမ်းနေတာ ဘယ်လောက် အားကျစရာကောင်းလဲ ကိုယ်လဲ အဲ့လိုနမ်းချင်လိုက်တာ”
ကောင်မလေးပြန်ပြောလိုက်သည်မှာ “မောင် နမ်းချင် သွားနမ်းလေ ချစ် ဒီကစောင့်နေမယ်” ဟုသတည်း။

                           လက်မရွံလူသတ်သမား


စီအိုင်အေသည် လက်မရွံလူသတ်သမား အတွက်လူရွေးချယ်လျှက်ရှိသည်။ နောက်ခံကိုယ်ရေးရာဇ၀င်များ၊ အင်တာဗျူးများနှင့် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဇကာတင်အဖြစ်သုံးယောက်ထွက်ပေါ်လာသည်။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။

နောက်ဆုံးစစ်ဆေးမှုအနေဖြင့် တစ်ဦးချင်းကို သထ္တုခန်းမကျယ်တစ်ခုဆီသို့ခေါ်ဆောင်သွားပြီး သေနတ်တစ်လက်ပေးလေ၏။

အရာရှိ ။ ။” မင်းတို့ဘယ်လိုအခြေအနေနဲ့ပဲကြုံကြုံအားလုံးအမိန့်ကိုလိုက်နာရမယ်ဆိုတာသိတယ်မဟုတ်လား, ဒီအခန်းထဲမှာမင်းရဲ့မိန်းမ ထိုင်ခုံတလုံးပေါ်မှာထိုင်နေလိမ့်မယ် သူ့ကိုပစ်သတ်လိုက် ”

ပထမယောင်္ကျား ။ ။ ” ခင်ဗျားဘာတွေလာပြောနေတာလဲ. ကျုပ်မိန်းမကိုတော့မသတ်နိုင်ဘူး။ ”

အရာရှိ ။ ။ “ဒါဆိုမင်းမဖြစ်နိုင်ဘူး။”

ဒုတိယောက်ျားအလှည့်တွင်လည်းအလားတူအမိန့်ပေးလေသည်။ ဒုတိယလူလည်း သေနတ်ယူကာအခန်းတွင်းသို့ဝင်လေသည်။ ငါးမိနစ်ခန့်ငြိမ်သက်သွားပြီးနောက်… မျက်ရည်တွဲလဲဖြင့်ပြန်ထွက်လာလေသည်။

ဒုတိယယောက်ျား ။ ။ “ကျွန်တော်ကြိုးစားပြီးပြီဗျာ… ဒါပေမဲ့ကျွန်တော်မိန်းမကိုတော့မသတ်ရက်ဘူး”

အရာရှိ ။ ။ “ဒါဆိုမင်းမှာလဲလိုအပ်တဲ့အရည်အချင်းမရှိဘူး.. မင်းမိန်းမကိုခေါ်ပြီးပြန်တော့”

နောက်ဆုံးအမျိုးသမီးအလှည့်တွင်လည်း၎င်း၏လင်ယောက်ျားဖြစ်သူကိုသတ်ရန်အမိန့်ပေးပြန်၏။
အမျိုးသမီးလည်း သေနတ်ယူကာအခန်းတွင်းသို့ဝင်လေသည်။ ထိုနောက် သေနတ်ပစ်ခတ်သံများတချက်ပြီးတချက်ကြားရလေသည်။ ၎င်းနောက် အော်ဟစ်သံများ၊ ကွဲရှသံများနှင့် နံရံကိုထုနှက်သံများကိုကြားရလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်တိတ်ဆိတ်သွားပြီး တံခါးကိုဖြေးညှင်းစွာပွင့်သွားပြီးအမျိုးသမီးထွက်လာလေသည်။

နဖူးပေါ်မှချွေးများကိုသုတ်လိုက်ပြီးနောက် ပြောလိုက်ပုံက

“ရှင်တို့ကကျည်တွေကို ဗလာတွေထည့်ထားတာကိုး
ကျွန်မမှာသူ့ကိုခုံနဲ့မနည်းရိုက်သတ်လိုက်ရတယ်”

                                   မလောက်လို့

ခါးပိုက်နှိုက်တစ်ဦးသည်တရားရုံးတွင် အပြစ်ရှိကြောင်းထင်ရှား၍ ထောင်ဒဏ် ၈လ (သို့) ဒေါ်လာ ၂၀၀ဒဏ်ဆောင်ရန်တရားသူကြီးမှအမိန့်ချလေသည်။ တရားခံရှေ့နေသည် ၎င်း၏အမှုသည်မှာ ဒဏ်ငွေမပေးနိုင်မှန်းသိသဖြင့်အောက်ပါအတိုင်းလျှောက်ထားလေသည်။

“တရားသူကြီးခင်ဗျား… ကျွန်တော်၏အမှုသည်မှာ ဒဏ်ငွေ ဒေါ်လာ ၅၀သာဆောင်နိုင်ပါတယ်။ ဒါပေမဲ့ သူကို့လူတွေကြားမှာမိနစ်အနည်းငယ်နေခွင့်ပြုရင်တော့ ဒေါ်လာ ၂၀၀ တတ်နိုင်ပါလိမ့်မယ်….”

                          နောက်ကျ

ဆရာ ။ ။ မင်းကဘာလို့ကျောင်းအမြဲနောက်ကျရတာလဲ

ကျောင်းသား ။ ။ ဆရာကကျွန်တော်မရောက်ခင်ခေါင်းလောင်းအမြဲတမ်းတီးတာကိုး

                                 ယုံပါ

လူတစ်ယောက်က သူ့ သူငယ်ချင်းကိုဆေးခန်းလိုက်ပို့ ပြီး ဆေးခန်းမှဆရာဝန်ကို…

“ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ်
ဆရာ”

“ဟုတ်လား ဘာတွေလုပ်သလဲ”

“သူ့ ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲတွန်းချတယ်ဆရာ”

“ဘာဖြစ်သွားသေးလဲ”

“မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ”

                       ကိုယ်လိုလူပဲမို့ Good

ပထမလူ၊ ၊ ဟေ့ မင်း မိန်းမ မယူသေးဘူးလာ himn himn
ဒုတိယလူ၊ ။ မစဉ်းစားရဲသေးပါဘူးကွာ၊ don't don't
ပထမလူ၊ ။ဟာ…ဘာဖြစ်လို့လိုလဲ၊
ဒုတိယလူ၊ ။နေစရာအိမ်မှ မဝယ်နိုင်သေးတာ၊
ပထမလူ၊ ။ဟာ……ဒါများဘာခက်တာမှတ်လို့၊ ယူပြီးယောက္ခမအိမ်ပေါ် တက်နေလိုက်၊ နောက်မှ စုဆောင်းပြိးကိုယ့်ဟာကိုယ် အိမ်ခွဲဆင်းကြပေါ့၊
ဒုတိယလူ၊ ။ အဲဒါ ခက်တာပေါ့၊ ငါတက်နေမယ့် ယောက္ခမတွေတောင် သူတို့ရဲ့ယောက္ခအိမ်မှခုထိကပ်နေကြတုန်းကွ၊
                     
                      လာတောင်းနေလိုပါ

ပိုင်ရှင်ကိုမြ။ ။ ဟာ…..ကိုလှပါလား၊ အတော်ပဲဗျို့၊ ခင်ဗျားဟိုတစ်နေ့က ကျုပ်ဆီက ငှားသွားတဲ့     ဖောင်တိန်လေးပြန်လိုချင်လို့၊
ကိုလှ၊ ။ အယ်……ဒုက္ခပဲ၊ အဲဒီဖောင်တိန်ကို ကျနော် သူငယ်ချင်းတစ်ယောက်က ခဏဆိုပြီး    ထပ်ငှားသွားတယ်ဗျ၊ ခင်ဗျားကအခုချက်ချင်းပြန်ယူချင်လို့လား၊
ကိုမြ၊ ။ ကျနော် က ပြန်မယူချင်ပါဘူး၊ ခုအဲဒီဖောင်တိန်ပိုင်ရှင်က ကျနော်ကို လာတောင်းနေလို။
              ဆရာကလွဲရင်  
  တစ်ခါတုန်းကတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဆီကိုလူတစ်ယောက်ဆေးခန်းလာပြပါတယ်။
လူနာ။            ဆရာ ကျွန်တော်အားလပ်ရက်တစ်လရပါတယ်။ အဲဒါ ဒီတစ်လအတွင်း ကျွန်တော်
                    ကိုယ့်ကိုကိုယ်ကောင်းကောင်းကုစားလို့ ရပါ့မလား သိချင်ပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်။            ကျွန်တော် ပြောချင်တာကတော့ ခင်ဗျား မျက်နှာချင်း
                                            ဆိုင်ကဆေးခန်းကို သွားပြရင် ကောင်းမယ်ထင်တယ်။
လူနာ။                   မဟုတ်ပါဘူး ဆရာ။ ကျွန်တော် ဆရာ့ ဆီကိုပဲ လာတာပါ။ တိရစ္ဆာန်ဆေးကုဆရာဝန်။              ဒါပေမယ့် ကျွန်တော် က တိရစ္ဆာန်               ဆေးကု              ဆရာဝန်ပါ။ 
               လူတွေကိုကျွန်တော် မကု ပါဘူး ခင်ဗျ။
လူနာ။             ကျွန်တော် ဆရာ့ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဆရာ့ ဆီကို လာတာပါ။
                 တိရစ္ဆာန်ဆေးကုဆရာဝန်။          မဖြစ်နိုင်ပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား က
                ကျွန်တော့်လို စကားပြောတယ်၊ ကျွန်တော့် လိုတွေးတယ်။ ဒါကြောင့်ခင်ဗျားလည်း
               လူပဲ လို့ ကျွန်တော် ထင်ပါတယ်။
လူနာ။        ကျွန်တော် ကိုယ့် ကိုကိုယ် လူဆိုတာ ကောင်းကောင်းသိပါတယ် ဆရာ။
                ဒါပေမယ့်ကျွန်တော် ရှင်းပြတာကို ဆရာ နားထောင်ပါဦး။
တိရစ္ဆာန်ဆေးကုဆရာဝန်။              ကောင်းပြီလေ။ ပြောပါဦး။
လူနာ။     ကျွန်တော် ဟာ ခွေးတစ်ကောင်လိုပဲ အလုပ် အကြောင်းစဉ်းစားရင်းနဲ့ အိပ် ပါတယ်။
             မနက်ရောက်ရင် မြင်းတစ်ကောင်လို ပဲ ထရပါတယ်။
             အလုပ်ကို တော့ သမင် တစ်ကောင်လို ပြေးသွား ရပါတယ်။
             အလုပ်ထဲမှာ တော့ တစ်နေကုန် မြည်း တစ်ကောင်လို လုပ် ရပါတယ်။
             ပြီးတော့ဆယ့်တစ်လ လုံးလုံး နားရက် မရှိပဲ နွားတစ်ကောင်လို ရုန်းရပါတယ်။
              သူဋ္ဌေးရှေ့မှာတော့ အမြဲတမ်း အမြှီးလေးကုပ်ထားရပါတယ်။
              အားချိန်လေးများနည်းနည်း ရရင်တော့ မျောက် တစ်ကောင်လို ပဲ သားတွေ
              သမီးတွေနဲ့ကစားရပါသေးတယ်။
               မိန်းမရှေ့ရောက်ရင်တော့ ယုန်တစ်ကောင်လိုပေါ့ဗျာ။
              ဆရာကလွဲရင် ကျွန်တော် ဘယ်သူမှ ကုပေးလို့ ရမှာ မဟုတ်ဖူး။

             ယောင်္ကျားရေမိန်းမခေါင်းကိုက်လိုက်တာ
ရဲဝန်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူ
အလုပ်စောပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီ
ခါတိုင်းထက်၎နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်းဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်.
မီးမဖွင်.အမှောင်ထဲမှာတင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
ကိုယ်လုံးဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။
ဒီအခါမှာသူ.မိန်းမ က ကယောင်းကတန်းနှင်.
မိန်းမ- “ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီ
ဆေးဆိုင်ကခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်”
ရဲဝန်ထမ်း- “၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်”
လို.ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။
ဆေးဆိုင်ရောက်တော.အရောင်းဝန်ထမ်းက အံ.သြပြီး
အရောင်းဝန်ထမ်း
- “ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား”
ရဲဝန်ထမ်း
- “ဟုတ်တယ်လေ ဘာလို.လဲ”
အရောင်းဝန်ထမ်း
- “ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ”
ရဲဝန်ထမ်း
- “ဟေ”
 ဘဝအမောတွေပြေပြီးအာလုံးဘဲပျော်ရွှင်ရည်မောနိုင်ကြစေ

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၁၉.၁၀.၁၁)ဗုဒ္ဓဟူးနေ့ 

Saturday, October 15, 2011

ကထိန်သမိုင်းအကြောင်းသိကောင်းစရာ

                          ဝဋ်ကြွေးတော်ပြေကံကြွေးတော်ပြေဆုတောင်းပြည်မြတ်စွာဘုရား

                                     ရင်းဂစ်တွေနော်မြန်မာငွေမဟုတ်ဖူးသေချာကြည့် ။
                                          ဒါမှမြန်မာငွေပဒေသာပင်အစစ်
                                                           
                         FBကမလာတာပါဒေါ်လာနဲ ယူရိုတွေပါကြိုက်သလောက်ယူသုံးကြပါ။


                                                                  

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူ စဉ်ပါဝေယျကတိုင်းသားရဟန်း(၃၀)တို့သည်အရညကင်ဓုတင်ပိဏ္ဍပါတ်ဓုတင်ပံသုကူဓုတင်တို့ကိုဆောင်ကြလေသည်။ ထိုရဟန်းတို့သည် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည်သို့ ကြွလာကုန်၏။ သို့သော် ၀ါဆိုရက်ကို မမှီလိုက်ကြသည့်အတွက် သူတို့သည် ခရီအကြားဖြစ်သော သာကေတမြို့၌ ၀ါကပ်ကြရလေကုန်၏။ ထိုရဟန်းတို့သည် ”ငါတို့၏ အနီးဖြစ်သော ဤသာကေတမြို့မှ ခြောက်ယူဇနာအရပ်၌  မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။

ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရကုန်”ဟု မပျော်ပိုက်ပဲ ၀ါဆိုကြရကုန်၏။ထိုရဟန်းတို့သည် သုံးလလွန်၍ ၀ါကျွတ်ပ၀ါရဏာပြုပြီးနောက် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ကြွတော်မူခဲ့ကြသည်။ လမ်းခရီးတွင်း မိုးကြီးသည်းထန်စွာရွာသွန်းသည့်အတွက်အကြောင့် သူတို့၏ သင်္ကန်းများသည် မိုးရေစိုစွတ်ကုန်ကြသည်။ သင်္ကန်းအပိုမပါရှိသည့်အတွက် သင်္ကန်းအစိုများဖြင့်သာ ကြွလာခဲ့ရလေသည်။ ထိုမျှမက သူတို့သည် ရွံ့နွံများထဲမှ ရုံးကန်၍ ဆင်းရဲကြီးစွာဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ရောက်လာကြရလေကုန်သည်။ ထိုအခါ မြတ်စွာဘုရားသည်

”ရဟန်းတို့ ခန့်ကျန်းသာလို့မာပါစ၊ မျှတကြပါရဲ့လား၊ အချင်းချင်း ငြင်းခုံမှု  မဖြစ်သည်၍ ချမ်းသာစွာ ၀ါဆိုခဲ့ကြပါကုန်၏လော့၊ ဆွမ်းကွမ်းကော ပြည့်စုံကြပါရဲ့လား၊”ဟူ၍ မေးတော်မူသောအခါ ရဟန်းများသည်
”တပည့်တော်တို့တတွေ ကျန်းမာကြပါတယ် ဘုရား၊ မျှတကြပါတယ်ဘုရား၊ အချင်းချင်းညီညွတ်စွာ နေခဲ့ကြပါတယ်ဘုရား၊ ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်ဘုရား၊ တပည့်တော်တို့တတွေ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာကြတဲ့အခါဝါဆိုရက်မမှီတဲ့အတွက် ခရီးအကြား သာကေတမြို့၌ ၀ါကပ်ခဲ့ကြရပါတယ်ဘုရား၊၀ါကပ်ပြီးလို့ ပ၀ါရဏာပြုပြီးလို့ မြတ်စွာဘုရားကို ဖူးမြင်ရန် သာဝတ္ထိပြည် လာကြတဲ့အခါ လမ်းခရီးတွင် မိုးကြီးသည်းထန်စွာ ရွာတဲ့အတွက် လမ်းခရီးတစ်လျှောက် မိုးစိုသော သင်္ကန်းများဖြင့် လာခဲ့ကြရပါသည်ဘုရား၊

ထို့ပြင်ဘုရားတပည့်တော်တို့သည်ပင်ပန်းဆင်းရဲစွာမိုးထဲလေထဲရွံ့နွံဗွက်တို့ကိုဖြတ်ကျော်ပြီးလာခဲ့ရပါသည်

ဘုရား”ဟုလျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်တို့ကို အကြောင်းပြုကာ ကထိန်လျှာသင်္ကန်းကို ခွင့်ပြုတော်မူပါသည်။

ကထိန်ဆိုသည်
ဗုဒ္ဓါဒီဟိ ကထီယတေ သိလာဃတေ ပသံသီယတေတိ ကထိနံ-ဘုရားအစရှိသော သူတော်ကောင်းတွေက ကထိနစီဝရဒါနကို ကောင်းပေစွကောင်းပေစွမြတ်ပေစွဟုချီးမွမ်းအပ်တဲ့အတွက်ကြောင့်ကထိန်လို့ခေါ်သည်။

ချီးမွမ်းခြင်းအကြောင်းသုံးချက်
(၁) သံဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၂ )အထူးသဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၃)သံဃာတော်အရှင်မြတ်တို့၏ အာပတ်ကို သုတ်သင်နိုင်သော ဒါနဖြစ်သောကြောင့်လည်းကောင်းဘုရား အစရှိသော အရိယာသူတော်ကောင်းတွေက အထူးအားဖြင့် ချီးမွမ်းတော်မူပါတယ်။

(၁) သံဃိကဒါနဖြစ်သောကြောင့်
ကထိန်ကမ္မ၀ါစာဖတ်ကြတဲ့အခါ “ဣဒံ သဃဿ ကထိနစီဝရံ ဥပ္ပန္နံ”လို့ ကမ္မ၀ါစာမှာ ပါပါတယ်။ အဲဒီထဲမှာ ”သံဃဿ ဥပ္ပန္နံ”ဟူသည် သံဃာတော်အရှင်သူမြတ်များရဲ့ အထံမှာဖြစ်ပေါ်တယ်လို့ဆိုပါတယ်။ 

ဒီစကားကိုထောက်သောအားဖြင့် ကထိနဒါနကို သံဃိကဒါနလို့ဆိုနိုင်ပါတယ်။ သံဃိကသင်္ကန်းနဲ့သာကထိန် ခင်းလို့ရပါတယ်၊ဒီလိုသံဃိကဒါနဖြစ်သောကြောင့်ကထိနစီဝရဒါနကိုဘုရားအစရှိတဲ့သူတော်ကောင်းတွေက ချီးမွမ်းကြတာပါ။ပုဂ္ဂလိကဒါနထက်မြတ်နေလို့ ဒီကထိနစီဝရသံဃိကဒါနကို အထူးဝိသေသပြု ချီးမွမ်းခြင်း

ဖြစ်ပါတယ်။


တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှာလဲ တစ်ကျောင်းတည်း လှူလို့ရတယ်တစ်ကျောင်းမှာ တစ်ရက်ပဲလှူလို့ရတယ်။ တခြားဒါနထက် ထူးခြားနေတယ်။အမြဲလှူလို့မရ အချိန်ကာလအားဖြင့်သာ လှူဒါန်းရသော ဒါနဖြစ်သောကြောင့် ဘုရားစသော သူတော်ကောင်းများက ချီးမွတ်တော်မူကြပါတယ်။

(၂)အထူးသံဃိကဒါနဖြစ်သောကြောင့်
ကထိနစီဝရဒါနကို ပထမ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် တစ်ရက် မဟာ ပ၀ါရဏာနေ့၌ ပုရိမ၀ါကျွတ်လို့ ၀ါမကျိုးမပြတ်တဲ့ သံဃာတော်တွေသာ ဒီကထိန်သင်္ကန်းကို အလှူခံ ခွင့်ရှိ တယ်။
”အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ”
ဆိုလိုသည်မှာ ၀ါဆိုသံဃာတွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ကထိန်သင်္ကန်းလှူသူတွေကလဲ ဒီက ထိန်ခင်းခွင့်ရှိတဲ့ ရဟန်းတော်တွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ဒါကြောင့် ဒီကထိနဒါနကို ထူးခြား တဲ့ဒါနလို့ပြောတာ။ဒီလို ထူးခြားတဲ့ သံဃိကဒါနဖြစ်လို့ ဘုရားအစရှိသော သူတော်ကောင်းတို့က ချီးမွမ်း ကြတာဖြစ်ပါတယ်။

(၃) သံဃာတော်အရှင်သူမြတ်တို့၏အာပတ်ကိုသုတ်သင်သောဒါနရဟန်းတော်များမှာမြတ်ဗုဒ္ဓပညတ်ထားတဲ့ သိက္ခာပုဒ် အကျဉ်းအားဖြင့် ၂၂ရ သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်ရှိနေပါတယ်။ ဒီသိက္ခာပုဒ်တွေကို ကြူးလွန်ရင်အာပတ်သင့်တယ်။ သို့သော် ကထိန်သင်္ကန်းကို အလှူခံကြတဲ့ သံဃာ တော်များဟာ မြတ်ဗုဒ္ဓက ချမှတ်ထားသော သိက္ခာပုဒ်ငါးမျိုးမှ လွတ်ငြိမ်းခွင့်ရရှိနိုင်ပါတယ်။ထိုလွတ်ငြိမ်းချမ်း သာခွင့် ငါးပါးဟူသည်ကား

(က) ရဟန်းသည် မပန်းကြားပဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း
(ခ) တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူပဲ သွားနိုင်ခြင်း
(ဂ) ဂဏဘောဇဉ်ကို စားနိုင်ခြင်း
(ဃ)အလိုရှိသော အဓိဋ္ဌာန် ၀ိကပ္ပမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
(င) ထိုကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အားသာ ဖြစ်ရခြင်း တို့ပင်ဖြစ်သည်။ကထိန်အာနိသင်ရသောကာလသည်ကားသီတင်းကျွတ်လပြည့်တစ်ရက်နေ့မှတပေါင်းလပြည့်အထိ ငါးလတိုင်တိုင်ဖြစ်ပေသည်။ထို့ကြောင့် ကထိန်ကို ဘုရားအစရှိသော သူတော်ကောင်းများက ကောင်းပေစွ ကောင်းပေစွဟု ချီးမွမ်းတော်မူကြပါပေကုန်သည်။ထိုသို့သော အကြောင်းများကို ထောက်ဆကာ ရှေးဆရာ တော်ကြီးများက”ဘုရားမှာတော့စိန်၊ကျောင်းမှာတော့သိမ်၊ သင်္ကန်းမှာတော့ကထိန်”ဆိုပြီး ဆိုရိုးစကား ပြုထားကြသည်။


ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးပါး
(၁) မိမိတို့ အလိုရှိအပ်သော အရပ်များသို့ အတားအဆီး အချုပ်အချယ်မရှိဘဲ သွားနိုင်ခြင်း၊
(၂) ကိုယ်ပိုင်ပစ္စည်းများကို ထားလိုရာ ထားနိုင်ခြင်း၊
(၃) အမျိုးမျိုးသော အ၀တ်အစား အစာအသောက်များနှင့် ပြည့်စုံခြင်း၊
(၄) အစာအသောက်နှင့်ပတ်သက်၍ ဘယ်သောအခါမှ ဘေးမဖြစ်ခြင်း၊
(၅) စည်းစိမ်ဥစ္စာပေါများခြင်းတို့ပင်ဖြစ်သည်။

ကထိန်ခင်းခြင်းအဓိပ္ပာယ်
ကထိန်သင်္ကန်းလှူရှင်များသည် “သံဃဿ ဒေမ”ဟုဆိုကာလှူဒါန်းလိုက်သောသင်္ကန်းကိုသံဃာတော်များက သိမ်ထဲမှာရှိတဲ့ကထိန်သင်္ကန်းအလှူခံမည့်ကျောင်းမှာရှိသောရဟန်းတော်တစ်ပါးကိုသံဃာအများသဘောတူ
မှုနဲ့ ရွေးချယ်ပြီး ထိုကထိန်လျာသင်္ကန်းကို ကမ္မ၀ါစာနှင့် ရွတ်ဖတ်ကာ ပေးကြရပါသည်။ ထိုကထိန်သင်္ကန်းကို ရရှိသော ရဟန်းသည် မိမိကျောင်းတိုက်ကို ပြန်ပြီး ကထိန်ခင်းရပါသည်။ ကထိန်ခင်းဟူသည် စွန့်သင့်သော သင်္ကန်းကို စွန့်၊အဓိဋ္ဌာန်တင်သင့်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ကာ လက်ရှိရရှိလာသော သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်သည်ကို ဆိုလိုပါသည်။ 

ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူရခြင်း၏ ရည်ရွယ်ချက်
ရဟန်တော်များဟာ လိုက်နာရန်အလို့ငှာ မြတ်ဗုဒ္ဓက ချမှတ်ထားသော ၀ိနည်းစည်းကမ်းငါးမျိုးကို အချိန်ကာ လအတိုင်းအတာတစ်ခုအတွင်း မလိုက်နာဘဲ ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်နိုင်ရန်အတွက် ကထိန် ခင် ခြင်းဖြစ်သည်။

ညှပ်မကြီး
ညပ်မကြီးဟူသည် တန်ဖိုးရှိသော ပစ္စည်းများကို စီးထားသောအ ပဒေသာပင်အကြီးစားကြီးကို ဆိုလိုသည်မဟုတ်။ကထိန်နှင့်ပတ်သက်သော စကားလုံးသည်ကား ဥတ်ဖြစ်သည်။ ဥတ္တိဆိုသော စကားလုံးမှဆင်းသက်လာသည်။”ဥတ္တိဒုတိယကမ္မ၀ါစာ”ရွတ်ဆိုပြီးကထိန်ခင်းထိုက်သောရဟန်းကိုကထိန်
သင်္ကန်းပေးရသည်။ထို့ကြောင့် ထိုကထိန်သင်္ကန်းကို ”ဥတ်”သင်္ကန်းဟူ၍ဆိုပါသည်။ဥတ်သင်္ကန်းဟူ

သည် ရဟန်းများအသုံးပြုတော်မူနေသော အပေါ်ရုံသင်္ကန်း၊ အောက်ပိုင်းသင်္ကန်းနှင့် နှစ်ထပ်သင်္ကန်း၊ ထိုသုံးထည်တွင် တထည်ထည်ကို ဆိုလိုပါသည်။

မျက်မှောက်ခေတ်ကထိန်
ယနေ့ မြန်မာပြည်တွင် မျက်မှောက်ခေတ်ကထိန်များကို ကြည့်လျှင် ရှုမြင်ရသူတို့၏ စိတ်ဝယ် အလွန်အင်မတန်မှကြည်နူးစရာကောင်းလှပေသည်။သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှတန်ဆောင်မုန်းလပြည့်အထိ ကထိန်ပွဲကျင်ပရာ တစ်လတာကာလအဖြစ်သတ်မှတ်ကြကာ မြန်မာတစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်မှာ ကထိန်ပွဲများကို စည်းကား သိုက်မြိုက်စွာ ကျင်းပကြသည်။ ရပ်ကွက်အလိုက်၊  အသင်းအလိုက်၊ ဌာနအလိုက်စသည်ဖြင့် မြို့ရော တောမပါမကျန် ကထိန်ပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပနေကြသည်။  

တန်ဖိုးရှိသော ပဒေသာပင်အကြီးစားကြီးများကို စီးကာ အတီးအမှုတ် အကအခုံများဖြင့် လှည့်လည်အပူဇော်ခံကြသည်။ရည်ရွယ်ချက်သည်ကားကြည့်ရှုသူဗုဒ္ဓဘာသာဝင်တို့သဒ္ဓါတရားတိုးပွားနိုင်စေရန်အလို့ငှာဖြစ်သည်။ ထိုပဒေသာပင်များ၏ ကြီးကျယ်ခမ်းနားမှုကို ကြည့်သောအားဖြင့် မြန်မာလူမျိုးများ၏ သဒ္ဓါတရားကောင်းမှုသည်ကား အထူးပြောဖွယ်မလိုတော့ပေ။ 


သို့သော် စိတ်မကောင်းစရာတစ်ခုသည်ကား အချို့သော အလှူရှင်အချို့သည်ကား ကထိန်၏ အဓိပ္ပာယ်ကိုကား တိတိကျကျ မသိတော့ချေ။ ပဒေသာပင်ကြီးတွေစီး၊ ဆိုင်းတွေ ဗုံတွေနှင့် လှည့်လည်ပြီး နောက်ဆုံး ဘုန်းကြီးကျောင်းကို ထိုပဒေသာပင်ကြီးတွေပို့လိုက်သည်ကိုပင်  ကထိန်ဟုထင်မှတ်နေကြသည်။ ဆရာတော်များဟောကြားတော်မူသော တရားတော်များကိုပင် မနာယူနိုင်တော့ပေ။အဘယ်ကြောင့်ဆိုသော် တစ်နေကုန် မမောနိုင် မပန်းနိုင် တီးမှုတ်ကခုန်မှုခဲ့ကြသောကြောင့်ပေတည်း။ အကာဖြစ်သော တီးမှုတ်ကခုံမှုတွေနှင့် အဆုံးသတ်ပြီး၊ အနှစ်ဖြစ်သော ဆရာတော်များဟောသော ကထိန်အကြောင်းသိကောင်းစရာ တရားများကိုကား မနာယူနိုင်တော့ပေ။


ထိုကြောင့်ငွေကုန်လူပန်းဖြစ်နေလေ၏။ဤသည်ပင်လျှင်အထူးသတိပြုစရာအချက်ဖြစ်ပေသည်။မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဤကဲ့သို့ မဖြစ်မူ၍ တစ်နှစ်မှ တစ်ခါ ကြုံခဲလှသော ဤကထိန်ပွဲရာသီအတွင်း အကာမပါမူ၍ အနှစ်သက်သက်ဖြစ်သော အလုပ်ကို လုပ်နိုင်ကြပါစေဟု တိုက်တွန်းရင်း မိမိ၏ ဆောင်းပါးကို နိဂုပ်ချုပ်လိုက်ရပေသည်။  
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၁၅.၁၀.၁၁)စနေနေ့ 
 
                                                                                                                    

Tuesday, October 11, 2011

ဝါကျွတ်ပြီ ၊ ကောင်းလိုက်တာ

                                                 

ဟိုး... ဘုရားရှင်လက်ထက်မှာတော့ ရဟန်းတော်များဟာ ၀ါဆိုပြီးတာနဲ့  မြတ်စွာဘုရားရှင်ကို လျှောက်ထားပြီး ကမ္မဋ္ဌာန်းတောင်းကြတယ်။ ပြီးတော့ သူတို့  သပ္ပါယမျှတမည့်နေရာကို သွားကြပြီး တရား အားထုတ်ကြတယ်။ တကယ်ပီပီ ပြင်ပြင် အားထုတ်ကြပါတယ်။ အဲသလိုမျိုး အားထုတ်ကြ ပြီးနောက်-

ဝါကျွတ်ပြီ ဆိုတာနဲ့  ဘုရားရှင်ထံ ပြန်လာကြတယ်။ ဘုရားရှင်ကို ဖူးမျှော်ကြ၊ တရားထူး လျှောက်သူ လျှောက်၊ ကိုယ်တွေ့ ကြုံသမျှအကြောင်းရာကို လျှောက်သူက လျှောက်ထားလေ့ရှိတယ်။

ခုခေတ် ၀ါကျွတ်ပြီးချိန်မှာတော့ စာမေးပွဲအတွက် လေ့လာသူက ဘယ်ထိ ပေါက်အောင် စာကြည့် မယ်။ စာကျက်မယ်။ ဆရာများ ကလည်း ဘယ်လောက်ထိ ပေါက်အောင် စာဝါ ချပေးမယ် စသဖြင့် အင်တိုက် အားတိုက် ၀ါတွင်း ကာလကို အထူး အားစိုက် သင်ယူပို့ ချ လေ့ခဲ့လာကြတာ တွေကို ခဏ ရပ်ဆိုင်း ထားတယ်။ စာဝါများ အတော်တော်များ ပြီးသွားကြတယ်။ မပြီးသေးတဲ့ စာဝါများကိုလည်း ကျောင်းတိုက်ပေါ်မူတည်ပြီး စာဝါ ခဏနားတတ်ကြပါတယ်။ ဘုန်းကြီး ဟောလီးဒေးပေါ့နော်။

ရိပ်သာများကတော့ ၀ါတွင်းမှာ တရားစခန်း ရက်ရှည် အထူးနေနဲ့  ဟောတဲ့ ဆရာတော်များက ဟော၊ နာတဲ့သူကနာ ပြီးတော့ တရားထိုင် ကျင့်ကြံ အားထုတ်ကြသလို ၀ါကျွတ်ကာလမှာလည်း ၀ါကျွတ် ကာလ တရားစခန်းပွဲများ ပြုလုပ်ကြပါတယ်။ တစ်ချို့ ရိပ်သာကျလည်း ဟောလီးဒေးပေါ့လေ။

နိုင်ငံ အသီးသီးမှာ ရှိနေတဲ့ တက္ကသိုလ်ကျမ်းပြု သံဃာတော်တွေကလည်း သီးစစ်ကို ရည်မှန်းထား သလို ဘယ်လောက်ထိ ပြီးအောင် ရေးမယ်လို့  ၀ါတွင်းမှာ အားစိုက်ကြရသလို မပြီးသေးကလည်း ၀ါကျွတ်လည်း သူတို့ က မကျွတ် အားစိုက်ကာ ရေးနေကြရတာပါပဲ။

သီးသန့်  အရည တောထဲမှာသာ အမြဲနေထိုင်ပြီး တရား အားထုတ်တဲ့ သံဃာတွေကတော့ ၀ါတွင်း ၀ါပ မထားပဲ အမြဲတမ်းကို ကြိုးစားအားထုတ်ကြတာမို့  ၀ါကျွတ်လည်း သူတို့ မှန်းထားတဲ့ ကိလေ သာ မကျွတ်သမျှ ဆက်လက် အားထုတ် နေကြရသည်သာ။

( အရညမှာ တရားအားထုတ်တဲ့ သံဃာတော်များစိတ်ကိုတော့ အတိကျ ပြောဖို့ မလွယ်ပါဘူး၊ ၀ါတွင်း ၀ါပ အထူးမရှိဘူး လို့လည်း ထင်ပါတယ်။အထင်ဖြင့် ပြောခြင်းမျှသာပါပဲ။)

ကိုယ့်အနေနဲ့ ဒီနှစ် ကိုယ့်ကို ပြန်ပြီး သုံးသပ်ကြည့်တော့ ၀ါတွင်းကာလမှာ နေ့ စဉ် စာကြည့်ရမယ်၊ ပဋ္ဌာန်းစာအုပ် ငါးအုပ်အကျယ် ၇ွတ်ဖတ်ပူဇော်မယ် ၊ တရားထိုင်ရမယ်။ ပါဠိ သင်တန်းပို့ ချရမယ်။ နှစ်ပတ်တစ်ခါ မဇ္ဈိမနိကာယ်ကို တစ်လ တစ်ခါ သင်ပေးမယ်။ နှစ်ပတ်တစ်ခါ တရားဟောရမယ် ၊ ကျောင်းဝေယျာဝစ္စ ကိုရင်ကျောင်းသား မရှိသည်မို့ ကိုယ်တိုင် သေနာသန ၀တ် ပြုလုပ်ရမယ်- စသည်စသည်ပေါ့။ ခုလိုမျိုး ဘလော့ဂ်ကို အားရင်အားသလို ဆောင်းပါး ရေးသွားမယ်။ မအားပါက ချက်တင်းဖြစ်စေ၊ ပေးစာဖြစ်စေ ဆောင်းပါးအနေနဲ့  ပို့ စ်အဖြစ်တင်မယ်။ အနည်းဆုံး ဓာတ်ပုံပဲဖြစ်ဖြစ် ကိုယ့်အတွေ့ ကြုံတွေပဲဖြစ်ဖြစ် ရေးသွားမယ် ဆိုတာလည်း အတော်လေး လုပ်ဖြစ် ခဲ့ပါတယ်။

ခုဝါကျွတ်ပြီဆိုတော့ စာဝါလည်းနားပြီ ၊ တရားဟောလည်း နားလိုက်ပါပြီ။ ၀ါကျွတ်ပေမယ့် မကျွတ် သေးတာက စာကြည့်ရခြင်း၊ ဘုရားဝတ်ပြု ၊ တရားထိုင် ၊ တရားလာမေးသူ တရားရှင်းပြ ၊ ဘလော့မှာ ပို့ စ်တင် အလုပ်က ခုထက်ထိ မကျွတ်သေးပါ။ ဟောလီဒေးလည်း မရှိ။ ထူးပြီးတော့ ဥပုသ်နေ့ လည်းမရှိပါဘူး။

အဲဒီလို အလုပ်များ မကျွတ်သေးသလိုမျိုးပဲ မောင်ဥာဏ် အငိုက်မှာ ၀င်ရောက်လာတဲ့ ဗီဇာမပါတဲ့ မောင်ညစ်ထေးတို့  အုပ်စုက လည်း ကိုယ့်နိုင်ငံမှာ မကျွတ်သေး ၊ မလွတ်သေး ပေကပ်ကပ် ပျော်နေ ကြလေရဲ့ ။ ပါပသ္မိံ ရမတိ မနော- ( စိတ်က မဟုတ်တာလေးမှာမှ ပျော်တာကွ ) ဆိုတဲ့ စာတမ်းကို သူတို့ က အိမ်ပေါက်ဝမှာ အပီပြင် ဆွဲချိတ်ထားကြသေးတယ်။

( တင်စားဆိုလိုက်သည်။
ကိုယ့်နိုင်ငံ - မြတ်ရောင်နီ ။
မောင်ဥာဏ် - ပညာ။
မောင်ညစ်ထေး- ကိလေသာ
စိတ်- အိမ်ပေါက်ဝ။ )

ဗုဒ္ဓဘာသာဝင် မြန်မာ လူအများတို့  အနေနဲ့ လည်း ဒီနှစ်ဝါတွင်းမှာ ဥပုသ်သီလကို ဘယ်နှစ်ဥပုသ် စောင့်မည် လို့  ရည်မှန်းချက် ထားခဲ့တဲ့အတိုင်း ပြုလုပ်ပြိးသွားပြီပေါ့။ ၀ါကျွတ်သွားပြီကိုး။

( ဗုဒ္ဓဘာသာဝင် မြန်မာ လူအများတို့ လို့  ဆိုလိုက်တာဟာ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာ လူမျိုးတို့ က တစ်နှစ်လုံးပဲ ဥပုသ်စောင့်ပါတယ်။ ၀ါတွင်း ကာလ ၀ါကျွတ်ကာလ ထူးမရှိဘူး။ သို့ သော် မြန်မာ စောင့်တဲ့ ဥပုသ်အရေတွက်နဲ့ တွက်ရင်တော့ အတူတူပဲ ဖြစ်ပါတယ်။ သူတို့ တစ်တွေက ပေါဟယာ ဒေးနေ့ လပြည့် ဥပုသ်နေ့  တစ်ရက်ပဲ စောင့်ကြတယ်။ တစ်နှစ် ၁၂ လမို့  ၁၂ ဥပုသ်ပေါ့လေ။ မြန်မာ တွေကလည်း ၀ါတွင်း ၁၂ ဥပုသ် ပေါ့။)။

မြန်မာလူတို့ အဖို့  ၀ါကျွတ်ပြီဆိုရင် အဝေးတစ်နယ် ရောက်သူကလည်း ကိုယ့်နယ်ကို အရောက် ပြန်ကြ၊ မိဘတွေကို ကန်တော့ကြနဲ့ ၊ ၀ါကျွတ် ကာလကိုပဲ စောင့်မျှော်နေကြပါတယ်။ ကောင်းလိုက် တာ။ ပူဇာစ ပူဇနေယျ ၊ ဂါရ၀ နိဝါတ မင်္ဂလာ တရားပေပဲ။

ဒီ့ အပြင် အောင့်အည်း စောင့်စည်းကာ အတော်လေး ၀ါကျွတ်ချင်သူများ လည်း ရှိသေးတယ်။ သူတို့ ကလည်း ၀ါကျွတ်မှ သူတို့ ကျွတ်မှာလေ ၊ ကိုယ်တိုင် ဖိတ်စာထဲမှာ အရိုက်ခံချင်ကြတာကိုး။ သူတို့ လည်း ကောင်းလိုက်တာ ၃၈ဖြာထဲ မပါတဲ့ လောကီ အာဝါဟ၀ိဝါဟ မင်္ဂလာပေပဲ။သို့ မဟုတ် သူတို့  အချင်းချင်း တာဝန် ၀တ်တရားလေးတွေ ပြုကျင့်ရတော့မှာမို့  ကောင်းလိုက်တာ ။ ပုတ္တ ဒါရ - မင်္ဂလာ တရား ပေပဲ။

အဲဒီလို လူတွေမျိုးကို အားကြီးကြိုက်တဲ့ စာစီ စာရိုက် စာပုံနှိပ်တိုက်က လူတွေကလည်း ရှိသေးတယ် ။ ဖိတ်စာရိုက်ရတော့မှာမို့  စီးပွါးအတွက် ပျော်ကြပြန်ရော။ ကောင်းလိုက်တာ။ အနာကုလ ကမ္မ ၊ အန၀ဇ္ဇ ကမ္မ မင်္ဂလာ တရားပေပဲ။

ပြီးတော့ သင်္ကန်းမှာ ကထိန် ၊ ကျောင်းမှာ သိမ် ဆိုပြီး ၀ါကျွတ်ကာလကျမှ ကထိန် အလှူ ပြုလုပ်လို့ ရတာမို့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ ။ ဒါန မင်္ဂလာ တရားပေပဲ။ ကထိန်ကို အကြောင်းပြုပြီး တရားတွေ နာရမှာမို့  တရားနဲ့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ ၊ ဓမ္မဿဝန မင်္ဂလာ တရားပေပဲ။

လူတွေဘက်က ပျော်ကြသလို သံဃာများကလည်း ဘုရားရှင် ချမှတ်တဲ့ ၀ိနည်းဥပဒေ အတိုင်း ၀ိနည်း သိက္ခာပုဒ် အရ ၀ါဆိုကာ နေခဲ့ကြလို့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ။ ၀ိနယော စ သုသိက္ခိတ မင်္ဂလာ တရားပေပဲ။ ပြီးတော့ လူတွေက ၀ါကျွတ် ပြီဆိုတာနဲ့ ကထိန် သင်္ကန်း လှူကြ တာမို့  တရား တော်ကို ဟောရပြန်လို့  တရားနဲ့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ။ သုဘာသိတာ စ ယာဝါစာ မင်္ဂလာ တရားပေပဲ။

တကယ်တမ်းတော့ ၀ါတွင်း ၀ါပ
ဘယ်အချိန်ရောက်ရောက်ပေါ့နော် ၊
ရောက်တဲ့ အချိန်လေးမှာ -
ကောင်းလိုက်တာ ။
မင်္ဂလာ တရားပေပဲ -
ဖြစ်နိုင်အောင် ကြိုးစားနေဖို့ ပါပဲ။

ဤဆောင်းပါကိုဂျာမဏီရောက်သူငယ်ချင်းမြတ်ရောင်နီဆိုက်မှကူးယူဖေါ်ပြသည်။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၁၂.၁၀.၁၁)ဗုဒ္ဓဟူးနေ့

Friday, October 7, 2011

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

  ရွှေစောင်းတန်း၊ငွေစောင်းတန်း၊ပတ္တမြားစောင်းတန်းသုံးသွယ်ဖြင့်သင်္ကဿနဂိုရ်ပြည်သို့ဆင်းသက်တော်မူပုံ

                                             
                 http://api.ning.com/files/L-Qh32DeBVFPAadKkOEwHSoG6ct*PxLggqCkJ8G-DxVfxmKYlN7yH9TESrvOPSgS2qZhcERAw9hEjoF31wVC0slafNO25gQ*/123grr.gif



သီတင်းကျွတ်လသည် မြန်မာလ ၁၂ လတွင် သတ္တမ မြောက် လဖြစ်ပြီး ရဟန်းသံဃာတော်တို့ မိုးရာသီခိုအောင်းရာ ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ နက္ခတ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သံတူလ´ ဟု ရေးထိုးကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးပင်များ သန်စွမ်းစွ ထောင်မတ်သော လဟုလည်းကောင်း ဖွင့်ဆိုကြပါသည်။ မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် သီတင်းကျွတ်လတွင် မီးထွန်းပွဲ ခေါ် ဆီမီးမြင်းမိုရ်ပွဲကို ကျင်းပကြပါသည်။

ဆီမီးမြင်းမိုရ်ပွဲကို ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကျင်းပခဲ့သည်ဟု ဆိုလျှင် ဆိုနိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်အနီး၌ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် သတ္တမမြောက်ဝါတွင်း သီတင်းသုံးရန်အတွက် တာဝတိံသာ နတ်ပြည်သို့ နှစ်လှမ်း သုံးဖ၀ါးဖြင့် ကြွတော်မူပါသည်။ နှစ်လှမ်းသုံးဖ၀ါးဖြစ်ပုံမှာ လူ့ပြည်တွင် ဖ၀ါးတစ်ဖက်ကို နင်းလျက် ယုဂန္ဓိုရ်တောင်ထိပ်သို့ နောက်ဖ၀ါးတစ်ဖက်ကို လှမ်းချလိုက်ပါသည်။ ယုဂန္ဓိုရ်တောင်ထိပ်တွင် ထိုဖ၀ါးကို ချနင်းလျက် နောက်ခြေတော်တစ်ဖက်ဖြင့် တာဝတိံသာ နတ်ပြည်သို့ လှမ်းကြွချနင်းလိုက်ပါသည်။ ဤသို့လျှင် ဖ၀ါးချတော်မူရာ သုံးနေရာနှင့် ခြေတော်နှစ်လှမ်း လှမ်းသည်ကို နှစ်လှမ်းသုံးဖ၀ါး ကြွတော်မူသည်ဟု ဆိုပါသည်။

တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက် ၀ယ် နေမင်းကဲ့သို့ တင့်တယ်စွာ စံနေတော်မူလျက် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှုးထား၍ စကြ၀ဠာတိုက် တစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မ တရားတော်မြတ်ကို ဟောကြားတော်မူပါသည်။ ဤသည်ကို ရည်၍ -

``မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ´´
ဟု ရှေးဆရာမြတ်တို့ ပြောဆို ရေးသားကြပါသည်။ ၀ါတွင်းသုံးလတိုင် ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် သိကြားမင်းဖန်ဆင်း ပူဇော်သော ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းသုံးသွယ်တွင် သိကြားလက်ယာ ဗြဟ္မာလက်ဝဲ ထားလျက် အလယ် ပတ္တမြားစောင်းတန်းဖြင့် သင်္ကဿနဂိုရ်ပြည်သို့  ပြန်လည်ဆင်းသက်တော်မူသည်ဟု ဗုဒ္ဓဘာသာအဋ္ဌကထာစာပေများတွင် ဆိုကြပါသည်။
ထိုနေ့ညတွင် ဘုရားရှင်နှင့် သုံးလတိုင် ခွဲနေကြရသော ဒကာဒကာမတို့မှာ ဘုရားရှင် တာဝတိံသာ နတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာခြင်းကို မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများဖြင့် ပူဇော်ကြိုဆိုကြပါ သည်။ ဤဖြစ်စဉ်ကို အကြောင်းပြုလျက် သီတင်းကျွတ် မီးထွန်းပွဲတော် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
အဘိဓမ္မတရား ဟောကြားတော်မူခြင်းနှင့် စပ်၍ မှတ်သားရပြန်သည်မှာ -
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - အတွင်း

၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်းကို (၁၂) ရက်
၃။ ဓာတုကထာကျမ်းကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်းကို (၈) ရက်
၆။ ယမိုက်ကျမ်းကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက် ဟောတော်မူခဲ့ကြောင်း သိရှိရပါသည်။

ထိုအဘိဓမ္မာတရား ဒေသနာတော်ကို အတိဝိတ္ထာရ၊ အတိသင်္ခေပ၊ နာတိဝိတ္ထာရ နာတိသင်္ခေပဟူ၍ နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။


(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဤနည်းဖြင့် တာဝတိံသာနတ်ပြည်တွင် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူပါသည်။ မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တစ်ထိုင်တည်းဟောမှသာ တရားနာသူတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့၏ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်းတို့ကြောင့် ဤအဘိဓမ္မာအကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။


(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
ဤနည်းဖြင့် ပညာအရာတွင် ဘုရားရှင်မှလွဲ၍ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူး ရတော်မူသည့် အရှင်သာရိပုတ္တရာကို ဟောတော်မူပါသည်။ မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရပါသည်။ ဤကိစ္စများ ဆောင်ရွက်ရန်အတွက် နိမ္မိတ ရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး တာဝတိံသာတွင် အဘိဓမ္မတရားကို ဆက်လက်ဟောကြားစေလျက် ဘုရားရှင်ကမူ လူ့ပြည်သို့ ကြွတော်မူကာ မြောက်ကျွန်းတွင် ဆွမ်းခံဘုဉ်းပေး၍ ဟိမ၀န္တာစန္ဒကူးတော ၌ နေ့အခါ နေတော်မူပါသည်။ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား ထိုနေရာတွင် လာရောက် တွေ့ဆုံ ဖူးမြော်လျက် ၀တ်ကြီးဝတ်ငယ် ပြုသည့်အခါ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။


(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသော အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်လျှောက်ထား အစစ်ဆေးခံရာ မြတ်စွာဘုရားက လက်ခံအတည်ပြုတော်မူခဲ့ပါသည်။

ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ဘုရားဖြစ်ပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
အခြားသော သုတ္တန် ၀ိနည်း တရားတော်များထက် သာလွန် ထူးမြတ်သည့် တရားဖြစ်သောကြောင့် အဘိဓမ္မတရားဟု ခေါ်သည်။ သာမန်ဥာဏ်ရှိသူများအတွက် အဘိဓမ္မာတရားသည် သမုဒ္ဒရာရေကို ခြင်ကောင်၏ နှုတ်သီးဖြင့် ထောက်သကဲ့သို့ မမီနိုင်အောင် နက်နဲလှသည်။ ဘုရားဖြစ်ခါစက ရတနာဃရ ရွှေအိမ်တော်ဝယ် အခြားသော တရားတော်များကို ဆင်ခြင်သည့်အခါ ထူးခြားမှုတစုံတရာ မဖြစ်ခဲ့ပေ။ အကောင်ကြီးသည့် ငါးကြီးများ ရေတိမ်တွင် ကူးခတ်ရသည့်အခါ မလွတ်မလပ်ဖြင့် ကျဉ်းကြပ်နေရာမှ သမုဒ္ဒရာ ရေနက်ရာသို့ ရောက်သည့်အခါ စိတ်တိုင်းကျ လွတ်လပ်စွာ ကူးလူးပျော်မြူးရသကဲ့သို့ အဘိဓမ္မာတရားကို ဆင်ခြင်သည့်အခါ နက်ရှိုင်းလှသည့် သဗ္ဗညုတ ဥာဏ်တော်ဖြင့် နက်နဲလှသည့် တရားကို စိတ်တိုင်းကျ ဆင်ခြင်လိုက်ရသည့်အတွက် စိတ်တော်မှာ ကြည်လင် ရွှင်လန်းတော်မူခဲ့ရသည်။ စိတ်တော်ကြည်သဖြင့် ကိုယ်ရေအဆင်းလဲ ကြည်လင်လာသည်။ ကိုယ်ရေအဆင်း ကြည်လင်လာရာမှ ကိုယ်တော်၏ နေရာစုံမှ ရောင်ခြည်တော်များ ကွန့်မြူးလာတော်မူခဲ့ရပါသည်။


ဤကဲ့သို့ ထူးမြတ်သည့် တရားတော်ကြီးကို တာဝတိံသာနတ်ပြည်တွင် ဟောတော်မူပြီးသည့်အဆုံး၌ လူ့ပြည်သို့ ပြန်လည်ကြွဆင်းတော်မူသည့်နေ့ကို အကြောင်းပြု၍ အဘိဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဘုရားရှင်နှင့် အထူးမြတ်ဆုံး တရားကို ပူဇော်သည့်အနေဖြင့် ဆီမီးမြင်းမိုရ်ပွဲများ ကျင်းပပူဇော်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဤပိုစ်ကိုရွှေမြို့တော်ဆိုက်မှကူးယူဖေါ်ပြပါသည်။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၈.၁၀.၁၁)