Photobucket

Tuesday, November 29, 2011

ဓမ္မအမေးအဖြေများ

                                                                          
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၃၀.၁၁.၁၁)ဗုဒ္ဓဟူးနေ့

Friday, November 25, 2011

ဝန်းသိုမြို့ ဟုခေါ်သော ၀န်းဆေမြို့

                                                                      
ဝန်းသို ဟူသော ဘာသာစကားသည် ၀ိန်းဆေဟူသော သျှမ်းဘာသာ စကားမှပြောင်းလဲ လာခြင်း ပင်ဖြစ်သည်။
မက်မှောက်ခေတ် မြန်မာနိုင်ငံဟု ခေါ်တွင်လျှက်ရှိသော နယ်မြေဒေသအတွင်း သို့သျှမ်းမျိုးနွယ်စု များသည် မည်သည့် ရာစု သက္ကရာဇ်လောက်တွင် ၀င်ရောက်နေထိုင် ခဲ့သည်ကို အတိအကျ မပြောနိုင်သောလည်း မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသို ဟူသော (သျှမ်းအခေါ် မိန်းကောင်-အိုးစည်မြို့၊ မိန်းယမ်း-ဗျိုင်းမြို့၊ မိန်းမိတ်-ဓါမြောင်မြို့၊ ၀ိန်းဆေ- ကျားမြို့) မြို့တည် သျှမ်းညီနောင် သုံးဦးတို့၏ ဖခမည်း တော် ကျားဖြူမင်း သျှမ်းအခေါ် စေ၀်ဆေဖိတ် သည်  စောလှမယ်နှင့် အကြောင်းပါ၍ ပေါင်းဖက် နေထိုင်လာခဲ့ရာကို အစွဲပြု၍ ကျိုင်းဟုံ သို့မဟုတ် ၀ိန်းဆေ ဟုခေါ်တွင်းလာခဲ့ရာမှ ၀န်းသို တို့ပြောင်းလဲ လာခြင်းဖြစ်သည်။ 
ထိုသျှမ်းညီနောင်များ မွေးဖွားကြီးပြင်းခဲ့ရာ နေရာလဲဖြစ်သည်။
ဝန်းသို ဟူသော ဘာသာစကားသည် ၀ိန်းဆေဟူသော သျှမ်းဘာသာ စကားမှ ပြောင်းလဲလာခြင်း ပင်ဖြစ်သည်။ ၀ိန်းသည် မြို့ဖြစ်၍ ဆေသည် ကျားဖြစ်သောကြောင့် ၀ိန်းဆေဟူသောစကားသည် ကျားနေသော မြို့ဟု အဓိပါယ်ရပါသည်။ သျှမ်းညီနှောင်သုံးဦးတို့ မိန်းကောင်း မိန်းယမ်း မိန်းမစ် ဆိုမြို့သုံးမြို့ တည်ထောင်ပြီး စိုးစံအုပ်ချုပ် နေထိုင်လာခဲ့ရာ ၎င်းညီနှောင်တို့၏ ဖခမည်တော် စိုးစံခဲ့ရာ ၀ိန်းဆေခေါ် (၀န်းသိုမြို့) သည်။ ၎င်း သုံးမြို့ထက်ပင်စောမည်ကို မန်းစလိုရပါသည်။
မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မီ ၄၄၈ (ခရစ်သက္ကရာဇ်မတိုင်မီ ၉၉၂ ခုနှစ်) တွင် တည်ထောင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယဥက္ကဌ (၂) နိုင်ငံခြားဘာသာ သိပ္ပံကျောင်းအုပ်ဟောင်း ဆရာကြီး  ဦးစိုင်းအောင်ထွန်း ပြုစုသည့် တိုင်းလူမျိုးမှား ပြန့်နှံ့နေထိုင်ပုံ သမိုင်းစာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။
သို့ဖြစ်ရာ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသိုဟုခေါ်တွင်လျှက်ရှိသော သျှမ်းမျိုနွယ်စု များ၏ ရှေးဟောင်းမြို့ ပြနိုင်ငံငယ် များသည် နှစ်ပေါင်း သုံးထောင် နီးပါးရှိပြီဖြစ်သဖြင့် ဤနယ်မြေ ဤဒေသအတွင်းသို့ သျှမ်းမျိုးနွယ်စုများ ၀င်ရောက်နေထိုင် လာခဲ့သည်မှာ နှစ်ပေါင်း (၃၀၀၀) ထက် မနည်းတော့ကြောင်း သုံးသပ်ရးပါသည်။
လူ့အဖွဲ့အစည်း၊ လူ့သမိုင်းတိုးတက် ပြောင်းလဲလာမှုကို လေ့လာရာတွင် မိသားစု အစုအေ၀းမှ တဖြည်းဖြည်းတိုးတက် လာပြီး၊ မြို့ပြနိုင်ငံ (Sity State) မင်းပြည်ထောင် ( King dom) လက်နက်နိုင်ငံ (Empire) ဟူ၍ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ပုဂံမင်းပြည်ထောင် အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) မတိုင်မီကာလတွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပျူတို့၏ ပိသနိုး၊ သရေခတ္တရာ၊ ဟန်လင်းစသော မင်ပြည်ထောင်များ၊ ရခိုင်ဒေသတွင် မြောက်ဦး၊ ဓည၀တီ၊ ဝေသာလီ စသော မင်းပြည်ထောင်များ အသီးသီးရှိခဲ့ပြီးဖြစ်သည်။
ပထမ မြန်မာနိုင်ငံကို ထူထောင်ခဲ့သော ပုဂံပြည့်ရှင်မင်း၊ အနော်ရထာ (အနိရုဒ- အေဒီ ၁၀၄၄ -၁၀၇၇ ) လက်ထက်တွင် ပုဂံပြည်၏ အရှေ့ဖက်နှင့် မြောက်ဖက်တလွားတွင် ရှိသော သျှမ်းရန်များကို ကာကွယ်ရန် အလို့ငှာ သျှမ်းကုန်းပြင်မြင့် တောင်ခြေရင်းနှင့်ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင် နယ်ခြားစောင့်တပ်မြို့ (၄၃) မြို့ တပြိုင်တည်း တည်ခဲ့ကြောင်း မြန်မာ့သမိုင်းတွင် ဖေါ်ပြထားသည်။
သို့ဖြစ်၍ ပထမအကြိမ် မြန်မာနိုင်ငံတော်အဖြစ် စတင်တည်ထောင်ခဲ့သော ပုဂံခေတ်ကာလကပင် အထက်မြန်မာနိုင်ငံတွင် သျှမ်းမင်းပြည်ထောင်များ ပေါ်ထွန်းရှိနှင့်နေပြီဖြစ်သည့်အပြင် မြောက်ဖက်တလွား သျှမ်းပြည်များဟု သမိုင်းတွင်ထင်ရှားသက်သေ ရှိခဲ့သည် ။
တောင်ငူခေတ် ဘုရင့်နောင်မင်း (အေဒီ ၁၅၅၁-၁၅၈၁ ) လက်ထက်တွင် ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်နိုင်ရန် အတွတ် မြန်မာတို၏ မူရင်းဒေသများသာမက၊ တကွဲတပြား ထီးပြိုင် နန်းပြိုင်များ  ဖြစ်နေသော မွန်၊ သျှမ်းတို့၏ မင်းပြည်ထောင်များကို တိုက်ခိုက်သိမ်းသွင်းစုစည်းခဲ့သည်။ ဘုရင့်နောင် (ဆင်ဖြူများရှင်) မင်းလက်ထက် တိုက်ခိုက်သိမ်းသွင်းစုစည်းခဲ့သော မင်းပြည်ထောင်များအနက် မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ သိနီ၊ သီပေါ၊ ညောင်ရွှေ၊ မိုးဗြဲ၊ မိုးနဲ၊ ကလေးစသော သျှမ်းမင်းပြည်ထောင်များကို သျှမ်းကိုးစော်ဘွားများ ဟုသီးခြားထားခဲ့ပါသည်။
ထိုနယ်ရှင် စောဘွားများ၏ အစီအနင်းအဆောင် အရွက်ပေးခဲ့သည်  နောင်မြန်မာမင်း အဆက်ဆက် တို့ကလည်း ထီးစောင့် နန်းရံ လက်နက်နိုင်ငံတော်များ အဖြစ်အသိမှတ်ပြုခဲ့သည်။ အထောက်အထားအရ မြန်မာနိုင်ငံ သမိုင်းဖြစ်ပေါ်ရေးတွင် တိုင်းခေါ် သျှမ်းလူမျိုး များသည် ရှေးဦးမဆွကပင် ပြည်ထောင် များအဖြစ် ဖြစ်ထွန်းပါဝင်ခဲ့ပြီး ဖြစ်ကြောင်း တွေ့ရှိရပါသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၁၊ စာမျက်နှာ-၃၈၈)
ယင်းဌာနေသျှမ်းများ သည်ရှေးပဝေသဏီ ထဲက  မင်းပြည်ထောင်များ အသီးသီး ရှိခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ပါ၍ ၀န်းသိုမြို့ဖြစ်ပေါ်လာပုံမှာလဲ ညီနှောင်သုံးဖော်တို့ ဟောနန်းများ စိုက်ထူကြပြီးနောက်
အဘကျားဖြူကြီး၏ အရိုးအား မည်သို့ မျှ မစီမံကြရသေးသဖြင့် မယ်တော် စောလှမယ်ထံ အမိန့်တော်ခံ ၀င်ကြရာ သင်တို့ဘခင် ကျေးဇူးရှင် ၊ ကျားဖြူကြီးအရိုးကို သားတော် သုံးပါးတို့တွင် သားတော် ဆေကျန်ဖှ (သိုကြည်ဘွား) စံရာ အလယ်ဗဟိုကျသော မိန်းယမ်းမြို့ တွင်သာထားရှိရန် (ယခု မိုးညှင်းမြို့) အရှေ့မြောက်ဒေါင့် အရပ်၌ ဂူသွင်းတည်ထားရာ နောက်ကာလ ကြာသောအခါ ၎င်းနေရာတွင် သဒ္ဒါတရား ရှိသူများက စေတီဟောင်းဖြစ်မည်ဟု ထင်၍ ဘုရားဓါတ်တော်များ ဌာပနာသွင်း၍ အသစ် တည်ထား ကြလေသည်။ ၎င်းစေတီကို ယခုအခါ ဆေခေါင်းပိတ်ဘုရား (ယနေ့တိုင် ကျားဖြူဘုရား) ဟု ခေါ်ကြလေသည်။ မိုးညှင်းမြို့၌ ရှိနေပါသေးသည်။
ဝန်းသို ရာဇာသစ်မှ ထုတ်နုတ်
သမတမင်းပေါင်း စော်ဘွားပေါင်း စော်ဘွားစားခေတ်များ
၁။ ကမ္ဘာဦးအစ မဟာသမတ မင်းပေါင်း ၁၉၂ ဆက်
၂။ သိုဟုံဘွားမှ အစ စော်ဘွားပေါင်း ၂၆၄ဆက်
ကျိုင်ဆေမှ ၀န်းသိုဖြစ်လာခြင်း ကမ္ဘာလောကကြီး နှစ်ကြိမ်မြောက် မီးဖျက်ပြီး၍ သုံးကြိမ်မြောက် တည်လာသောအခါ ကောဇာသက္ကရာဇ် ၃၀၃ ခုနှစ်လောက်တွင် ကျားဖြူကြီးနှင့် စောလှမယ်တို့၏သား အထွေးဆုံး သိုဟုံဘွားလက်ထက် မြို့ရွာတည်ရန် ရွေးချယ် ကြည့်ရူကြသောအခါ ဖိုခနောက် တွေ့ရှိသည်ကို အကြောင်းပြု၍ ကျိုင်း၊ အဘကျားဖြူကြီးကို အကြာင်းပြု၍ ဆေ ဟုရှေးဦးစွာ ကျိုင်းဆေ ဟုစတည်လာရာမှ ကာလကြာမြင့်လာရာ ဆေကို-ဆို- သို့ပြောင်း၍ ကျိုင်းသိုဖြစ်လာလေသည်။ နောက် ၇၀၅ ခုနှစ် ဟောမိုးဟံလက်ထက် ကျိုင်းဆို ၊ ၇၅၀ ခုနှစ် ခွန်ဆိုင်လက်ထက် မိန်းဆို  နောက် သက္ကရာဇ်ဖြိုပြီး ၃၀၀ ခုနှစ် စောခမ်းကြည် လက်ထက် ကြိုင်းတောင်း၊ နောက် ၉၀၀ ခုနှစ် စောညီလက်ထက် သင်လဲ စင်လဲ သိုမဟုတ် စင်းလဲ နောက် ၁၀၀၀ခုနှစ် ငသူရ လက်ထက် ဗျဂပူရ နောက် ၁၁၂၅ ခုနှစ်   စော်ဘွားအောင်ညို လက်ထက်ကျမှ ၀ိန်းဆေ ( ၀န်းသို) ဖြစ်လေသည်။
ဝန်းသိုမြို့ ခေါ် ၀ိန်းဆေ မြို့ကို ကောဇာသက္ကရာဇ် ၇၉၀ ခုနှစ် မိန်းဆေမြို့ကို ခွန်ဆိုင်ခေါ် ကျားဖြူမင်း၏သား အငယ်ဆုံးတည်ထောင် စံမြန်စိုးစံလေသည်။
ဘွားစားပြီးမှ ဂေါတမဘုရားမပွင့်မှီ သက္ကရာဇ်ဖြိုနိုင်သော မင်းများ ဖြိုကြံင်း သက္ကရာဇ် အသစ် ၃၀၃ ခုနှစ်တွင် သင်းလဲ (သို့) စဉ်းလဲမြို့ဟု သမုတ်၍ စော်ဘွားအောင်ညို  ဘွားစားပြန်သည်။ ဘွားစားသည် ဌာနေသျှမ်းတို့၏ ဘာသာစကား ဖြစ်သည်။ မိမိတို့၏ စ၀်ဖှခေါ် စောဘွားများ ကိုယ်ပိုင် အုပ်ချုပ်ရေး  ဒေသများဖြစ်သည်။
ထို့နောက် ၇၄၄ ခုနှစ်တွင် မောင်ကယ် ဘွားစားပြန်သည်။
၇၅၃ ခုနှစ်တွင်  စောကြည် ဘွားစားပြန်သည်။
၇၉၆ ခုနှစ်တွင် စောအောင်ညို ဘွားစားပြန်သည်။
၇၉၈ ခုနှစ်တွင် စောနောင်မွန် ဘွားစားပြန်သည်။
၉၀၀ ခုနှစ်တွင် စောအင်ခမ်း ဘွားစားပြန်သည်။
၉၃၅ ခုနှစ်တွင် မင်းကတူး ဘွားစားပြန်သည်။
၉၃၇ ခုနှစ်တွင် စောသိုရဲ ဘွားစားပြန်သည်။
၉၆၁ ခုနှစ်တွင် စောဆိုင်ခမ်း ဘွားစားပြန်သည်။
၉၈၁ ခုနှစ်တွင် စောကော်ညို ဘွားစားပြန်သည်။
၉၈၁ ခုနှစ်တွင် စောနှင်းအုန် ဘွားစားပြန်သည်။
၁၀၀၉ ခုနှစ်တွင် စောစစ်နိုင် ဘွားစားပြန်သည်။
၁၀၃၃ ခုနှစ်တွင် စောဦးကျော် ဘွားစားပြန်သည်။
စစ်ကဲစား ခေတ်များ
၁၀၅၉ ခုနှစ်တွင် ငကြင်ဖေါ်
၁၀၆၀ ခုနှစ်တွင် ငစွန်
၁၀၆၅ ခုနှစ်တွင် ငကြင်
၁၀၇၆ ခုနှစ်တွင် ငမြတ်ခေါင်
၁၁၁၂ ခုနှစ်တွင် ငအောင်မြတ်
၁၁၁၈ ခုနှစ်တွင် ငအောင်ညို
၁၁၁၄ ခုနှစ်တွင် ငထင်
မြို့သူကြီးစား ခေတ်များ ဌာနေသျှမ်းများသည်
၁၁၅၈ ခုနှစ်တွင် ငတော်စံ
၁၁၆၀ ခုနှစ်တွင် ငသာရွဲ
၁၁၈၉ ခုနှစ်တွင် ငရွှေသာ
၁၁၉၅ ခုနှစ်တွင် ငရွှေသီး
၁၁၉၉ ခုနှစ်တွင် ငသာဝ
၁၂၀၇ ခုနှစ်တွင် ငစံတစ်
၁၂၁၄ ခုနှစ်တွင် ငရွှေသား
အထက်ပါ ဦးရွှေသား ဆိုသူမှာ အခြားသူမဟုတ် ခမည်တော်ကြီး ဦးရွှေသားပင်ဖြစ်သည်။ ၎င်းဦးရွှေသားကို ၁၁၈၅ ခု ၀ါဆိုလဆန်း ၂ရက် ဗုဒဟူးနေ့မွန်းတည့်ချိန်တွင် ရွှေလီမဲဇာ ၇ ရွာနွယ်ချို အုပ်ရှစ်ကုန်း၌ ဖွားမြင်၍ ဗိုလ်တဲကျောင်းတွင် ပညာသင်၍ ၎င်းမှ တဖန် (၇ ရွာမှ တဖန်) အင်ဂျီရွာသို့ ပြောင်ရွေ့ နေထိုင်ခဲ့ပြီးခါ အမရပူရ ဘုရင် ပုဂံမင်းလက်ထက် မင်းတုံးမင်းသားထံမှာ အမှုတော် ထမ်းနေရာမှ မင်းတုံးမင်းသား ဘုရင် ဖြစ်လာသော အခါ ရှေးဦးစွာရဲ လက်စွဲ တော်ကြီး ဖြစ်လာပြီးနောက် သက္ကရာဇ် ၁၂၁၄ ခုနှစ် မင်းလှသမန္တရာဇာ ဟူသောဘွဲ့နှင့် အတူ ၀န်းသိုမြို့ သူကြီးအဖြစ် ခန့်အပ်လိုက်လေသည် ၎င်းနောက် မကြာမီစစ်ကဲရာထူးသို့ တိုးမြင့် ခန့်ထားပြန်သည်။ ၁၂၂၈ ခုနှစ် ပတိန်းစား သူပုံတို့ကို ရတနာသိင်္ခ (ရွှေဘို) တွင် မင်းလှ သမန္တရာဇာ (စစ်ကဲဦးရွှေသား) က လက်ရဖမ်းယူပြီး မင်းတုံးဘုရင်ကြီးထံ ဆက်သသည့်အခါ  ၀လွန်စွာ နှစ်ထောင်းအားရ ကျေနပ်တော်မူသဖြင့် ၁၂၂၈ ခုနှစ်၌ပင် မြို့လက်ရှိအတိုင်းနှင့် ၀န်းသိုမြို့ မင်္ဂလာစော်ဘွားကြီးဟု အဆောင်အရောင် အစီးအနင်းများနှင့်တွ စော်ဘွား အဖြစ်သို့ တိုးမြင့် ခန့်ထားပြန်သည်။
တံဆိပ် ၃လုံး ဘွဲ့ ၃တန်
၁။ မဟာဝံသ ရာဇာ သိုဟုံဘွား
၂။ မဟာသိဒ္ဓိဇေယ  သိုဟုံဘွား
သက္ကရာဇ် ၁၂၃၆၊ ၃၇ ခုနှစ်တွင် ရွှေအရှေ့ကြောင်း အလယ်ကြောင်း သံသုံးတာရွာ ဂဏန်းဘွား ဂဏန်းမ နန်းခမ်းကျေးရွာများနှင့်တကွ ကျေးရွာခရိုင် တိုးချဲ့၍ ထပ်မံအုပ်ချုပ်စေသည်။
သက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် မင်းတုံးမင်း ကြီး နတ်ရွာစံပြီး သားတော် သီပေါမင်း လက်ထက် တွင်
၃။ မဟာဝံသ သိရီရာဇာ သိုဟုံဘွား ဟူ၍ တံဆိပ် ၃လုံး ဘွဲ့တန်ရရှိလေသည်။
နယ်နမိတ်အပိုင်းအခြားများ
ဝန်းသိုမြို့ကို ဗဟိုပြု၍ အရှေ့လာသော် ဧရာသ၀တီ မြစ်လယ်ကြော ကမ္ဘောဇတိုင်း အထိ၊ တောင်လာသော ရဲသာရွာ လင်းကြီး ဟံသနဂရတိုင်းအထိ၊အနောက်လာသော သလ္လာဝတီမြစ်လယ်ကြောမဏိပူရတိုင်းအထိ။ အမြောက်လာ မိုးကောင်းနှင့် ကြောကိုင်း နရသုဏ္ဍတိုင်းအထိ။ အရှေ့မြောက်အလာ ကောက်ကွေ့ချောင်းထွက် ဧရာဝတီမြစ် လယ်ကြာထိ၊ အရှေ့တောင်လာ တမောအောက်ဇင်း ချောင်းပေါက် ဧရာဝတီအထိ၊ အနောက်မြောက် ဦးရူချောင်းထွက် သလ္လာဝတီ  မြစ်လယ်ကြောထိ။ ဤလို နယ်လေးရပ်၊ ရှစ်ရပ် သတ်မှတ် ပိုင်းခြားလျက် ၅၅ ခရိုင်ဘွားစားရသည်။ဤတို့ဖြင့် စော်ဘွားအဆက်ဆက်တို့၏ ဘွားစားရသော နယ်ပယ် အပိုင်းအခြားဖြစ်သည်။ ဘွားစားဟူသောစကားသည် ဒေသခံသျှမ်းတို့၏ စော်ဘွားအသုံး အနှံးဖြစ်၍ စော်ဘွားအုပ်ချုပ်ခံ နယ်မြေများကိုဆိုသည်။
ယင်းဒေသနေသျှမ်းများကို တိုင်းလျဲန် (သျှမ်းနီ) များဟုခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ သမိုင်းတလျှေက်တွင် မြန်မာမင်း ပြည်ထောင်များနှင့် ထီးပြိုင်နန်းပြိုင် ပြည်ထောင်များအဖြစ် လည်းကောင်း မြန်မာမင်းများ သြဇာလွမ်းမိုးသော အခါ လက်အောက်ခံ မင်းပြည်ထောင်များအဖြစ် လည်ကောင်း၊ ပြည်ပရန်များ ကျူးကျော်လာစဉ် ကာလတွင် မြန်မာ မင်းပြည်ထောင်များနှင့် အတူ ပူးပေါင်း ကာကွယ်ခြင်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ သမိုင်းဖြစ်ပေါ်ရေးကို ရှေးဦးမဆွကပင် ပါဝင်တည်ဆောက် ခဲ့ကြသော သျှမ်းများဖြစ်ပါသည်။
တိုင်းလျဲန် (သျှမ်းနှီ) များသည် ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်စကား ရှိကြသည့် လူမျိုးဖြစ်ပါသည်။ သို့သော် နောက်ပိုင်းတွင် စကားနှင့်စာပေ ထိန်းသိမ်းစောင့်ရှောက်မူ၊ အားနည်းခဲ့သဖြင့်၊ စကားစာပေ တဖြည်းဖြည်း ပပျောက်ခဲ့သည်။ မြန်မာစကား၊ မြန်မာစပေ၊ မြန်မာယဉ်ကျေးမူ အသုံးပြုမူ များလာသဖြင့် မြန်မာဆန်သော သျှမ်းများဖြစ်လာသည်။ မြန်မာဆန်သော သျှမ်းများဖြစ်၍ သျှမ်းဗမာဟု ခေါ်ဆိုသော အမည်မှာ မှရင်းလင်းကြောင်း၊ ထိုသူများသည် သျှမ်းများသာ ဖြစ်ကြောင်း မြန်မာ့စွဝ်စုံကျမ်းတွင် ရှင်းလင်းဖေါ်ပြထားပါသည်။
သျှမ်းကြာဗမာဖြစ် ဆိုသည့်အတိုင်း ဗမာဖြစ် သွားကြသူများပေသည်။ ဗုဒ္ဓဘာသာကို အခြေခံသော ယဉ်ကျေးမူ ဓလေ့ထုံးစံများ ရှိကြ၍ ၀ါဝင်၊ ၀ါထွတ် သီတင်းကျွတ်ပွဲ၊ ရှင်ပြုရဟန်းခံပွဲ၊ သင်္ကြန်ပွဲ၊ ထိမ်းမြားမင်္ဂလာနှင့် အသုဘမှ အစ မြန်မာလူမျိုးများနှင့် ထူးထူးခြားခြား ကွဲပြားခြားနား မှုသိပ်မရှိတော့ကြပေ၊ သို့ရာတွင် တနှစ်လျှင် တစ်ကြိမ် မြို့အရှင်ကြီး ရွာအရှင်ကြီးများအား ပူဇော်ပသရာတွင် ရွတ်ဆိုသော မြို့ရွာ အရှင်ကြီးများ၏ အမည်မှာ ထိုဒေသ၏ ရှေးဟောင်း သျှမ်းအကြေီးအကဲများ ၏ အမည်များသာ ဖြစ်နေသည်ကိုတွေ့ရပါသည်။
ဦးရွှေသားသည် ရှေးထက်စော်ဘွား များဖြစ်ကြသော ဦးထင် (၎င်း၏သား) ဦးရွှေရန် (၎င်း၏သား) ဦးဘွား(၎င်း၏သား) ဦးရွှေသားဖြစ်၍ အထင်၏မြစ်ဖြစ်ပေသည်။ စော်ဘွားမျိုးဆက်များ ပင်ဖြစ်သည်။
ဦးရွှေသားသည် သက်တော် ၆၅ နှစ်ရှိပြီဖြစ်ရာ ၁၂၄၃ ခုနှစ်တွင် သက်တော် ၂၁ နှစ်ခန့်ရှိပြီဖြစ်သော သားတော် သခင်အောင်မြတ်အား ၀န်းသိုစော်ဘွား အရာ လွဲလပ်ပေးရန် ဘုရင်သီပေါမင်းထံသို့  အမိန့်တော်ခံတင်လွာကို ဆက်သတင်သွင်းကြလေသည်။
သီပေါမင်းထံ အမိန့်တော်ခံဝင်ကြရာ မြို့ရွာခရိုင်နေ ပေါ်မိန်း ထမုံသူကြီး ခေါင်းကြီးရွာအုပ်တို့မှစ၍ သဘောတူညီကြခြင်းဖြင့် ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ရက်နေ့တွင် သားတော်ကြီး သခင်အောင်မြတ်အား ဘုရင် သီပေါမင်းက ၀န်သိုစော်ဘွားအရာ ခန့်အပ်တော်မူလေသည်။ှ
၁။ ပထမဘွဲ့နာမည် ( မဟာဝံသသိရီဇေယ သိုဟုံဘွား) မကြာမီ၁၂၄၅ ခုနှစ် ပထမ၀ါဆို လဆန်း ၉ရက်နေ့တွင် သိရီဇေယနှင့် လဲလှယ်၍ အဘစော်ဘွားကြီးနည်းတူ ထီးအစီးအနင်းနှင့် တကွ ထပ်မံချီးမြင့်တော်မူသည်။
၂။ ဒုတိယဘွဲနာမည် (မောရိယမဟာဝံသ သိရီသုဓမ္မရာဇာ သိုဟုံဘွားဟုဖြစ်လေသည်။
ထီးအစီးအနင်း အဆောင်အရွက်များ ထီဖြူ ၂၊ ရွှေညောင်ရွက် ၃၊ ရွက်ရေ ၃၆၊ ထီးချက် ထီးထွဋ္ဋ် ရွှေထည့်၊ ထီးရိုး ငါးတောင် ရွှေပိန်း၊ ထီးနီ၂၊ ညောင်ရွက် တဆင့်တက် ရွက်ရေ ၄ခုစီ၊ ထီးချက်   ထီးထွဋ္ဋ် ရွှေထည့် ထီးရိုး ငါးတောင်၊ ရွှေကြန်ဆစ် သံလျက် အိမ်ဖြူ သံပတ် ၇ တန့် ပတ္တမြားစီ အရိုး ရွှေကွပ် ရင်းဖျား ကျောက်တရစ်စီ။ သင်းကျစ် ရွှေသား ကွမ်းခွက် ၁၂ ရာသီ။ ပတ္တမြားသုံးရစ်စီ ကွမ်းလိပ်သုံးမွာ အနားပတ္တမြား သုံးရစ်စီ ကြုပ်ခွက်အစုံ။  ရွှေထွေးအင်၊ ရွှေစလွယ် တဆဲ့ ငါးသွယ်၊ ဒက်ဘယက်ကင်း ထုပြောက် ဂုန္တန်ထိုး အနားကျောက်စီ အလယ်ပတ္တမြားစီ၊ သျှမ်းဘောင်းဖြူမြစ် ညွန့်ပတ်ခြမ်း အထွဋ္ဋ်မကိုဋ္ဋ်တတ် ရွှေသားပန်း တဆဲ့ ငါးတမာရွက်ထောင် တဆဲ့ငါး၊ ရွှေနားဒေါင်း မီးတွင်းကန်တော့ခံ၊ ကတီပါ လုတ်လုံဘဲရံ   နှစ်ဆင့်တတ် မောက်တို ရွှေပိန်း ရွှေကုံးစိန်တောင် တဆဲ့ငါး။ရွှေထိ ရွှေထွဋ္ဋ် ကျောက်နှစ်ရစ်စီ ငှက်မနားစိန်ပွင့် တဆဲ့ငါး၊ နေရောင်ကာ ရွှေပုဇွံဆီ၊ ရွှေသား ရောင်ပြားအစိန်း အနီအတွန့်သပ် မျဉ်တိုကတီပါနီ ရွှေသားရောင်ပြား စိန်းအနီအတွန့်သပ်။ ရွှေပေခမောက် ပယင်တပ် မှန်ကင်း စိုက်အောင်ပန်းပွါးရင်ကပ်။ ရွှေဖရောင်းကြုပ် လွန်းကြင်ငှက်ရုပ် လည်ရွဲ ကျောက်တရစ်စီ ပုဆိုးဖြူ ရွှေမြိတ် ရွှေချည်ပါအကျီင်္ ရွှဦးထုပ်ပါးကာ၊ နားကာ၊ ကွမ်းအစ် ရွှေသား ကျောက်စီ။ ရွှေသားကွမ်းအုပ်၊ ရွှေယပ်၊ရွှေဝေါ၊ ထားမိုးကြိုးဆင် ရွှေချဉ်စုံအိပ်။ သက္ကလပ်နီသွပ်၊ စုံတံဆိပ်လက်စွဲဓါး ၊ရွှေသင်းချော အဆောက်အဖြူ ရင်းဖျားခွေးမ နောက်ပိတ် သမ္ဘရာခွံ ရွှေသင်းချော ရှစ်စင်း ရွှေကွပ်ဓါး တဆယ့်နှစ်၊ သင်းခွေချပ်ဝတ်လုံ တဆယ့်နှစ်၊ ရွှေဒိုင်းလေး၊ မိုးနဲရွှေလှံ တဆယ့်ခြောက်၊ ကြိုင်းလေး၊ အလံကျည် လှံကျည် ကာတောင်ပြည့်ရေး ရဲတခွက် ရွှေချ ဆင်ပေါက်သုံး၊ ဆင်မတစ်၊ ထမ်းစဉ် ဘိနပ် ကုလားပန်း၊ ရာဇပလင် အမြင့်သုံးတောင်၊ အကျယ်လေးတောင် အင်္ဂတေအနီသုတ် ဆောင်းထီ ရွှေပိန်း၊ ၀န်းသိုမြို့ တံခါးဝမှာ အုပ်စီ၍ သစ်တပ်တည်လုပ်စေ အခြားမြို့ ကျေးရွာများသို့ စာအပေးအမှာကိုလည်း သနားတော်မူရင်းဘွဲ့ပုံကို တံဆိပ်ခပ်မှတ် ပေးအပ်စေ၊ မယားကို မဟာဒေ၀ီ ခေါ် တွင်စေ.. ဘုရင့် ..အမိန့်တော်…
ဤသို့ဖြင့် ၀မ်းဆေခေါ် (၀န်းသိုမြို့) အား ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ရက်နေ့တွင် သားတော်ကြီး သခင်အောင်မြတ်အား ဘုရင် သီပေါမင်းက ၀န်သိုစော်ဘွားအရာ ခန့်အပ်တော်မူလေသည်။ှ
ဝန်းသိုစောဘွားကြီး စ၀်အောင်မြတ် အကြောင်းတစေ့တစောင်း *"۩"*
တောင်တန်းပြည်မ ပူးပေါင်းရေး မြန်မာ့လွတ်လပ်ရေး ရရှိရေးဟုဆိုကာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ ကြသောအခါ    ၎င်းဌာနေ သျှမ်းများကို ဗမာကိုယ်စားပြုသော ဗိုလ်ချုပ်အောင်ဆန်း မှလည်း ခေါ်ယူခြင်းမရှိလို လက်ရှိသျှမ်းပြည်တွင်း နေထိုင်နေသော သျှမ်းစော်ဘွားများ သည်လဲ ခေါ်ယူခဲ့ခြင်းမရှိပါ စင်စစ်သော်ကာ လက်ရှိ သျှမ်းပြည်နယ်တွင်းရှိ သျှမ်းစောဘွားများ အာဏာ စွန့်လွတ်ချိန်မှ လည်းကောင်းဒေသတွင် အုပ်ချုပ်နေသော သျှမ်းစော်ဘွားများလဲ ထိုနည်းတူ စွန့်လွတ်ခဲ့ရပေသည်။ ပူတာအိုစော်ဘွား၊ သောင်သွတ်စောဘွား၊ မိုင်းကောင်း၊ မိုးညှင်း၊ ဗန်မော်၊ဆင်ကလိန်ခန္ဒီး အတွင်းရှိ မြို့ စားနယ်စားများ သည်လဲပဲ စောဘွားမျိုးဆက် များသာဖြစ်ပါသည်။
ဝမ်းနည်းဘွယ် ကောင်းသည်မှာ ၁၉၄၇ ခုနှစ်နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ -၆ အရ ပြည်နယ်အဖြစ် သတ်မှတ်ခြင်း မခံရရှာသော သူများဖြစ်သည်။ ယခုသျှမ်းနီ အများစုသည် မိမိစာပေ တတ်မြောက်သူ မရှိသလောက် ရှားပါးလာနေပြီ ဖြစ်သည်။ အချို့ဆိုလျှင် မိမိဘာသာ စကား ကိုပင်လျှင် မသတ်မြောက် ကြတော့ပေ စာပေပျောက်ပါက လူမျိုးပါပျောက် မည်အလွဲ ဖြစ်ပါကြောင်း သင်ပြ လိုက်ရပါသည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

္ကဤပိုစ်ကိုဤဆိုက်မှကူးယူဖေါ်ပြပါသည်




ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၂၆.၁၁.၁၁)စနေနေ့
                                                                                                    

Sunday, November 20, 2011

သာဓုခေါ်လိုက်ပါတော့

                                                                              
                                                                                   
                                                                                   
                                                                             
                                                                             
                                                                             
                                                                     
                                                                                 
                                                                             "သာဓုခေါ်လိုက်ပါတော့ မရင်ငြိမ်းပွင့်" စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေမရင်ငြိမ်းပွင့်သည် ၁၇.၁၁.၂၀၁၁ နံနက်ပိုင်းတွင် သူမနေထိုင်ရာတိုက်ခန်းမှ ခုန်ချပြီးမိမိကိုယ်ကိုအဆုံးစီရ
င်သွားခဲ့ကြောင်းသတင်းအားနာရေးကူညီမှုအသင်း(ရန်ကုန်)မှ သိရှိလိုက်ရသောအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများသည် များစွာအံ့သြ...ခဲ့ရသည်။ မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံနန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီးKandangKerbauအမျိုးသမီးနှင့် ကလေးသူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်းသိရှိရသည်။ (၃၁) ဘုံတွင်ရခဲလှသော လူ့ဘ၀တွင် အို၍သေခြင်း၊ နာ၍သေခြင်းစသည့် သေခြင်းတရားများအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတက်နိုင်ဆုံးကူညီဖေးမပေးလျှက်ရှိရာယခုကဲ့သို့ လူ့ဘ၀သက်တမ်းမကုန်ဆုံးခင် မိဘ၊ ဆွေမျိုး၊ မောင်နှမများအားလိမ္မာရေးခြားရှိစွာဖြင့် မိမိတတ်စွမ်းသောပညာရပ်ဖြင့် အလုပ်အကျွေးပြုနေရှာသော နိုင်ငံ၏ သားကောင်း၊ သ္မီးကောင်းများအချိန်မတန်ဘဲ လူ့ဘ၀မှ ထွက်ခွာသွားရခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါသည်။ မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအားစင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ၁၈.၁၁.၂၀၁၁ ရက်နေ့ ညနေပိုင်းတွင် မိဘများမှ ပြန်လည်သယ်ဆောင်လာခဲ့သည်။ လေဆိပ်သို့ ရောက်ရှိလာသောမရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအားနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြားခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အသင်းသားများ၊ ၀န်ထမ်းများမှ သယ်ဆောင်ပို့ဆောင်ပေးခဲ့ပါသည်။ ယနေ့ ၁၉.၁၁.၂၀၁၁ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအအေးခန်းမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။ မီးသင်္ဂြိုလ်ခြင်းအခမ်းအနားပြီးဆုံးချိန်တွင် ကျန်ရစ်သူမိသားစု နှင့် ဆွေမျိုးသားချင်းများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မရင်ငြိမ်းပွင့် အသက် (၂၂)နှစ်အတွက် ရည်စူး၍ အလှူငွေပေးအပ် လှူဒါန်းခဲ့ပါသည်။ ရောက်ရာဘုံဘ၀မှ မရင်ငြိမ်းပွင့်အားအမျှ … အမျှ … အမျှ ပေးဝေလိုက်ပါသည်။ တို့သေရတဲ့တစ်နေ့ အနှစ်မပါ ဗလာပြန်သွားရမှာကိုသာကြောက်ပါ။ အနှစ်ပါပါ ပြန်ရရင်တော့ မြေအိုးနဲ့ ရွှေအိုးလဲရတော့မယ်လို့ ၀မ်းမြောက်လိုက်ပါတော့ . . . . ။ (၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး) 
ဖေဘုတ်မှာတွေ့လိုမျှဝေလိုက်တာပါ..ပြည်ပရောက်မြန်မာများသတိသံဝေဂရစေဘိုပါဘာမဟုတ်တဲ့အဖြစ်
ကလေးနဲဘဝကိုအဆုံးမသတ်စေချင်းဘူး..သူရဲဝဋ်ကြွေလဲပါလိုဖြစ်မှာပါ....လူဘဝဆိုတာရခဲတယ်ဆိုတာ
လူတိုင်းသိပြီးသာပါလူဘဝကိုတန်ဘိုးထားစေချင်တယ်..လူဘဝဆိုတာလမ်းဆုံမှာထိုင်နေတဲ့သူလိုဘဲနတ်
ပြည်သွားချင်သလားနိဗာန်ကိုသွာချင်သလားအပါယ်လေးဘုံကိုဆင်ချင်သလားတကယ်တန်ဘိုးရှိတဲ့လူဘဝပါ
စိတ်ညစ်စရာဆိုတာလူတိုင်းရှိကြတာဘဲ..လူမှု့ရေးအဆင်မပြေလို..အိမ်ထောင်ရေးအဆင်မပြေလို့..အချစ်ရေ
အဆင်မပြေလို့..မိသားစုအဆင်မပြေလို့..စသဖြင့်ပေါ့.ဒီလိုသာသတ်သေကြမယ်ဆိုရင်လောကမှာလူတွေရှိစ
ရာအကြောင်းမရှိတော့ဘူး..ဒါကြောင့်တန်ဘိုးရှိတဲ့လူဘဝလေးကိုလွယ်လွယ်နဲ့အရှုံးမပေးစေချင်ဘူး.....
မရင်ငြိမ်းပွင့်လိုဘာမဟုတ်တာလေးနဲ့ဘဝကိုအရှုံမပေးကြပါနဲ့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..(၂၀.၁၁.၁၁)တနင်္ဂနွေနေ့
                    

Saturday, November 19, 2011

မလေးရှားအား ရှုံးနိမ့်ခဲ့၍ မြန်မာအသင်း ဗိုလ်လုပွဲနှင့် လွဲချော်

                                                                             
ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာနှင့် မလေးရှား တို့၏ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မလေးရှား အသင်းက (၁-၀)ဖြင့် အနိုင်ရရှိ ခဲ့ကာ ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ပြီး မြန်မာ အသင်းမှာမူ တတိယ နေရာလုပွဲနှင့်သာ ကျေနပ် ခဲ့ရသည်။

ပွဲစသည်နှင့် မြန်မာအသင်းက မလေးရှာ အသင်းဘက်သို့ ဖိအားပေး ကစားရန် ကြိုးပမ်းခဲ့ပြီး မလေး နောက်ခံလူများ ကြံ့ကြံ့ခံ ဖျက်ထုတ် နေခဲ့သည်။ ပွဲချိန် (၃)မိနစ်တွင် မလေးရှား အသင်း ထိုးစစ်ဆင်ရာ ပြိုင်ဘက် တိုက်စစ်မှူး အမှတ်မထင် လွတ်ထွက် သွားရာ သီဟစည်သူ အနာခံ ထွက်တားခဲ့ပြီး လျှံထွက်လာသည့် ဘောလုံးအား နောက်တွင် အသင့်ပါသည့် မလေးရှား ကစားသမား အသာ ကန်သွင်းချက်ကိုလည်း သီဟစည်သူပင် ကာကွယ် နိုင်ခဲ့၍ မြန်မာတို့ ကံကောင်းခဲ့သည်။

ပွဲချိန် (၇)မိနစ်တွင် မြန်မာတို့ ပထမဆုံး ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပြီး ကျော်ဇေယျာဝင်း ကန်တင်ပေးသည့် ဘောလုံးအား ကြည်လင်း ခေါင်းတိုက် ချပေးခဲ့ သော်လည်း မြန်မာ တိုက်စစ်မှူး မပိတ်သွင်းမီ မလေးရှား နောက်ခံလူ ဖျက်ထုတ် သွားခဲ့သည်။ ထို့အတူ ပွဲချိန် (၁၀)မိနစ်တွင် မြန်မာတို့ ဒုတိယအကြိမ် ထောင့်ကန်ဘော ကန်ခွင့် ရခဲ့ပြီး နောက်ခံလူ ရှင်းထုတ်ရာမှ မြန်မာ ကွင်းလယ်လူ ကန်သွင်း ခဲ့သော်လည်း နောက်ခံလူ ထိထွက်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်း ထိုးစစ်ဆင်ရာ ကျော်ကိုကို လွတ်ထွက် သွားသော်လည်း နောက်ခံလူ ဖျက်ထုတ် သွားခဲ့၍ ထောင့်ကန်ဘောသာ ထပ်ရခဲ့သည်။ ပွဲချိန် (၁၀)မိနစ်ကျော် သည်အထိ မြန်မာအသင်းက တောက်လျှောက် ဖိကစားနေခဲ့ပြီး မလေးရှား အသင်းက မြန်မာအသင်းအား တန်ပြန် ထိုးစစ်ဆင်ရန်သာ ချောင်းကစား နေခဲ့သည်။ (၁၃)မိနစ်တွင် ကျော်ဇေယျာဝင်းအား မလေးရှား ကွင်းလယ်လူ အဖျက်ကြမ်း ရာမှ မြန်မာတို့ ဖရီးကစ် ကန်ခွင့်ရခဲ့ပြီး ယင်း ဖရီးကစ်အား ကျော်ဇေယျာဝင်းပင် ကန်သွင်းခဲ့ရာ နောက်ခံလူ ထိထွက်ခဲ့သည်။ ထို့နောက်တွင် ရန်အောင်ဝင်း ဧရိယာ အပြင်မှ ကန်သွင်းရန် ကြိုးပမ်းချက် ကန်ချက်ပျော့ကာ ဂိုးသမား အလွယ်တကူ ဖမ်းနိုင်ခဲ့သည်။
ပွဲချိန် (၁၅)မိနစ်ကျော်တွင် မလေးရှား အသင်းက ကွင်းလယ်ကို ပြန်လည် စိုးမိုးလာခဲ့ပြီး မြန်မာ နောက်တန်းအား ထိုးဖောက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် နှစ်သင်းစလုံး ကွင်းလယ်တွင်သာ အပျက်များ နေခဲ့သည်။ ပွဲချိန် (၂၃)မိနစ်တွင် ပြည့်ဖြိုးဦးအား မလေး နောက်ခံလူ လမ်းကြောင်းပိတ် ခဲ့၍ မြန်မာတို့ ဘယ်ခြမ်းမှ ဖရီးကစ် ကန်ခွင့်ရခဲ့ပြီး ကျော်ဇေယျာဝင်း ကန်ချက် မလေးရှား ဂိုးသမား ဖမ်းမိခဲ့သည်။ (၂၄)မိနစ်တွင် မလေးရှား အသင်း မြန်မာနောက်တန်းအား ခြိမ်းခြောက်မှုများ ပြုလုပ် လာခဲ့ပြီး နောက်ခံလူများ အလုပ်ရှုပ် နေခဲ့ရသည်။

(၃၅)မိနစ်တွင် မလေးရှား တိုက်စစ်ဆင်မှုအား တားဆီးရာမှ ဇော်မင်းထွန်း အနည်းငယ် ဒဏ်ရာရရှိ ခဲ့ပြီး မလေးရှား အသင်းက (၂၅)ကိုက် အကွာခန့်မှ ဖရီးကစ် ကန်ခွင့်ရသည်။ ယင်းဖရီးကစ်အား မလေးရှား ကွင်းလယ်လူ ကန်ချက် အတော်လေး သေသပ် လှပသော်လည်း ဂိုးဘေး ကပ်ထွက်သွား၍ မြန်မာတို့ သက်သာခဲ့သည်။ မိနစ် (၄၀)တွင် ညာခြမ်းမှ ထိုးဖောက်ရာမှ ကြည်လင်း ဂိုးရှေ့ ဖြတ်တင်ပေးမှု ကောင်းမွန် သော်လည်း နောက်ခံလူ ဖျက်ထုတ် သွားခဲ့သည်။ ပွဲချိန် (၄၃)မိနစ်တွင် မလေးရှား အသင်း ထိုးဖောက်မှု မြန်မာတို့ အသည်းအသန် ခုခံ ခဲ့ရပြီး (၄၃)မိနစ်တွင် မြန်မာတို့ မလေးရှား ဂိုးဧရိယာ အပြင်နားတွင် ဖရီးကစ် ကန်ခွင့်ရခဲ့သည်။ ယင်း ဖရီးကစ်အား ကျော်ကိုကို တိုက်ရိုက် ကန်သွင်းခဲ့ သော်လည်း နောက်ခံလူ ထိထွက်ခဲ့သည်။ (၄၆)မိနစ်တွင် ရွှေလှိုင်ဝင်း တန်ပြန် ထိုးစစ်ဆင် သည်အား မလေးရှား နောက်ခံလူ အဖျက်ကြမ်း၍ အ၀ါကတ်ပြ ခံခဲ့ရပြီး ပြစ်ဒဏ်ဘော ကန်ချက်မှာလည်း နောက်ခံလူ ဖျက်ထုတ် နိုင်ခဲ့၍ ပထမပိုင်း အပြီးတွင် မြန်မာနှင့် မလေးရှားတို့ ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။

ဒုတိယပိုင်း ပြန်စသည်နှင့် မလေးရှား အသင်းက တိုက်စစ်ဖွင့် ကစားလာခဲ့ပြီး မြန်မာ နောက်ခံလူ များအား ဖိအား ပေးခဲ့သည်။ (၄၉)မိနစ်တွင် ကြည်လင်း ညာခြမ်းမှ ထိုးစစ်ဆင် ရာမှ မြန်မာတို့ ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သည်။ သို့သော် ထောင့်ကန်ဘော ကန်ချက် နောက်ခံလူများ ဖျက်ထုတ် နိုင်ခဲ့သည်။ မြန်မာနှင့် မလေးရှား တို့သည် ဒုတိယပိုင်း ပြန်အစတွင် တိုက်စစ်အား ပိုမို လိုက်ပါ ကစားခဲ့ကြပြီး ဂိုးရရှိရေး ပိုမို အားထုတ် လာခဲ့သည်။ ပွဲချိန် (၅၇)မိနစ်တွင် မြန်မာ နောက်ခံလူ ဇော်ဇော်ဦး ခေါင်းကွဲ သွားခဲ့၍ ကွင်းလယ်လူ ရန်အောင်ကျော်နှင့် လူစားလဲ ခဲ့ရသည်။ ထို့ကြောင့် အသင်းခေါင်းဆောင် အေးဆန်း နောက်တန်းသို့ ဆင်းကစား ခဲ့ရသည်။

မိနစ် (၆၀)တွင် မလေးရှား အသင်း ဘယ်ခြမ်းမှ ထိုးဖောက်မှုမှ တစ်ဆင့် ဂိုးရရန် နီးစပ်ခဲ့ပြီး ဂိုးသမား သီဟစည်သူနှင့် အေးဆန်းတို့ အသည်းအသန် ဖျက်ထုတ် ခဲ့ရသည်။ မလေးရှား အသင်းသည် ၎င်းတို့၏ ထိုးစစ်အား ရပ်တန့်ခြင်း မရှိဘဲ တရစပ် ထိုးစစ်ဆင် နေခဲ့ရာ မြန်မာ နောက်ခံလူများ အလုပ်များ နေခဲ့ရသည်။ (၆၄)မိနစ်တွင် ရန်အောင်ကျော် ဘယ်ခြမ်းမှ ထိုးပေးသည့် ဘောလုံးအား ကျော်ကိုကို ကန်သွင်းချက် မင်းမင်းသူ အသာ ပိတ်သွင်းခဲ့ သော်လည်း မလေးရှား ဂိုးသမား အစွမ်းပြ ကာကွယ် သွားခဲ့၍ မြန်မာအသင်း အပိုင် ဂိုးသွင်းခွင့် တစ်ကြိမ် နစ်နာခဲ့ရသည်။ (၆၅)မိနစ်တွင် မြန်မာ အသင်းက ပြည့်ဖြိုးအောင် နေရာတွင် အောင်မြင့်အေးအား ၀င်ရောက် ကစားစေခဲ့သည်။ (၆၇)မိနစ်တွင် မြန်မာတို့ မလေးရှား ဂိုးဧရိယာ အပြင် အစပ်မှ မြန်မာတို့ ဖရီးကစ် ကန်ခွင့်ရခဲ့သည်။ ယင်း ဖရီးကစ်အား ကျော်ဇေယျာဝင်း ကန်ခဲ့ရာ တံတိုင်း မကျော်ခဲ့ဘဲ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ရန်အောင်ဝင်း ဧရိယာ အပြင်မှ အပြင်းကန်ချက် ပြင်းထန် လှပသော်လည်း ဘေးကပ်ထွက် သွားခဲ့သည်။

(၇၃)မိနစ်တွင် မလေးရှား အသင်း ပြစ်ဒဏ်ဘောမှ တစ်ဆင့် ခေါင်းတိုက် အဆုံးသတ်ချက် ကောင်းမွန် သော်လည်း ဂိုးဘေး ကပ်ထွက် သွားခဲ့၍ မြန်မာတို့ သက်သာခဲ့သည်။ (၇၇)မိနစ်တွင် မြန်မာတို့ နှစ်ကြိမ်ဆက်တိုက် ထောင့်ကန်ဘော ရခဲ့သော်လည်း အခွင့်အရေး မရခဲ့ပေ။ (၇၈)မိနစ်တွင် မလေးရှား ရှေ့တန်းလူ အပိုင် ပိတ်သွင်းခွင့် တစ်ကြိမ် ရခဲ့သော်လည်း အပေါ်ထောင် သွားခဲ့သည်။ ပွဲချိန် (၈၅)မိနစ်တွင် မလေးရှား အသင်း ဘယ်ခြမ်းမှ ဖြတ်တင်ဘောမှ တစ်ဆင့် နောက်မှ လိုက်ပါလာသည့် ကစားသမား အပိုင် ပိတ်သွင်းခဲ့ရာ မလေးရှားအသင်း ဦးဆောင် အဖွင့်ဂိုး စတင် ရရှိ သွားခဲ့သည်။ ထို့နောက်တွင် မြန်မာ အသင်းက ချေပဂိုး ပြန်လည် ရရှိရေး ကြိုးပမ်း လာခဲ့ပြီး ကျော်ဇေယျာဝင်း နေရာတွင် အရန် တိုက်စစ်မှူး မင်းမင်းထွန်းအား ၀င်ရောက် ကစား စေခဲ့သည်။ ထို့နောက်တွင် နာကျင် အချိန်ပို (၃)မိနစ် ဆက်လက် ကစားခဲ့ရကာ (၉၁)မိနစ်တွင် ရန်အောင်ကျော် ဘယ်ခြမ်းမှ ထိုးဖောက်ရာမှ ထောင့်ကန်ဘော ရရှိခဲ့သည်။ သို့သော် ယင်း ထောင့်ကန်ဘော မှတစ်ဆင့် မြန်မာတို့ လိုအပ်နေသည့် ချေပဂိုး ရရှိခဲ့ခြင်း မရှိဘဲ မလေးရှား အသင်းက (၁-၀)ဖြင့် အနိုင်ရရှိ ခဲ့သည်။ ထိုရလဒ်ကြောင့် မြန်မာအသင်းသည် ၎င်းတို့၏ မျှော်လင့်ချက် ဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ဘဲ တတိယ နေရာလုပွဲ သို့သာ တက်လှမ်း နိုင်ခဲ့သည်။ လက်ရှိ ချန်ပီယံ မလေးရှား အသင်းမှာမူ ဗီယက်နမ် - အင်ဒိုနီးရှား တို့၏ ပွဲစဉ်မှ အနိုင်ရသည့် အသင်းနှင့် ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည် ဖြစ်သည်။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၁၉.၁၁.၁၁)စနေနေ့

Tuesday, November 15, 2011

ခရမ်းချဉ်သီး ရောင်းသူ ..

                                                            
                                                                 
အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်…



စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို ပြန်ပို့လိုက် ” လို့ ပြောပါတယ်..



ကောင်လေးက “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ မသုံးတတ်ပါဘူး.. ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး” လို့ ပြန်ပြော လိုက်ပါတယ်..



“အေး .. ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ကွာ.. မင်းမှာ အီးမေလ်းလိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုတဲ့ သဘောက မင်းလဲ ဒီကမ္ဘာမှာ မရှိဘူး ဆိုတဲ့ သဘော ဘဲကွာ…. ဒီကမ္ဘာလောကကြီးမှာ မရှိတဲ့ လူတစ်ယောက်ကို တို့ကုမ္ပဏီက အလုပ်ခန့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး.. မင်း သွားလို့ ရပါပြီ..” လို့ မန်နေဂျာက သူ့ကို ပြောလိုက်ပါတယ်..



ကောင်လေးက စိတ်ပျက် အားငယ်စွာ၊ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မိုက်ကရိုဆောဖ့် ကုမ္ပဏီကြီးကနေ ထွက်ခွာလာပါတယ်.. သူ့လက်ထဲမှာလည်း ၁၀ တန် ဒေါ်လာ တစ်ရွက်သာ ရှိပါတယ်.. ဒီငွေနဲ့ သူ့ဘ၀ ဘယ်လိုများ ရှေ့ဆက်ရပ်တည်ရမှာပါလိမ့်.. လမ်းလျှောက်နေရင်း အတန်ကြာ သူ စဉ်းစား နေမိပါတယ်.. ဘာဆက်လုပ်ရမလဲ……



စဉ်းစားလို့ရသွားပြီဖြစ်တဲ့သူ… သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အတူ စူပါ မားကက်ကို သွားပါတယ်…. အဲဒီမှာ ခရမ်းချဉ်သီး ၁၀ ကီလိုဂရမ်ပါတဲ့ တစ်သေတ္တာကို ၀ယ်လိုက် ပါတယ်.. ပြီးတော့ တစ်အိမ်တက်ဆင်း အိမ်တွေမှာ လိုက်လံရောင်းချပါတယ်.. မယုံနိုင်စရာ ၂နာရီမပြည့်ခင်လေးမှာ သူ့ငွေက ၂ဆ ဖြစ်သွားခဲ့ပါပြီ.. ၃ကြိမ်မြောက် ၀ယ်ယူပြီး ပြန်ရောင်းချလို့ အကုန်မှာ ဒေါ်လာ ၆၀နဲ့ အတူ အိမ်ကို ပြန်နိုင်ခဲ့ပါတယ်..



ကောင်လေး ကောင်းမွန်စွာ သဘောပေါက်သွားခဲ့ပါပြီ… သူ့ဘ၀ရပ်တည်ရေးအတွက် ဒီနည်းနဲ့ သူ လုပ်ဆောင်နိုင်တယ် ဆိုတာ ကောင်းကောင်း နားလည်သွားပြီ.. မနက်တိုင်း မနက်တိုင်း စောစောစီးစီး ထတယ်… ဆိုင်မှာ ခရမ်းချဉ်သီး မှအစ စားသောက်ဖွယ်ရာတွေ ၀ယ်ပြီး အိမ်တိုင်းကို လိုက်လံရောင်းချတယ်.. ညနက်မှ အိမ်ပြန် ရောက်တယ်.. ဒီလိုနဲ့ သူ့ငွေတွေဟာ နေ့တိုင်းနေ့တိုင်းကို ၂ဆ ၃ဆ တိုးပွားလာပါတယ်..



မကြာခင်မှာဘဲ… တွန်းလှည်းလေး တစ်စီးကို ၀ယ်ယူနိုင်ခဲ့ပြီ……. ထို့နောက်တော့ ထရပ်ကားတစ်စီး….. ထို့နောက် မှာတော့ စားသောက်စရာတွေကို တင်ဆောင် ဖြန့်ချီ ရောင်းချနိုင်တဲ့ ကိုယ်ပိုင်ယာဉ် အုပ်စုလိုက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ….



၅နှစ်အကြာမှာ… အဲဒီကောင်လေးဟာ အမေရိကားရဲ့ အစားအသောက် လက်လီရောင်းချတဲ့ အကြီးဆုံး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာ ပါတော့တယ်… ချမ်းသာလာတဲ့ ကောင်လေးဟာ သူ့မိသားစု နောင်ရေးအတွက် အသက် အာမခံထားဖို့ ဆုံးဖြတ်လိုက်ပါတယ်..



သူဟာ အသက်အာမခံ လုပ်ငန်းက ကိုယ်စားလှယ် တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို မေးမြန်းစုံစမ်းပါတယ်.. စကားပြောဆို စုံစမ်းလို့ ပြီးတဲ့အခါမှာ… ကိုယ်စားလှယ်က သူဌေးကို အီမေလ်းလိပ်စာ တောင်းပါတယ်.. သူဌေးက “ကျုပ်မှာ ဘာအီမေလ်းလိပ်စာမှ မရှိပါဘူး.. ကွန်ပျူတာလဲ မသုံးတတ်ပါဘူး” လို့ပြန်ပြောတယ်..



ကိုယ်စားလှယ်က အံ့အားသင့်တဲ့လေသံနဲ့ သူဌေးကို မေးပါတယ်… “ခင်ဗျားမှာ အီမေလ်း လိပ်စာမရှိ၊ ကွန်ပျူတာ မသုံးတတ်ဘဲနဲ့တောင် ဒီလောက် အောင်မြင်တဲ့ စီးပွားရေး အင်ပါယာကို တည်ထောင် ထားနိုင်တယ်နော်.. ခင်ဗျားမှန်းကြည့်စမ်းပါ…. တကယ်လို့ ကွန်ပျူတာကို ကျွမ်းကျွမ်း ကျင်ကျင်လဲ သုံးတတ်မယ်… လူတိုင်းနဲ့ ဆက်သွယ်လို့ရမဲ့ အီမေလ်း လိပ်စာလဲရှိခဲ့မယ် ဆိုရင် ခင်ဗျား ဒီထက်ကို ဘယ်လောက် အောင်မြင် ကြီးကျယ်လာမလဲလို့….”



သူက ခနတော့စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်ပါတယ်..



“ကျုပ်သာ ကွန်ပျူတာ တတ်မယ်..အီမေလ်းလိပ်စာသာရှိခဲ့မယ်ဆိုရင် ခုချိန်မှာ မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်” တဲ့



ဒီ story လေးက ပေးချင်တဲ့ သင်ခန်းစာလေးကတော့ လူတွေ အရူးအမူး ဖြစ်နေကြတဲ့ အင်တာနက်တို့ ကွန်ပျူတာတို့ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး… အထူးသဖြင့် ကျွန်မတို့ မြန်မာပြည်က လူငယ်လေးတွေမှာ လူတိုင်းလူတိုင်း ကွန်ပျူတာ အင်တာနက် ဆိုတာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း နေပါသေးတယ်.. ဒီလိုလူတွေ အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတစ်ခု အနေနဲ့ ဘာသာ ပြန်ဖြစ်ပါတယ် အင်တာနက်၊ ကွန်ပျူတာ တို့နဲ့ အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊ ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် ချမ်းသာနိုင်တဲ့ အခွင့် အလမ်းတွေ ရှိနေပါသေးတယ်.. အခွင့်အလမ်းကိုတော့ မြင်တတ် တွက်တတ် ရပါမယ်.. ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်.. ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက ကျပါတယ်…. ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါရစေရှင်….

          
ချော(အစိမ်းရောင်လွင်ပြင်မှာကူးယူဖေါ်ပြသည်)

                                                                           
    ရောက်လာသူအပေါင်ရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၁၆.၁၁.၁၁)ဗုဒ္ဓဟူးနေ့      

Thursday, November 10, 2011

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

                                                     
                                                                ...... တန်ဆောင်မုန်းလပြည့်ညကို အများသိမှတ်ကြသည်မှာ တန်ဆောင်တိုင်မီးထွန်းပွဲကျင်းပသည့်ည ဟုလည်းကောင်း၊ ကျီးမနိုးပွဲကျင်းပသည့် သူခိုးကြီးညဟုလည်ကောင်း၊ ဆေးပေါင်းခသည့်ညဟုလည်းကောင်း၊ သာမန်အသိများဖြင့်သာမှတ်သားကြဖူးသူများသာ တွေ့ရလေ့ရှိသောကြောင့် စုံလင်စွာလေ့လာနိုင်ရန်ရှာဖွေရေးသားဖော်ပြလိုက်ရပါသည် ။
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လလည်းဖြစ်သည်။
ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာ
အလှပဆုံး အချိန်အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။
သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့
သည်။ ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော်ကို နာကြားပူဇော်လေ့ရှိကြသည်။
ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားဟောကြားတော်မူသော သာမညဖလ သုတ္တန်ဒေသနာတော်ကို ကြားနာရသည့်အဆုံး
တွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့ ကျင်းပသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖြစ်သည်။ ကထိန်ဟူသည်မှာ ''ကထိန''ဟူသော
ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်သည်။ အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏''ဟု
ချီးကျူးသြဘာ ထောမနာပြုရသော အလုပ်ကျိုးကို ''ကထိန်''ဟု ခေါ်သည်။
ကထိန်ပွဲတော်သည် ရှေးဘုရင်လက်ထက် အဆက်ဆက်ကပင် ရှိခဲ့သည်။ ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိရသည်။
ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာပြုရသော ကာလဒါနမျိုးဖြစ်သည်။ ကထိန်သင်္ကန်းကပ်လှူပွဲ
ခွင့်ပြုသောကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန် မသိုးသင်္ကန်းများ ကပ်လှူရန်အတွက် ရက်လုပ် ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက်
မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင်
သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်
မုန်းလပြည့်နေ့ကို ''သာမညဖလအခါတော်နေ့''ဟု သတ်မှတ် ကျင်းပကြ
သည်။ သာမညဖလ၏အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏ အကျိုးပင်ဖြစ်သည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်
ချပ်ြကီး တစ်ခုပင်ြဖစ်သည။် ကိုယ်ကျင့်သီလ ရှိသည်မရှိသည်ကို ဤသုတြ် ဖင့်
ထင်ဟပ်စေနိုင်သည်။
အရှင်ဒေဝဒတ်အား ကိုးကွယ်ဆည်းကပ် ၊ ဆရာတင်မှုမှားခဲ့သော အဇာ
တသတ်မင်းသားသည် ဖခင်ဘုရင် ဗိမ္ဗိသာရကို သတ်မိသည်အထိ အမှားကြီး
မှားခဲ့ရာ ဖခင်ကြီး အား သတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သောရောဂါ
ဝေဒနာစွဲကပ်တော့သည်။ ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမား
တော်၊ မည်သည့်ဆေးစွမ်းကောင်းကမျှ မကုသနိုင်တော့ပေ။ တန်ဆောင်မုန်း
လပြည့်ညတစ်ညတွင်အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီစွာဖြင့်ညီလာခံ
သဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန် မီးခိုးမှောင်မျိုး မသွန်း
လပြည့်ဝန်းက ထွန်းလင်းသာယာနေသည်။ ကြည်နူးသာယာဖွယ် ကောင်းလှ
သည့် တန်ဆောင်မုန်းလပြည့်ည၏ အလှကိုခံစားရင်းရင်တွင်းအပူမီးကိုငြိမ်းအေး
စေနိုင်မည့် နည်းလမ်းများရရှိရန် တောင့်တမိလေသည်။ မှူးကြီး မတ်ကြီးများ
အား မည်သူ့ကို ချဉ်းကပ်ရလျှင် ကောင်းမည်နည်းဟု မေးမြန်းတိုင်ပင်ရတော့
သည်။
ပုရာဏကဿပအစရှိသော တိတ္ထိဆရာကြီးများထံ ချဉ်းကပ်သင့်ကြောင်း
မှူးကြီးမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကအား မေးတော်မူ
သည်။ ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်ထံချဉ်းကပ်ဖို့ရန် ဆရာ
ဇီဝကကို စီစဉ်စေသည်။ အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်မှာ တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။ ရာဇဂြိုဟ်မြို့အနီး
ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးနေသော ဘုရားကျောင်းတော်သို့ သွားရာ
လမ်းခရီးတွင် ညချမ်းချိန်ဖြစ်ခြင်း၊ သစ်ရိပ်ဝါးရိပ်ကြောင့် အမှောင်ကျနေခြင်း
တို့ကြောင့် လိုက်ပါသူအားလုံး မီးရှူးမီးတိုင် ကိုယ်စီကိုင်၍ သွားကြရသည်။
အဇာတသတ်နှင့်အခြံအရံများ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင်
မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်လေသည်။
အဇာတသတ်မင်းသည် ဘုရားရှင်ဟောကြားသော သာမညဖလ တရား
တော်ကို နာကြားရသဖြင့် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့
သည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်သွားလေသည်။ ပုထုဇဉ်
တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ် အဖြစ် ဧတဒဂ်ပေးခြင်းကိုပင်
ခံယူရရှိသည် ။အဇာတသတ်မင်း သည် ပထမသဂါင်္ ယနာတင် ဒါယကာအဖြစ်လည်းကောင်း
ခံယူခဲ့သည် ။ဘုရားရှင်၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း ၍ ဓာတ်ေ တာ်
တိုက်ကြီးကိုလည်း တည်ထားခဲ့သည။် ဗုဒ္ဓသာသနာနှစ်ကိုလည်းအတိအကျ သတ်မှတ်ပေးခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ရှင်မာလဲပွဲကိုလည်း ကျင်းပကြသည်။
အရိမေတ္တေယျ ဘုရားအလောင်းနတ်သားက သီဟိုဠ်ကျွန်းသား ရှင်မာလဲ
မထေရ်အား တန်ဆောင်မုန်းလပြည့်နေ့တိုင်း လူအပေါင်းတို့အား ဝေဿန္တရာ
ဇာတ်တော်ကို ဟောကြားပါရန် တောင်းပန်လျှောက်ထားသဖြင့် ရှင်မာလဲက
ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို
ဟောပြောသည်ကို အထိမ်းအမှတ်ပြု၍ ဝေဿန္တရာဇာတ်တော်ကိုဟောပြောခြင်း
လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်
တစ်ထောင်၊ ထမင်းထုပ်တစ်ထောင်၊ ဆီမီးတစ်ထောင်စသည်တင်ကာ လှူဒါန်း
ခြင်းဖြင့် ရှင်မာလဲပွဲကို ဆင်ယင်ကျင်းပကြသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့
သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်။ ထို့ကြောင့်မဲဇလီပင်
သည် ဆေးပေါင်းခသည်။ ထိုအချိန်မျိုး၌ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး
၉၆ပါးကင်းပြီး ဘုန်းကြီး သက်ရှည်နိုင်သည်ဟု ဆေးကျမ်းတို့တွင်ဖော်ပြပါ
ရှိသည်။ ထိုအဆိုအတိုင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာရန် မဲဇလီဖူးသုပ်
ကို စားသုံးကြသည်။
တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကထိနပွဲ၊ မသိုးသင်္ကန်း
ရက်လုပ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှပွဲ၊ ရှင်မာလဲပွဲ၊ သာမညဖလ အခါတော်နေ့
ပွဲများ ကျင်းပကြလေသည်။
တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုနိုင်သည်။
ခြေခင်းလက်ခင်းသာသော မိုးအနှောင်း ဆောင်းအကူးကာလဖြစ်ခြင်း၊ အာဇဋာ
ကောင်းကင်ထက်တွင် မိုးတိမ်မိုးရိပ်တို့ကင်းစင်ခြင်း၊ ဆီးနှင်းမြူတိမ် သူရိန်
မီးခိုး မှောင်မျိုးမသွန်းသည့် လပြည့်ဝန်းအား သာယာကြည်နူးစဖွယ် တွေ့မြင်
ရခြင်း၊ ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုပွဲတော်များ ဆင်ယင်ကျင်းပခြင်း
တို့ကြောင့် မြန်မာတို့၏ သာယာပျော်ရွှင်ဖွယ် ကောင်းသော လတစ်လပင်
ဖြစ်ပါကြောင်းရေးသာလိုက်ရပါသည်။
  ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၁၀.၁၁.၁၁)ကြာသာပတေးနေ့   

Tuesday, November 8, 2011

ထူးဆန်းသည့် ကမ္ဘာ့သမိုင်း၏ကိန်းဂဏာန်းများ

                                  
                     
                                         

                                        ဒီသမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား
ို
                                    


                                    
အေဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်
ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်

သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။

သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေး ဆုံးရှုံးခဲ့ရသည်။
                    
သူတို့နှစ်ဦးလုံးသည် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံခံခဲ့ရပါသည်။
သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံခံခဲ့ရပါသည်။
ပို ၍ ထူးခြားတာက..
လင်ကွန်းအတွင်းရေးမှုး၏နံမည်သည် ကနေဒီ Kennedy ဖြစ်ပြီး
ကနေဒီအတွင်းရေးမှုး၏နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။

         
သူတို့နှစ်ဦးလုံးကို တောင်ပိုင်းသားတွေက လုပ်ကြံသတ်ဖြတ်ခဲ့သည်။
သူတို့နှစ်ဦးလုံး၏နေရာကို ဆက်ခံသူများမှာလည်းတောင်ပိုင်းသားများဖြစ်ကြသည်။
                                
လင်ကွန်း၏နေရာဆက်ခံသူ Andrew Johnson သည် ၁၈၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။
                                  
ကနေဒီ ၏နေရာဆက်ခံသူ Lyndon Johnson သည် ၁၉၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။
                                   
လင်ကွန်းကို လုပ်ကြံခဲ့သူ John Wilkies Booth သည် ၁၈၃၉ တွင် မွေးဖွါးခဲ့သည်။
                                  
ကနေဒီ ကို လုပ်ကြံခဲ့သူ Lee Harvey Oswald သည် ၁၉၃၉ တွင် မွေးဖွါးခဲ့သည်။
သူတို့နှစ်ဦးလုံးတွင် နံမည် သုံးလုံးရှိပြီး
နံမည် သုံးလုံးတွင် အက္ခရာ ၁၅ လုံးရှိသည်။
          
                          
လင်ကွန်းကို Ford အမည်ရှိ ပြဇတ်ရုံတွင် လုပ်ကြံခံရပြီး
                    
ကနေဒီကို Ford ကားကုမ္မဏီ မှထုတ်သော Lincoln အမည်ရှိကားပေါ်တွင် လုပ်ကြံခံရသည်။
သမ္မတလင်ကွန်းသည် ပြဇာတ်ရုံတွင်အပစ်ခံရပြီး ၄င်းကိုလုပ်ကြံသူသည် ဂိုဒေါင်တစ်ခုထဲသို့ပြေးပုန်းခဲ့သည်။
သမ္မတကနေဒီကို ဂိုဒေါင်တစ်ခုထဲမှ လှမ်းပစ်ပြီးလုပ်ကြံသူသည် ပြဇာတ်ရုံသို့ ပြေးပုန်းခဲ့သည်။
သမ္မတနှစ်ဦးလုံးကိုလုပ်ကြံခဲ့သူ Booth နှင့်Oswald သည်တရားရုံးမရင်ဆိုင်ရမှီ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်

                                    
လင်ကွန်းမလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် Monroe, Maryland ဟု အမည်ရသောနေရာတွင်ရှိနေခဲ့သည်။
ကနေဒီ မလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် ရုပ်ရှင်မင်းသမီးအဆိုတော် Marilyn Monroe နှင့်အတူရှိခဲ့သည်။
ဒီကိစ္စတွေ ဘယ်သူရှင်းနိုင်သလဲ...


နောက်တစ်ခုဆက်ကြည့်ကြရအောင် ၁။ ဒေါ်လာ ၂၀ တန်ကို အလယ်ကနေပြီး တစ်ဝက်ခေါက်လိုက်ပါ
၂။နောက်ထပ်ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။
၃။ နောက်အနားတခုကို ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။
၎။ ဒီဖက်ကိုပြန်ကြည့်လိုက်ပါ

တိုက်ဆိုင်လိုက်တာနော်....
သင်ဘဲဆုံးဖြတ်လိုက်ပါတော့
မကျေနပ်သေးရင်နောက်တစ်ခေါက်ပြန်ကြည့်ရအောင်
ပထမပုံကပင်တဂွန်စစ်ဌာနချုပ်မီးလောင်နေတဲ့ပုံပါ
ပြီးတော့ မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦ:
ဆက်ကြည့်ပါအုံး......

၁။ ။လူအများအပြားသေဆုံးမှု.....ပင်တဂွန်စစ်ဌာနချုပ် ၂။ ။လူအများအပြားသေဆုံးမှု..... မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦး

၃။ ။လူအများအပြားသေဆုံးမှု...... Osama???

ဖြစ်ခဲ့တဲ့နေ့ရက်၊ လ ကို ကြည့်ရင် 9+11 = 20 = $20



*****************************************************************************************************
                             မေးထဲရောက်လာဒါလေးကိုမျှဝေလိုက်တာပါ
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေပါစေ..ရွှေဝန်းရတနာ..(၈.၁၁.၁၁)အင်္ဂါနေ့

Thursday, November 3, 2011

Kathina Benefits (Part 5) - ကထိန်အာနိသင်များ (အပိုင်း ၅)

                                                            
                                                       

ကထိန်အာနိသင် (၅)

ပဉ္စမအကျိုးအာနိသင်က သင်္ကန်းကို အစိုးတရ ပိုင်ဆိုင်နိုင်ခြင်း ဖြစ်ပါတယ်။

ကထိန်အာနိသင်ရတဲ့ (သီတင်းကျွတ် လပြည့်ကျော်တစ်ရက်ကနေ တပေါင်းလပြည့်အထိ) ငါးလအတွင်း ကထိန်ခင်းထားတဲ့ ကျောင်းတိုက်မှာ လှူဒါန်းတဲ့ သင်္ကန်းတွေကို ကထိန်အာနိသင်ရတဲ့ ရဟန်းတော်တွေပဲ ပိုင်ဆိုင်ပါတယ်။ တစ်ခြားရဟန်းတွေကို ခွဲပေးစရာ မလိုပါဘူး။

သင်္ကန်းမရှားတဲ့ ဒီနေ့ခေတ်မှာ သင်္ကန်းကို အစိုးတရ ပိုင်ဆိုင်နိုင်ခြင်းဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင်ဟာ ရဟန်းတော်တွေအတွက် ထူးထူးခြားခြား အသုံးဝင်ပါသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ နံပါတ်ငါး ကထိန်အကျိုး ကထိန်အာနိသင်ကို “သင်္ကန်းကို အစိုးတရ ပိုင်ဆိုင်နိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။

ဒီအာနိသင်က သင်္ကန်းကို အစိုးတရပိုင်ဆိုင်နိုင်တာ ဖြစ်ပေမယ့် သင်္ကန်းထက် တစ်ခြားပရိက္ခရာတွေ ပိုင်ဆိုင်ခွင့်က ဒီနေ့ခေတ် ရဟန်းတော်တွေအတွက် ပိုပြီး အသုံးဝင်ပါတယ်။ ဒကာဒကာမတွေကလည်း ရံပုံငွေ သို့မဟုတ် ကျောင်းတိုက်သံဃိက န၀ကမ္မ၀တ္ထုငွေ နဲ့ ရဟန်းတော်တွေ လိုအပ်တဲ့ တစ်ခြားအသုံးအဆောင်တွေကို အလေးတယူ ထည့်သွင်း လှူဒါန်းကြပါတယ်။ ဒီနေ့ခေတ် ကထိန်လှူပုံတစ်ချို့ အကြောင်းကို အလျဉ်းသင့်မှ ပြောပါအုံးမယ်။

ရဟန်းတော်တွေ ရရှိတဲ့ ကထိန်အာနိသင်ငါးမျိုးဟာ ဆွမ်း သင်္ကန်းတို့နဲ့ သက်ဆိုင်ပါတယ်။ ဒီအာနိသင်တွေဟာ ကထိန်ခေတ်ဦးကတော့ တကယ့်ကို အရေးပါခဲ့ပါလိမ့်မယ်။ အထူးသဖြင့် သင်္ကန်းရှားပါးတဲ့ခေတ်မို့ သင်္ကန်းနဲ့ဆိုင်တဲ့ အခွင့်အရေးဟာ အခွင့်ထူး ဖြစ်ခဲ့ပါလိမ့်မယ်။ တကယ်တော့ သာသနာ့ ခေတ်ဦးကထိန်ဟာ ရဟန်းတော်တွေရဲ့ သင်္ကန်းချုပ်ပွဲကြီး ဖြစ်ခဲ့တယ် ထင်ပါတယ်။ စက်မှုမထွန်းကားသေးတော့ အ၀တ်အထည် ရှားတာပေါ့။ ဒီတော့ အ၀တ်စတွေ တစ်စချင်း တစ်စချင်း တစ်စတစ်စ ဆုဆောင်းပြီး သင်္ကန်းချုပ်ကြရတာကိုး။ စုစပ်ချုပ်ထားတဲ့ ကထိန်သင်္ကန်းကို (ဒါမှမဟုတ် အသင့်ချုပ်ပြီးသား ဒကာတွေလှူတဲ့ ကထိန်သင်္ကန်းကို) သင်္ကန်းအရှားပါးဆုံးကို ရဟန်းတော်ကို ပေးရပါတယ်။ ဒီနေ့ခေတ်မှာတော့ ရဟန်းတွေတွေရဲ့ သင်္ကန်းကိစ္စ နဲ့ ဆွမ်းကိစ္စဟာ သိပ်ထူးဆန်းတဲ့ ကိစ္စမဟုတ်တဲ့ အတွက်ကြောင့်၊ ကထိန်အာနိသင်တွေက လျှော့ပေါ့ပေးတဲ့ ၀ိနည်းသိက္ခာပုဒ်တွေဟာလည်း ရှေ့ပိုင်းမှာ ရှင်းပြခဲ့တဲ့အတိုင်း ကထိန်အာနိသင် မရလည်း လျော့ပေါ့နေပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကထိန်အာနိသင်တွေဟာ မှုန်ဝါးဝါး ဖြစ်နေပါတယ်။

၂။ ကထိန်ဒကာများအတွက် ကထိန်အာနိသင်

ကထိန်ဒကာဒကာမတွေ ဘယ်လိုအကျိုး ရရှိတယ်ဆိုတာကို ဘုရားရှင် တိုက်ရိုက်ဟောတော် မမူခဲ့ပါဘူး။ အဋ္ဌကထာဆရာ၊ ဋီကာဆရာတွေကလည်း (ဂဏ္ဌိ စတဲ့ကျမ်းဆရာတွေကလည်း) ဖွင့်မပြခဲ့ပါဘူး။ တိုက်ရိုက်မဟောပေမယ့် အကျိုးရမှာ သေချာတဲ့အတွက် ဆရာတော်ကြီးတွေက ကြံဆပြီး ဟောကြားပေးကြရပါတယ်။ ရဟန်းတော်တွေ ရရှိတဲ့ ကထိန်အာနိသင်နဲ့ အလားတူတဲ့ အကျိုးတွေကို ကထိန်ဒကာဒကာမတွေ ရလိမ့်မယ်လို့ ဟောကြတာ ဖြစ်ပါတယ်။ ဒီလို ဟောရာကနေ ကထိန်သင်္ကန်းလှူတဲ့ အကျိုးဟာ ကျူးလွန်ထားတဲ့ အကုသိုလ်မှန်သမျှကို ချေဖျက်ပေးနိုင်တယ်၊ အဖေသတ်တာ အမေသတ်တာလို အနန္တရိယကံတွေကိုတောင် ချေဖျက်နိုင်တယ် ဆိုတာမျိုး အလွန်အကျွံ ဟောကြတဲ့အထိ ရောက်ကုန်ပါတယ်။ အဲဒါမျိုးကို အလေးထားပြီး မမှတ်သားသင့်ကြောင်း ဆဋ္ဌသံဂါယနာ ဦးဆောင်ဆရာတော် ညောင်ရမ်းဆရာတော်ကြီး မိန့်တော်မူပါတယ် (၀ိနယ၀ိနိစ္ဆယပေါင်းချုပ်၊ စာ ၁၂)။ ခု အလေးထားလောက်တဲ့ ဆရာတော်ကြီး သုံးပါရဲ့ ဟောကြားချက်ကို တင်ပြပါမယ်။

မဟာစည်ဆရာတော် ဦးသောဘဏ

ဆဋ္ဌသင်္ဂီတိပုစ္ဆက ဖြစ်တော်မူတဲ့ မဟာစည်ဆရာတော်ကြီး မိန့်တော်မူခဲ့ ကထိန်လှူရကျိုး ငါးမျိုးကို သာမဏေကျော် ရေးသားတဲ့ “၀ါဆိုနှင့်ကထိန် (စာ ၃၂-၃၃)”မှာ တွေ့ရပါတယ်။ သုတ္တာနုလောမနည်း၊ ဖြစ်သင့်လို့ ဆွဲပြီး ယူဆတဲ့နည်း၊ သုတ္တန်ဒေသနာတော်နဲ့ ကိုက်ညီတဲ့နည်းလို့ ဆိုပါတယ်။ အကျိုးငါးမျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ အပိတ်အပင် အတားအဆီမရှိ သွားလိုရာ လွတ်လွတ်လပ်လပ် သွားနိုင်ခြင်း၊
၂။ လုပ်စရာရှိတာကို အလွယ်တကူနဲ့ ပြီးအောင်ဆောင်ရွက်နိုင်ခြင်း၊
၃။ အစားအသောက်နဲ့ ပတ်သက်လို့ အန္တရာယ်ကင်းခြင်း၊
၎။ ပိုင်ဆိုင်တဲ့ ပစ္စည်းကို လုံလုံခြုံခြုံ သိမ်းဆည်းထားနိုင်ခြင်း၊
၅။ ပိုင်ဆိုင်တဲ့ ပစ္စည်းကို သူတစ်ပါး လုမယူနိုင်ခြင်း။

ညောင်လေးပင်ဆရာတော် ဦးအရိယ

ညောင်လေပင် ဆရာတော်ရဲ့ “ကထိန်အရသာ (စာ ၃၁- ၃၂)”မှာလည်း အလားတူ အကျိုးငါးမျိုးကို ဖော်ပြထားပါတယ်။ အကျိုးငါးမျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ အပိတ်အပင် အတားအဆီမရှိဘဲ အန္တရာယ်ကင်းကင်းနဲ့ သွားလိုရာ သွားနိုင်ခြင်း၊
၂။ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ အဝေးမှာ ရှိနေရင်တောင်မှ အဲဒီပစ္စည်းတွေကို ရန်သူမျိုးငါးက မဖျက်ဆီးနိုင်ခြင်း၊
၃။ အစားကောင်းအသောက်ကောင်း ပေါများခြင်း၊ အစာအဆိပ်မသင့်ခြင်း၊
၎။ သိမ်းထားတဲ့ ပစ္စည်းတွေကို အချိန်အကြာကြီး မေ့ထားမိရင်တောင်မှ အဲဒီပစ္စည်းတွေ လုံလုံခြုံခြုံ ရှိနေနိုင်ခြင်း၊
၅။ စီးပွားရှာရာမှာ ထီပေါက်သလို သူတစ်ပါးထက် အကျိုးအမြတ် များများရခြင်း။

အင်္ဂုတ္တရနိကာယ် ပဉ္စနိပါတ်က ဘောဇနသုတ်ကို ကိုးကားပြီးတော့ ဒီအကျိုးငါးမျိုးကို တွက်ယူထားတာ ဖြစ်ပါတယ်။ ဘောဇနသုတ်တော်အရ ဆွမ်းလှူတဲ့သူဟာ ဆွမ်းဘုဉ်းပေးတဲ့ ရဟန်းတော်တွေကို “အသက်၊ အဆင်း၊ ဥစ္စာ၊ ချမ်းသာ၊ ခွန်အား”ဆိုတဲ့ ငါးမျိုးကို ပေးလှူရာရောက်တဲ့အတွက် အကျိုးအနေနဲ့ “အသက်ရှည်မယ်၊ အဆင်းလှမယ်၊ ဥစ္စာပေါမယ်၊ ချမ်းသာပျော်ရွှင်မယ်၊ ခွန်အားကောင်းမယ်။” ထိုနည်းတူပဲ ကထိန်ဒကာတွေဟာ ရဟန်းတော်တွေကို ကထိန်အာနိသင်ငါးမျိုး ပေးလှူရာ ရောက်တဲ့အတွက် ရဟန်းတော်တွေရတဲ့ ကထိန်အာနိသင်နဲ့ တူညီတဲ့ အကျိုးကို ရလိမ့်မယ်လို့ တွက်ယူထားတာ ဖြစ်ပါတယ်။

ချမ်းမြေ့ဆရာတော် ဦးဇနက

ချမ်းမြေ့ဆရာတော်ရဲ့ “လှူကထိန်သင်္ကန်းနဲ့မဂ်လမ်းကိုရွယ် (စာ ၃၆)”မှာလည်း အလားတူ အကျိုးငါးမျိုးကို ဖော်ပြထားပါတယ်။ ဒီအကျိုးတွေကို ကမ္မသရိက္ခက၀ိပါက (ပြုတဲ့ကံနဲ့ တူညီစွာ ရရှိတဲ့အကျိုး)လို့ နာမည်ပေးထားပါတယ်။ အကျိုးငါးမျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ အပိတ်အပင် အတားအဆီ မရှိဘဲ သွားလိုရာ လွယ်ကူစွာ သွားနိုင်ခြင်း၊
၂။ ပေါ့ပေါ့ပါးပါး လွယ်လင့်တကူ သွားလိုရာ သွားနိုင်ခြင်း၊
၃။ အစားအသောက် အန္တရာယ်ကင်းခြင်း၊
၎။ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာကို ရန်သူမျိုးငါးပါးဘေးက ကင်းဝေးအောင် ထိန်းသိမ်းထားနိုင်ခြင်း၊
၅။ အ၀တ်အထည် ပေါများခြင်း၊ ပိုင်ဆိုင်တဲ့ပစ္စည်းကို ခွင့်မပြုရင် ဘယ်သူမှ မယူနိုင်ခြင်း။

တွက်ဆယူထားတဲ့ ဒီ အကျိုးအာနိသင်တွေဟာ ရဟန်းတော်တွေ ရရှိတဲ့ ကထိန်အာနိသင်တွေနဲ့ မဆိုင်လှဘူး (မတူလှဘူး)လို့ ဝေဖန်တာတွေလည်း ရှိပါတယ်။ ဒီဝေဖန်ချက်တွေကို အလျဉ်းသင့်မှ တင်ပြပါအုံးမယ်။

ဒီအာနိသင်တွေအပြင် ကထိန်အလှူဟာ သံဃိကအလှူ ဖြစ်တဲ့အတွက် သံဃကအလှူ လှူရကျိုးလည်း ရပါလိမ့်မယ်။ ကထိန်အလှူဟာ သင်္ကန်းအလှူ ဖြစ်တဲ့အတွက် သင်္ကန်းလှူရကျိုးလည်း ရပါလိမ့်မယ်။ သဃံကဒါန နဲ့ စီဝရဒါနရဲ့ အကျိုးကိုတော့ ဒီနေရာမှာ မပြောတော့ပါဘူး။

ခု “ကထိန်အာနိသင်များ”ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။ မြန်မာမှန်ရင် ဗုဒ္ဓဘာသာမဟုတ်တောင်မှ (ဈေးကထိန်လို စုပေါင်းကထိန်မျိုး) ကထိန်အလှူမှာ ပါဖူးကြတာ များပါတယ်။ ကထိန်ဒကာ ဒကာမများ ကထိန်ရာသီမှာ ကထိန်အကျိုးတွေ ခံစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကထိန်အလှူရှင် ရွှေမြန်မာတို့
- ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝကြပါစေ။
- အ၀တ်အထည်ကောင်းတွေ ပေါများကြပါစေ။
- အဆိပ်မသင့်ဘဲ စားကောင်းသောက်ဖွယ်တွေ လွေးနိုင်ကြပါစေ။
- သွားလိုရာ အရပ်ဒေသသို့ ပေါ့ပေါ့ပါးပါး သွားလာနိုင်ကြပါစေ။
- သွားလေရာမှာ အပိတ်အပင် အတားအဆီး မရှိဘဲ ဘေးအန္တရာယ်လည်း ကင်းဝေးကြပါစေ။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၃.၁၁.၁၁)ကြာသာပတေးနေ့

Wednesday, November 2, 2011

Kathina Benefits (Part 4) - ကထိန်အာနိသင်များ (အပိုင်း ၄)

                                                             
                                                                    

ကထိန်အာနိသင် (နှီးနွှယ်)
ကထိန်အာနိသင် ရတယ်ဆိုရင် ပရမ္ပရဘောဇနသိက္ခာပုဒ်ကိုလည်း ကျင့်သုံးစရာမလိုဘူးလို့ ယူဆကြပါသေးတယ်။

ပရမ္ပရဘောဇနသိက္ခာပုဒ် -
အချိန်အခါကို ကြဉ်၍ ပရမ္ပရဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။ ထိုပရမ္ပရဘောဇဉ်ကိ စားရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း။ နာဖျားသောအခါ၊ သင်္ကန်းလှူသောအခါ၊ သင်္ကန်းချုပ်သောအခါ၊ ဤကား ထိုပရမ္ပရဘောဇဉ်ကို သုံးဆောင်ရာ၌ အချိန်အခါတည်း။” (ပါစိတ်ပါဠိတော်မြန်မာပြန်)

ရဟန်းတစ်ပါးဟာ ဒကာတစ်ယောက်ယောက်က ဆွမ်းလှူမယ်၊ ဆွမ်းကပ်မယ် ဆိုတာကို လက်ခံထားပြီးပြီဆိုရင် နောက်ထပ် ဆွမ်းဒကာ ပေါ်လာလည်း လက်မခံရတော့ပါဘူး။ နောက်မှပေါ်လာတဲ့ ဒကာရဲ့ဆွမ်းကို ပရမ္ပရဘောဇဉ်လို့ ခေါ်ပါတယ်။ ရဟန်းတော်တွေ ပရမ္ပရဘောဇဉ်ကို မဘုဉ်းပေးရဘူးလို့ ဒီသိက္ခာပုဒ်က တားမြစ်ပါတယ်။

ခြွင်းချက် အနေနဲ့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုတဲ့ အချိန်အခါသုံးမျိုးမှာ “သင်္ကန်းလှူသောအခါ”လို့ ပါပါတယ်။ သင်္ကန်းလှူတဲ့အခါဆိုတာ ကထိန်သင်္ကန်းလှူတဲ့အခါ၊ ကထိန်ရာသီ၊ ရဟန်းတော်များ ကထိန်အာနိသင်တွေ ခံစားခွင့်ရှိတဲ့ ငါးလ (သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ တပေါင်းလပြည့်အထိ) ဖြစ်တဲ့အတွက်ကြောင့် ကထိန်အာနိသင် ရတယ်ဆိုရင် ဒီသိက္ခာပုဒ်ကိုလည်း ကျင့်သုံးစရာ မလိုဘူးလို့ ယူဆကြပါတယ်။ ဘုရားရှင် တိုက်ရိုက်ဟောထားတာ မဟုတ်ပေမယ့် ဖြစ်နိုင်လို့ ထည့်ယူထားတာ ဖြစ်ပါတယ်။ နှီးနွှယ်ကထိန်အာနိသင်ပေါ့။

ဒီအာနိသင်ကို ဓမ္မကထိကဆရာတော် တော်တော်များများ အလေးပေး ဟောကြားလေ့ ရှိပါတယ်။ ရယ်စရာပုံပြင်လေးနဲ့ ဟောကြတာပါ။ “တစ်ခါတုန်းက ဆရာတော်တစ်ပါးကို ဆွမ်းကပ်ဖို့ ဒကာနှစ်ဦးပေါ်လာတယ်။ အရင်ဦးတဲ့ ဆွမ်းဒကာက ချဉ်ပေါင်ဟင်း ကပ်လိမ့်မယ်၊ ဒုတိယ ဒကာက ၀က်သားဟင်း ကပ်လိမ့်မယ်လို့ ဆရာတော်က သိတယ်။ ဒီတော့ ၀က်သားဟင်းဘုဉ်းပေးလို့ရအောင် ဥာဏ်ဆင်တယ်။ ဆရာတော်က ဒကာနှစ်ယောက်ရဲ့ အလယ်မှာ ရပ်နေရင်း လက်နှစ်ဘက်ကို ကားမြှောက်ဆန့်တန်း ပေးလိုက်ပြီး 'ကဲ ဒကာတို့ မင်းတို့နှစ်ယောက် ငါ့ကို လက်ကနေ အပြိုင်ဆွဲကြ။ နိုင်အောင်ဆွဲနိုင်တဲ့ ဒကာရဲ့အိမ်မှာ ငါ ဆွမ်းဘုဉ်ပေးမယ်'လို့ အမိန့်ရှိတယ်။ ဒကာနှစ်ယောက် အပြိုင်ဆွဲနေတုန်း ဆရာတော်က ၀က်သားဒကာဘက်ပါအောင် ရုန်းရင်း ချဉ်ပေါင်ဒကာကို ခြေတောက်နဲ့ ဆောင့်ကန်သတဲ့။ ချဉ်ပေါင်ဒကာကလည်း အခြေအနေကို သဘောက်ပေါက်တာနဲ့ 'ချဉ်ပေါင်ကို ခြေကန်၊ ၀က်သားနောက် စုံကန်ရုန်း၊ သွားတော့ကတုံး'ဆိုပြီး ဆွဲထားတဲ့လက်ကို ရုတ်တရက် လွှတ်ပေးလိုက်တာ အလဲလဲ အကွဲကွဲ ဖြစ်ကုန်သတဲ့။” ဒီလိုမျိုး နောက်မှပေါ်လာတဲ့ ဒကာရဲ့ဆွမ်းကို ဘုဉ်းပေးပေမယ့် ကထိန်အာနိသင် ရထားတယ်ဆိုရင် အပြစ်မရှိတဲ့အကြောင်း ဟောကြားလေ့ ရှိပါတယ်။ ဓမ္မကထိကဆရာတော် အပြောကောင်းရင် ကောင်းသလို ရယ်ရတဲ့ ပုံပြင်လေး ဖြစ်ပါတယ်။ တိုက်ရိုက်ဘုရားရှင် ဟောခဲ့တာ မဟုတ်တဲ့ အာနိသင်ကို လူဒကာတွေ လွယ်လွယ်နဲ့ နားလည်နိုင်လို့ အလေးပေးဟောကြားကြတာ ဖြစ်နိုင်ပါတယ်။

ဒီအာနိသင်ဟာ ဆွမ်းစားကွမ်းစားနဲ့ ဆက်စပ်နေပါတယ်။ ကထိန်အာသင် (၁) နဲ့ ကထိန်နိသင် (၃)မှာ ဆွေးနွေးခဲ့တဲ့အတိုင်း သာမာန်ရဟန်းတော်တွေဟာ ဆွမ်းစားကွမ်းစား ကိစ္စနဲ့ ကြုံရခဲပါတယ်။ ဆွမ်းဒကာနှစ်ယောက် တပြိုင်တည်းပေါ်ဖို့ဆိုတာ ပိုပြီးတော့တောင် ကြုံကြိုက်ဖို့ ခက်ခဲပါတယ်။ ကြုံတောင့်ကြုံခဲ ဆွမ်းဒကာနှစ်ယောက် တပြိုင်တည်း ပေါ်လာတယ် ဆိုရင်လည်း ပထမဒကာကို ဦးစားပေးလိုက်ကြတာပါပဲ။ ဒီလို ပထမဒကာကို ဦးစားပေးလိုက်တာဟာ ဒီ ပရမ္ပရဘောဇနသိက္ခာပုဒ်ကို လိုက်နာကျင့်သုံးတာလား၊ လောကထုံးစံ လူမှုရေးထုံးစံလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ဒီတော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုဘူးဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင် (နှီးနွှယ်)ကရော ရဟန်းတော်တွေအတွက် ထူးထူးခြားခြား အသုံးဝင်ပါသလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။

ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ ကထိန်အကျိုး ကထိန်အာနိသင် (နှီးနွှယ်)ကိုလည်း “စိတ်လိုလက်ရ အပြစ်ကင်းကင်း ဆွမ်းဘုဉ်းပေးနိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။

ကထိန်အာနိသင် (၄)
စတုတ္တအကျိုးအာနိသင်က ပထမကထိနသိက္ခာပုဒ်ကို လိုက်နာကျင့်သုံးစရာ မလိုတာ ဖြစ်ပါတယ်။

ပထမကထိနသိက္ခာပုဒ် -
ရဟန်းသည် သင်္ကန်း(ကိစ္စ)ပြီးဆုံးလတ်သော် ကထိန်ကို နှုတ်ပြီးလတ်သော် ဆယ်ရက်အပိုင်းအခြားရှိသော ကာလပတ်လုံး အပိုသင်္ကန်းကို ဆောင်နိုင်သည်။ ထို (ဆယ်ရက်အပိုင်းအခြားကာလ)ကို လွန်စေသော ရဟန်းအား စွန့်ခြင်း(၀ိနည်းကံ)ရှိသော ပါစိတ်အာပတ်သင့်၏။” (ပါရာဇိကပါဠိတော်မြန်မာပြန်)

ဒီသိက္ခာပုဒ်ကို မလိုက်နာ မကျင့်သုံးဘဲ နေနိုင်တဲ့ ခြွင်းချက်အခြေအနေနှစ်မျိုးဖြစ်တဲ့ “သင်္ကန်း(ကိစ္စ)ပြီးဆုံး”တယ် ဆိုတာနဲ့ “ကထိန်နှုတ်ပြီး”တယ် ဆိုတာကို ကထိန်အာနိသင် (၂)မှာ ဆွေးနွေးခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီသိက္ခာပုဒ်အရ (ခြွင်းချက်မဟုတ်တဲ့) သာမန်အခြေအနေ သာမန်အချိန်အခါမှာ ဆိုရင်တော့ ရဟန်းတော်တွေဟာ ဆယ်ရက်ထက်ကျော်ပြီး အပိုသင်္ကန်း ကိုင်ဆောင်သုံးစွဲခွင့် မရှိပါဘူး။ သုံးစွဲရင် အပြစ်ရှိပါတယ်။ သုံးစွဲမိတဲ့ အပိုသင်္ကန်းကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။

ဒီသိက္ခာပုဒ်အရ ရဟန်းတော်တွေဟာ သင်းပိုင်း၊ ဧကသီ နဲ့ ဒုကုဋ် (နှစ်ထပ်သင်္ကန်း)ဆိုတဲ့ သင်္ကန်းသုံးထည်ပဲ ကိုင်ဆောင်သုံးစွဲခွင့် ရှိပါတယ်။ တိစီဝရိက်ဆိုတဲ့ ဒီသင်္ကန်းသုံးကလွဲလို့ ဆယ်ရက်ထက်ကျော်ပြီး အပိုသင်္ကန်း ကိုင်ဆောင်သုံးစွဲခွင့် မရှိပါဘူး။ ကထိန်အာနိသင်ရတယ်ဆိုရင်တော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလို တဲ့အတွက် ဆယ်ရက်ကျော်ပြီးတော့လည်း အပိုသင်္ကန်း ကိုင်ဆောင်သုံးစွဲခွင့် ရှိပါတယ်။ ဒါပေမယ့် ကထိန်အာနိသင် ရတယ်ဆိုတာ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ တပေါင်းလပြည့်အထိ ငါးလသာ ရတာဖြစ်ပါတယ်။ ဒီနေ့ခေတ် ရဟန်းတော်တွေကတော့ တစ်နှစ်ပတ်လုံး သင်္ကန်းအပိုတွေ ကိုင်ဆောင်သုံးစွဲနေကြတာ မဟုတ်လား။ ဘာကြောင့်လဲ။ အဖြေကတော့ “တိစီဝရိက်”ဆိုတဲ့ စကားနဲ့ ဆက်စပ်နေပါတယ်။

ဝိနည်းတိစီဝရိက် နှင့် ဓုတင်တိစီဝရိက်
“အပိုသင်္ကန်း”ဆိုတဲ့ စကားဟာ ကထိန်အာနိသင် (၂)မှာ ဆွေးနွေးခဲ့တဲ့ သင်္ကန်းအဓိဋ္ဌာန်တင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အဲဒီမှာ ဆွေးနွေးခဲ့တဲ့ တိစီဝရိက်အဓိဋ္ဌာန်ကို ၀ိနည်းတိစီဝရိတ်လို့ ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ ဓုတင်တိစီဝရိက် ဖြစ်ပါတယ်။ ဓုတင်တိစီဝရိက်ကို ကျင့်သုံးတဲ့ ရဟန်းတော်တွေဟာ သင်္ကန်းသုံးထည်ပဲ ကိုင်ဆောင်သုံးစွဲပါတယ်။ ဘယ်လို အပိုသင်္ကန်းမျိုးကိုမှ မကိုင်ဆောင် မသုံးစွဲကြပါဘူး။ ၀ိနည်းတိစီဝရိက် ကျင့်သုံးတဲ့ ရဟန်းတော်တွေကတော့ သင်္ကန်းသုံးထည်အပြင် အပိုသင်္ကန်းတွေလည်း ကိုင်ဆောင်သုံးစွဲကြပါတယ်။ ကထိန်အာနိသင် (၂)မှာ ဆွေးနွေးခဲ့တဲ့အတိုင်း ဒီနေ့ခေတ် ရဟန်းတော်တွေဟာ သင်္ကန်းကြီး သုံးထည်ကို ပရိက္ခာရစောဠအဓိဋ္ဌာန်တင်ကြပါတယ်။ ပစ္စုဒ္ဓိုရ်ပြုကြပါတယ်။ ၀ိကပ္ပနာပြုကြပါတယ်။ ဒါကြောင့် ဒီပထမကထိနသိက္ခာပုဒ်ကို ရှောင်လွှဲနိုင်ပြီး ကထိန်အာနိသင် ကုန်ဆုံးချိန်မှာလည်း အပိုသင်္ကန်း ကိုင်ဆောင်သုံးစွဲနေကြတာ ဖြစ်ပါတယ်။

ဒီတော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုဘူးဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင် ကရော ရဟန်းတော်တွေအတွက် ထူးထူးခြားခြား အသုံးဝင်ပါသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ စတုတ္တ ကထိန်အကျိုး ကထိန်အာနိသင်ကို “သင်္ကန်းများစွာ ပိုင်ဆိုင်နိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။
(ဆက်ပါအုံးမယ်။)
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၂.၁၁.၁၁)ဗုဒ္ဓဟူးနေ့