သာသနာငါးထောင်ဆိုသည်မှာ -
၁။ပဋိသမ္ဘိဒါပတ္တ
(ပဋိသမ္ဘိဒါလေးပါးရသော) ရဟန္တာခေတ်တထောင်
၂။သုက္ခဝိပဿက
(ဈာန်မရသော)ရဟန္တာခေတ်တစ်ထောင်
၃။အနာဂါမ်
အရိယာခေတ်တစ်ထာင်
၎။သကဒါဂါမ်
အရိယာခေတ်တစ်ထောင်
၅။သောတပန်အရိယာခေတ်တစ်ထောင်
ဤသို့လျှင် ဘုရားရှင်၏ သာသနာတော်သည်
အနှစ်ငါးထောင်ပတ်လုံးတည်ရှိလိမ့်မည်ဟု
(ဘိက္ခုနီခန္ဓကဝိနည်းအဌကထာ)
၌ မိန့်ဆိုတော်မှုသည်။
ဆောင်။ ။ ပ-ဆ-နာ+သ၊ သောခေတ်ပြ၊ ခန္ဓကျမ်းမိန့်ဆို။
ထို့ပြင်
ဒီဃနိကယ် အဌကထာ၌
၁။ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်
တစ်ထောင်
၂။အဘိညာဉ်
ခြောက်ပါးနှင့် ပြည့်စုံသော ဆဌဘိည ရ န္တာခေတ် တစ်ထောင်
၃။တေဝိဇ္ဇ(
ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသော)ရဟန္တာခေတ် တစ်ထောင်
၎။သုက္ခဝိပဿက
ရဟန္တာခေတ် တစ်ထောင်
၅။ပါတိမောက်ခေါ်(အရိယာပုဂ္ဂိုလ်မရှိ)၂၂၇သွယ်သိက္ခာပုဒ်တော်တို့ကို
လုံခြုံစွာထိန်းသိမ်းစောက်ရှောက်၍နေသော ပုထုဇဉ်ရဟန်းများခေတ် တစ်ထောင်
ဤသို့လျှင် မြတ်စွာဘုရား သာသနာတော်ကြီးသည် အနှစ်ငါးထောင်ပတ်လုံး တည်ပေလိမ့်မည်ဟု
မိန့်ဆိုခဲ့လေသည်။
ထို့ပြင်
အဂုင်္တ္တရနိကာယ် အဌကထာကြီး၌
၁။ပဋိသမ္ဘိဒါပတ္တ
ရဟန္တာခေတ် အနှစ်တစ်ထောင်
၂။အဘိညာဉ်
၆-ပါးနှင်ပြည့်စုံသော ဆဠဘိညရဟန္တာခေတ် အနှစ်တစ်ထောင်
၃။အဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသော
တေဝိဇ္ဇာ ရဟန္တာခေတ် အနှစ်တစ်ထောင်
၎။သုက္ခဝိပဿက
ရဟန္တာခေတ် အနှစ်တစ်ထောင်
၅။အနာဂါမ်
သကဒါဂါမ် သောတာပန်ခေတ် အနှစ်တစ်ထောင်
ဤသို့လျှင် အနှစ်ငါးထောင်ပတ်လုံး သာသနာကြီး
တည်ရှိပေလိမ့်မည်ဟု မိန့်တော်မူသည်။
ဆောင်။ ။ပ-ဆ-တေ-သုက်၊ သေက္ခထုတ်၊ သံယုတ်အဂုင်္တ္တိုရ်။
ဤသည်တို့ကား အဌကထာအသီးသီးတို့၌
မိန့်ဆိုတော်မူကြသော သာသနာငါးထောင်ဖြစ်ပါသည်။ ထို့ပြင် ဒါနယုဂခေတ်ငါးရာ၊
သီလယုဂခေတ်ငါးရာ စသည့်ဖြင့် အခြားကျမ်းဂန်တို့၌ ရှိကြသေး၏။ ဤကဲ့သို့ အဆိုအမိန့်ကွဲပြားကြသော်လည်း
သာသနာတော်ခေတ် နှစ်ငါးထောင်ဆိုသော အယူအဆမှာ တသားတည်းပင်ဖြစ်ရမည်။
ဤကဲ့သို့
အဌကတာတို့၌ သာသနာငါးထောင်ဟု ဆိုကြသော်လည်း ဘုရားရှင်၏ အလိုအားဖြင့် ဆိုရသော်
သာသနာတော်ကြီးသည် ငါးထောင်မက ရှည်ကြာနိုင်ပြီး မကြာခင်နှစ်များအတွင်း၌လည်း ကွယ်ပသွားနိုင်ပါသည်။
ဘုရားရှင်နှုတ်တော်မှဟောတော်မှုခဲ့သည်မှာ
မည်ကဲ့သို့ကျင့်ကြံနေထိုင်ကြလျှင်သာသနာတော် အရှည်သဖြင့် တည်တံလိမ့်မည်။
မည်ကဲ့သို့နေထိုင်ကြလျှင်
ဘုရားရှင်၏ သာသနာ တော်အရှည်အကြာမတည်
မကြာမီကွယ်လိမ့်မည်စသည်ဖြင့်
ဟောတော်မူခဲ့ပါသည်။ပဉ္စင်္ရတ္တရနိတာယပဌမသဒ္ဓမ္မသမ္မောသသုတ်နှာ- ၁၉၆၌ ရဟန်းတို့
ဤသာသနာတော်၌ ရဟန်းတို့သည် -
၁။တရားတော်ကို
ရိုသေစွာမနာကုန်။
၂။တရားတော်ကိုရိုသေစွာ
မသင်ကုန်။
၃။တရားတော် ကိုရိုသေစွာ မဆောင်ကုန်။
၎။ဆောင်ထားသော
တရားတော်တို့၏ အနက်အဓိပ္ပာယ်ကို ရိုသေစွာ
ဥာဏ်ဖြင့် မစူးစမ်း မဆင်ခြင်ကုန်။
၅။အနက်သဘောကိုသိ၍
တရားတော်ကိုသိ၍ လောကုတ္တရာ တရားအားလျော်စွာ အကျင့်ကို ရိုသေစွာ မကျင့်ကုန်.
ရဟန်းတို့ ဤတရားငါးမျိုးသည်
သူတော်ကောင်းတရားဟူသော ဘုရားရှင်၏သာသနာတော်
ပျောက်ပျက်ကွယ်ပရန်ဖြစ်ကုန်၏။
ထို့ပြင် အဆိုပါ ပဉ္စဂုင်္တ္တရနိကာယ ဒုတိယ
သမ္မောသသုတ် စာမျက်နှာ -၁၉၈ ၌ပင် ရဟန်းတို့
သာသနာတော်၌ ရဟန်းတို့သည်
၁။သုတၱေဂယ်
- ဝေယျာကရိုဏ်းဂါထာ
ဣတိဝုတ်
ဇာတ် သဗ္ဘူတဓမ္မ ဝေဒလ်္လဟူသော တရားတို့ကို မသင်ကုန်
၂။နာယူပြီး
သင်ယူပြီးသော တရားတို့ကို အကျယ်အားဖြင့် တပါးတို့အားမဟောကြားကုန်
၃။နာယူပြီး
သင်ယူပြီး သော တရားတို့ကို သူတပါးတို့အား မပို့ချကုန်
၎။နာယူပြီး
သင်ယူပြီး သော တရားတို့ကို အကျဉ်းအားဖြင့် ရွတ် အံသရဇ္ဇျာယ်ခြင်း မပြုကြကုန်
၅။နာယူပြီး
သင်ယူပြီးသောတရားတို့ကို စိတ်ဖြင့် အဖန်ဖန် မကြံစည်ကုန်။ ရဟန်းတို့
ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရားတည်းဟူသော ဘုရားသာသနာ ကွယ်ပျောက်ရန် ဖြစ်၏။
တတိယ သဒ္ဓမ္မသမ္မောသုတ်မှာ -၂၀၀၌ လည်း ရဟန်းတို့ မကောင်းသဖြင့် ယူအပ်သော
ပါဠိတို့ကို မကောင်းသဖြင့် ယူအပ်သော ပုဒ်ဗျည်းတို့ဖြင့်
သင်ကြားကုန်ခြင်း၊ မကောင်းသဖြင့် ထားအပ်သော ပုဒ်ဗျည်းအနက်သဘောကိုလည်း ခဲယဉ်းစွာ
သိရ၏။
ရဟန်းတို့နောက်တစ်မျိုးကား ရဟန်းတို့သည်
အပြောရအဆိုရ ခက်ကုန်၏။ အပြောရ အဆိုရခက်ခြင်းကို ပြုတက်ကုန်သော
တရားတို့နှင့်ပြည့်စုံကုန်၏။ သည်းခံခြင်းမရှိကုန် ၊ အဆုံးအမကို ရိုသေစွာမနာကုန်။
ရဟန်းတို့
နောက်တစ်မျိုးကား အကြားမြင်များကုန် အာစုံ ပါဠိနှုတ်တိုက်ကုန် သုတ်အဘိဓမ္မာကို
ဝိနည်းကို မာတိကာကိုဆောင်ကုန်သောရဟန်းတိုသည် ပါဠိတော်ကို
သူတပါးတို့အား
ရိုသေစွာမပို့ချကုန်၊ ထိုရဟန်းတို့ကွယ်လွန်သာအခါ ပါဠိတော်သည် အမြစ်အရင်းပြတ်၏။
ဆောက်တည်ရာမရှိတော့ချေ စသည်ဖြင့် လည်းကောင်း။
မဟာပရိနိဗ္ဗာနသုတ် ၁၁၆ သုတ် မဟာဝါ၌လည်း၊
ရဟန်းတို့ ငါသည် ထူးခြားသော ဥာဏ်ဖြင့်သိ၍ ဟောတော်မူအပ်သော တရားတို့ကို
သင်တို့သည်ကောင်းစွာသင်ယူ၍
မှီဝဲအပ်ကုန်၏။
၌ကဲ့သို့ သင်ယူအပ် ပွားများလေ့ကျင့်အပ်ကုန်သည်ရှိသော် ၌မြက်သောအကျင့်သာသနာတော်သည်
အရှည်ခိုင်ခန့်လျက် တည်တံ့ရာ၏။
ထိုသို့အရှည်တည်တံ့ခြင်းသည် လူအများ၏ စီးပွားချမ်းသာခြင်းအလို့ငှာ လောကကိုစောင့်ရှောက်ရန်အလို့ငှာ
နတ်လူတို့၏ စီးပွားချမ်းသာခြင်းအလို့ငှာဖြစ်၏။
ယင်းသို့
သင်ယူမှီဝဲပါများ အဖန်ဖန်လေ့ကျင့်အပ်ကုန်သော
တရားတို့ကား သတိပဌာန်လေးပါး၊သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣနြေ္ဒငါးပါး၊ ဗိုလ်ငါးပါး၊
ဗောဇ္ဈင်ခုနှစ်ပါး၊
မဂ္ဂင်ရှစ်ပါးတို့ပေတည်း စသည်ဖြင့် လည်းကောင်း ဟောကြားတော်မူခဲ့ပါသည်။
စာရှုသူ၌ဤမျှဆိုလျှင် အဌကထာဆရာတော်တို့၏
အလိုနှင့် ဘုရားရှင်၏ အလိုကို သိရှိပြီး ဖြစ်ပေပြီ။ အဌကထာဆရာတော်တို့၏ အလိုအားဖြင့်
ဘုရားရှင်၏သာသနာတော်ကြီးသည် နှစ်ပေါင်း ၅၀၀၀ ( ငါးထောင်) ပြည့်လျှင်
အလိုလိုကွယ်ပျောက်သွားပေမည်။
တနည်းအားဖြင့်
နှစ်ပေါင်း ငါးထောင်မပြည့်မချင်း
ဘယ်တော့မှ သာသနာမကွယ်နိုင်ဟု
ယူဆရန်ဖြစ်ပါသည်။
ဘုရားရှင်၏အလိုမှာ ဤသို့မဟုတ်ပါလေ ၊ ဘုရားရှင်
ဟောကြားညွန်ပြသည့်အတိုင်း ၇ဟန်းရှင်လူလိုက်နာကျင့်ကြံနေထိုင်ကြပါလျှင်
သူတော်ကောင်းတရားတည်းဟူသော
ဘုရားရှင်၏
သာသနာတော်ကြီးသည် နှစ်ပေါင်း ငါးထောင်မက ငါးသောင်းမက တည်ပေလိမ့်မည်။
ဟောကြားညွန်ပြသည့်အတိုင်း မလိုက်နာ မကျင့်ကြံပဲနေလျှင် ငါးထောင်မဟုတ် ငါးရာ (သို့မဟုတ်)
ငါးဆယ်တည်ချင်မှ တည်ပေလိမ့်မည်။
သာသနာတော်ကြီးမကွယ်ပျောက်စေရန်
ကယ်ဆယ်ဖို့နည်းလမ်းတစ်ခုတည်းသာရှိသည်။
၎င်းမှာ အခြားမဟုတ် ပရိယတ္တိတည်းဟူသော
စာပေသင်ကြားပို့ချမှုပင် ဖြစ်ပါသည်။ ဤနည်းလမ်းမှ အခြားသော နည်းလမ်းမရှိပါ။
ထို့ကြောင့် သံဃာတော်အရှင်မြတ်များအားသိစေလိုသည်မှာ သူတော်ကောင်းတရားတည်းဟူသော
ဘုရားရှင်၏ သာသနာတော်ကြီးမကွယ်ပျောက်စေရန်ပရိယတ္တိသာသနာတော်ကြီး
စည်ပင်ပြန့်ပွားအောင် ကြိုးစားဆောင်ရွက်တော်မူကြ၍ စတုပစ္စယဒါယကာ
ဒါယိကာမအပေါင်းတို့ကလည်း
ပရိယတ္တိစာသင်စာချ ဆရာတော်တို့အား ချီးမြှောက်ထောက်ပံကြပါရန် တိုက်တွန်း၇င်း
နိဂုံးချုပ်အပ်ပါသည်။
ဆရာတော်ဦးအာစရ(အဂ္ဂမဟာပဏ္ဍိတ၊နိုင်ငံတော်သံဃမဟာနာယက)
ဆရာတော်ဦးအာစရ(အဂ္ဂမဟာပဏ္ဍိတ၊နိုင်ငံတော်သံဃမဟာနာယက)
မကျည်းကုန်းကျောင်း၊ဝန်းသိုမြို့နယ်၊
စစ်ကိုင်းတိုင်း
္ပဤဆောင်းပါးကို ဝန်းသိုမြို့ခန္တီးပရိယတ္တိစာသင်တိုက်(၇၅)နှစ်ပြည့်စိန်ရတုရွှေဝန်းရတနာမဂ္ဂဇင်းမှကူးယူဖေါ်ပြပါသည်။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ.(၂၇.၁၂.၁၁)..အင်္ဂါနေ့
EMAIL.ashinvimala2009@gmail.com