Photobucket
Friday, June 29, 2012
ဘဝအမောတွေပြေစေဘိုအားလုံးဘဲရယ်မောကြပါစို့
                        သတင်းသုံးခု
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊
နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့ 
အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊
မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို
ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….
အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့ 
ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "
                  အမေတာဝန်ယူတယ်
"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊
ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"
" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်
လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "
               မှန်လိုက်လေ
လင်မယားနှစ်ယောက် စကားပြောနေကြရာ
မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"
ယောက်ျား " မင်းတို့ မိန်းမတွေကရော"
မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော
ပါးစပ်ကပဲ ပြန်ထုတ်တာ"
သူမ "ငါနိုင်ငံခြားသွားမလို့ "
သူငယ်ချင်း " ဘာလုပ်ဖို့ "
သူမ " ပိုလှအောင် ခွဲစိတ်ကုသမလို့ "
သူငယ်ချင်း " အတော်ကုန်မှာပဲနော်"
သူမ " သိန်း၂၀၀ လောက်တော့ ကုန်မှာပေါ့ "
သူငယ်ချင်း " နှမြောစရာကြီးဟယ်"
သူမ " ကိုယ်ချစ်သူအတွက်ပဲကွာ"
သူငယ်ချင်း " စဉ်းစားပါဦးကွာ။ မင်းမှာရှိတဲ့ သိန်း၂၀၀ကုန်သွားရင်
မင်းချစ်သူက မင်းကို ချစ်ပါဦးမလား"
                         ကယ်တင်ရှင်
ဇိမ်ခံ သဘော်ပေါ်တွင်လိုက်ပါလာသော အပျိုချောတစ်ဦး၏
နေ့စဉ်မှတ်တမ်းတွင်အောက်ပါအတိုင်းရေးထားသည်
ပထမနေ့…အပျံစားသဘော်ဖြစ်သည်။
သဘော်ပေါ်ရှိယောက်ျားများတွင်
captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည်
ဒုတိယနေ့…ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။
တတိယနေ့…သဘော်ကို captain က လိုက်ပြသည်။ထို့နောက် ချစ်ရေးဆိုသည်။
စတုတ္ထနေ့….ယနေ့ည သူ၏အခန်းသို့မလာပါက သဘော်ကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။
ပဉ္စမနေ့… မနေ့က ညက ခရီးသည် 380 နှင့် သဘော်သား 120 တို့၏ အသက်ကို ကယ်တင်လိုက်သည်။
           ပြေးကြည့်ဦး
"မေမေ.ပာိုမှာကြည့်ဦး သူခိုးကို
လူအုပ်က လိုက်ဖမ်းနေတယ်"
"ပာယ်. ပာုတ်လား၊မြန်မြန်သွားကြည့်စမ်း။
နင့်အဖေများ ဖြစ်နေသလားလို့"
                           ပိုင်ရှင်
 တရားရုံးတွင် လင်မယားကွာရှင်းပြတ်စဲလိုမှုကို ကြားနာနေသည်။
ကွားရှင်းပြီးးသည့် အခါ သားသမီးများကို မည်သူက
ပိုင်ဆိုင်သင့်ကြောင်းနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများ လျှောက်လဲ ကြသည်။
 ယောက်ျားဘက်က ရှေ့နေက ပြောသည်။
“ရုံးတော်ကို မေးခွန်းတစ်ခု မေးပါရစေ။ ဆိုကြပါစို့ . . . .
 စက်ထဲကို လူတစ်ယောက်က ပိုက်ဆံ ထည့်လိုက်တယ်။
 စက်က စီးကရက်ဘူးကို ပြန်ထုတ်ပေးလိုက်တယ်။
အဲ့ဒီ စီးကရက်ဘူးကို ဘယ်သူက ပိုင်သလဲ
 ပိုက်ဆံ ထည့်တဲ့သူလား၊ စက်လား”
တရားသူကြီးကပြောသည်။
“ပိုက်ဆံထည့်တဲ့သူပေါ့”
အဲ့ဒါဆိုလဲကလေးတွေကိုကျွန်တော်အမှုသည်ရဲ့လက်ထဲအပ်လိုက်ပါ....
                                 စတုတ္ထအကြောင်း
 ဆေးတက္ကသိုလ်တွင် ကလေး ဆေးပညာဘာသာရပ်ကို စစ်ဆေးနေသည်။
 မွေးခါနီး ကလေးငယ်ကို မှန်မှန်ကန်ကန် ဖွံ့ဖြိုးကြီးထွားစေရန် မည်ကဲ့သို့
 ပြုစုရမည်နှင့် ဆက်စပ်သည့် မေးခွန်းတွေကို ဖြေရမည်ဖြစ်သည်။
သို့သော် ကောင်းမွန်စွား ပြင်ဆင်ကျက်မှတ်ထားခြင်းမရှိသဖြင့်
စာမေးပွဲခန်းထဲမ၀င်ခင်ကတည်းက စိတ်လှုပ်ရှားနေသည်။
ထင်သည့်အတိုင်းပင်။ ဘယ်မေးခွန်းမှ မလွယ်။
 အခက်ဆုံးမှာ “စက်ရုံထုတ်နို့ဘူးနှင့် နှိုင်းယှဉ်လျှင် မိခင်နို့၏
 အားသာချက်လေးခုကို ဖေါ်ပြပါ”
 ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
 အဖြေကို ဆေးကျောင်းသား မသိ။ အမျိုးမျိုး စဉ်းစားကြည့်သည်။ မရ။
အချိန်အတန်ကြာသွားမှ အားသာချက် သုံးခု ပေါ်ထွက်လာသည်။
 (၁) မိခင်နို့ကို ကျိုချက်ရန်မလို။
 (၂) ဘယ်အချိန်သောက်သောက် အန္တရာယ်မရှိ။
 (၃) လိုတဲ့အချိန်မှာရသည်။
 စတုတ္ထအားသာချက် အဘယ်နည်း။
 ဖြစ်နိုင်တာတွေတွေးကြည့်သည်။
 ဘာမှ မယ်မယ်ရရပေါ်မလာ။
 သတ်မှတ်ထားသော အချိန်ကုန်ဖို့ တဖြည်းဖြည်းနီးလာသည်။
 စဉ်းစား၍ မရသေး။
 ကျောင်းသား နဖူးမှာ ချွေးစို့လာသည်။
 ဗြုန်းဆို ဘေးနားမှာ ထိုင်နေသော ကျောင်းသူတစ်ယောက်သည် ထိုင်နေရာမှ ထလိုက်သည်။
 မိမိအဖြေလွှာကို အပ်ရန် ဒေါက်ဒေါက် ဒေါက်ဒေါက်နှင့် တစ်ကိုယ်လုံးကို
 လှုပ်ခါပြီး လျှောက်ထွက်သွားသည်။
သူမကို ကြည့်ပြီး ကျောင်းသာ၏မျက်လုံး အရောင်လက်လာသည်။
 ခေါင်းထဲကို အတွေးတစ်ခု ဖျတ်ကနဲ ၀င်လာသည်။
အဲ့ဒီအတွေကို ချက်ချင်းပင် ချရေးလိုက်သည်။
 “ (၄) ဘယ်လိုပင် ပါကင်ထုတ်ထား ထုတ်ထား တအားကြည့်လို့ကောင်းသည်။”.................
                                                အပြစ်
လူကြီးတစ်ယောက် အာပတ်ဖြေရန် ခရစ်ယာန်ဘုရားကျောင်းသို့ ရောက်လာသည်။
 ဘုန်းကြီးကို ပြောသည်
“ကျွန်တော် အပြစ်လုပ်ခဲ့မိပါတယ်”
 “ဘာလုပ်ခဲ့လဲ ပြော။ ဖာသာ နားထောင်နေပါတယ်”
 “ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျူးတစ်ယောက်ကို နာဇီတွေလက်က လွတ်အောင်
ကျနော့ရဲ့ မြေအောက်ခန်းထဲမှာ ၀ှက်ထားခဲ့ပါတယ်”
 “အဲ့ဒါ အပြစ်မဟုတ်ဘူး ငါ့သား”
 “ဒီလိုပါ ဖာသာ။ အဲ့ဒီလူဆီက တစ်ပတ်ကို ရူဘယ်နှစ်ဆယ် ယူခဲ့ပါတယ်”
“အင်း . . . ဒါအပြစ်ပဲ၊ ဒါပေမယ့် သိပ်ကြီးလေးတဲ့အပြစ်မဟုတ်ပါဘူး၊
ဘုရာသခင် ခွင့်လွှတ်မှာပါ။ ကိုင်း . . . စိတ်အေးအေးထားပြီးသာပြန်ပေတော့”
“နောက်ထပ်မေးပါရစေဦး ဖာသာ”
 “မေးပါ . . . ဖာသာ နားထောင်နေပါတယ်”
 “ဒုတိယ ကမ္ဘာစစ် ပြီးပြီဆိုတာ သူ့ကိုပြောလိုက်ရတော့မလားဟင် . . .”
 အားလုံးဘဲရယ်မောပျော်ရွှင်ကြပါစေ...
No comments:
Post a Comment