Photobucket
Friday, March 30, 2012
ဘာသာစကားမှသည် ဘာသာတရားဆီသို့
                                            ဓာတ်ပုံကိုချယ်ရီမြေမှကူးယူဖေါ်ပြပါသည်
                    ဘာသာစကားမှသည်…ဘာသာတရားဆီသို့
                                                                                          လင်းဝံသ
လူမျိုးရှိပါလျှက် ဘာသာနှင့်ယဉ်ကျေးမှု့ပျောက်ခြင်းသည်
လူမျိုးပျောက်ခြင်းထက် ရင်နာစရာကောင်းလှပါတယ်။ဒါကြောင့်အနာဂါတ်မှာ
ရင်မနာကျစေဖို့...... 
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
“ဘာသာ”ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ကြည့်ရင် အကြမ်းဖျင်းအားဖြင့် ဒီလိုတွေ့ရမှာပါ။
၁။ ယုံကြည်ကိုးကွယ်သည့်အရာ
၂။ ပြောဆိုသုံးစွဲသောစကား
၃။ အကြောင်းအရာတခု
ဥပမာအားဖြင့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ။ ဗမာစကား၊ အင်္ဂလိပ်စကား။ 
သင်္ချာဘာသာ၊ ရူပဗေဒဘာသာ။ ဒါဟာ အကျဉ်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပြီး
ဥပမာပေးကြည့်တာပါ။ ဒီ့ထက်မက ကျယ်ပြန့်နက် ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ 
ဥပမာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။
ယနေ့မျက်မှောက်ခေတ်ကမ္ဘာမှာ လူသားတို့ ပြောဆိုသုံးစွဲနေတဲ့ ဘာသာစကားပေါင်း 
(၆၅၀၀)ခန့် ရှိတယ်လို့ ဘာသာဗေဒပညာရှင်တွေက ဆိုပါတယ်။ အဲဒီဘာသာ 
စကားတွေထဲက နှစ်စဉ်နှစ်တိုင်း ကိုယ်ခံအား ကျဆင်းလာနေတဲ့ 
ဘာသာစကားတွေဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ်လာနေကြပါတယ်။ 
ထင်ရှားတဲ့ဥပမာ နှစ်ခုကတော့ အရှေ့တိုင်းမှာ ပါဠိ (Pali) ဘာသာစကားနဲ့ 
အနောက်တိုင်းမှာ လက်တင် (Latin) ဘာသာစကား တွေပဲဖြစ်ပါတယ်။
အဲဒီဘာသာစကားနှစ်ခုကို ပညာရှင်အချို့က Dead Language လို့တောင် ပြောဆိုေြ
ကတာပါ။ ဒီစကားဟာ “ဝေါဟာရစကားလုံး အသစ်မတိုးပွားတာ၊ 
မျက်မှောက်ခေတ်လူတွေ ပြောဆိုသုံးစွဲမှု အလွန်ကို နည်းပါးသွားတာတွေကြောင့်”ပဲ 
ဖြစ်မှာပါ။ အရေအတွက်အားဖြင့် မပြောပလောက်တော့တဲ့ ထိပ်တန်း 
ဘာသာဗေဒပညာရှင် အချို့ကလွဲရင် အဲဒီဘာသာ စကားနှစ်ခုကို ဒီနေ့ကမ္ဘာမှာ 
ဘယ်သူမှ မပြောကြတော့ပါဘူး။ စာအဖြစ်နဲ့ပဲ ကျန်ရှိတော့တာပါ။
လူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှုတွေ တိုးတက်ထွန်းကားလာတဲ့ အကြောင်းတွေ 
များစွာရှိတဲ့အထဲက အဓိကအကြောင်းရင်း တခုကတော့ ဘာသာစကား 
Language) တီထွင်ပေါ်ပေါက်လာခြင်းပဲ ဖြစ်ပါတယ်။ 
ဘာသာစကားပေါ်ပေါက်လာပုံနဲ့ ပတ်သက်တဲ့ အယူအဆတွေ 
 အမျိုးမျိုးရှိတဲ့အထဲမှာ တူညီနေတဲ့အချက် တခုကတော့ ဘာသာစကားတခုရဲ့အစဟာ 
“အသံ” ပဲဖြစ်ပါတယ်တဲ့။ ပညာဥာဏ်ကြီးမား ထက်မြက်တဲ့ သူတွေက အသံရင်း 
(Phoneme) တွေကို စံပြုသတ်မှတ်ကြပြီး အပြော ဘာသာစကား (Spoken Language)ကို 
စတင် တည်ထွင်ခဲ့ကြပါတယ်။ အဲဒီနောက်မှ “နှုတ်တရာ စာတလုံး” သဘောနဲ့ 
အရှည်ခံ့ပြီး တည်တံ့အောင် ရေးခြစ်လို့ရတဲ့ရုပ်ရင်း (Morpheme) 
တွေကို ထပ်မံတီထွင်ခဲ့ကြပြန်ပါတယ်။ ဒါကြောင့် အရေးဘာသာစကား 
(Written Language) ပေါ်ပေါက်လာခဲ့တာပါ။
ဒီအရေးဘာသာစကားကြောင့်ပဲ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းရာ ထောင်များစွာက 
 ဖြစ်ပျက် ခဲ့တဲ့ အကြောင်းအရာတွေ၊ အတွေ့အကြုံတွေကို မှတ်တမ်းတင် 
 ရေးထိုးနိုင်ခဲ့ကြ တာပါ။ နှစ်ဆယ့်တရာစုကာလရောက်စမှာ 
 ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနီဆက်အဖွဲ့အစည်းကြီးက အနာဂတ်မျိုးဆက်သစ် 
ကမ္ဘာ့လူငယ်တွေအတွက် ဘာသာစကားဆိုင်ရာ လမ်းညွှန်ချက်
 တခုကို ထုတ်ပြန်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီလမ်းညွှန်ချက်ကတော့ 
ခေတ်လူငယ်တွေဟာ မျက်မှောက်ခေတ်မှာ ဘာသာစကားလေးမျိုးကို သင်ယူ 
တတ်မြောက် ထားသင့်ပါတယ်တဲ့။ အဲဒီလေးမျိုးကတော့…
(၁) မိခင်ဘာသာစကား (Native Language)
(၂) နိုင်ငံတကာသုံးဘာသာစကား (International Language)
(၃) ဒေသဆိုင်ရာဘာသာစကား (Regional Language)
(၄) ကွန်ပျူတာဘာသာစကား (Computer Language)  တို့ပဲဖြစ်ပါတယ်။
မြန်မာလူငယ်တယောက်အဖို့ မိခင်ဘာသာစကားက 
မြန်မာစကားပါပဲ။ နိုင်ငံတကာသုံးဘာသာစကား အနေနဲ့ကတော့ 
အားလုံးလက်ခံထားကြတဲ့အတိုင်း အင်္ဂလိပ် စကားပါ။ ဒေသဆိုင်ရာဘာသာ 
စကားဆိုတာကတော့ ဒေသတွင်းမှာအသုံးများတဲ့ ဘာသာစကား တမျိုးမျိုးကို ဆိုလိုတာပါ။ 
ဥပမာ အာရှမှာဆိုရင် တရုတ်၊ ဂျပန်နဲ့ ကိုးရီးယားဘာသာ စကားတွေပါ။ 
ဒီနေ့ခေတ်ဟာ အိုင်တီခေတ်၊ အင်တာနက်ခေတ်ဆိုတော့ 
ခေတ်နဲ့အညီသွားနိုင်ဖို့ ခေတ်ကိုအမီလိုက်နိုင်ဖို့အတွက် ကွန်ပျူတာ ဘာသာစကား 
 ကိုလည်း တတ်ထားသင့်ပါတယ်တဲ့။ အဲဒီလို ခေတ်နဲ့အညီသွားနိုင်မှ၊ 
ခေတ်ကိုအမီလိုက်နိုင်မှ ခေတ်ရဲ့သားကောင်းတစ်ယောက် ဖြစ်မှာပါ၊ မဟုတ်ရင်တော့ 
ခေတ်ရဲ့ သားကောင် ဖြစ်သွား နိုင်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူငယ်တွေအတွက်တော့ မိခင်ဘာသာ 
စကားဖြစ်တဲ့ မြန်မာစကားကို အထူးကြောင့်ကြစိုက်ပြီး တကူးတက လေ့လာနေစရာ
 မလိုပါဘူး၊ သူ့အလိုလိုတတ် မြောက်လာမှာပါ။ ပတ်ဝန်းကျင်အားလုံးက 
ဒီစကားကိုပဲ နေ့စဉ်ပြောဆိုသုံးစွဲနေကြတာကိုး။ စကား 
အတွက်အားမစိုက်ရပေမဲ့ စာပေအတွက်တော့ တကူးတကလေ့လာမ
ှ တကယ်တတ်မြောက်မှာပါ။
“မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား”ဆိုပေမဲ့ အမှုမဲ့အမှတ်မဲ့နဲ့ 
မလေ့လာဘဲနေရင် တကယ်တတ်ကျွမ်းနားလည်ဖို့ မလွယ်ကူပါဘူး။ ဒီနေ့ခေတ် 
မြန်မာပြည်တွင်းမှာ ရှင်သန်လှုပ်ရှား နေထိုင်ကြတဲ့ မြန်မာ့လူငယ်တွေ 
ဝီရိယစိုက်ပြီး လေ့လာနေကြတာကတော့ နိုင်ငံခြားဘာသာစကား တမျိုးမျိုးနဲ့ 
ကွန်ပျူတာပညာပဲ ဖြစ်ပါတယ်။ ဘာသာစကားများစွာထဲကမှ 
အားလုံးသိကြတဲ့အတိုင်း နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာ၊ 
အင်္ဂလိပ်စကားကို လူငယ်တိုင်းနီးပါး လေ့လာနေကြတာပါ။
ဘာသာစကားပြောသင်တန်းတွေနဲ့ ကွန်ပျူတာသင်တန်းတွေကိုလည်း နေရာတိုင်း 
 နီးပါးမှာ တွေ့နေကြရပါပြီ။ ဒါဟာ အနာဂတ်မြန်မာ့လူငယ်တွေအတွက် ကောင်းတဲ့ 
လက္ခဏာ တရပ်ပါပဲ။ အရင်တုန်းက တောရွာတွေနဲ့မြို့ပြတွေက 
နွေရာသီ  ဗုဒ္ဓဘာသာသင်တန်းတွေမှာ “ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်း”တွေကို
 အစဉ်အလာ အတိုင်း သမားရိုးကျ သင်ကြားပို့ချ လာခဲ့ကြပေမဲ့ ခုခေတ်မှာတော့ 
“ယဉ်ကျေးလိမ္မာ ဗုဒ္ဓသာသာ အင်္ဂလိပ်စာ သင်တန်း”ဆိုပြီး ခေတ်နဲ့အညီပြောင်းလဲကာ
 လေ့လာသင် ကြားပို့ချ ပေးနေကြပါပြီ။ ခေတ်လူငယ်တွေ 
ဒီလိုသင်တန်းမျိုးတွေကို အားတက်သရောနဲ့ လာတက်ချင်အောင် 
သူတို့စိတ်ဝင်စားတဲ့ ဘာသာစကားကိုပါ ထည့်သွင်း သင်ကြားပေးတဲ့သဘော၊ 
ခေတ်နဲ့အညီ ရှေ့သို့ချီနိုင်အောင် လူငယ်တွေအတွက် 
စေတနာတွေ ဝေဖြာစေတဲ့သဘောလည်းပါသလို ဘာသာတရားနဲ့ ရင်းနှီးလာအောင် 
ဆွဲဆောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ပညာဒါန 
သင်ကြားပေးကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာဆိုရင် 
ကွန်ပျူတာပညာရပ်ကိုပါ သင်ကြားပို့ချပေးနေကြပါပြီ။
ပြည်တွင်းကလူငယ်တွေနဲ့ ပြည်ပနိုင်ငံတွေမှာ အခြေချနေထိုင်ကြတဲ့ 
 မြန်မာ့လူငယ်တွေဟာ ပြောင်းပြန်လို့ ပြောရတော့မှာပါ။ သူတို့လေးတွေကတော့ 
နိုင်ငံတာကာသုံး ဘာသာစကားနဲ့ ကွန်ပျူတာ ဘာသာစကားကို မိခင်ဘာသာ 
စကားထက်တောင် တတ်ကျွမ်းနေကြပါပြီ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ 
ပြည်ပနိုင်ငံတွေကို ရောက်လာတဲ့ ကလေးသူငယ်တွေ၊ ပြည်ပနိုင်ငံတွေမှာ 
ပဲမွေးဖွားလာကြတဲ့ မြန်မာ့ ကလေးသူငယ်တွေအတွက်ကတော့ မြန်
်မာစကားပြောဖို့ အခွင့်အလမ်းတွေ အတော်ကို နည်းပါး သွားကြ ပါတယ်။
စာသင်ကျောင်းတွေနဲ့ ပတ်ဝန်းကျင်အားလုံးက အင်္ဂလိပ်လိုပဲပြောကြတော့ 
မိခင်ဘာသာ မြန်မာစကားကို ကိုယ့်အိမ်ဆိုတဲ့ ဘောင်ကျဉ်း ကျဉ်းလေး ထဲမှာပဲ 
ပြောရ, ကြားရ တော့တာပါ။ ပြည်တွင်း ကလူငယ်တွေ နိုင်ငံတကာသုံး 
ဘာသာစကားကို လေ့လာသင်ယူ သလိုမျိုး မိခင်ဘာသာ စကားကို လေ့လာ 
သင်ယူနိုင်မှ တော်ကာကျမှာပါ။
တချို့ကတော့ “ကာလံ ဒေသံ၊ အဂ္ဃံ ဓနံ။ ရောမရောက်တော့ ရောမလိုကျင့်ရတာပေါ့။ 
 နိုင်ငံခြား မှာနေတာပဲ၊ ဗမာစကားမတတ်တော့ ဘာဖြစ်သေးလဲ၊ ဗမာစကားမတတ်တာ 
ဘ၀မှာ ဘာများအရေး ကြီးလို့လဲ”လို့ ပြောတတ်ကြပါတယ်။ 
တချို့မိဘတွေကလည်း ကိုယ့်သားသမီးတွေ ဗမာစကားမပြော 
တတ်တာကိုပဲ တလွှဲဂုဏ်ယူနေကြတာမျိုးတွေ ရှိပါတယ်။ 
တချို့မိဘတွေကတော့ “မတတ်နိုင်ဘူးဟေ့၊ အချိန်မရှိတော့ 
ဒီလိုပဲ ပစ်ထားလိုက်ရတော့တာပဲ”ဆိုပြီး အကြောင်းပြတတ်ကြပါတယ်။ အများစုက 
လူ ကြီးတွေ၊ မိဘတွေပြောတာကို ကလေးတွေက 
နားလည်ရုံသာနားလည်ပြီး ပြန်မပြောတတ်ကြတော့ပါ ဘူး။ 
 အဲဒီလိုဖြစ်သွားတာဟာ ကိုယ့်သားသမီးကို တဖြေးဖြေးနဲ့ ဆုံးရှုံးမှန်းမသိ 
 ဆုံးရုံးလာနေတာပါ။ မိဘနဲ့သားသမီး ဝေးမှန်းမသိ ဝေးလာနေတာပါ။
ဘာသာစကားမတတ်ရင် အဲဒီဘာသာစကားပြောသူတွေရဲ့ 
ရိုးရာယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေ၊ တန်ဖိုးတွေကို ထဲထဲဝင်ဝင်သိနိုင်ဖို့ 
မလွယ်ကူပါဘူး။ အင်္ဂလိပ်ကျောင်းမှာနေ၊ အင်္ဂလိပ်လိုပဲပြော၊ အင်္ဂလိပ်လူငယ်တွေနဲ့ပဲ 
 အင်္ဂလိပ်ယဉ်ကျေးမှုနဲ့ပဲ ကြီးပြင်းလာခဲ့ရင် မိဘတွေကို တန်ဖိုး 
ထားလေးစားရမှန်းမသိ၊ မိဘကျေးဇူးကို သိပြီးတော့ ပြန်ဆပ်ရကောင်းမှန်း 
 မသိဖြစ်လာပြီး နောက်ဆုံး မိဘတွေ အသက်ကြီးလာတဲ့အခါမှာ ပြုစုစောင့်ရှောက်ရ
ကောင်းမှန်းမသိဘဲ လူအိုရုံတွေကို ပို့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ လူအိုရုံတွေကိုမရောက်ချင်ရင် ကိုယ့်သား 
သမီးတွေကို ငယ်စဉ်အခါကတည်းက မြန်မာစကားပြော တတ်အောင်၊ မြန်မာ့ ယဉ်ကျေးမှု 
မြန်မာ့ ဘာသာတရားနဲ့ နီးစပ်နေအောင် သင်ပေးထားဖို့လိုပါလိမ့်မယ်။ ဒါဟာ 
 အခြားလူမျိုး ရဲ့ယဉ်ကျေးမှုကို မကောင်းမြင်နဲ့ပြောတာ မဟုတ်ပါဘူး။
အဓိကပြောလိုရင်းကတော့ မြန်မာ့ဘဝ၊ မြန်မာ့ဓလေ့နဲ့ကိုက်ညီပြီး၊ မြန်မာတို့ 
 သိထားသင့်တဲ့ ဗုဒ္ဓဝါဒနဲ့ ယဉ်ကျေးမှုတို့ကို အပြည့်အစုံဆုံး ရေးသားနိုင် တာက 
 မြန်မာ ဘုန်း တော်ကြီးများနဲ့ မြန်မာပညာရှင်ကြီးများဖြစ်ပါတယ်။ မြန်မာပညာရှင်တို့ 
ရေးသားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များက လည်း မြန်မာဘာသာနဲ့သာ အပြည့် 
အစုံဆုံးရှိကြ တာဖြစ်လို့ မြန်မာစာ မြန်မာစကားမတတ်တဲ့ ပြည်ပရောက် 
မြန်မာကလေးငယ်များ အတွက် မိမိတို့ရဲ့ ကိုးကွယ်ရာ ဘာသာတရားနဲ့ 
ယဉ်ကျေးမှုများ၊ တဖြည်းဖြည်း အလှမ်းဝေးပြီး အမျိုး ဘာသာ 
သာသနာတို့နဲ့ပါ ဝေးကွာသွားကြရမည့်အရေးကို အချိန်မီ ကြိုတင်တားဆီး နိုင်ကြဖို့ပါ။
သူတို့ယဉ်ကျေး မှုမှာလည်း ကောင်းတာတွေ အများကြီး ရှိပါတယ်။ ယူသင့်တာကို 
 ယူပြီး ပယ်သင့်တာကို ပယ်တတ်ဖို့ ဆိုလိုတာပါ။  တကယ်တော့ လူမျိုးတိုင်းက 
 ကိုယ့်ဘာသာ စကား၊ ကိုယ့်ဘာသာတရားနဲ့ ကိုယ့်ရိုးရာယဉ် 
ကျေးမှုအစဉ်အလာတွေကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြတာချည်းပါပဲ။ 
ဒါပေမဲ့ စနစ်တကျနဲ့ ဘယ်လို ထိန်းသိမ်း စောင့်ရှောက်ရမယ်၊ 
ဘယ်လိုလက်ဆင့်ကမ်း မျှဝေပေးရမယ်ဆိုတာကိုတော့ သိတဲ့သူ 
နည်း ပါလိမ့်မယ်။ မိခင်ဘာသာမြန်မာစာ မြန်မာစကားကို တန်ဖိုးမထားတတ် 
 သူတွေအတွက်   ဆရာကြီး ဦးလင်းက
“မြန်မာစာ ဈေးမရှိတာမို့၊ ဆွေးမချိ နောက်ဘွယ်၊
ရှေးက၀ိ ပျောက်ကွယ်သည်၊ အထောက်ဝယ် အိုချို့၊
စာကုံးမူ ဘိုးမတန်သည်၊ ကျိုးမသန် ကြပ်တဲ့ခါမို့၊
ရှေးမြန်မာ ထုံးမထွင်သည်၊ ချုံးမရွှင် သွေညို့၊
သုံးမ၀င် အခြေရို့တာမို့၊ ကဝေတို့ နွမ်းနယ်၊
အေ ဘီ စီ အခြေစားလောက်မှ၊ နေအထား ဖြောင့်ဘုတကယ်၊
ခေတ်အလိုက် အရိုးကွယ်သည်၊ မျိုးအနွယ် တိမ်ခဲ့ပေါ့၊
နှိမ်ဖဲ့လို့ အောင်ချတာ၊ ကြောက်ဘွဲ့အခါ၊
မျိုးမြန်မာ အသုံးစာနှယ်၊ နှလုံးနာ ခေတ်ကြီးမို့လေး။” ဆိုတဲ့ 
တေးထပ်နဲ့ရေးစပ်ကာ ဒီလိုလေးသတိပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့လေး,ငါးနှစ်လောက်ကစပြီး မြန်မာနိုင်ငံကဆရာတော်များ ပြည်ပနိုင်ငံ 
 တွေကိုကြွ ရောက်ကာ တရားဓမ္မဟောပြောမှုတွေ များပြားလာခဲ့ပါတယ်။ မသိသေးတဲ့ 
တရားတွေ သိရ နာရ ကြားရ၊ သိပြီးသားတရားတွေ ပိုပြီးခိုင်မာစွာသိရ၊ 
ကုသိုလ်ကောင်းမှု အသစ်တွေ ပြုခွင့်ရတဲ့အတွက် အလွန်ပဲ အကျိုးကျေးဇူး ကြီးမားပါတယ်။ 
အဲဒီလို ဆရာတော်ကြီးတွေ ကြွရောက်တရားဟောနိုင်ကြတာဟာ အကြောင်းအမျိုးမျိုးနဲ့ 
အမြဲမပြတ် ပြောင်းရွေ့လာကြတဲ့ ရွေ့ပြောင်းအခြေချ နေထိုင်သူတွေကြောင့်ပါ။ 
တကယ်လို့သာ အဲဒီရွေ့ပြောင်း အခြေချ နေထိုင်သူတွေက မွေးဖွားလာကြတဲ့ ကလေးတွေကို 
မိခင် ဘာသာ စကားမသင်ပေးဘူး၊ မပြောစေဘူးဆိုရင် နောင်လာမဲ့အနှစ်, 
နှစ်ဆယ်လောက်မှာ ဆရာတော်တွေ အခုလိုကြွရောက်ပြီး 
မြန်မာဘာသာစကားနဲ့ တရားဟောဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စတစ်ခု ဖြစ်သွားနိုင် ပါတယ်။
ရိုးရာယဉ်ကျေးမှုတွေ၊ မိခင်ဘာသာစကား, မိခင်ဘာသာ တရားတွေနဲ့ ရင်းနှီးကျွမ်းဝင် 
လာဖို့ အကောင်းဆုံး ကူညီပေးနိုင်တဲ့ နေရာကတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး 
ကျောင်းတွေပါပဲ။ နိုင်ငံခြားမှာရှိ ကြတဲ့ ဘုန်းတော်ကြီးကျောင်းအများစုဟာ 
“ယဉ်ကျေးလိမ္မာ မြန်မာစာသင်တန်း”တွေ သင်ကြားပို့ချပေးဖို့ အဆင်သင့်ဖြစ်နေ ကြပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေကလည်း လစဉ်ရာသီအလိုက် ရိုးရာယဉ် ကျေးမှုပွဲတော် 
တွေ၊ တရားပွဲတွေ ကျင်းပရုံတင်မကဘဲ အနာဂတ်ကို ကမ်းလင့်ကြို မျိုးဆက်သစ် ကို 
နေရာလွှဲ လိမ္မာယဉ်ကျေးတဲ့ ရင်သွေးရတနာလေးတွေဖြစ်လာစေဖို့ အချိန်ပေးကြရမှာပါ။ 
အနာဂတ် မျိုးဆက်သစ်စီမံကိန်း ခိုင်ခိုင်မာမာ မရှိတဲ့ လူ့အဖွဲ့အစည်း တိုင်းဟာ 
တချိန်ချိန်မှာ အင်အားချည့်နဲ့ပြီး ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရ တတ်ပါတယ်။
မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်ဘာသာ ကိုယ့်စကားကို လေးစားမြတ်နိုး 
 တန်ဖိုးထားပြီး ကိုယ့်သားသမီးတွေကို လက်ဆင့်ကမ်း အမွေပေးတတ်ဖို့ လိုပါတယ်။ 
 မိခင်ဘာသာ စကားတတ်ရင် မိခင်ဘာသာ တရားနဲ့လည်း ပိုပြီးနီးစပ်နိုင်ပါတယ်။
ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ် ငယ်စဉ်အခါကတည်းက စာသင်ကျောင်း 
 ကနေ ဖြစ်စေ၊ ဘာသာရေးကျောင်းကနေဖြစ်စေ၊ မိဘဘိုးဘွားတွေဆီက နေဖြစ်စေ 
ဘာသာ တရားရဲ့အဆုံး အမတွေကို မနာကြားခဲ့ရဘူးဆိုရင် ကိုယ်နှုတ်စိတ်ယဉ်ကျေးမှုနဲ့ 
ကိုယ်ကျင့် တရားတွေမှာ အားနည်း သွားတတ်ပါတယ်။ မိဘတွေကိုယ်တိုင်က 
မိမိတို့ရဲ့ရင်သွေး ရတနာ လေးတွေကို ဘုန်းကြီးကျောင်းကို သွားတိုင်း ခေါ်သွားသင့်ပါတယ်။
ဒါဟာ ဘာသာစကား၊ ဘာသာတရားနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ အကောင်း 
 ဆုံးနည်းလမ်းတစ်ခုပါ။   “ရင်း”မှ “နီး”မှာပါ။ “ကျွမ်း”မှ “၀င်”မှာပါ။  
 ပြည်ပနိုင်ငံတွေမှာ အခြေချနေထိုင် ကြတဲ့ မြန်မာ လူမျိုးတွေအတွက် 
ကိုယ့်သားသမီးတွေကိုပေးဖို့ အကောင်းဆုံးအမွေတွေထဲမှာ  မိခင်ဘာသာ 
စကားနဲ့ မိခင်ဘာသာတရားတို့ဟာလည်း မပါမပြီး ဆိုတာကို အလေးထား တတ်ကြဖို့ 
ပြောနေ ခြင်း ဖြစ်ပါတယ်။
ဘာသာစကားနဲ့ စာပေဆိုတာ ရှေးပညာရှိပုဂ္ဂိုလ် အစဉ်အဆက် ပြုစုပျိုးထောင် 
 စောင့်ရှောက် လာခဲ့ကြတဲ့ ကြီးကျယ်တဲ့ ပညာရပ် ဖြစ်ပါ တယ်။ မြန်မာ လူမျိုးတွေရဲ့ 
 စကားအသုံး အနှုံးတွေက ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာနဲ့ မကင်းတာကြောင့် 
တရားနဲ့ရင်းနှီးလိုရင် ဒီတရားကို အပြည့်စုံဆုံးဖေါ်ပြ တဲ့ ဘာသာ စကားကို အရင် 
တတ်မြောက်ဖို့ လိုအပ်တယ် ဆိုတာကို အလေးအနက်ပြုနိုင်ကြပါစေ…..။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၃၁.၃.၁၂)စနေနေ့
Email..ashinvimala2009@gmail.com
Saturday, March 24, 2012
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၂)
                                                            (အဇူဇာကျောင်းဆရာတော်များနှင့်ဂေါပကလူကြီးများ   ဘုရားကြိုဆိုအပြီးတွင်အမှတ်တရ  )
PDF Print E-mail
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ ()
အရှင်ဧသက
          ရန်မျိုးအောင်တစ်ယောက် ဂုဏ်တော်ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလား မသိ၊
တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊
ဈေးသွား ဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊် တစ်ခါတရံ
အာခေါင်တွေခြောက်ပြီး လျှာပင်ပူလာတဲ့အထိဖြစ်ခဲ့ရတယ်။
           ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှ အခြားနှစ်ယောက်
ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း
လုပ်နေရတော့တယ်။ မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်တယ်။ ရန်မျိုး
အောင်စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့
အလုပ်ထွက်တော့မယ်လို့ စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို တစ်ပါ
တည်းပင့်နိုင်မှ ငါထွက်တော့မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကို
သာ အဖန်ဖန်ရွတ်ပွားနေတော့တယ်။
    တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို     ပင်ရောက်ခဲ့ပေပြီ။ ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး
ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာဂုဏ်တော်သာ ရွတ်နေဆဲပင်။
       တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက်လာတယ်၊  ရန်မျိုးအောင် အလုပ်လုပ်နေရာမှထွက်လာပြီး
အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။အဖိုးကြီးကို မေတ္တာပို့ တယ်၊  အဖိုးကြီး မပြန်မချင်း စူးစူး
စိုက်စိုက်ပို့နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က
အချည်းအနှီးမဖြစ်ပါပေ။ဗုဒ္ဓဘာသာဝင်တို့ရဲ့ အားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။လက်နက်ကောင်း
တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။  ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့်
ဒလပ်စပ် ပစ်ခတ်နေပေပြီ။
      နောက်တစ်ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလရက်နေ့ပေါ့၊ ဆိုင်ကိုစောစော
လာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ်
အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါတယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိ
လှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။ ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်
မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို့ရန်မျိုးအောင် ထင်နေမိတယ်.. ။
       ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ငါ့များအလုပ်ဖြုတ်တော့
မှာလားဆိုတဲ့အတွေးက ပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ဘုရားရုပ်
ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။ ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ
ထင်မြင်နိုင်တယ်။ ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေရိုက်ခဲ့ပြီ။ သူရည်ရွယ်တာ
က ဘုရားကြီးကို ငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီး အကူအညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။
ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာအပြစ်ရှိသူ
တယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလိုအင်အားကြီးတဲ့
သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီး သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့ မျှော်လင့်
ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆို
ဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။  သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့ “ရန်-လာ၊ ထိုင်”   လို့  ကြိုဆိုနှုတ်ဆက်တော့  ရန်မျိုးအောင် အနည်းငယ်
စိတ်သက်သာသွားတယ်။  သူဋ္ဌေးက  သူ့ကို ပြုံးရွှင်စွာကြည့်ပြီး “ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။”
“ဟာ-တကယ်လား” ရန်မျိုးအောင် အရမ်းဝမ်းသာသွားကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။ သူဋ္ဌေး
အား  လက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”လို့လှိုက်လှိုက်လှဲလှဲ ဆိုမိတယ်။
       သူဋ္ဌေးကဆက်ပြောတယ် “ဒီကောင်လေးဆိုရင်ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။”
လို့ သူ့ဖခင်ရဲ့သဘောထားကိုပါရှင်းပြတော့။“အော်- ဟုတ်    
လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။”
      ရန်မျိုးအောင်သိလိုက်ပါပြီ၊ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့ နှလုံးသားကိုထိမှန်ခဲ့ပေပြီ။
ဘုရားဂုဏ်တော်တို့ ရဲ့  အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည်
သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း  ကိုယ့်ပမာဏအလိုက်
အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေးအတွက် ထိုအားကိုးရာ လက်နှက်ကောင်းတစ်ခုကို
ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။
ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။
        ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီးပင့်နိုင်ရေးကသာ
အဓိကမျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။ ရန်မျိုးအောင်ရဲ့
စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။  ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က
ဖြစ်ခဲ့တာတွေ၊  ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။  ကိုမိုးဝင်းက မှတ်ချက်ပေးတယ်
“ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။ ရန်မျိုးအောင် အားရပါးရရယ်လိုက်
တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန်ဖြစ်ချင်
ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။”
          အရွယ်နဲ့ မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့်ကိုမိုးဝင်း အံ့သြသွားကာ “ကောင်းပါတယ်ကွာ၊ မင့် စိတ်
ဓါတ်ကိုချီးကျူးပါတယ်၊ လေးစားပါတယ်။ မင်းကို သနားလဲသနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထား
တယ်။ ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေးပေးပါ့မယ်။”  “ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟု
ပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။ဇနီးဖြစ်သူ  မဘေဘီကအသင့်ပြင်ထားတဲ့  ဒေါ်လာ လေး
ထောင်ကိုထုတ်ပေးတဲ့အခါမှာတော့ “အဆင်ပြေချင်တော့လဲချောလို့ပါလား”လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။ 
                                 ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊
“ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်” ဆိုတဲ့  ကတိစကားအရ သူဋ္ဌေးအား
ခြောက်ထောင်ပေးချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊  အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊
ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက်
လောက်ပဲရှိပါတယ်။” “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊  အခုလိုရောင်းပေးတဲ့ အတွက်  ခင်ဗျားတို့မှာလည်း ကောင်း
ကျိုးတွေဖြစ်မှာပါ။   ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။”
         အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ ခြောက်လအခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊
တနှစ်တိတိလုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက်
ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ဆုံးဖြတ်
ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။
           ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။“နောင်ကို  ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ  ဘယ်တော့မှ
မထားပါနဲ့ခင်ဗျာ၊ ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကိုပေးပါဗျာ။”သူဋ္ဌေးကပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။
ရန်မျိုးအောင်ရဲ့သဘောထားကို  သူဋ္ဌေးသိနေပြီးဖြစ်ပေလိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော်
ကြီးကို  နိုက်ကလပ်မှ  ပင့်ယူကယ်တင်လိုက်နိုင်သလိုနောက်နောင်  ဘုရားဆင်းတုတော်များအတွက်လည်း
ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။  ဗုဒ္ဓဘာသာဝင်တိုင်းရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။
       ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့            
တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်အပြင်
တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ  တစ်နှာရီ
$ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊
လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520  ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့်  $ 3,000 ကိုလည်း
ထပ်ဆောင်းရပြန်သေး.. ။
      လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်မျိုးပြောင်းရွှေ့ လုပ်ကိုင်ခွင့်
မရနိုင်တော့ပေ။ ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ
(၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။ အတွယ်အတာလည်း မရှိတော့ မိဘများကိုပိုလွမ်း
နေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။
     ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှ ပြန်ခွင့်ရခဲ့တယ်။
အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့  ဂုဏ်တော်
အစွမ်းကို  ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။
       မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးကပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ်
လို့  မိဘတွေ့လိုစိတ်ကို   မျိုသိပ်ထားခဲ့ရပြန်တယ်။ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့်
နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့  ဝေးခဲ့ပြန်ပြီ။တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။ ဒီအတွက်
ရန်မျိုးအောင်စိတ်မကောင်းပေမယ့်၊ဘုရားကြီးကြည်ညိုစိတ်နဲ့  ဖြေသိမ့်နေရပေတော့မယ်…။
        နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။
ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြတယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို
                                 ကားပေါ်မှာပင် ရန်မျိုးအောင်က နံ့သာရေများနှင့် ရေသပ္ပါယ်တယ်။“ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ် ခုမှလုပ်ရတော့တယ်လို့ပြောလိုက်သေးတယ်။
            ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့  ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ် “ဆရာတော်
ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့ ကျောင်းကိုရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့
ရောက်လာတာပါဘုရား” တဲ့။  သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။   မှန်တယ် ..  တစ်ချိန်က
သူဟာဆေးစွဲခဲ့ဖူးသူ..။ ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ..။ အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေက
လဲများပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကိုအလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်
ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ စာရေးသူထံရောက်လာခဲ့တယ်။ သူ့ကိုစောင့်
ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလ
ဓါတ်ခံ စိတ်ရင်း ကောင်းသူမို့  ပြင်ရတာ သိပ်မခက်လှ.. ။  သူဟာ လူကောင်းပကတိဖြစ်ယုံမက  မူးယစ်ဆေး၊ အရက်
သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ
မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်းဖြစ်နေပါပြီ။
             ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍  ရောက်လာပေပြီ။  သူ့ကိုကြည့်ပြီး  စာရေးသူ
ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်.. ။
         ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော်
အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့မဏ္ဍပ်ကြီးက အောက်တိုဘာလကမှဆောက်ပြီးခဲ့ပါတယ်။ကြေးညိုရောင်သန်းပြီး
ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ်
သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။   မာရ်နတ်ရဲ့ အသင်းအပင်း ကာမမှောင်အတွင်းမှ  လွှတ်မြောက်တော်မူခဲ့ပြီး
ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့  အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာ
မြတ်ကို ခံစားတော်မူလေပြီ။
       ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာသဒ္ဓါတရားများ၊အဓိပတိပစ္စည်းစွမ်းအားရှိသော ဆန္ဒ
ဝီရိယများနဲ့ ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်းလောက်ပါပေစွ.. ။ သာဓုခေါ်လောက်ပါပေစွ.. ။
ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်းတရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိ
ဖြင့်  ဆောင်ရွက်နိုင်ခဲ့ပေပြီ။
    အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင်လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။  တစ်ချို့
နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါသေးတယ်။ ကမ္ဘာကျော်အပျော်အပါး လောင်းကစား             
မြို့ဖြစ်တဲ့  လပ်စ် ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ            ရုပ်ပွားတော်ကြီးတစ်ဆူ အထက်ပါနည်းအတူ စံနေတော်
မူရကြောင်း ကြားရပါတယ်။ ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ
ပပျောက်အောင်  ဆောင်ရွက်ကြဖို့  ရန်မျိုးအောင်တွေ  တစ်ရာမက  ရှိစေချင်စမ်းပါဘိ......။      ။
                                        အဇူဇာကျောင်းသို့ကြွတော်မူစဉ် အဇူဇာမြို့အဝင်တွင်  
                                                   အဇူဇာကျောင်းသို့ဘုရားပင့်လာပုံ
                                                             (ရန်မျိုးအောင် ဘုရားရေသပ္ပါယ်နေပုံ)
                               ( ငွေများထုပ်ချေးအစစကူညီပေးခဲ့တဲ့(ကိုမိုးဝင်+မဘေဘီတို့ကို           ရန်မျိုးအောင်ကျေးဇူးတင်လွန်း၍ကန်တော့)       
                                        စာရေးသူအရှင်ဧသကနှင့်ဘရားဒကာကိုရန်မျိုးအောင်                                                                                                                                                                
အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)
လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်
သာသနာတော်ကို စောင့်ရှောက်စေလိုတဲ့ ဆန္ဒနဲ့ 
မောင်ရန်မျိုးအောင် တွေ့ကြုံ ခံစားခဲ့ရတဲ့အတိုင်း
တင်ဆက်လိုက်တာပါ။
(တစ်ချို့ပုံများ မသင့်တော်ပေမဲ့ သာဘာဝအမှန်အတိုင်း
ဖြစ်စေချင် သိစေချင်လို့ ဖြစ်နေတဲ့အတိုင်း ခပ်မှိန်မှိန်နဲ့
ဖေါ်ပြလိုက်ပါတယ်။)
သဒ္ဓါကြည်ဖြူ  အတုယူကာ  သာသနာပြုနိုင်ကြပါစေ....။   
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၂၄.၃.၁၂)တနင်္ဂနွေနေ့
email.ashinvimala2009@gmail.com
Hpး +60102546243-+0122617350 
Tuesday, March 20, 2012
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)
PDF Print
နိုက်ကလပ်မှ  မြတ်ဗုဒ္ဓ (၁) 
အရှင်ဧသ
  အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး
ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ 
 သူ့ဘ၀သူ့အခက်အခဲ
သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရ
ှိ တော့တယ်လို့  သူယုံ ကြည်ထားလို့ပါ။
         သူ့ရည်ရွယ်ချက်ဆိုတာကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ 
 ချစ်တဲ့သူနဲ့အတူလက်
တွဲပြီး သာယာတဲ့ဘ၀ခရီးလျှောက်လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့သဘာဝရှိတတ်တဲ့ 
 မျှော်မှန်းချက်တွေတော့
့မဟုတ်ပါဘူး၊လူငယ်နဲ့မလိုက် ကိုယ့်အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခ
သူ့မှာရှိနေလို့ပါ။
     သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။
သူအလုပ်လုပ်တဲ့စားသောက်ဆိုင်
ကလူသုံးရာကျော်စားနိုင်တဲ့ဆိုင်ကြီးပါ။
အာရှအစားအစာမျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာရန်မျိုးအောင်က
  ဆူရှီလိပ်ရသူပါ။
       ရန်မျိုးအောင်ဟာတနေ့တော့အလုပ်ကအပြန်ရေမိုးချိုးပြီးအနားယူနေချိန်မှာ
နိုက်ကလပ်သွားချင်တဲ့စိတ်တွေ
ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူမဟုတ်တော့လို့  
 သွားချင်တဲ့ စိတ်တွေမဖြစ်ခဲ့
တာလည်းကြာခဲ့ပါပြီ။ ဒီနေ့တော့ ဘာကြောင့်လို့ရယ်မသိ  သွားချင်တဲ့စိတ်တွေ  
ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။
မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ ဖြေဖျောက်ဖို့ကြိုးစားခဲ့တယ်။
  မရဘူး၊ မသွားရ  မနေနိုင်
လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွားမယ်ဆိုပြီး ဘယ်သူမှမခေါ် 
 ဘယ်သူမှ မတိုက်တွန်းပဲ
သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။
        နိုက်ကလပ်ဆိုလိုအခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ
  စားသောက်ဆိုင်
လုပ်ပြီး၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။
       ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ်တမ်းတမိပြီး တအံ့တသြ 
 ငေးမောကြည့်နေမိတယ်။
တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်း 
 မြင်နေကျပါ။ ဆိုင်မှာ
အလှအပအဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ 
 သူမမျှော်လင့်ခဲ့ဘူး။
ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ
 သီတင်းသုံး
တော်မူနေရရှာတယ်။   
        လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ
 ယစ်မူးအဟုန်ဖြင့် အစွမ်း
ကုန် မြူးတွန့်နေကြတယ်။ ဘုရားရဲ့ရှေ့တည့်တည့်(၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့
 လက်တစ်ဝါးခန့်
အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများကသူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ
့  ကာမမှောင်ကို
မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်။ဘုရားနောက်ကြောနံရံမှ
 ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင်
စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင်ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့
ကိုယ်အလှကို
မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို
 စီမံထားလေသလားတော့မသိ။ 
       ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က
 မာရ်နတ်ရဲ့သ္မီးများ
ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကို လာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။
 ဒီအဖြူမ
လေးတွေက ညတိုင်းလာဖြားယောင်းနေပါလား ”လို့  တွေးထင်တော်မူလေမလားမသိ။
 ရန်မျိုးအောင်တော့
ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။
      ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။
 အလား--လား-- ပိုဆိုး
ပါလား။ စကပ်လေးတိုနန့်နန့်နဲ့ မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်က
ို သူ့ပေါင်နဲ့ ထိထိုင်ကာ
စတိုင်ကျကျနဲ့ အရက်ခွက်ကိုကိုင်လို့၊ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ
 အရက်ခွက်တွေတင်
ထားပြန်တယ်။ ဒီထက်ဆိုးတာက မိန်းကလေးက ဘုရားကိုကျောမီနေပြီး 
သူ့တွဲဖက်ကောင်လေးက ဘုရားပေါ်
လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။
       ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ
 ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်း
ထွက်မိတယ်၊ဖြစ်နိုင်ရင် ၀ါးရင်းဒုတ်နဲ့ အားလုံးကိုမောင်းထုတ်ပစ်လိုက်ချင်တယ်။
 မပြုဝံ့ပါပေ၊“ခါကျဉ်ကောင်မာန်ကြီး
ပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး
 ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။
      ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ပြီးကြိတ်မနိုင်ခဲမရဖြစ်နေရတယ်၊
လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ်
နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်းမွှန်နေတဲ့ အရက်နံ့၊
  မျက်နှာတော်တည့်တည့်မှာ တစ်ကိုယ်
လုံးနီးပါးပေါ်နေတဲ့ကခြေသည်မလေးတွေရဲ့တုန်ကာလုပ်ကာမြူဆွယ်ပြနေတဲ့အက၊
ဒီဝန်းကျင်မှာနေရရှာတဲ့ဘုရားရုပ်ပွား
တော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ ရုပ်ပွားတော်ကြီးကို
 သိပ်သနားနေမိတယ်။ ဘုရားဆိုတာ
သနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာတော့ တကယ်သနား
နေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ
ရာက  သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို  တစ်ခြားနေရာကို
  ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့
မိန့်တော်မူနေသလို ခံစားမိပြန်တယ်။
          ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာ သာမန်ရောက်လာခြင်းမျိုးမဟုတ်၊
 လာချင်တဲ့ဆန္ဒတွေ
ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ
 ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင်
ဖြစ်စေ အခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာအတွက
် လူတိုင်းမှာတာဝန်ရှိတယ်။ တာဝန်
ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုးအောင်ဟာ 
 လူငယ်ပေမဲ့ စိတ်ထားသေး
ငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ 
သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။
ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော်ကြီးကို ပင့်ထုတ်ရမယ့်တာဝန်ဟာ 
 ငါ့တာဝန်လို့  ဦးထိပ်မှာတင်ကာ ခံယူ
လိုက်တော့တယ်။  “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ 
 သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့
အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ  ဒီဝန်းကျင် ကာမမှောင်ကို  ကျော်လွန်ကာ
 တောက်ပခဲ့ပေပြီ။
          ရန်မျိုးအောင်ဟာ နောက်နေ့မှာ စောစောအလုပ်ဆင်းဖြစ်တယ်။
 ဆူရှီဘားမှာ အလုပ်လုပ်ရင်း  ဆိုင်ရှင်
သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီးခဏမှာ
 ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ
ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို
  သူဋ္ဌေးက ခပ်စိမ်းစိမ်း မော့ကြည့်
တယ်။ “သူဋ္ဌေးကို ပြောစရာရှိလို့ပါ”။  “အေး-ပြော”။  “ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးက
ို  ကျွန်တော့်ကို ရောင်းပါ၊
ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ် ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”။
  ရန်မျိုးအောင်ဟာ သူ့ကြံ
စည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။
 သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေ
တာလဲဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့
 ရန်မျိုးအောင်ခေါင်းငိုက်
ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင်
 ကျေးဇူးတင်ရမလို။
       ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး
 သူဋ္ဌေးကိုကူညီ
ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ်နိုင်ကြောင်း 
 နှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့
မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်းဖြစ်တယ်။
 ဘာမှတော့ အကြောင်းမထူးခဲ့။ တနေ့တော့
မန်နေဂျာကိုပြောမိတယ်  “ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့ဗုဒ္ဓဘာသာတွေအတွက်
 အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊
နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ်မရာတွေ ပြုလုပ်နေတာကိုတွေ့ရင်
 နင်တို့ကြိုက်ပါ့
မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။
” လို့ မအောင့်ပဲ ခံစားမိတဲ့
အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။
 ရန်မျိုးအောင် စကားကြောင့်
မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။
 အသိတရားရှိသူတိုင်း
အမှန်တရားကို လက္ခံကြမည်သာ…။
    ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။
 သူဋ္ဌေးကိုလဲပြောပြလိမ့်
မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။
    ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊
 အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး
သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ 
ပေကျန်နေတဲ့အရက်စက်တွေ၊
ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။
 ပြီးရင် သရဏဂုံသုံးပါးနဲ
ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊
 ဘုရားကြီးကိုပင့်နိုင်ရပါလို
၏လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊
 နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။
         ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့
 ဘာမှအကောင် အထည်
ပေါ်မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ”
 (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည်
မည်သည်မရှိ)ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ ပိုလို့ ပင် တိုးလာမိတယ်။
 ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်း
ထဲသို့ ၀င်ခဲ့မိပြန်တယ်။  
        “သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊
 ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊
ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊
 ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်း
ဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိတယ်။
 မန်နေဂျာက
လဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။  “မင်း ဒီလောက်တောင်လိုချင်နေရင်
  ဒီနေရာမှာ အစားထားဖို့
နဂါးကြီးတစ်ကောင်ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊
 “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့
ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ 
 အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော် ဖွင့်လေပြီ။
သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်း ကူညီရှာပေးတယ်။
 လော့စ် အိမ်ဂျလိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို
အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။
 စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်
“ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။” 
 “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ
ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။
        နဂါးရှာရင်း ငွေခြောက်ထောင်အတွက်လည်းရှာရသေး၊
 တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ
တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။
 ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း
တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။
 ခေါင်းကုတ်လို့ကြံသော်လည်းအကြံ
က မထွက်။ ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ
 ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာ
ရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊
  မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေး
ထဲမှာ  ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။
 ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။    
        ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ 
 လမ်း
လျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။
ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။
 ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်း
တဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာ ကထဲကကြားခဲ့ဖူး နာခဲ့ဖူးတယ်။
  ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်းက ဘုရားရုပ်ပွားတော်ကြီး
 ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။
      အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း
 ကားအဟောင်းရောင်းဝယ်တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ 
ရွှေဆိုင်မှာ သူ့အမေပေးထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်း
လိုက်တော့ လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊
 ဘာမှပူစရာမလိုတော့။
ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊
 သူဋ္ဌေးတော့ သိပ်
သဘောကျလိမ့်မည်။ 
ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ”
လို့ ကြွေးကြော်မိတယ်။
      နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး 
ဘုရားရဲ့လက်တော်ကို လက်နှစ်
ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား
”လို့ အားပါးတရ လျှောက်ထားလိုက်မိတယ်။
သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ
ဝင်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။
” “မင်း နဂါးက ဘယ်နှစ်
ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”
ရန်မျိုးအောင်
ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့် ထွက်ခဲ့ရပြန်ပြီ။ ခဲလေသမျှ သဲရေကျပြီထင့်…။
      ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။
ဆိုင်ပေါင်းစုံရောက်
ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။
 ဇာတ်လမ်းကတော့ပြီးလေပြီ.. ။
     ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။
အဖန်ဖန်အထပ်ထပ် ရှာကြံ
စဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ် 
“ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာ
မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်”လို့ 
့ မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို
အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။
(တစ်ချို့ပုံများ မသင့်တော်ပေမဲ့ သာဘာဝအမှန်အတိုင်း
ဖြစ်စေချင် သိစေချင်လို့ ဖြစ်နေတဲ့အတိုင်း ခပ်မှိန်မှိန်နဲ့
ဖေါ်ပြလိုက်ပါတယ်။)
      ဒုတိယပိုင်းကို ဆက်လက်အားပေးစေလိုပါတယ်။
ဗုဒ္ဓဘာသာဝင်သူတော်စင်များသိရှိစေရန်ပြန်လည်ဖြန်ဝေခြင်းဖြစ်ပ်တယ်။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၂၁.၃.၁၂)