ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ဆုတောင်း(၁၀)ချက်
ပါဠိ။ ။ပရေသံ ဟိတ မိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆိတံ ပရော၊ နာညဿ ဒုက္ခမိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆိတံ ပရော။
(၁)အနက်။ ။အဟံ-ငါသည်၊ ပရေသံ-သူတစ်ပါးတို့၏၊ ဟိတံ-အကျိုးစီးပွားကို၊ ဣစ္ဆေယျံ၊ လိုလားနှစ်သက် ဆောင်ရွက်နိုင်ရပါလို၏။
အဓိပ္ပါယ်။ ။ ငါသည် သူတစ်ပါးတို့၏ အကျိုးစီးပွားကို လိုလားနှစ်သက် ဆောင်ရွက်နိုင်ရပါလို၏။
(၂) အနက်။ ။ပရောစ-သူတစ်ပါးကလည်း၊ မေ-ငါ၏၊ဟိတံ-အကျိုးစီးပွားကို၊ ဣစ္ဆိတံ ဣစ္ဆိတု-လိုလားနှစ်သက်ဆောင်ရွက်နိုင်ကြပါစေသတည်း။
အဓိပ္ပါယ်။ ။ သူတစ်ပါးကလည်း ငါ၏ အကျိုးစီးပွားကို လိုလားနှစ်သက် ဆောင်ရွက်နိုင်ကြပါစေ။
(၃)အနက်။
။အဟံ-ငါသည် အညဿ-အခြားတစ်ယောက်သောပုဂ္ဂိုလ်၏၊
ဒုက္ခံ-ကိုယ်စိတ်ဖြာဆင်းရဲပင်ပန်းခြင်းကို၊
မာဣစ္ဆေယျံ-မလိုလားမနှစ်သက်မဆောင်ရွက်ပါရစေနှင့်။
အဓိပ္ပါယ်။ ။ ငါသည် အခြားတစ်ယောက်သောသူ၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို မလိုလား မနှစ်သက် မဆောင်ရွက်ရပါစေနှင့်။
(၄)အနက်။
။ပရောစ-သူတစ်ပါးကလည်း၊ မေ-ငါ၏၊
ဒုက္ခံ-ကိုယ်စိတ်နှစ်ပါးဆင်းရဲပင်ပန်းခြင်းကို၊ မာဣစ္ဆိတံမာဣစ္ဆိတု-မလိုလား
မနစ်သက်မဆောင်ရွက်နိုင်ပါစေသတည်း။
အဓိပ္ပါယ်။ ။သူတစ်ပါးကလည်း ငါ၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို မလိုလား မနှစ်သက် မဆောင်ရွက်နိုင်ပါစေနှင့်။
ပါဠိ။ ။နဟိံသေယျံ ပရံ ပါဏံ၊ မာ မံ ၀ိဟေသတံ ပရော၊ န စ ဘဝေ အဟံ ဝေရီ၊ မာဝေရီ ဟောတု မေ ပရော။
(၅)အနက်။ ။အဟံ-ငါသည်၊ ပရံ-တစ်ပါးသော၊ပါဏံ-သတ္တ၀ါကို၊ နဟိံသေယျံ-မညှင်းဆဲ မနှိပ်စက်ပါရစေလင့်။
(၆)အနက်။ ။ပရောစ- သူတစ်ပါးကလည်း၊ မံ-ငါ့ကို၊ မာဝိဟေသတံ မာဝိဟေသတု-မညှင်းဆဲ မနှိပ်စက်နိုင်ပါစေသတည်း။
အဓိပ္ပါယ်။ ။သူတစ်ပါးကလည်း င့ါကို မညှင်းဆဲ မနှိပ်စက်ပါစေနှင့်။
(၇)အနက်။ ။အဟံ-ငါသည်၊ ပရေသံ-သူတစ်ပါးတို့၏၊ ဝေရီ-ရန်သူသည်၊ နဘဝေ-မဖြစ်ရပါစေလင့်။
အဓိပ္ပါယ်။ ။ငါသည် သူတစ်ပါးတို့၏ ရန်သူ ဘယ်လိုနည်းနှင့်မျှ မဖြစ်ပါရပါစေလင့်။
(၈)အနက်။ ။ပရောစ-သူတစ်ပါးကလည်း၊ မေ-ငါ၏၊ ဝေရီ-ရန်သူသည်၊ မာဟောတု-ဘယ်လိုနည်းနှင့်မျှ မဖြစ်ပါစေသတည်း။
အဓိပ္ပါယ်။ ။ သူတစ်ပါးကလည်း ငါ၏ ရန်သူ ဘယ်လိုနည်းနှင့်မျှ မဖြစ်ပါစေနှင့်။
ပါဠိ။ ။ကုမ္မဂ္ဂဉ္စ ၀ိဝေဇ္ဇေတွာ၊ သုမဂ္ဂံ ယန္တု ပါဏိနော။ဝင်္ကဉ္စာဟံ ၀ိဝေဇ္ဇေတွာ၊ ဥဇုံ သုမဂ္ဂကော ဘဝေ။
(၉)အနက်။
။သဗ္ဗေပိ-အလုံးစုံလည်းဖြစ်ပေသော၊ ပါဏိနော်-ကြွင်းမဲ့ဥဿုံအလုံးစုံကုန်သော
သတ္တ၀ါအပေါင်းတို့သည်၊
ကုမ္မဂ္ဂံ-နိဗ္ဗာန်ကိုမရောက်နိုင်သောအပါယ်သွားကြောင်းမကောင်းသော
လမ်းကောက်လမ်းယုတ်လမ်းညစ် လမ်းဆိုးကြီးကို၊ ၀ိဝေဇ္ဇတွာ-ရှောင်ရှားဖယ်ကြည်၍၊
သုမဂ္ဂံ-နိဗ္ဗာန်ရောက်ကြောင်း ခရီးကောင်းကို၊ယန္တု-ကောင်းစွာမသွေ
လိုက်သွားနိုင်ကြပါစေကုန်သတည်း။
အဓိပ္ပါယ်။
။လုံးစုံကုန်သောသတ္တ၀ါအပေါင်းတို့သည် လမ်းဆိုးလမ်းကောက်ကို
ရှောင်ရှား၍ လမ်းကောင်း လမ်းဖြောင့်ကို လိုက်နိုင်ကြပါစေ။
(၁၀)အနက်။
။အဟံပိ-ငါသည်လည်း၊၀င်္ကံ-နိဗ္ဗာန်ကိုမရောက်နိုင်သော လမ်းကောက်လမ်းညစ်
လမ်းဆိုးကြီးကို၊ ၀ိဝေဇ္ဇတွာ-ရှောင်ရှားဖယ်ကြဉ်၍၊ဥဇုံ-ဖြောင့်ဖြောင့်မတ်မတ်၊
သုမဂ္ဂကော-နိဗ္ဗာန်ရောက်ကြောင်း ခရီးကောင်းဟူသော မဂ္ဂင်ရှစ်တန် ခရီးမှန်ကို
ကောင်းစွာလိုက်သွားနိုင်သောပုဂ္ဂိုလ်သည်၊ ဘဝေ
ဘဝေယျံ-ကောင်းစွာဖြစ်ရပါစေသတည်း။
အဓိပ္ပါယ်။ ။ ငါသည်လည်း လမ်းဆိုး လမ်းကောင်းကို ဖယ်ကြဉ်၍ လမ်းကောင်းလမ်းဖြောင့်ကို လိုက်နိုင်သည့်ကို ဖြစ်ရပါလို၏။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၁၅.၇.၁၂)တနင်္ဂနွေနေ့
No comments:
Post a Comment