Photobucket

Thursday, August 18, 2011

တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အပူဇော်ခံမည်

http://www.weeklyeleven.com/images/stories/Aug11/Bi/4202.jpg
တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်တော်မူရာ နေရာ
တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အပူဇော်ခံသွားမည်ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်နိုင်ရေး ဦးစီးကော်မတီ၏ သတင်းထုတ်ပြန်ချက် များအရ သိရှိရသည်။
မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော် ကြွချီအပူဇော်ခံခဲ့သည်မှာ သုံးကြိမ် ရှိခဲ့ဖူးကြောင်း၊ ပထမအကြိမ်ကို ၁၉၅၅ ခုနှစ်တွင် ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရှစ်လကြာ အပူဇော်ခံခဲ့ ကြောင်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ပင့်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၄၅ ရက်ကြာ အပူဇော်ခံခဲ့ကြောင်း၊ တတိယအကြိမ်ကို ၁၉၉၆ ခုနှစ်တွင် ပင့်ဆောင်ပြီး ရက်ပေါင်း ၉၀ ကြာ အပူဇော်ခံခဲ့ကြောင်း သိရှိရသည်။
ယခုတစ်ကြိမ်သည် စတုတ္ထအကြိမ်မြောက် အပူဇော်ခံခြင်းဖြစ်ပြီး နေပြည်တော်၌ ဥပ္ပါတသန္တိစေတီတော် လိုဏ်အတွင်းလည်းကောင်း၊ ရန်ကုန်တွင် ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ် အတွင်းလည်းကောင်း၊ မန္တလေးတွင် မဟာ အတုလဝေယန် ကျောင်းတော်ကြီးအတွင်း၌ လည်းကောင်း အသီးသီးအပူဇော်ခံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ ပင့်ဆောင်ခွင့် ရရှိနိုင်ရန် လုံခြုံရေးအာမခံပေးကာ စာချုပ်ချုပ်ဆို ပင့်ဆောင်ရသည်ဖြစ်ကြောင်း၊ အပူဇော်ခံကာလ ပြည့်မြောက်သည့် အခါတွင် မန္တလေးမြို့မှ ဗုဒ္ဓမြတ်စွယ်တော် မူလကိန်းဝပ် စံပယ်တော်မူရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေကျင်း မြို့ရှိ ကွမ်းဂျီးစု ဘုရားကျောင်းသို့ ပြန်လည် ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဗုဒ္ဓမြတ်စွယ်တော်ကို ပင့်ဆောင်ရာ လမ်းတစ်လျှောက်နှင့် အပူဇော်ခံ ခေတ္တကိန်းဝပ် စံပယ်ရာ နေရာများတွင် အများပြည်သူများဖူး မြော်ကြည်ညိုနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
4202a
တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့သို့ ၁၉၉၄ ခုနှစ်က
ဒေသစာရီကြွ ချီတော်မူလာစဉ်

                                               ဤပိုစ်ကိုဒီဆိုက်မှကူယူဖေါ်ပြပါသည်။
                                              ရွှေဝန်းရတနာ.ရောက်လာသူအပေါင်းရွင်လမ်းချမ်းမြေ့ကြပါစေ(၁ဂ.၈.၂၀၁၁)

No comments:

Post a Comment