
တစ်ခါတုန်းကတိရစ္ဆာန်ဆေးကုဆရာဝန်
လူနာ။ ဆရာ ကျွန်တော်အားလပ်ရက်တစ်လရပါတယ်။ အဲဒါ ဒီတစ်လအတွင်း ကျွန်တော်
ကိုယ့်ကိုကိုယ်ကောင်းကောင်းကုစာ
တိရစ္ဆာန်ဆေးကုဆရာဝန်။
ဆိုင်ကဆေးခန်းကို သွားပြရင် ကောင်းမယ်ထင်တယ်။
လူနာ။ မဟုတ်ပါဘူး ဆရာ။ ကျွန်တော် ဆရာ့ ဆီကိုပဲ လာတာပါ။
တိရစ္ဆာန်ဆေးကုဆရာဝန်။
လူတွေကိုကျွန်တော် မကု ပါဘူး ခင်ဗျ။
လူနာ။ ကျွန်တော် ဆရာ့ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဆရာ့ ဆီကို လာတာပါ။
တိရစ္ဆာန်ဆေးကုဆရာဝန်။ မဖြစ်နိုင်ပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား က
ကျွန်တော့်လို စကားပြောတယ်၊ ကျွန်တော့် လိုတွေးတယ်။ ဒါကြောင့်ခင်ဗျားလည်း
လူပဲ လို့ ကျွန်တော် ထင်ပါတယ်။
လူနာ။ ကျွန်တော် ကိုယ့် ကိုကိုယ် လူဆိုတာ ကောင်းကောင်းသိပါတယ် ဆရာ။
ဒါပေမယ့်ကျွန်တော် ရှင်းပြတာကို ဆရာ နားထောင်ပါဦး။
တိရစ္ဆာန်ဆေးကုဆရာဝန်။
လူနာ။ ကျွန်တော် ဟာ ခွေးတစ်ကောင်လိုပဲ အလုပ် အကြောင်းစဉ်းစားရင်းနဲ့ အိပ် ပါတယ်။
မနက်ရောက်ရင် မြင်းတစ်ကောင်လို ပဲ ထရပါတယ်။
အလုပ်ကို တော့ သမင် တစ်ကောင်လို ပြေးသွား ရပါတယ်။
အလုပ်ထဲမှာ တော့ တစ်နေကုန် မြည်း တစ်ကောင်လို လုပ် ရပါတယ်။
ပြီးတော့ဆယ့်တစ်လ လုံးလုံး နားရက် မရှိပဲ နွားတစ်ကောင်လို ရုန်းရပါတယ်။
သူဋ္ဌေးရှေ့မှာတော့ အမြဲတမ်း အမြှီးလေးကုပ်ထားရပါတယ်။
အားချိန်လေးများနည်းနည်း ရရင်တော့ မျောက် တစ်ကောင်လို ပဲ သားတွေ
သမီးတွေနဲ့ကစားရပါသေးတယ်။
မိန်းမရှေ့ရောက်ရင်တော့ ယုန်တစ်ကောင်လိုပေါ့ဗျာ။
ဆရာကလွဲရင် ကျွန်တော် ဘယ်သူမှ ကုပေးလို့ ရမှာ မဟုတ်ဖူး။
ယောင်္ကျားရေမိန်းမခေါင်းကိုက်လို
ရဲဝန်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူ
အလုပ်စောပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီ
ခါတိုင်းထက်၎နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်းဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်.
မီးမဖွင်.အမှောင်ထဲမှာတင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
ကိုယ်လုံးဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။
ဒီအခါမှာသူ.မိန်းမ က ကယောင်းကတန်းနှင်.
မိန်းမ- “ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီ
ဆေးဆိုင်ကခေါင်းကိုက်ပျောက်ဆေးေ
ရဲဝန်ထမ်း- “၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်”
လို.ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။
ဆေးဆိုင်ရောက်တော.အရောင်းဝန်ထမ်
အရောင်းဝန်ထမ်း
- “ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား”
ရဲဝန်ထမ်း
- “ဟုတ်တယ်လေ ဘာလို.လဲ”
အရောင်းဝန်ထမ်း
- “ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ”
ရဲဝန်ထမ်း
- “ဟေ”
စာဖတ်သူများအားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ...
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၃.၂.၁၂)သောကြာနေ့
email.ashinvimala2009@gmail.com
ဘုန်းဘုန်းရေ
ReplyDeleteအလုပ်တွေရှုပ်နေလို့နဲနဲစိတ်ညစ်နေတာလေးပြေသွားပါတယ်
ရယ်ခဲ့ရလို့
ကဗျာတွေဖတ်ဖြစ်သေးလားဘုန်းဘုန်းကြိုက်တဲ့ကဗျာရှိရဲ့လား
ချမ်းမြေ့ပါစေ
ဒုတိယ.ဟာသက ပိုရယ်ရတယ်ဘုန်းဘုန်းး))
ReplyDeleteတပည့်တော်တော့ အားရပါးရ အော်ရယ်ပလိုက်ပါတယ် :D
ဘုန်းဘုန်းကျန်းမာပါစေ..
ရိုသေလေးစားလျှက်
ညစ်နေတာတွေကိုရီမောရင်းဖြေဖျောက်သွားပါတယ်ဘုန်းဘုန်းဘုရား
ReplyDeleteဘဝအမောလေးတွေဖြေနိုင်စွမ်းရှိတဲ့
ReplyDeleteအရှင်ဘုရားရဲ့ဟာဒယရွှင်ဆေးလေးကို
စိတ်ဖိစီးမှုများနေတဲ့သူတိုင်းဖတ်သင့်တယ်ဘုရား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။
မေတ္တာဖြင့်
အန်တီတင့်
တကယ်ကိုသဘောကျပြီး ရီသွားပါတယ် ဘုန်းဘုန်းဘု၇ား
ReplyDeleteရွှင်လန်းချမ်းမြေ့ပါစေ
မဒိုးကန်
ရီစရာလေးတွေဖတ်ရတာ အမောပြေစေပါတယ် ဘုန်းဘုန်းဘုရား..
ReplyDeleteအသစ်တင်တိုင်း သိရအောင် လင့်လေးချိတ်ထားလိုက်ပါတယ်၊