အထင်နဲ့အမြင်
-လူတွေထင်တဲ့အတိုင်းသာမှန်နေရင်ဘုရားတောင်ပွင့်စရာမလိုဘူး
-ကွယ့်၊လူတွေထင်တာကတစ်မျိုး၊ဖြစ်တာတစ်မျိုးမို့သာဘုရားပွင့်ရခြင်း
-ဖြစ်တယ်မောင်စိန်ရဲ။ လူတွေထင်တာက လူတကာနဲ့မတူအောင်
-နေမှ၊မတူအောင်စားမှ၊မတူအောင်အိပ်မှ၊အထင်ကြီးတယ်။
-ဒါကြောင်လည်း မိစ္ဆာဒိဋ္ဌိတွေစားပေါက်ချောင်နေတာပေါ့၊
-အရေးကြီးတာက အသိဥာဏ်ဘဲ၊အဲဒီအသိဥာဏ်ကလည်း
-ဆရာကောင်းကိုတွေ့အောင်ရှာပြီးမှီဝဲဆည်းကပ်ရမယ်။
မိုးညင်းနမ္မားဆရာတော်။
ဒီပုံကတော့ဆရာကောင်သမားကောင်းကိုဆည်ကပ်နေတဲ့ပုံလေးပါ
ဘုရားရှင်ကိုတော်မြတ်ကြီးရဲစွယ်တော်ကိုရိုသေလေစားစွာအာရုံပြု
ဆည်းကပ်ကိုးကွယ်နေတာပါ ဒါမှဆရာကောင်းကိုတွေအောင်ရှာပြီး
မှီဝဲဆည်းကပ်တာပါ၊
ဒီပုံကတော့ပထမဦးဆုံးဗုဒ္ဓမြတ်စွယ်တော်ထားခဲ့တဲ့နေရာလေးပါ သူတို့နိုင်ငံကရှေး
ဟောင်းပစ္စည်းကိုသဘာဝအတိုင်းထိမ်းသိန်းစောင့်ရှောက်တာပါ ဒို့ရွှေပြည်ကြီး
ကတော့ရှေးဟောင်းပစ္စည်းတွေကိုဖျက်ဆီးချင်သလိုဖျက်ဆီးပြုပြင်ချင်သလိုပြုပြင်
နေတာဘဲ သဘာဝအတိုင်ဘာမှမရှိတော့ဘူးဝမ်းနည်းဘိုအရမ်းကောင်းတယ်။ ဘုရားပွင့်ပေါ် ကျေးဇူးတော်
ဘရားရှင်တော် မပွင့်ပေါ်လျှင်၊
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ မသိရ များလှအပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍၊
ဟောဖော်ညွန်ကြား မြတ်တရားကြောင့်၊
ဤကားကုသိုလ် အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ သိကြရ များလှကျေးဇူး
တွေ။
ကျေးဇူးတော်ရှင် ဘုရားရှင်ကို၊
နေ့စဉ်မပြတ် ကျေးဇူးဆပ်သို့၊
အမြတ်ရတနာ သာသနာ၏၊
ရောင်ဝါတင့်ဆန်း မြင့်အောင်ထမ်း၊
အစွမ်းပြကြစေ။
ဒီစေတီကတော့သီရိလင်္ကာနိုင်ငံကမဟာစေတီတော်ကြီးပါ ထိုမဟာစေတီအတွင်းဋ္ဌာပနာသော
ဓာတ်တော်များမှာမြတ်စွာဘုရားရှင်၏ဥာတ်ရိးုတော်နှင့်ရဟန္တာမထေရ်မြတ်ကြီးတို၏ဓာတ်တော်အများဆုံး
တည်ရှိသောစေတီတော်ကြီးဖြစ်ပါတယ် ထိုမဟာစေတီကြီးမှာ အမြင့်ဥာဏ်တော် ၁၂၀၊လုံးပတ်တော်
၃၆၀၊ရှိကြောင်း၊ဘောဣမံ မဟာစေတိယံ ၀ိသရတနေနသတာယာမံ၊တိသတသဋ္ဌိရတနပရိဏါဟံ
ဟောတိ၊ ဟု သာရတ္ထဒီပနီဋီကာကိုကိုး၍ သတပဒိက ပုစ္ဆာကျမ်း၌မင်းကွန်းဆရာတော်ဖြေဆိုပါသည်။
မြန်မာနိုင်ငံမှကောင်းမှု့တော်ကြီးမှာ အမြင့်ဥာဏ်တော် ၁၀၁ တောင်။ လုံးပတ် တော် ၅၀၂ တောင်
၊၂ မိုက် ၊၄ သစ်ရှိကြောင်း စွယ်စုံကျမ်း၌ဖေါ်ပြထားသဖြင့်သီရိလင်္ကာမဟာစေတီကြီးက ဥာဏ်တော်
မြင့်၍ ကောင်းမှု့တော်ကလုံးပါတ်ကြီးကြောင်းသိရပါသည်။
No comments:
Post a Comment