လူမိုက် နှင့် ပညာရှိ
ရဟန်းတို့.........
-လောက၌ လူမိုက်နှစ်မျိုးရှိ၏။
-တစ်မျိုးသည် မိမိ၏အပြစ်ကို
-အပြစ်ဟု မရှု့သောသူ၊
-ကျန်တစ်မျိုးကား.........
-တောင်းပန်ဝန်ချသူ၏ အပြစ်ကို
-တရားသဘောအတိုင်း
-လက်မခံသောသူတည်း။
ရဟန်းတို့.............
-လောက၌ ပညာရှိသည်လည်း နှစ်မျိုးရှိ၏။
-တစ်မျိုးသည် မိမိအပြစ်ကို၊
-အပြစ်ဟုရှု့သောသူ၊
ကျန်တစ်မျိုးကား........
-တောင်းပန်ဝန်ချသူ၏ အပြစ်ကို
-တရားသဘောအတိုင်း
-လက်ခံသောသူတည်း။
(ဗလ၀ဂ်၊ အင်္ဂုထ္ထိုလ်ပါဠိတော်)
ဖာအောက်တောရဆရာတော်ကြီး၏ပုံတော်။
အစင်ဆရာတော်ဘုရားကြီးနှင့်ဆွမ်းစားသွားစဉ်အမှတ်တရ။
B.P.U.တက္ကသိုလ်၌ဆရာတော်ရုပ်တုနှင့်အတူ
သည်းမခံသူ၌အပြစ်(၅)ပါး
၁။လူများမချစ်(မမုန်းခံရ)ခြင်း။
၂။ရန်များခြင်း။
၃။အပြစ်များခြင်း။
၎။တွေတွေဝေေ၀သေရခြင်း။
၅။သေသော်အပါယ်ရောက်ရခြင်း။
အနုရာဓမြို့သို့ဘုရားဖူးသွားစဉ်စေတီဟောင်း၌အမှတ်တရ။
သည်းခံသူ၌အကျိုး(၅)ပါး
၁။လူအများချစ်ခြင်း။
၂။ရန်မများခြင်း။
၃။အပြစ်မများခြင်း။
၎။မတွေမဝေသေရခြင်း။
၅။သေသော်နတ်ပြည်ရောက်ခြင်း။
ဆောင်ပုဒ်
သည်းမခံသူဖြစ်ပါမူကား၊သူမချစ်ခင်၊
ရန်လျှင်တိုးပွားအပြစ်များခဲ့၊သေကားတွေဝေ၊
သေလျှင်အပါယ်လားစဖွယ်သည်၊
ငါးသွယ်အပြန်ရမြဲမှန်သည်၊
သည်းခံသူဖို့တည်း။
ပီနန်မြို့ထိုင်းဘုရားကျောင်းရှေ့မှာရိုက်ထားတဲ့ပုံပါ
မဟာဗောဓိပင်အ၀င်မုဒ်ဦး၌အမှတ်တရ
No comments:
Post a Comment