a
မှန်ကင်းတောင်ကြီး မြင့်ထီးထီးက
ပိတ်ဆီးရံကာ လွန်သာယာလျက်
မြှူလွှာသင်းဖြူ ပုံမထူးသည့်
ဒေါင်းမြူရစ်ခွေ စောဘွားမြေ။
တရံခါက သည်ဌာနဝယ်
အာဂယောကျာ်း ဇာနည်ဘွာသည်၊
တို့များပိုင်နက် လိုရမ္မက်ကြောင့်
စစ်ဖက်လာငြား နယ်ချဲများကို
တပါးသူ့ကျွန် ငါမခံဟု
ရဲမာန်ဝင့်ဝင့် တံခွန်လွှင့်၍
သွေးနှင့်ရင်းနှီး သည်မြေကြီးကို
စုစည်းခဲ့ကြ ကာကွယ်ကြသည်
မြန်မာ့ရဌေ စောဘွားမြေ
ခန္တျာရာမ အနွတ္ထဖြင့်
ခေါ်ကြသမိုက် စာသင်တိုက်သည်
နေ့၌နေ့ဝါ ညချိန်မှာလည်း။
ညဝါဆိုတက် စဉ်မပျက်မို့
နေထွက်မှသာ နေဝင်ကာထိ
စာသံပေသံ ညိုးညိုးညံလျှက်
ကျမ်းဂန်တတ်သိ ပညာရှိတို့
ထွန်းသည့်ဌာနေ စောဘွားမြေ။
တရာရိပ်နှင့် မဆိတ်ဓမ္မ
လွန်အေးမျှသည့် စန့်လပမာ
ကျောင်းရိပ်သာလည်း ကောင်းစွာတည်နေ စောဘွားမြေ။
ကိုင်းကျွန်းလယ်မြေ ဆန်ရေစပါး
လွန်ပေါများလျှက် လေးပါဗြဟ္မစိုရ်
စိတ်ဝယ်သို၍ ညီကိုမောင်ရင်း
ပုံမယွင်ပဲ ချစ်ခြင်းတူကြ
မေတ္တာမျှ၍ သာစွဌာနေစောဘွားမြေ။
မောင်စောထွန်း(မြစေတီ)
"အိမ်ကြီးမာယာ"
*လွယ်လာခဲ့ရ.........
ဘဝအကြိမ်ကြိမ် ခန္ဓာ အိမ်၌
ယှက်လိမ်ကြိုးစ၊ သမုဒယနှင့်။
*ငိုလာခဲ့ရ....
ဘဝအကြိမ်ကြိမ် ခန္ဓ်ာအိမ်၌
အချိန်မလပ်၊တရစပ်လျင်
မပြတ်ရွေ့လျော၊ဇရာသဘောနှင့်။
*နာလာခဲ့ရ.....
ဘဝအကြိမ်ကြိမ် ခန္ဓ်ာအိမ်၌
မငြိမ်ရိုးရွ၊ ထိုးဆွညှဉ်ဆဲ
ကိုက်ခဲ့နေည၊ဗျာဓိဓမ္မနှင့်၊
*သေလာခဲ့ရ........
ဘဝအကြိမ်ကြိမ် ခန္ဓ်ာအိမ်၌
ဝိညဉ်အသက်၊ခွာထွက်ရုပ်ချည်း
တာဆီးမရ၊မရဏနှင့်။
*သြော်....
ခန္ဓာ ဟူသည၊်မတည်ဖောက်လဲ
ဆင်းရဲအမှန်၊ရုပ်နာမ်စုစည်း
အိမ်ကြီးမာယာ၊ရန်သူသာတည့်။
* ခန္ဓာငါးပါး.....
လှည်ဖြားကြိမ်ကြိမ်၊မာယာအိမ်ကို
ချိုးနှိမ်ရွံမုန်း၊ဘဝတုံးအောင်
ရုန်းထွက်ခုက၊ဇွဲလုံးလဖြင့်
ဓမ္မလှေယာဉ်၊တက်ကိုပြင်လျှက်
မဂ္ဂင်ခရီးနှင်သင့်ပြီ။ ။
ဗန်မော်ရဲမြင့်။
ဝန်းသိုမြို့ခန္တီးပရိယတ္တိစာသင်တိုက်ရွှေဝန်းရတနာမဂ္ဂဇင်းမှကူးယူဖေါ်ပြပါသည်။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၆.၁၂.၁၁)အင်္ဂါနေ့
ဘုန်းဘုန်းရဲ့စာတွေဖတ်ရတာာ ရိုးမသွားဘူးဘုရား
ReplyDeleteသံဝေဂ ဓမ္မကဗျာတွေ ဖတ်သွားပါတယ်ဘုရား။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။
မေတ္တာဖြင့်
အန်တီတင့်
ဘုန်းဘုန်း ရေ ကဗျာ ရေးဖွဲ့ ပုံ အလွန်ကောင်းတဲ့ ကဗျာ လေး နော်
ReplyDelete