သံသရာမရှိ
ဘ၀တစ်ခုထဲက အ၀ိဇ္ဇာနှင့် တဏှာကိုသာ
နုတ်လိုက်ပါ သံသရာဆိုတာမရှိတော့ပါဘူး။
ဂျိုဟိုးဘာတုပါဟမြို့ရွှေဓမ္မရောင်ခြည်ကျောင်း၌ပထမဦးဆုံး
လက်ထပ်မင်္ဂလာပွဲကိုကျင်းပခဲ့တဲ့ကျောင်းရှာပေးခဲ့သော
ကိုထူးအောင်+မချယ်ရီစိုးတိုနှင့်အမှတ်တရ
အကောင်းဆုံးဘဝ
လူ့ဘ၀ဟာ ဘ၀ပဒေသာပင်ကြီးဘဲ။
လူနတ်ချမ်းသာနဲ့ မဂ်ဖိုလ်နိဗ္ဗာန်အထိကျင့်ကြံနိုင်တယ်။
မင်္ဂလာဆွမ်းကျွေး၌အရုံဆွမ်းဆက်ကပ်နေသော ကိုထူးအောင်+မချယ်ရီစိုး
ချမ်းသာလေးစွန့်မှ
လောကမှာထောင်မြင်မှ ရာကိုစွန့်လိုကြတယ်၊
သဘာဝကတော့ ချမ်းသာကလေးစွန့်မှ၊
ှ ချမ်းသာကြီးရနိုင်တယ်။
မင်္ဂလာဦးနေဆွမ်းအဖြစ်ရွှေဓမ္မရောင်ခြည်ကျောင်းဆရာတော်အား
ကိုထူးအောင်+မချယ်ရီစိုးတို့မှနေ့ဆွမ်းဆက်ကပ်လှူဒါန်းနေစဉ်
မင်္ဂလာဦးဇနီးမောင်နံနှစ်ဦးတစ်ဦးနှင့်တစ်ဦးဤသို့ချစ်ချစ်
ခင်ခင်ကြင်ကြင်နာနာခွန့်ကျွေးနေကြပုံ
ရွှေမျိုးမိဘတွေမပါသော်လဲမလေးရောက်ရွှေညီကိုတို့
ရှေ့မှောက်၌ဆရာတော်များကိုသက်သေပြုကာဤသို့
လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်မှတ်ရေးထိုးပြီမင်္ဂလာဦးတရားနာကာတစ်နေတာ
ကျွေးမွေးလှူဒါန်သမျှကိုရေစက်သွန်ချအမျှတန်းပေးဝေနေစဉ်။
Monday, February 28, 2011
Friday, February 25, 2011
ဘုရားရှင်၏အဆုံးမများ
လူမိုက် နှင့် ပညာရှိ
ရဟန်းတို့.........
-လောက၌ လူမိုက်နှစ်မျိုးရှိ၏။
-တစ်မျိုးသည် မိမိ၏အပြစ်ကို
-အပြစ်ဟု မရှု့သောသူ၊
-ကျန်တစ်မျိုးကား.........
-တောင်းပန်ဝန်ချသူ၏ အပြစ်ကို
-တရားသဘောအတိုင်း
-လက်မခံသောသူတည်း။
ရဟန်းတို့.............
-လောက၌ ပညာရှိသည်လည်း နှစ်မျိုးရှိ၏။
-တစ်မျိုးသည် မိမိအပြစ်ကို၊
-အပြစ်ဟုရှု့သောသူ၊
ကျန်တစ်မျိုးကား........
-တောင်းပန်ဝန်ချသူ၏ အပြစ်ကို
-တရားသဘောအတိုင်း
-လက်ခံသောသူတည်း။
(ဗလ၀ဂ်၊ အင်္ဂုထ္ထိုလ်ပါဠိတော်)
ဖာအောက်တောရဆရာတော်ကြီး၏ပုံတော်။
အစင်ဆရာတော်ဘုရားကြီးနှင့်ဆွမ်းစားသွားစဉ်အမှတ်တရ။
B.P.U.တက္ကသိုလ်၌ဆရာတော်ရုပ်တုနှင့်အတူ
သည်းမခံသူ၌အပြစ်(၅)ပါး
၁။လူများမချစ်(မမုန်းခံရ)ခြင်း။
၂။ရန်များခြင်း။
၃။အပြစ်များခြင်း။
၎။တွေတွေဝေေ၀သေရခြင်း။
၅။သေသော်အပါယ်ရောက်ရခြင်း။
အနုရာဓမြို့သို့ဘုရားဖူးသွားစဉ်စေတီဟောင်း၌အမှတ်တရ။
သည်းခံသူ၌အကျိုး(၅)ပါး
၁။လူအများချစ်ခြင်း။
၂။ရန်မများခြင်း။
၃။အပြစ်မများခြင်း။
၎။မတွေမဝေသေရခြင်း။
၅။သေသော်နတ်ပြည်ရောက်ခြင်း။
ဆောင်ပုဒ်
သည်းမခံသူဖြစ်ပါမူကား၊သူမချစ်ခင်၊
ရန်လျှင်တိုးပွားအပြစ်များခဲ့၊သေကားတွေဝေ၊
သေလျှင်အပါယ်လားစဖွယ်သည်၊
ငါးသွယ်အပြန်ရမြဲမှန်သည်၊
သည်းခံသူဖို့တည်း။
ပီနန်မြို့ထိုင်းဘုရားကျောင်းရှေ့မှာရိုက်ထားတဲ့ပုံပါ
မဟာဗောဓိပင်အ၀င်မုဒ်ဦး၌အမှတ်တရ

Thursday, February 24, 2011
ရေးမြို့နယ် အစင်ကျေးရွာ ဓမ္မဃောသကကျောင်းဆရာတော်၏ပုံရိပ်များ
သေလျှင်ခြောက်ချက်
၁။အစားအသောက်မည်မျှစားနိုင်သည်ဆိုစေကာမူ အပြီသတ်
ငတ်၍သေပါလိမ့်မည်။
၂။ပစ္စည်းဥစ္စာ မည်မျှချမ်းသာသည်ဆိုစေကာမူ မွဲ၍သေပါလိမ့်မည်။
၃။ဆဒ္ဒန်ဆင်မင်းခွန်အားမည်မျှကောင်းသည်ဆိုစေကာမူ
အားကုန်၍သေပါလိမ့်မည်။
၎။စကားပြောမည်မျှကောင်းသည်ဆိုစေကာမူအ၍သေပါလိမ့်မည်။
၅။နတ်မမှီလူမမျှလှပသည်ဆိုစေကာမူ အရုပ်ဆိုး၍သေပါလိမ့်မည်။
၆။စုံမက်ချစ်ခင်သူမည်မျှများသည်ဆိုစေကာမူ အမုန်းခံ၍သေရပါ
လိမ့်မည်။
အစင်ကျေးရွာဓမ္မဃောသကကျောင်းဆရာတော်။
ကိုဆန်းဝင်းတို့၏အိမ်၌အရုံဆွမ်းဆက်ကပ်စဉ်တပည့်ဒါယကာ
ဒါယိကာမများနှင့်အမှတ်တရ
မဟာနန်းစာသောက်ဆိုင်၌အသုဘရက်လည်ဆွမ်းသွပ်ပွဲ၌
ဆရာတော်မှတရားချီမြင့်နေစဉ်
မဟာနန်းစားသောက်ဆိုင်၌အသုဘရက်လည်ဆွမ်းသွပ်
တရားနာယူစဉ်
မဟာနန်းစားသောက်ဆိုင်ပိုင်ရှင်မှလှူဒါန်းမှု့အစုစုအတွက်
ရေစက်သွန်းချအမျှတန်းပေးဝေနေစဉ် မအိုပါလိုငါကဆိုလည်း ငါဆိုမရအိုကြရအနတ္တခန္ဓာကိုယ်။
-မနာပါလိုငါကဆိုလည်း ငါဆိုမရနာကြရ အနတ္တခန္ဓာကိုယ်။ -မသေပါလိုငါကဆိုလည်း ငါဆိုမရသေကြရ အနတ္တခန္ဓာကိုယ်။
-ယခုပင်လျှင်မအိုခင်က ကြိုတင်ကောင်းမှု့စောစောပြုလော။
-ယခုပင်လျှင်မနာခင်က ကြိုတင်ကောင်းမှု့စောစောပြုလော။

Wednesday, February 23, 2011
ရေးမြို့နယ် အစင်ကျေးရွာ ဓမ္မဃောသကကျောင်းဆရာတော်ကြီး၏ပုံရိပ်များ
ပီနန်မြို့ဓမ္မိကာရာမကျောင်းမုဒ်ဦးအ၀င်ဝ၌ဆရာတော်
၏အမှတ်တရပုံ
ပီနန်မြို့ မေတ္တာနန္ဒ ရိပ်သာကျောင်း၌တပည့်ဒါယကာဒါယိကာမများ
နှင့်အမှတ်တရရိုက်ကူးထားစဉ်
မေတ္တနန္ဒရိပ်သာကျောင်း၌ဆွမ်းဘုန်းပေးစဉ်အမှတ်တရ
ကွမ်ရင်မယ်တော်တောင်၌အမှတ်တရ
ကိုအောင်အောင်ထွန်း+မသီသီတို့အိမ်၌ဆရာတော်နှင့်
အတူဆွမ်းဘုန်ပေးစဉ်အမှတ်တရ
ဆွမ်းအနုမောဒနာတရားချီမြင့်စဉ်အမှတ်တရ
ဆိုဂိုကုန်တိုက်သို့သွားစဉ်နတ်ပြည်နန်းတော်စားသောက်ဆိုင်၌
နောင်တော်ကြီးများနှင့်အမှတ်တရ
နတ်ပြည်နန်းတော်မှဒကာမလေးများနှင့်အတူ
နတ်ပြည်နန်းတော်စားသောက်ဆိုင်မြန်မာ့သူရိယာမောင်း
ရှေ့၌ညီတော်နောင်တော်သုံးပါးအမှတ်တရ
နတ်ပြည်နန်းတော်အ၀င်ဝ၌အမှတ်တရ
နှင့်အတူအလည်သွားစဉ်ကျောင်းဆရာတော်
နှင့်အမှတ်တရ
အပြန်၌ဆရာတော်များကိုဝတ်ပြုနေစဉ်

ဆိုဂိုကုန်တိုက်ရေတံခွန်၌အမှတ်တရ
ကလန်းဆိပ်ကမ်းအနီးသတိပဋ္ဌာန်ကျောင်းသို့ဆရာတော်နှင့်အတူအလည်သွားစဉ်ကျောင်းဆရာတော်
နှင့်အမှတ်တရ
အပြန်၌ဆရာတော်များကိုဝတ်ပြုနေစဉ်
Monday, February 21, 2011
ဆရာတော်ကြီးများ၏အဆိုအမိန့်များ(၅)
ပို့စ်မတင်ဖြစ်တာဒီနေ့ဆိုသုံးရက်ရှိသွားပြီ ရေးမြို့အစဉ်ကျေးရွာဓမ္မဃောသကကျောင်း-မော်လမြိုင်-စွန်းလွန်ဂူ-
ဓမ္မအေးရိပ်သာကျောင်း-ဇင်းကျိုက်-စွန်းလွန်းဂူကျောင်း-ကျောင်းသုံးကျောင်းတို့၏ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီးနှင့်တွေဆုံကာဓမ္မခရီးလှဲ့လည်နေ
သောကြောင့်အလုပ်မအား၍မတင်ဖြစ်ခြင်းဖြစ်ပါသည်။
ဒီပုံကတော့ဆရာတော်ဘုရားကြီးနှင့်အတူ မောင်အောင်အောင်ထွန်း+မသီသီတို၏နေအိမ်၌ဆွမ်း
ဘုန်းပေးနေတဲ့ပုံဖြစ်ပါတယ်။
ဒီပုံကတော့ဆွမ်းဘုန်းပေးပြီအနုမောဒနာတရားဟောကြားနေတဲ့
ပုံဖြစ်ပါတယ်။

Friday, February 18, 2011
ဆရာတော်ကြီးများ၏အဆိုအမိန့်များ(၄)
အထင်နဲ့အမြင်
-လူတွေထင်တဲ့အတိုင်းသာမှန်နေရင်ဘုရားတောင်ပွင့်စရာမလိုဘူး
-ကွယ့်၊လူတွေထင်တာကတစ်မျိုး၊ဖြစ်တာတစ်မျိုးမို့သာဘုရားပွင့်ရခြင်း
-ဖြစ်တယ်မောင်စိန်ရဲ။ လူတွေထင်တာက လူတကာနဲ့မတူအောင်
-နေမှ၊မတူအောင်စားမှ၊မတူအောင်အိပ်မှ၊အထင်ကြီးတယ်။
-ဒါကြောင်လည်း မိစ္ဆာဒိဋ္ဌိတွေစားပေါက်ချောင်နေတာပေါ့၊
-အရေးကြီးတာက အသိဥာဏ်ဘဲ၊အဲဒီအသိဥာဏ်ကလည်း
-ဆရာကောင်းကိုတွေ့အောင်ရှာပြီးမှီဝဲဆည်းကပ်ရမယ်။
မိုးညင်းနမ္မားဆရာတော်။
ဒီပုံကတော့ဆရာကောင်သမားကောင်းကိုဆည်ကပ်နေတဲ့ပုံလေးပါ
ဘုရားရှင်ကိုတော်မြတ်ကြီးရဲစွယ်တော်ကိုရိုသေလေစားစွာအာရုံပြု
ဆည်းကပ်ကိုးကွယ်နေတာပါ ဒါမှဆရာကောင်းကိုတွေအောင်ရှာပြီး
မှီဝဲဆည်းကပ်တာပါ၊
ဒီပုံကတော့ပထမဦးဆုံးဗုဒ္ဓမြတ်စွယ်တော်ထားခဲ့တဲ့နေရာလေးပါ သူတို့နိုင်ငံကရှေး
ဟောင်းပစ္စည်းကိုသဘာဝအတိုင်းထိမ်းသိန်းစောင့်ရှောက်တာပါ ဒို့ရွှေပြည်ကြီး
ကတော့ရှေးဟောင်းပစ္စည်းတွေကိုဖျက်ဆီးချင်သလိုဖျက်ဆီးပြုပြင်ချင်သလိုပြုပြင်
နေတာဘဲ သဘာဝအတိုင်ဘာမှမရှိတော့ဘူးဝမ်းနည်းဘိုအရမ်းကောင်းတယ်။ ဘုရားပွင့်ပေါ် ကျေးဇူးတော်
ဘရားရှင်တော် မပွင့်ပေါ်လျှင်၊
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ မသိရ များလှအပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍၊
ဟောဖော်ညွန်ကြား မြတ်တရားကြောင့်၊
ဤကားကုသိုလ် အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ သိကြရ များလှကျေးဇူး
တွေ။
ကျေးဇူးတော်ရှင် ဘုရားရှင်ကို၊
နေ့စဉ်မပြတ် ကျေးဇူးဆပ်သို့၊
အမြတ်ရတနာ သာသနာ၏၊
ရောင်ဝါတင့်ဆန်း မြင့်အောင်ထမ်း၊
အစွမ်းပြကြစေ။
ဒီစေတီကတော့သီရိလင်္ကာနိုင်ငံကမဟာစေတီတော်ကြီးပါ ထိုမဟာစေတီအတွင်းဋ္ဌာပနာသော
ဓာတ်တော်များမှာမြတ်စွာဘုရားရှင်၏ဥာတ်ရိးုတော်နှင့်ရဟန္တာမထေရ်မြတ်ကြီးတို၏ဓာတ်တော်အများဆုံး
တည်ရှိသောစေတီတော်ကြီးဖြစ်ပါတယ် ထိုမဟာစေတီကြီးမှာ အမြင့်ဥာဏ်တော် ၁၂၀၊လုံးပတ်တော်
၃၆၀၊ရှိကြောင်း၊ဘောဣမံ မဟာစေတိယံ ၀ိသရတနေနသတာယာမံ၊တိသတသဋ္ဌိရတနပရိဏါဟံ
ဟောတိ၊ ဟု သာရတ္ထဒီပနီဋီကာကိုကိုး၍ သတပဒိက ပုစ္ဆာကျမ်း၌မင်းကွန်းဆရာတော်ဖြေဆိုပါသည်။
မြန်မာနိုင်ငံမှကောင်းမှု့တော်ကြီးမှာ အမြင့်ဥာဏ်တော် ၁၀၁ တောင်။ လုံးပတ် တော် ၅၀၂ တောင်
၊၂ မိုက် ၊၄ သစ်ရှိကြောင်း စွယ်စုံကျမ်း၌ဖေါ်ပြထားသဖြင့်သီရိလင်္ကာမဟာစေတီကြီးက ဥာဏ်တော်
မြင့်၍ ကောင်းမှု့တော်ကလုံးပါတ်ကြီးကြောင်းသိရပါသည်။

Thursday, February 17, 2011
မကုဋာရာမမြန်မာကျောင်း၌မွေးနေ့ဆွမ်းကပ်စဉ်အမှတ်တရဓာတ်ပုံများ
ဒီလိုသံဃာတော်များက ကိုတိုင်ကိုကျမီးဖိုချောင်ထဲဝင်ကာချက်ပြုတ်ရတယ်လေ
ဒကာဒကာမမရှိတော့လဲဒီလိုဘဲပေါ့
ဒါကတော့ခရမ်းချဉ်သီငပိချက်လေမြန်မာလူမျိုးဆိုတော့ငပိချက်ကလေကလဲပါမှ
ဒါကတော့အချဉ်ရည်အိုးကြီးလေသူကလဲမပါမဖြစ်စားမြိန်ပေါ့
အလှူ့ရှင်ဆိုင်းဘုတ်ကိုဒီလိုရေးကြတယ်လေ
ပြီးတော့အုဋ်နံရံမှာချိပ်ကြတာပေါ့အလှူရှင်မှန်သိအောင်မဏ္ဍပ်
တိုင်တက်ပြတယ်ဆိုတာဒါပေါ့
ဒီလိုသံဃာတော်များကိုတိုင်ကိုကျပြင်ဆင်ကြရတယ်လေ
ဒါကတော့ပြင်ပြီးဆင်ပြီအဆင်သင့်ပေါ့
ဒါကတော့မန္တလေးနာယကကိုတိုင်အလှူ့ရှင်ကိုကြေငြာပြီမေတ္တာပို့
ကြဖိုလျှောက်ထားတဲ့ပုံပါ
ဒါကတော့သံဃာတော်များဆွမ်းမဘုန်းပေးမှီအလှူ့ရှင်နှင့်တကွသုံးဆယ့်
တစ်ဘုံ သားသတ္တ၀ါတွေကိုမေတ္တာပို့အမျှဝေနေကြတာပါ
မေတ္တာပိုပြီးပြိဆိုတော့လဲအားရပါးရဘုန်းပေးကြပြီပေါဒီလိုဆွမ်းနှင်ဟင်းဘုန်းပေး
ရဘိုဆိုတာကအလှူရှိမှဘဲဘုန်းပေးရတယ်လေ
ဒါကတော့ဆေးကျောင်းသားအဖွဲလေ စာပြီးတော့လဲဆေမည့်ဒကာဒကာမ-
မရှိတော့သံဃာတော်တွေကိုတိုင်ဆေးရတာပေါံ့
ဒါကတော့မိခင်ကျောင်းအိုကြီးလေနှစ်ပေါင်း၁၀၀နီးပါးရှိပြီလေဒီကျောင်းကိုအမှီ
ပြုပြီတော့မြန်မာကျောင်းသားရဟန်းတော်များကျောင်းတက်ကြရတာပေါ့ကျေးဇူးရှင်
မိခင်ကြီးဆိုလဲမမှာဘူးပေါ့ သားတွေကသာခွဲထွက်သွားပေမယ့်မိခင်ကျောင်းအိုကြီးကတော
အမြဲတန်းပန်းပန်လျှက်ပါရှေရှောက်လဲမိခင်ကျောင်းအိုကြီးကသားရဟန်းတွေကိုအမြဲလက်
်ခံကြိုဆိုနေဦးမှာပါ။တခုတော့စိတ်မကောင်းဖြစ်မိတယ်မွေးနေမှာအချိုပွဲအတွက်မလှူနိုင်တာ နောက်နှစ်ဆိုရင်တော့လှူနိုင်အောင်ကြိုးစာမှာပါဘုရား။
ဓာတ်ပုံတွေကြည်ရတာငြိငွေနေရောပေါ
သံဝေဂပွားကြရအောင်
မနေရလိုသေကြသောအခါ ကိုယ့်နောက်ကိုများ
-ဘာများပါမှာ ပစ္စည်စုစုတစ်ခုမပါ
-ကိုပြုငြာကံများကိုနောက်ပါ။
ထောင်လွှားမာန ဟန်မကျ
ပညာရှိ၏ အညစ်အကြေးကားထောင်လွှားသောမာနတည်း။
ထိုမာနသည်မိမိကိုယ်ကိုမြောက်ပင့်ခြင်းဖြင့်ဘာကိုမရှောင်၊
အမြီးထောင်သည့်သတ္တ၀ါတစ်ကောင်အလား၊
ဘင်အလား၊ထင်ရှားလူသိ၏၊ထိုကြောင့်ပညာရှိသည်၊
မိမိကိုယ်ကိုမြှောက်ပင့်ရာ၊မိမိမာန်အညစ်ကြေးကို
ထင်ရှားမဖော်ပြရာ၊
ဝိသုဒ္ဓါရုံအဆုံးအဖြတ်မှ
ဒီပုံကတော့ရေလယ်ကျောက်တန်မှာငါးစာကျွေးနေတာပါ

Subscribe to:
Posts (Atom)