Photobucket
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, August 4, 2013

စင်္ကာပူလိုဖြစ်ချင်သည်ဆိုလျှင် သရ၀ဏ်(ပြည်)

                                                                          
 

                        စင်္ကာပူလိုဖြစ်ချင်သည်ဆိုလျှင်

                                                              သရ၀ဏ်(ပြည်)

... ရန်ကုန်မြို.ကြီးကိုစင်ကာပူလိုဖြစ်အောင်လုပ်မည်ဟု အစိုးရအာဏာပိုင်တို.ကဆိုလာသည် ။ ကြွေးကြော်သံသည် ကြွေးကြော်သံအဆင်.မှာပဲရပ်သွားမည်လား ။ လက်တွေ.အကောင်အထည်ဖော်မည်လော။ အိပ်မက်တို.လက်တွေ.ဖြစ်လာရန် ဘာတွေလုပ်ဖို.လိုမလဲ ။ အုပ်တစ်ချပ်သဲတစ်ပွင်.အနေဖြင်. ဤဆောင်းပါးကိုရေးရပါသည် ။

ကျွန်တော်သည် ဧည်.လမ်းညွှန်တစ်ယောက်အနေဖြင်.လွန်ခဲ.သော ဇွန်လ ၁၄ မှ ၁၇ အထိ ပုဂံသို. စင်္ကာပူရီယန်တိုးရစ် တစ်ဦးနှင်.သွားရပါသည် ။ တိုးရစ်မှာ အသက် ၆၂ နှစ်ခန်.ရှိပြီဖြစ်သော စင်္ကာပူနိုင်ငံသားတစ်ယောက်ဖြစ်ပါသည် ။ မြန်မာပြည်ကလေယာဉ်စီးရမှာကြောက်သဖြင်. ကားနဲ.ပဲသွားချင်တယ်ဆိုသဖြင်. ရန်ကုန် -ပုဂံ အသွားအပြန်ခရီးကို ကားနဲ.ပဲ သွားခဲ.ပါသည် ။ ကားမှာ စူပါကာစတန် ဖြစ်သဖြင်. တိုးရစ်တစ်ဦး ၊ ကျွန်တော် နှင်. ၊ ဒရိုက်ဘာ သုံးယောက်မှာအတော်ပင်ချောင်ချောင်ချိချိ စီး ရပါသည် ။ ရန်ကုန် ၊နေပြည်တော် - မိတ္ထီလာအမြန်လမ်းမှ မောင်းလာခဲ.ပြီး ၊ မိတ္ထီလာ ရောက်မှ ကျောက်ပန်းတောင်းသို.ထိုမှတစ်ဆင်. ပုဂံညောင်ဦးသို.မောင်းခဲ.ပါသည်

အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် တချို.နေရာများ၌ ခရီးသွားများသည် ကျဲကျဲတောက်ပူလောင်သောနေရောင်အောက်တွင် ကားစောင်.နေကြရာ စင်ကာပူ တိုးရစ်ကြီးက ခရီးသည်များ စောင်.ဆိုင်းရန် အမိုးအကာပါသော ကားမှတ်တိုင်များဘာလို.လမ်းဘေးတွင် ထည်.သွင်းတည်ဆောက်ပေးမထားတာလဲဟုမေးပါသည် ။ သူမေးမှကျွန်တော်လဲသတိထားမိတော.သည် ။ ဘတ်စကားလိုင်းမဆွဲသဖြင်. မှတ်တိုင်ထည်.မဆောက်တာဖြစ်နိုင်သော်လည်း ရွာ ရှိသော နေရာများတွင် ဒေသခံရွာသားများ ကားစောင်.ရင်းနားနေနိုင်သော ကားမှတ်တိုင်အဆောက်အဦ်လေးများရှိလျင်ကောင်းလေစွဟု စင်ကာပူတိုးရစ်ကြီးတွေးသလိုတွေးမိပါသည် ။
“ ငါတို.နိုင်ငံမှာဆို မိုးရွာရင်တောင် ငါတို. ပြည်သူတွေ ထီးမဆောင်းပဲတစ်နေရာကတစ်နေရာသွားလို.ရအောင် စင်္ကြန်ပေါင်းမိုးလေးတွေဆောက်ပေးထားလို.တော်တော်အဆင်ပြေတယ် “ ဟုပြောပါသေးသည် ။

အပြန်ခရီးတွင် ကျောက်ပန်းတောင်း ၌ ဘက်ဘက်ရည်သောက်ရပ်စဉ် ကျောင်းဆရာမနှစ်ဦးမှ ကားကြုံလိုက်ပါရစေဟု ကျွန်တော်တို.ကိုပြောလာသည် ။ ကျွန်တော်ကလည်းဧည်.သည် နိုင်ငံခြားသားကိုခွင်.တောင်းပြီး လိုက်ခဲ.ပါဟုခေါ်လာခဲ.သည် ။ ထိုဆရာမနှစ်ဦးသည် နေ.စဉ်ပင် အိမ်မှကျောင်းသို. ၊ ကျောင်းမှအိမ်သို. ဤသို.ပင် ကားကြုံတစ်လှည်. လိုင်းကားတစ်လှည်.ဖြင်. ဖြစ်သလို သွားလာနေရပုံရသည် ။ ကျွန်တော်သည် ဗုဒ္စဘာသာ မြန်မာလူမျိုးတစ်ယောက်ဖြစ်သည်.အပြင် အစ်မ သုံးယောက်မှာလည်းကျောင်းဆရာမများဖြစ်သဖြင်. ဆရာ ၊ဆရာမများကို အထူးကြည်ငြိုလေးစားပါသည် ။ ထိုနေ.ကဆရာမနှစ်ဦးသည် ၆ မိုင် ၊ ၇ မိုင်ခန်. ဝေးသော လက်ပံပျားကျေးရွာ ကျောင်းရှေ.တွင် ကားပေါ်မှဆင်းသွားကြသည် ။ ကျေးဇူးတင်ပါသည်ဟုလည်းတဖွဖွပြောသွားသေးသည် ။
ကားကိုဆက်မောင်းလာသောအခါ မိတ္ထီလာ Toll Gate အနီးတွင် အဖြူအစိမ်းဝတ်ထားသော ဆရာမ သုံးယောက် ကျွန်တော်တို.ကားကိုတားပြန်သည် ။ ကျွန်တော်က နိုင်ငံခြားသားစင်္ကာပူကြီးကိုအားနာသဖြင်.ရပ်မပေးနှင်.ဟုဒရိုင်ဘာကိုပြောလိုက်ပါသည် ။ သို.သော် တိုးရစ်ကြီးက ရပ်ပေးလိုက်ပါ ၊ဆရာမများဖြစ်သဖြင်.လမ်းကြုံလိုက်ချင်လျင်ခေါ်ခဲ.ပါဟု ပြောသဖြင်. ကားကိုရပ်ပြီးနောက်ပြန်ဆုတ်ကာဆရာမများကိုကားပေါ်သို.တက်စေပါသည် ။

ဆရာမတစ်ဦးက မိုင်တိုင်အမှတ် ၂၈၀ တွင်ရပ်ပေးပါဟုပြောသည် ။အခြားဆရာမနှစ်ဦးက မိုင်တိုင်အမှတ် ၂၈၂ တွင်ရပ်ပေးပါဟုပြောပါသည် ။ ထို.ကြောင်.အဝေးပြေးအမြန်လမ်းမကြီးအတိုင်းမောင်းလာပြီး သူတို.ပြောသောနေရာများတွင် ရပ်ပေးလိုက်ပါသည် ။ ထိုနေရာသည် လူသူလေးပါးလဲမရှိ ၊ တောကြီးမျက်မည်းဖြစ်သည် ။ ဤနေရာမှ ရွာကျောင်းသို.ရောက်ရန် ဆယ်.ငါးမိနစ်ခန်.လမ်းလျှောက်ရဦးမည် ဟု ဆရာမများကပြောသဖြင်.သိရပါသည် ။ဆ၇ာမတစ်ယောက် အရင်ဆင်းသွားပါသည် ။နောက်ထပ်နှစ်မိုင်ခန်.ကားမောင်းပြီးသောအခါ ကျန်သောဆရာမနှစ်ဦး ကားပေါ်မှ ကျေးဇူးတင်ကြောင်းပြော၍ ဆင်းသွားကြပါသည် ။ ထိုအခါ စင်္ကာပူတိုးရစ်ကြီးကကျွန်တော်.ကို ဤသို.မေးပါသည် ။

“ မင်းတို.နိုင်ငံကဆရာ ၊ ဆရာမတွေ နေ.တိုင်းဒီလိုပဲကျောင်းသွားရတာလား “
“ အများအားဖြင်.တော. ဒီလိုပဲသွားရတာပဲ ၊ အထူးသဖြင်. နယ်တွှေမှာနေတဲ. ဆရာ၊ ဆရာမတွေပေါ. “
“ သူတို.ကိုအစိုးရက ကျောင်းကားစီစဉ်မပေးဘူးလား “
“ ဘာကျောင်းကားမှ မရှိပါဘူးကွာ ၊လိုင်းကားရှိရင်လဲ လိုင်းကား ၊ လိုင်းကား မရှိတဲ.နေရာမှာနေရတော.လည်း လာတဲ.ကားကိုလမ်းကြုံတားစီးရတာပေါ. “
“ ကားကြုံမရရင်ရော “
“ မရရတဲ.အထိစောင်. ၊ ဒါမှမဟုတ် ကုန်းကြောင်းလျှောက်ပေါ. “
“ စက်ဘီးနဲ.မသွားဘူးလား “
“ အမြန်လမ်းပေါ်မှာ စက်ဘီးစီးခွင်.မရှိဘူး ၊ တစ်ချို.နေရာတွေကျတော.လည်းစက်ဘီးကကုန်းတက်ကုန်းဆင်းဆိုတော. အဝေးကြီးမနင်းနိုင်ကြဘူးပေါ. “
“ မော်တော်ဆိုင်ကယ်ရော “
“ ဆရာမတွေရတဲ.လခနဲ. ဘယ်လိုလုပ် ဆိုင်ကယ်ဝယ်နိုင်မှာလဲ ၊ နေ.စဉ် ဓါတ်ဆီဖိုးနဲ. ပြင်ဆင်စားရိတ်ကရှိသေးတယ် “
“ အစိုးရက ဆရာတွေကို ဆိုင်ကယ် အခမဲ.ထုတ်မပေးဘူးလား ၊ အရစ်ကျစနစ်နဲ.ပဲဖြစ်ဖြစ်ပေါ. “
“ မပေးပါဘူးဗျာ ၊ အရစ်ကျလဲမရောင်းပါဘူး “
“ ကျောင်းဆရာတစ်ယောက်လခဘယ်လောက်ရသလဲ “
“ ရှစ်သောင်း ၊ကိုးသောင်း ၊ လောက်တော.ရ မှာပေါ. ၊ စင်္ကပူဒေါ်လာနဲ.ဆို တစ်လ ဒေါ်လာ ၁၃၀ လောက်တော.ရမှာပေါ. “
စင်္ကာပူကြီးသည် မြန်မာ.ပညာရေးကိုအတော် စိတ်ဝင်စားပုံ ( စိတ်ဓါတ်ကျသွားပုံ) ရသည် ။ ထို.နောက်သူကဆက်ပြောသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ပညာရေးသည်အရေးအကြီးဆုံးဖြစ်ကြောင်း ၊ စင်္ကာပူနိုင်ငံ၏ ဖွံ.ဖြိုးတိုးတက်မှုကို ပညာရေးအပေါ်တွင်အခြေခံတည်ဆောက်ခဲ.ကြောင်း။ သူတို.နိုင်ငံတွင် တစ်ချိန်က မူလတန်းကျောင်းဆရာဆရာမများ၏လစာမှာအလွန်ပင်နည်းပါးခဲ.ကြောင်း ။ သို.သော်နိုင်ငံ.ခေါင်းဆောင်နှင်.ပြည်သူများသည် ပညာရေးစနစ်၏အဓိကဒေါက်တိုင်မှာ ဆရာ ဆရာမများဖြစ်သဖြင်. ကျောင်းဆရာများကိုလခတိုးပေးဖို.အစိုးရကိုဝိုင်းဝန်းတောင်းဆိုကြကြောင်း ။ ထို.ကြောင်.ကျောင်းဆရာများ၏လခကို တိုးမြှင်.သတ်မှတ်ပေးခဲ.ရာ ယခုအခါ စင်္ကာပူတွင် မူလတန်းကျောင်းဆရာတစ်ယောက်၏လခမှာ စင်္ကာပူဒေါ်လာ သုံးထောင် ( မြန်မာငွေ နှစ်ဆယ်.နှစ်သိန်းခန်.) ရှိပြီး တက္ကသိုလ်၊ကောလိပ်များရှိ ကထိက၊ ပါမောက္ခတစ်ယောက်၏လစာမှာ စင်္ကာပူဒေါ်လာ တစ်သောင်း ၊ နှစ်သောင်းမှ သုံးသောင်းအထိ ( မြန်မာငွေ ၇၄ သိန်း ၊ ၁၄၉ သိန်းခန်. မှ ၂၂၃ သိန်း ခန်. ) အထိရှိကြောင်းသိရသဖြင်.ကျွန်တော်အံ.သြရသောအလှည်.သို.ရောက်လာပါသည် ။

သူကထပ်ပြောသည် မှာ မူလတန်းနှင်.အလည်တန်းကျောင်းသားအားလုံးအား ပညာရေးအထွေထွေအသုံးစားရိတ်အဖြစ် တစ်လလျင် စင်္ကာပူဒေါ်လာ (၁၅၀ ) မှ (၂၀၀ ) ကြားကို လစဉ် ကျောင်းသား၏ ဘဏ်စာရင်းစာအုပ်ထဲသို.ထည်.ပေးထားကြောင်း ။ ကျောင်းသားမှ ပညာရေးအတွက် အသုံးစားရိတ် လိုသောအခါ (ဥပမာ စာအုပ်ဝယ်ရန် ) အတန်းပိုင်ဆရာ၏ ထောက်ခံချက်လက်မှတ်ဖြင်. ငွေထုတ်နိုင်ကြောင်း ၊ မိဘက အရက်သောက် ဖဲရိုက်လုပ်ပစ်မည် စိုးသဖြင်.ထိုသို. ထိမ်းချုပ်ထားကြောင်း ။ ထို.ကြောင်.မိဘများမှာ သားသမီး၏ပညာရေးကိုလုံးဝစိတ်ပူစရာမလိုကြောင်း ။ ကျောင်းသားတော်လျင်တော်သလောက်အစိုးရမှထောက်ပံ.သွားမည် ဖြစ်ကြောင်းပြောပြပါသည် ။ဒါတောင် သူပြောသော တစ်လ စင်္ကာပူဒေါ်လာ (၁၅၀ ) ဆိုသည်မှာ လွန်ခဲ.သောအနှစ် ၂၀ က ပေးသောထောက်ပံကြေးဖြစ်ကြောင်း ၊ ယခုခေတ်တွင် ထို.ထက်ပို၍ ရရှိကြမှာဖြစ်ကြောင်းပြောပြပါသည် ။
၎င်းအပြင် သက်ကြီးရွယ်အိုများ ပညာသင်ယူလိုပါကလည်း ဥပဒေပညာ ၊ ဆေးပညာမှ အစ ပညာရပ်အသီးသီးကိုအသက်ကန်.သတ်ချက်မရှိလေ.လာနိုင်ရန် နေ.ကျောင်း၊ညကျောင်း စသည်ဖြင်.ဖွင်.လှစ်ပေးထားရာ စင်္ကာပူနိုင်ငံသားများမှာ နေ.မှာအလုပ်လုပ် ညမှာကျောင်းတက်၍ မအားလပ်အောင်ပညာရှာမှီးကြကြောင်းပြောပြပါသည် ။ သူ.ဟန်းဖုန်းမှ မက်ဆိပ်တစ်ခုကိုဖတ်ကြည်.ပါဦးဟု ဆိုပြီးပြသဖြင်. ဖတ်ကြည်.ရာ အသက်အရွယ်ကြီးရင်.သူများအတွက် အီးမေးလ် အင်တာနက်အသုံးပြုနည်းသင်တန်းကို အစိုးရမှ အခမဲ.ဖွင်.လှစ်သင်ကြားပေးမည်ဖြစ်၍ မနက် ၈ နာရီမှ ၁၀ နာရီတန်းဖြစ်စေ ညနေ ၄ နာရီမှ ၆ နာရီတန်းဖြစ်စေ အဆင်ပြေရာသင်တန်းကိုရွေးချယ်တက်ရောက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း အကြောင်းကြားစာဖြစ်နေပေသည် ။ အော်စင်္ကာပူမှာကား ပညာလိုချင်သူများမရလိုက်ရမရှိလေအောင် အစိုးရမှ သက်ကြီးရွယ်အိုများအထိအခမဲ.လိုက်လံပို.ချနေကြလေသည်တကား။

ထိုမျှနှင်.မပြီးသေး ။ တက္ကသိုလ်၊ ကောလိပ်သို.ရောက်လာသောကျောင်းသားအားလုံးကို အစိုးရက ဘဏ်များတွင် ငွေစာရင်းများဖွင်.ပေးပြီး ကျောင်းစားရိတ်အဆင်ပြေစေရန် ချေးငွေများထုတ်ချေးထားကြောင်း ၊ ကျောင်းပြီး၍ အလုပ်ရမှ တဖြည်းဖြည်းပြန်ဆပ်ရပ်ဖြစ်ကြောင်း ပြောပြပါသည် ။ သူတို.နိုင်ငံမှာပညာတတ်ဖြစ်ဖို.တယ်လွယ်ပါလား ဟုတွေးမိပါသည် ။ ကျွန်တော်တို.နိုင်ငံဝယ် အစိုးရအဆက်ဆက်သာ ပညာရေးကို ဤမျှလောက်အလေးထားထောက်ပံ.ခဲ.ပါလျင် မြန်မာလူငယ်အားလုံး ဘွဲ.ရပညာတတ်တွေ ချည်းဖြစ်နေလိမ်.မည် ။ဆရာဝန် ၊ အင်ဂျင်နီယာတွေ ၊ ကွန်ပျူတာပညာရှင်တွေဖြစ်ကုန်ပေလိမ်.မည် ။ နိုင်ငံခြားသွား၍ သက်စွန်.ဆံဖျားကျွန်ခံရသောဘ၀ မှလွတ်မြောက်ကြပေလိမ်.မည် ။ ပညာရဲရင်.ပွဲလည်တင်.ပေလိမ်.မည် ။ ငယ်ငယ်ရွယ်ရွယ်နှင်. အရက်သမား ၊ ဖဲသမား ပေတေလေလွင်.နေသောလူငယ် အမြောက်အများကို လမ်းမှန်သို.တင်ဆောင်နိုင်လိမ်.မည် ။

ထိုအရာအားလုံး၏အခြေခံမှာ ပညာရေးဒေါက်တိုင်ဖြစ်သည် ။ ပညာရေး၏အခြေခံမှာ ဆရာဆရာမများဖြစ်သည် ။ ဆရာ ဆရာမများ၏ လူနေမှုအဆင်.အတန်းနှင်.လျော်ညီသော လုပ်ခလစာနှင်. ထောက်ပံ.ကြေး သည် တိုင်းပြည် တိုးတက်ဖွံ.ဖြိုးရေးအတွက်မဖြစ်မနေလုပ်ကိုလုပ်ရမည်. လမ်းစဉ်ဖြစ်သည် ။ထိုအကြောင်းကိုမီဒီယာမှတစ်ဆင်.တိုင်းပြည်သို.သိအောင်ပြောဖို. နိုင်ငံသားအားလုံးမှာတာဝန်ရှိသည်ဟု တိုးရစ်ကြီးကဆိုပါသည် ။ အနည်းငယ်ရိုင်းသော်လည်းမှန်တာကိုဝန်ခံရလျင် စင်္ကာပူမှအိမ်ဖော်တစ်ယောက်၏ လုပ်ခလစာသည် မြန်မာနိုင်ငံမှကျောင်းဆရာတစ်ယောက်ထက်များပါသည် ။

ကျွန်တော် ရန်ကုန်တက္ကသိုလ်တွင် တက်စဉ်က နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခဆရာကြီး သည် နေ.စဉ်ကျောင်းသို.လိုင်းကားတိုးစီးပြီးကျောင်းလာရ၏ ။ ၅၁ လိုင်းကားပေါ်မှ ဆင်းလာသော ပါမောက္ခဆရာကြီးကိုမြင်တိုင်း ကျွန်တော် သည် အသည်းတဆတ်ဆတ်နာအောင်ခံစားရပါ၏ ။ တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင်.ဆိုသူများ မာဇဒါဂျစ် များတ၀ီဝီ စီးနေကြချိန်တွင် နိုင်ငံခြားတက္ကသိုလ်တစ်ခုမှ Ph.D ဘွဲ.ရလာသော ပါမောက္ခ ဆရာကြီးတစ်ယောက် လမ်းလျောက် ပြီးကျောင်းလာရတာ မည်သို.မျှမဖြစ်သင်.ပါ ။ စစ်ဗိုလ်က ကားစီးကာ ပါမောက္ခက ခြေလျင်လျောက်နေရသော ကမောက်ကမ နိုင်ငံမှ မဆင်းရဲလျင် ဤ ကမ္ဘာပေါ်ဝယ်ဘယ်နိုင်ငံသည် ဆင်းရဲပါဦးမည်နည်း ။

ကျွန်တော်.အစ်မကြီး သည် မူလတန်းပြဆရာမတစ်ဦးဖြစ် သည် ။သူသည် ၀က်ထီးကန်မြို. အနီးမှ ရွာတစ်ရွာတွင်တာဝန်ကျရာ ၊ ပြည်မြို.မှ ၀က်ထီးကန်သို.နေ.စဉ်လိုင်းကားနှင်.သွားရပါသည် ။ အစိုးရ၏ သတ်မှတ်ချက်အရ လိုင်းကားဆရာများမှာ ဆရာ ၊ဆရာမ များထံမှ ကားခ တစ်ဝက်သာကောက်ခံခွင်.ရှိပါသည် ။ သက်ဆိုင်ရာ သည် ပညာရေးကိုထောက်ပံ.ပုံမှာ လေဖြင်.၊အမိန်.အာဏာဖြင်.၀င်ရောက်ထောက်ပံ.ခြင်းဖြစ်ရာ ထိုကိစ္စ၏ရလာဒ်အဖြစ် အချို.ကားဆရာများသည် ကျောင်းဆရာ၊ဆရာမများကိုမြင်သည်နှင်. ကားကိုရပ်မပေးပဲမောင်းပြေးကြခြင်းဖြစ်သည် ။ ထိုသို.မောင်းမပြေးမီ လမ်းဘေးတွင်ကားစောင်.နေသော ဆရာ၊ဆရာမများကို မြင်သည်နှင်. “ မောင်းဆရာရေ ကြိမ်ခွေတွေလာပြီ “ ဟုအော်လေ.ရှိသေးသည် ။ကြိမ်ခွေဆိုတာဘာလဲဟုကျွန်တော်ကမေးတော.
“ ဒီလိုလေ ကြိမ်ခွေဆိုတာ ၀ါးဖောင်တွေကို အနားကွပ်တဲ.နေရာမှာသုံးတာ ၊ ဖောင်ကွပ်တော. ဖွတ်ကောင်ပေါ.ဟယ် “ ဟု ဧ၀ံမေသုတံ ဤသို. မှတ်သားရပါသည် ။

အော်ကျောင်းဆရာများကို နှိပ်ကွပ်သည်.နေရာတွင် စစ်အစိုးရသာမက အသိဥာဏ်နိမ်.သော တိုင်းသူပြည်သားအချို. ကပါ တက်ညီလက်ညီပါဝင်ခဲ.ကြသည်ပဲ ။ ကမ္ဘောဒီးယားမှာခမာနီတွေအုပ်ချုပ်စဉ်ကလို မျက်မှန်တပ်တာနှင်. ပညာတတ်ဟုသတ်မှတ်ကာ သတ်မပစ်တာပဲ တော်လှပြီဟုဆိုရမလိုဖြစ်နေပေသည် ။ လူတို.၏အသိပညာနိမ်.ကျခြင်းမှာ ပညာမတတ်၍ ဖြစ်သလို ၊ ပညာမတတ်ခြင်းကြောင်. အသိဥာဏ်နိမ်.ကျကာ အကောင်းအဆိုးမခွဲနိုင်တော.ပေ။

ကျောင်းဆရာများကျူရှင်သင်တာ ၊ မုန်.ရောင်းတာလောက်ကိုပဲ ပျက်ရယ်ပြု ၊အပြစ်တင်နေကြသော မြန်မာ.လူ.အသိုင်းအ၀ိုင်းဝယ် ထိုသို.ကျူရှင်ပြ ၊မုန်.ရောင်းပြီးဝင်ငွေရှာရသည်အထိနိမ်.ကျလာသော နောက်ခံအကြောင်းတရားများကိုမည်သူကမှစိတ်မ၀င်စားကြပေ ။ ပညာရေးအတွက်သုံးသော ဘတ်ဂျက်သည် နည်းလွန်းသဖြင်. ကျောင်းများသည် အမိုးနှင်. အကာပါလျင် ကျောင်းအင်္ဂါရပ်နှင်.တူပြီဟု အားလုံးကလက်ခံထားကြရသည် ။ကျွန်တော်.သားကြီးတက်ရောက်ပညာသင်ကြားသော အ.ထ.က(၁) မြောက်ဥက္ကလာကျောင်းဆိုလျင် စာသင်ခန်းပြူတင်းပေါက် များမှာ မှန်များကွဲနေသည် ။ ထို.ကြောင်.မိုးရွာလျင် ပြူတင်းပေါက်ဘေးတွင်ထိုင်သော ကျောင်းသားမှာ မိုးရေတွေရွှဲကုန်သည် ။ တစ်ချို.စာသင်ခန်းများမှာ ပြူတင်းပေါက်ရှိသော်လည်းတံခါးများမရှိတော.သဖြင်. ရရာပျဉ်ပြားများဖြင်. အသေပိတ်ရိုက်ထားရ၏ ။ သားအငယ်တက်ရသောစာသင်ခန်းဝယ် ပြူတင်းပေါက်တံခါးသည် ချိတ်စရာ ချိတ်မရှိသဖြင်.လေတိုက်တိုင်း ဂျိမ်းကနဲတံခါးပိတ်သည်ကို ကလေးများကကြည်.ရှောင်နေရသည်။အိမ်သာမှာလည်းသန်.ရှင်းမှုမရှိ ။ကျောင်းဝန်းသည်လည်းမြက်ရိုင်းများတောထအောင်ပေါက်နေသဖြင်. မြွေအန္တရာယ်ကိုစိုးရိမ်ရသေးသည် ။ အချို.ကျောင်းများဆိုလျင် မိုးရွာလျင်ရေ၀ပ်နေသည် ။ ခေါင်မိုးမလုံ၍ မိုးယိုသောစာသင်ခန်းလဲရှိသည် ။ ကျောင်းများတွင် ရန်ပုံငွေမလုံလောက်သလို သန်.ရှင်းရေးဝန်ထမ်းပင်အလုံအလောက်မရှိ ၊ Landscaping Designer တို. Gardener တို.ဆိုသည်မှာဝေလာဝေး ။သိပ္ဖံ ခန်းသုံးပစ္စည်းများမှာကျောင်းသားများ မြင်ပင်မမြင်ဘူး၍ အောက်စီဂျင်ကိုလေ ဖြင်. ( ပါးစပ်ဖြင်.) စာရွက်ပေါ်မှာ ထုတ်လုပ်ကြရသည်။ ကွန်ပျူတာဆိုသည်မှာ ကျောင်းသို.လူကြီးလာလျင် ပြရသော အထူးတဆန်းပစ္စည်းဖြစ်သည်ဟုကျောင်းသားများကယုံကြည်ကြသည် ။ ပြောရလျင် ပြောမဆုံးပေါင်တောသုံးတောင်ဟုဆိုရတော.မည်။

ကျွန်တော်ငယ်စဉ်က ပြည်မြို. အ.ထ.က(၁)တွင်သချာင်္သင်ခဲ.ဖူးသောအလည်တန်းပြဆရာကြီးတစ်ဦးမှာ ဘ၀နေ၀င်ချိန်တွင် ပင်စင်လစာမလောက်မငဖြင်.ချို.ချို.တဲ.တဲ.ကွယ်လွန်သွားရှာသည် ။ သူမသေခင် “ ကျွန်တော်ကျောင်းဆရာ မောင်………… စားစရာမရှိလို.ငတ်နေပါပြီခင်ဗျ “ ဟု တစ်ရပ်ကွက်လုံးကြားအောင် ၀ရံတာမှထွက်၍အော်သေးသည်ဆို၏။ ခပ်ရွတ်ရွတ်ဆရာကြီးမှာ သက်ဆိုင်ရာအာဏာပိုင်များနှင်းလူ.အသိုင်းအ၀ိုင်းကို အရွဲ.တိုက်၍အော်ခြင်းဖြစ်ပေမည် ။ထိုဆရာကြီးသည်ကျူရှင်မသင်ပေ။

မြန်မာနိုင်ငံကိုစင်္ကာပူကဲ.သို.ဖြစ်ချင်လျင် စင်္ကာပူသည် ပညာရေးအတွက် တိုင်းပြည်ဘတ်ဂျက်ဘယ်နှစ်ရာခိုင်နှုန်းကိုသုံးသလဲဆိုတာလေ.လာဖို.လိုသည် ။ မြန်မာနိုင်ငံသည် တိုင်းပြည်ဘတ်ဂျက်၏ ဘယ်နှစ်ရာခိုင်နှုန်းကို ပညာရေးအတွက်သုံးနေသလဲဆိုတာဆန်းစစ်ဖို.လိုပေမည် ။ စင်္ကာပူသည် ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အတွက် အသုံးစားရိတ်ပေါင်း စင်္ကာပူဒေါ်လာ (၁၁.၆ ဘီလျံ ) အသုံးပြုမည်ဟုသိရ၏ ။ ထိုအထဲမှ မူလတန်း၊ အလယ်တန်း ၊ အထက်တန်းကျောင်းများအတွက် ၅.၆ ဘီလျံဒေါ်လာ ၊ ပုဂ္ဂလိကတက္ကသိုလ်များ ၊ အခြားတက္ကသိုလ်ကောလိပ်ကျောင်းများ အတွက် ၅.၁ ဘီလျံ ဒေါ်လာသုံးမည်ဟု သိရသည် ။စင်္ကာပူသည် နိုင်ငံ၏ နှစ်စဉ်အသုံးစားရိတ်ဘတ်ဂျက်စုစုပေါင်း၏ (၂၀ )ရာခိုင်နှုန်းကို ပညာရေးအတွက်အသုံးပြုသည်ဟုသိရသည် ။ မြန်မာနိုင်ငံတွင်မူကား ဘတ်ဂျက်၏ (၂၀)ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက်အသုံးပြုပြီး ပညာရေးအတွက် ၄.၄ ရာခိုင်နှုန်း ၊ ကျန်းမာရေးအတွက် ၃.၉ ရာခိုင်နှုန်းအသုံးပြုခဲ.သည်။

မြန်မာနိုင်ငံ၏အနာဂါတ်ကိုတည်ဆောက်ရာတွင်လည်း “ နတ္ထိဝိဇ္ဖာ သမံမိတ္တံ” ပညာမှတပါးကိုးကွယ်ရာမရှိဟူသောစိတ်ထားဖြင်.တည်ဆောက်မှသာအောင်မြင်ပေ မည်။ထိုသို.တည်ဆောက်မည်ဆိုပါက သေနတ်ကိုင်သောလက်ထက် မြေဖြူကိုင်သောလက်များမှာ ထိုက်သင်.သော ပံ.ပိုးမှုများဖြင်.ပိုမို ပြည်.စုံ ဖို.မလွဲမသွေလိုအပ်မည်ဖြစ်ပါကြောင်း ။

သရဝဏ်(ပြည်)

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၅.၈.၁၃)

Monday, September 24, 2012

အေအိုင်ဒီအက်စ်ဝေဒနာရှင်များ-အာဟာရအစားအစာများလိုအပ်နေ..

လင်းလက်ပရဟိတလူငယ်အသင်းမှလှူဒါန်းဖွယ်ရာများ

 လင်းလက်ပရဟိတာလူငယ်အဖွဲ့သားများ


လင်းလက်ပရဟိတလူငယ်အဖွဲ့ခေါင်းဆောင်မလင်းလက်မှ
ဝေဒနာရှင်များကိုအားပေးစကားပြောကြား 

လင်းလက်ပရဟိတလူငယ်အဖွဲမှဝေဒနာရှင်များကိုဖျော်ဖြေစဉ်။ 

လင်းလက်ပရဟိတလူငယ်များနှင့်ဝေဒနာရှင်များအမှတ်တရ။

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဥက္ကလာပမြို့နယ်၊ဝေဘာဂီဆေးရုံကြီးရှေ့ရှိ အသောကရာမရွှေဟင်္သာရေလယ်ပရိယတ္တိစာသင်တိုက်တွင် အေအိုင်ဒီအက်ဝေဒနာရှင် ၆၀ ဦးခန့်တည်းခိုနေထိုင်ကြပြီးအာဟာရအစားအစာများလိုအပ်နေသည်။

                      လူနာတွေတည်ခို
ဦးဇင်းတို့ရောက်တဲ့အချိန်မှာ ဝေဘာဂီဆေးရုံကလည်း ဖွင့်နေတဲ့အချိန် ဆေးရုံမှာရေအခက်ခဲဖြစ်တယ်။ လူနာရှင်တွေကမိုးလင်းတာနဲ့ရေဘူးလေးတွေကိုင်ပြီးကျောင်းကိုရေလာယူကြတာပေါ့။
နောက် လူနာရှင်တွေကို ရေချိုးအဝတ်လျှော်ဖို့ပါ လက်ခံခဲ့တယ်။ လူနာတွေ နယ်ပြန်ဖို့ခက်ခဲတဲ့အခါကြတော့ တည်းခွင့်ပေးခဲ့တယ်"ဟု ကျောင်းထိုင်ဆရာတော်ဘဒ္ဒ န္တကုဏ္ဍလ(ဓမ္မာစရိယ)ကပြောကြားခဲ့ပါသည်။

                   ပြည်၊ဇီးကုန်းမှ ဆေးကုသူရဲ့ဇနီး

"ယောကျာ်းက ဒီရောဂါကြီးကိုစဖြစ်တာ။ ပြီးမှသမီးဖြစ်တာပေါ့၊သိသိချင်းရန်ကုန်တက်လာတယ်၊ဒီကျောင်းမှာနေရင် ဖရဲသီးရောင်းပြီးဝင်ငွေရှာရတယ်။

                       ရန်ကုန်မှာဘဲသေချင်သူ။
အဆိုပါကျောင်း၌် ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းဘက်မှဝေဒနာရှင်အမျိုးသမီးတဦးနှင့် ၎င်း၏ ငါးနှစ်အရွယ်ရှိသားတစ်ဦး၊နှစ်နှစ်အရွယ်ရှိ သမီးတဦးတိုသည်လည်း မိသားစုပုံစံမျိုးနေထိုင်ကြသည်။"၁၀ လသားအရွယ်လေးမှာ မက်ခရုတွေပေါက်လာတယ်။အစားလည်းမစားနိုင်ဘူး။ဝမ်းတွေပါချုပ်လာတယ်။ အမတစ်ကိုလုံးမှာလည်းအင်ပြင်တွေထလာတယ်။ အရေပြားအကွက်ကြီးတွေ ထလာတော့လူတွေကကြည့်ပြီး ကိုယ့်ကိုအထင်သေးမှာကြောက်ခဲ့တယ်။ ဆရာဝန်ကသွေးစစ်ခိုင်းလို့ စစ်လိုက်တဲ့အခါ သားအမိနှစ်ယောက်စလုံးမှာရောဂါသွားတွေ့တယ်။ကိုယ့်တောမှာကရောဂါတွေ့တယ်ဆိုရင်သေတာဘဲမြင်ဖူးတာဘဲလေ။
အဲဒီတော့ရှက်လိုရန်ကုန်မှာဘဲ တက်သေမယ်။တောမှာတော့မသေဘူး။
"ဝေဘာဂီဆေးရုံကိုညွန်ကြတယ်။သုံးရက်လောက်ပတ်ရှာရတယ်။ ဆေးရုံရောက်တော့သွေးထပ်စစ်တယ်။ကလေး(သမီး)ကိုသွေးစစ်တော့ဟိုရောဂါတွေ့တဲ့အပြင် တီဗွီရောဂါပါထပ်တွေ့သေးတယ်။ကလေး(သမီး)ကိုနို့ဖြတ်ရမယ်။ နို့တိုက်ရင်ပိုးကောင်ရေပိုများလာမယ် လိုသိရတယ်။တောကနေရန်ကုန်လာရင်လမ်းစရိပ်ကအသွားအပြန် သုံးသောင်းလောက်ကုန်တယ်။။အခုဘုန်းကြီးကျောင်းမှာတည့်တယ်။ ကျောင်းကထမင်းကျွေးထားတယ်။ သဇင်ဆေးခန်းက အလကားပေးတဲ့ဆေးထုပ်တယ်(ART)ဆေးဝေတာကမိသာစုလိုက် ရောဂါဖြစ်နေရင် ဦးစားပေးတယ်။ ဆရာဝန်ကလမ်းစရိပ်တွေကြောင့် ရက်ညှိပေးတယ်"ဟုသူတွေ့ကြုံပုံကိုပြောပြသည်။

                  အမျိုးသမီးဝေဒနာရှင်တွေ
အဆိုပါကျောင်း၌ ဝေဒနာရှင်အများစုသည် အမျိုးသမီးများဖြစ်ကြပြီး ၎င်းတို၏ အသက်များသည်နှစ်ဆယ်နှင့် သုံးဆယ့်ငါးကြားရှိ အရွယ်များဖြစ်သည်။ ၎င်းတို၏လင်ယောကျာ်းများသည် အလုပ်ကြမ်းသမားများဖြစ်ကြသည်။
"အမျိုးသားက တွင်ခုံလုပ်တယ်။သူ(ယောကျာ်း)မကောင်းလို့ဒီရောဂါစဖြစ်ရတယ်ဆိုပြီး ရန်ဖြစ်တာပေါ့။ ကိုနဲ့ရတဲ့အချိန်မှာ အကျင့်ကောင်းကောင်းပါပဲ။ လူပျိုတုန်းကတော့ရှုပ်ချင်ရှုပ်ခဲ့မှာပေါ့။ ဘုန်းကြီးကျောင်းဆိုတာကလဲ တစ်သက်လုံးနေလိုမရဘူးလေ။ အရင်တခေါက်ကရွာပြန်တော့ သင်္ဘောဆိပ်လည်းရောက် ဝိုင်းပြီးကြည့်ကြတာရှက်လည်ရှက်တယ်။မျက်ရည်လည်းကျခဲ့ရတယ်။သီတင်းကျွတ်ကျရင်ရွာကိုပြန်မယ်"ဟု ဟိုင်းကြီးကျွန်းမှဆေးလာကုသူ အမျိုးသမီးတစ်ဦးမှပြောပြသည်။
"ဒီရောဂါကိုယောကျာ်းဆီကကူးတာ။ရောဂါဖြစ်နေမှန်းသိနေတာကြာပြီ။ရန်ကုန်လာဖို့အဆင်မပြေဘူး။ နယ်မျနေနေရင် ရောဂါကဆိုးလာတယ်။ အဲဒါနဲ့ဒီကိုလာခဲ့တာပေါ့။ ယောကျာ်လုပ်သူကဆိုက္ကားနှင်းတယ်။ ဆုံးသွားတာခြောက်နှစ်လောက်ရှိပြိ။ ကလေးရောယောကျာ်းပါဆုံးသွားတယ်။ သီမကကုန်စိမ်းရောင်းတယ်။ တုံးလုံးလဲသွားပြန်ရော့။တုံးလုံးလှဲနေရင်းလဲဈေးရောင်းနေရတယ်" ဟု ပြည်မြို့မှဘ အမျိုးသမီးတစ်ဦးကပြောပြပါသည်။

               လက်ပံတန်းမှ ဝေဒနာရှင်ပြော

ဆေးကရတယ်။ဆေးမတည့်လိုဖြတ်ထားရတယ်။ကျွန်တော်ကလူပျိုကြီးပါ။ပွင့်ပွင့်လင်းလင်းပြောရရင် သူငယ်ချင်းတွေနဲ့သောက်တယ်။ မိန်းမတွေနဲ့ပျော်ခဲ့တယ်။ဗဟုသုတလည်းနည်းခဲ့တာပေါ့ဗျာ။ ရောဂါဖြစ်မှန်းသိတော့ အဲဒီစိတ်တွေကိုထိန်းနိုင်သွားပါပြိ။ဒီရောဂါဖြစ်ပြီးမှ မိန်းမတွေနဲ့ မပျော်ပါးတော့ဘူး။စိတ်တော့၇ှိတာပေါ့ စိတ်ကိုထိန်းရတပေါ့ဗျာ။

ကျောင်းရဲ့လိုအပ်ချက်
 အဆိုပါကျောင်း၌ ဝေဒနာရှင်များအတွက် အဓိကလိုအပ်ချက်သည် အာဟာရအစားအစာဖြစ်သည်ဟု ဦးသောဘန(တာဝန်ခံဆရာတော်)ကမိန့်သည် ဒီကျောင်းဟာ မြောက်ဥက္ကလာပမှာရှိပြီးတော့ ဒီလိုဝေဒနာရှင်တွေဟာ(ART)ဆေးသောက်ပြီးရင် ကျမတိုသိသလောက်ကတော့ တလကျော်လောက်အစာရေစာပြတ်သွားရင် အဆင်မပြေနိုင်ဘူး။ရောဂါက အေအိုင်ဒီအက်တမျိုးထဲမဟုတ်ပဲတီဗီရောဂါပါဝင်လာရင်ပိုဆိုးတာပေါ့။  ဒီကြာထဲအာဟာရပါချို့တဲ့ရင် သူတို့ဘဝတွေသွားပြီပေါ့။ နယ်သမားတွေဖြစ်နေတော့ ဘုန်းဘုန်းကစောင့်ရှောက်ထားတာ။ဒီမှာ အလှပြုပြင်ရေကမိန်းမလျာတွေလဲရှိတယ် ဟု ယင်းကျောင်းတိုက်၌ပရဟိတဆောင်းရွက်နေသူ မဖြူဖြူအောင်သိန်းမှပြောပြပါသည်။

     ယင်းဝေဒနာရှင်များအတွက်ငွေကြေးနှင့်အစားအစာများလိုအပ်လျက်ရှိပါသည်။

   ၁။နံနက်စာတစ်နပ်လျှင်။      ။၁၅၀၀၀ကျပ်နှုန်း။
  ၂။နေလယ်စာတနပ်လျှင်။     ။၂၀၀၀၀ကျပ်နှုန်း။
  ၃။ညနေစာတနပ်လျှင်   ။     ။၂၀၀၀၀ကျပ်နှုန်း။
  ၄။တနေ့တာအတွက်   ။     ။၅၅၀၀၀ကျပ်နှုန်းဖြင့်လှူဒါန်းနိုင်ပါသည်။

     ဆက်သွယ်လှူဒါန်းလိုပါက
    ဘဒ္ဒ န္တကုဏ္ဍလ(ကျောင်းထိုင်ဆရာတော်)
    ဖုန်း=၀၉၄၂၀၀၆၄၁၄၅
    ဦးသောဘန(တာဝန်ခံ)
    ဖုန်း=၀၉၄၃၁၁၂၁၁၉
    ကိုဆန်းဝင်း
    ဖုန်း=၀၉၄၂၀၀၇၉၈၄၅
    မဝါဝါခင်(ဩစတေးလျ)
    wawakhin@gmail.com
    ph; +61404043929
  မဖြူဖြူအောင်သိန်း
   ဖုန်း=၀၁-၃၈၈၂၆၂---သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
 ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၂၅.၉.၁၂)တနင်္လာ

Friday, September 21, 2012

အားမငယ်ဘူး၊ ရှေ့ဆက်ဖို့အတွက် ကြိုးစားဦးမယ်

ဝေဒနာရှင်တဦးအားကုမုဒြာဂျာနယ်မှတွေ့ဆုံမေးမြန်းနေစဉ်

ဝေဒနာရှင်ကလေးငယ်တဦးကိုသြစတေလျမှ မဝါဝါခင်
မှပန်းချီဆွဲပြနေစဉ်
                                                   
      နှစ်ထပ်အဆောက်အအုံထဲ ဝင်လာတယ်ဆိုရင်ဘဲ စာသင်သားကိုရင်တွေ ဝမ်းလျာထိုးစာသင်နေကြတာ တွေ့ရတယ်။ ဘေးလှေကားအတိုင်းအပေါ်ကို ဆက်တက်သွားတယ်၊ အပေါ်ထပ်မှာ လူအရောက် (၆၀)လောက်ကိုတွေ့ရတယ်။ အိပ်တဲ့သူကအိပ်၊ စကာပြောတဲ့သူကပြော၊မီးပူတိုက်တဲ့သူကမီးပူတိုက်နေတာတွေ့ရပါတယ်။ သည်နေရာက မြောက်ဥက၁ကလာပမြို့နယ်မှာရှိတဲ့ ဝေဘာဂီဆေးရုံကြီးရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အသောကရာမရွှေဟင်္သာရေလယ်ပရိယတ္တိစာသင်တိုက်ထဲက မြင်ကွင်းဘဲဖြစ်တယ်။
"နေ့ခင်းနေလယ်ဆိုတော့ အာလုံးတရေးတမောအိပ်ကြတယ်၊ အားရှိအောင်ပေါ့၊ နောက်လဆိုဆေးသောက်တာ ခုနှစ်ပြည့်ပြီ၊ လူကောင်းတွေလိုဘဲ ရေချိုးမှားလဲဘာမှမဖြစ်တော့ဘူး" လို့ အဝါအပွင့်အင်္ကျီင်္ င်္နဲ့ ခပ်နွမ်းနွမ်းထမီကိုဝတ်ဆင်ထားပြီ၊ ပါးမှာသနပ်ခါးအဖွေးသားနဲ့ မသိတာ(အမည်လွှဲ)က ပြောပါတယ်။  အိတ်ခ်ျအိုင်ဗီပိုးရှိသူတွေထဲမှာဘာ အမှားမှ မပြုလုပ်ဘဲ ကူးစက်ခံနေရတာတွေရှိနေတယ်တယ်လို့ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။
               
                       စဖြစ်ကတည်းက တကျက်ကျက်
' ကလေးလဲ နှစ်ယောက်ရှိတယ်၊ဒုတိယမြောက်သမီးလေးမွေးပြီး၊၁၀ လကြာမှာ သားအကြီးမှာမှက္ခရုတွေပေါက်လာတယ်၊ နောက်ကျွန်မတိုလင်မယားမှာလဲ အနာတွေနေရာလွတ်မရှိအောင်ပေါက်လာတယ်။ ဒါနဲ့တိုက်နယ်ဆေးရုံမှာပြကြည့်တော့မှ၊ မိသာစုလေးယောက်စလုံးမှာ အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံနေရမှန်းသိရတယ်"လို သူကြုံတွေခံစားရတာတွေကို မသိတာကအခုလိုဘဲ ပွင့်ပွင့်လင်းလင်းပြောပါတယ်။
              မသီတာဟာ လွန်ခဲ့တဲ့ခြောက်နှစ၊်ခုနှစ်ခန့်က အိမ်ထောင်ကျပြီး ၊အခုဆိုငါးနှစ်အရွယ် သားတစ်ယောက်နဲ့ လမ်းလျှောက်တတ်ခါစ သမီးလေ တယောက်ရှိနေပါပြီ။ သားအကြီးလေးမွေးတုန်းကသာ ဆေးရုံမှာကိုဝန်အပ်ပြီး၊ဆရာဝန်တွေနဲ့ စနစ်တကျမွေးခဲ့ပေမဲ့ သမီးအငယ်လေးကိုတော့ စီးပွားရေအဆင်မပြေတာကြောင့် ရွာကလက်သည်နဲ့ဘဲမွေးဖွားခဲတယ်လိုသိရပါတယ်။
   "လင်မယားနှစ်ယောက်စလုံးကိုယ်ဘာအမှားလုပ်မိလဲဆိုတာ ပြန်စဉ်းစားတိုင်းအဖြေမထွက်ဖူး၊ ယောကျာ်းလုပ်သူက ကျွန်မကြောင့်ပိုးကူးတာလို့ အမြဲပြောတယ်၊ နင်ကအကြီးလေး မွေးတုန်းကသွေးသွင်းခဲ့ရတာလေ၊ ဒါကြောင့်ငါတို့အားလုံးမှာ ဒီပိုးတွေကူးစစ်တာဆိုပြီးစကားများကြတာ အခုထိဘဲ"လို့မသီတာက သူဖြစ်ပျက်ကြုံတွေ့ခဲ့ရတာတွေကို မကွယ်မဝှက်တမ်း ပြောပြပါတယ်။
   တခြားပိုးကူးစက်ခံနေရသူတွေထဲမှာလည်း ထိုနည်းတူစွာ ကိုယ်ဘယ်လိုကြောင့် ကူးစက်ခံခဲ့ရမှန်း မသိကြဘူးလို့ဆိုကြပါတယ်။
              အသောကရာမရွှေဟင်္သာရေလယ်ပရိယတ္တိစာသင်တိုက်ထဲမှာ အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံနေရတဲ့သူတွေကို နေရာထိုင်ခင်းပေး၊အစားသောက်ကျွေးမွေးပြီး ဆေးကအစလိုလေသေးမရှိအောင် ဆရာတော်ကပြုစုစောင့်ရှောက်ထားတယ်လို့လည်းသိရပါတယ်။
                      "အပေါ်ထပ်မှာသူတို့ကိုထားတာလေ၊ တနေ့သုံးကြိမ်လောက်တက်ကြည့်တယ်၊ ဘယ်သူဘာလိုတယ်၊ဘာဖြစ်နေလဲဆိုတာသိရအောင်ပေါ့၊ ကလေးတွေကအစဆေးသောက်ချိန်ဆိုမမေ့ဘူး၊ ၈း၀၀ နာရီထိုးပြီလေ၊ ဆေးသောက်ရတော့မယ်လေဆိုပြီး သူတို့မိဘတွေကိုပြောနေသံတွေကနေတိုင်းကြားရတယ်"လို အများကခေါ်တဲ့အဆောင်မှူး အသောကရာမရွှေဟင်္သာရေလယ်ပရိယတ္တိစာသင်တိုက်ရဲ့ လက်ထောက်ဆရာတော် ဦးသောဘနကမိန့်ပါတယ်။
                     ဘာကြောင့်လဲ
 "မျိုးရိုးလဲမရှိဘူး၊ ကျွန်မကျမှဒီပိုးကူးရတယ်လို့၊အမျိုးသားမှာလဲ မရှိဘူး၊သားမှာလဲမရှိဘူး၊ ဘာကြောင့်ဒီပိုးကရောက်လာတာလဲ မသိဘူး၊ ဖြစ်ဖြစ်ချင်းတုန်းက အားငယ်တယ်၊အခုတော့သားလေးကြီးတဲ့အထိ အသက်ရှင်ချင်တယ်၊ ရှေ့ဆက်ဖို့အတွက် ဆေးတေါသောက်ရဦးမယ်"လို အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံထားရတဲ့ မမိုးသူဇာက သူအဖြစ်အပျက်တွေကို မျက်ရည်တွေကြားက အသံဗလုံးဗထွေးနဲပြောပါတယ်။
       အခုလိုအဖြစ်အပျက်တွေနဲ့ကြုံတွေ့နေရတဲ့သူတို့တွေဟာ အေအာရ်ဗီ ဆေးသောက်ပြီးခုနှစ်လကြာရင် လူကောင်းနီးပါအတိုင်း သွားလာလုပ်ရှားပြီး စီးပွားရှာလိုရပြီဆိုတာကြောင့် ဆေးသောက်တဲ့အချိန်ခုနှစ်လပြည့်ဖို့သာ အားလုံးစောင့်နေကြတယ်လို့လည်းသိရပါတယ်။
   နောက်လဆိုဆေးသောက်တာခုနှစ်လပြည့်ပြီ၊ ဒါဆို ဆေးကိုသုံးလစာလောက်ထုပ်သွားမယ်၊နယ်ပြန်ပြီး အရင်းနှီးရှာမယ်၊ အရင်းအနှီးရပြီဆိုတာနဲ့ရန်ကုန်ပြန်တက်လာပြီး စီးပွားရေလုပ်မယ်၊ ရန်ကုန်မှာဘဲအခြေချတော့မယ်၊ ဘာကြောင့်လဲဆို ရန်ကုန်မှာဆေးရဘိုလွယ်တယ်၊ ကိုယ်ကတစ်သစ်လုံးသောက်ရမှာလေ၊သေလို့မရသေးဘူး ကလေးနှစ်ယောက်ရှေ့ရေးကရှိသေးတယ်လေ"လို မသီတာကသူစဉ်းစားထားတဲ့ သူဘဝရှေ့ရေးကိုပြောပါတယ်။
    မသီတာတစ်ယောက်ကြမ်းပြင်ပေါ်ဖျာလေးခင်းကာ သားသမီးနှစ်ယောက်ကိုယပ်ခပ်ပေးပြီး တင်ပါးလေးပုတ်ခါပုတ်ခါသိပ်နေတယ်။ ရှေ့ဆက်မယ့် သူမတို့မိသားစုလေးယောက်ရဲ့ အနာဂါတ်ကိုဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာကို စဉ်းစားကာ သူမလည်းကလေးတွေနားမှာ အိပ်မောကျသွားတာတွေ့ရပါတယ်။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၂၂.၉.၁၂) 

Sunday, August 26, 2012

ဝေဘာဂီ၊ရေလယ်ကျောင်းနှင့်စိမ်းလမ်းကမ္ဘာ

           ရွှေဟင်္သာရေလယ်ကျောင်းဆရာတော်နှင့်ကုမုဒြာဂျာနယ်မှ
                      လျှောက်ထားမေးမြန်နေစဉ် 

                 ဓမ္မာရျုံမှတ်တိုင်ရောက်လျှင် မိုးကအုံ့မှိုင်းမှိုင်း အဖေါ်ပါလာသူက 

မိုးအေးတော့ကောင်းတာပေါ့ဟုဆိုသည်။ သွားလာရခက်သော်လည်း လူကိုလန်းဆန်းစေသည်။

မှတ်တိုင်တည့်တည့် ကွန်ကရစ်လမ်းလေအဆုံး သဲမြေလမ်းရောက်တော့ မိုးဖွဲဖွဲရွာသည်။ 

သဲမြေလမ်းကမိုးကြီးလျှင်ခြေမျက်စိရေမြုပ်သည်။ ခြောက်ကွေ့မှတ်တိုင်ကဆင်းလျှင် 

ဒီလိုမြိုးကြုံရမည်မဟုတ်။ ကျောင်းရောက်သောအခါ ဆရာတော်ကိုအဆင်သင့်ပင်တွေရသည်။  သို့သော်

မအား။ မအားသည့်ကြာမှ Reader အားအလေအနက်တန်ဘိုးထားသဖြင့် ကျေးဇူးတင်ဝမ်းမြောက် 

ကြည်ညိုမိသည်။


Reader ။              ။ ဆရာတော်ရဲ့ဘွဲ့အမည်၊ဝါတော်၊ မွေးရပ်အကြောင်းလေးပြောပြပါဦးဘုရား။

ဆရာတော်။           ။ ဘွဲအမည်က ဦးကုဏ္ဍလပါ ၊သက်တော်(၄၆)၊ ဝါတော်(၂၇)ဝါ၊ ၁၃၂၅ခု၊ 

                           တန်ခူးလဆုပ်(၁၄)ရက်၊ တနင်္လာနေ့မှာ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊              အင်္ဂပိုကျေးရွာ 
                         မှာဖွားမြင်ခဲ့တာပါ။ ၁၃၃၃ခုနှစ်-ပြာသိုလ်လပြည့်ကျော်(၁၁)ရက်နေ့မှာ မြောက်ဥက္ကလာပ
                          မြို့နယ်၊(ဈ) ရပ်ကွက်၊ သဒ္ဓမ္မဝါစီဟင်္သာတပရိယတ္တိစာသင်တိုက် ပဓာနာနာယကဆရာ
                        တော်ဘဒ္ဒ န္တအရိယာလင်္ကာရ ဆရာတော်ဘုရားထံတွင်    ၇ှင်သာမဏေစတင်ဝတ်ခဲ့တာပါ။

reader ။         ။ဒီလူမှုရေးလုပ်ငန်းတွေကို ဘယ်လိုကြောင့်လုပ်ဖြစ်ခဲ့တာဘာလဲဘုရား။

ဆရာတော်။     ။ ဝေဘဂီဆေးရုံရှေ့ ဒီကျောင်းကို ၂၀၀၅ ခုနှစ်၊ ဇူလိုင်လဆန်းကစတင်ရောက်ခဲ့တာပါ။
                   ရေသွယ်နေချိန်မှာ ရေအခက်ခဲ့ဖြစ်နေတဲ့လူနာရှင်တွေက အကူညီတောင်းတာနဲ့ ပထမဆုံး
                   သောက်ရေခပ်၊ ဒုတိယ ရေချိုး၊တတိယ နယ်ပြန်ဘိုအခက်ခဲ့ရှိနေတဲ့ လူနာတွေကို
                   စောင့်ရှောက်ရင်း ဒီလုပ်ငန်းထဲစိတ်ဝင်စားစွာနဲ့ ဝင်ရောက်ခဲ့တာပါ။
                   ထိုအချိန်တွင် လူနာသစ်တစ်ဦးရောက်လာသည့်အတွက် ဆရာတော်ကိုတိုင် နေရာထိုင်ခင်း
                   အတွက် သွားရောက်ဖြေရှင်းပေးလေသည်။
Reader ။       ။ ဘယ်သူတွေနဲ့ ချိတ်ဆက်ပြီး ဘာတွေလုပ်နေပါသလဲဘုရား။

ဆရာတော်။    ။ ၂၀၀၆-နိုဝင်ဘာမှာ စိမ်းလန်းကမ္ဘာမိသားစုက လူနာတွေနေဖို့ ကျောင်းဆောင် ဆောက်
                      လုပ်ပေးတယ်။



               အိမ်သာ(၄)ခန်းတွဲ ဆောက်လုပ်ပေးပါတယ်။

                ၂၀၀၈-စတင်ဘာမှာ ဂိလာနသံဃာတော်ကျောင်းဆောင်၊ ဂိလာနလူပုဂ္ဂုလ်ကျောင်းဆောင်
               
                 တို့ကိုပြည်ပအလှူရှင်တစ်ဦးကဆောက်လုပ်ပေးပါတယ်။
                 
                  လူနာများစာသောက်ရန် တစ်လကို  AFXB မှ(၁၇၀၀၀၀)တစ်သိန်းခုနှစ်သောင်းကျပ်၊
                 ဂရုဏာလရိပ်မှ(ဆန် ၂ အိပ်၊ဆီ ၂ ပိဿာ) AFPမှ(၅၀၀၀၀)ငါးသောင်းကျပ်-လှူဒါန်းပါတယ်။

Reader ။         ။ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပါသလဲဘုရား။

ဆရာတော်။      ။ ပတ်ဝန်းကျင်အသိုင်းဝိုင်းက ပြစ်တင်ဝေဖန်ခံရတယ်။ဒကာဒကာမတွေကလည်းအ
                       ထောက်အပံ့မပေးတော့ဘူး။ အဝင်ထွက်ကျဲတာပေါ့။ကူးမှာစိုးလိုလေ၊ဒါကသဘာဝ
                       ကျတယ်လေ။ဒီလိုဘဲသတ်မှတ်တယ်။

Reader ။          ။ရှေ့မှာဘာအစီစဉ်လုပ်ဖို့ရှိပါသလဲဘုရား။

ဆရာတော်။      ။အာသောကဖောင်ဒေးရှင်ဆိုပြီး ကုသိုလ်ဖြစ်ဆေးဝါး ကူညီပံ့ပိုးဖို့ရှိပါတယ်။

                      ARV-မပါပါဘူး။ တစ်လကိုလူနာ(၅၀) ဦးကူညီဖို့ စီစဉ်ထားပါတယ်။
                      လူနာတစ်ဦးကို(၁၅၀၀၀)ကျပ် နှုန်းနဲ့ပေါ့။ သတ်မှတ်ထားတဲ့ဘောင်အတွင်းဝင်တဲ့
                     သူမျိုးကိုပံပိုးမှာပါ။ လူနာတွေကိုအချိန်ဆွဲထားတာမျိုးမကြိုက်ဘူး။ လိုအပ်တယ်ဆိုရင်
                     ချက်ချင်းကုသမှု့ပေးချင်တာ၊ ဟိုစာရွက် ဒီစာရွက်တွေနဲ့ကြာနေတာလဲမကြိုက်ဘူး။

Reader။         ။Reader နဲ့ပရိတ်သတ်အတွက် တခုခုပြောပါဦးဘုရား။


ဆရာတော်။      ။အရာရာကိုစိတ်ကဦးဆောင်ပြီးလုပ်မယ်ဆိုရင် ဘာမဆိုအောင်မြင်နိုင်ပါတယ်။
                      ဒါကြောင့် စိတ်ကောင်းထား၊ မကောင်းမှုကိုမလုပ်နိုင်အောင် ရှောင်ကြဉ်ပြီး ကုသိုလ်
                     စိတ်ဖြစ်အောင်ကြိုးစားကြပါ။ ဆရာတော်မှသြဝါဒစကားဖြင့်အဆုံသတ်လိုက်ပါတယ်။

အပြန်ခရီးတွင် နေပွင့်နေသေးသည်။ ဆရာတော်နှင့်စကားများပြောဆိုနေစဉ်အတွင်း၊မဟတ္တမဂန္ဓီနှင့်၊
မာသာထရီဆာတို့အား အမှတ်ရနေမိသည်။ ဆရာတော်အားကြည်ညိုပွားကာ Reader မှဤဆောင်းပါဖြင့်
ဦးညွတ်ကန်တော့လိုက်ပါသည်။   

မဒမ်းကိုးတို၊သမီးစံတို့၊ မိပုတို့၊စပယ်ဖြူတို့၊လွင်ပြင်လှိုင်းငယ်တို့၊8Yarတို့ဒီဆောင်းပါးကိုဖြန့်ပေးကြပါ
ပြီတော့ရောက်အောင်သွားပြီးစုံစမ်းပါလိုအပ်သလိုကူညီပါ။ လူနာတွေအတွက်အာဟာရနှင့်နွေးထွေးနှစ်သိမ့်
မှုတွေလိုနေပါတယ်။

                                                               ဆက်သွယ်လှူဒါန်းရန်ဖုန်းနံပါတ်များ
                                                         လက်ထောက်ဆရာတော် ဦးအဂ္ဂဝံသ
                                                          hp;09420064145
                                                           ကိုဆန်းဝင်း--hpး 09420079845
                                                           `ဤဖုန်းနံပါတ်များသို့ဆက်သွယ်လှူဒါန်နိုင်ပါသည်။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၂၆.၈

Friday, July 20, 2012

“အမှန်ပြောနဲ့အပြောမှန်”


မှန်ပြော နဲ့ ပြောမှန်
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

“အမှန်ကိုပြောပေမဲ့ အပြောမမှန်ရင် ကြားရသူက မေတ္တာနဲ့ မတုံ့ပြန်ဘဲ ဒေါသနဲ့ တုံ့ပြန်တတ်တယ်” (ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် အရှင်သေဋ္ဌိလ)
     ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်မှာ နိကာယ်သင်တန်းပြုလုပ်နေစဉ်က အဖိတ်နေ့နဲ့ ဥပုသ်သီတင်းနေ့တွေမှာ သင်တန်းနာယကတစ်ပါးဖြစ်တဲ့ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် အရှင်သေဋ္ဌိလ မထေရ်မြတ်ကြီးလည်း အခါအားလျော်စွာ ကြွလာတော်မူ့ရှိပါတယ်။

    ဆရာတော်ကြီးက မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်များကို လက်တွေ့ သာသနာပြုရာမှာ အသုံးပြုပုံနြ့ပတ်သက်လို့ ကြုံတွေ့ရတဲ့အခက်အခဲများ၊ ပြဿနာများနဲ့  မေးခွန်းများစသည်တို့ကို ဆရာတော်ကိုယ်တိုင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ အခါလည်း ဆွေးနွေးတယ်၊ သင်တန်းသားများရဲ့ သိလိုတဲ့အချက်အလက်များကို ရှင်းပြဖြေဆိုတဲ့အခါမှာလည်း ဖြေဆိုပါတယ်။

   တောင်တွင်းကြီးမြို့၊ နတ်မှီတောရဆရာတော်ဘုရားကြီးကလည်း ညပိုင်းမှာ အခါအားလျော်စွာ တရားဟောလေ့ရှိပါတယ်။ ဆရာတော်ကြီး တရားဟောတဲ့ အခါမှာလည်း များသောအားဖြင့်တော့ ဓမ္မစက္ကပဝတ္တနသုတ်ကိုပဲ အခြေခံပြီးဟောတော်မူတာပါ။

   တစ်ခါမှာတော့ ဆရာတော်ကြီးက မဂ္ဂင်ရှစ်ပါးအကြောင်း ရှင်းလင်းဟောပြရာမှာ “သမ္မာဝါစာ” ဆိုတာနဲ့ပသတ်သက်ပြီး “သမ္မာ”ဆိုတာ “မှန်သော”လားရောဆိုပြီး ကိုယ့်အဖေကို “အမေ့လင်”လို့ ခေါ်တာမျိုးဟာ ဘယ်လိုလုပ် သမ္မာဝါစာဖြစ်မလဲ၊ အဖေကို အဖေလို့ပဲ ခေါ်ရမယ် မဟုတ်လား၊ ဒါဖြင့် ကောင်းဖို့သာ လိုရင်းလားဆိုရင်လည်း သူများနားထောင်ကောင်းအောင် လိမ်ညာ မြှောက်ပင့်ပြောတာ မျိုးဟာ ဘယ်လိုလုပ် သမ္မာဝါစာလို့ ပြောနိုင်မလဲ၊ အမှန်ကတော့ “သမ္မာဝါစာ”ဆိုတာ ကောင်းလဲ ကောင်း မှန်လည်း မှန်မှ နေရာကျမယ်၊ ဒါ့ကြောင့် “သမ္မာဝါစာ”ကို “ကောင်းမွန်မှန်ကန်သော စကား”လို့ မြန်မာပြန်မှ နေရာကျလိမ့်မယ်”ဆိုတဲ့ အကြောင်းရှင်းလင်းဟောကြားပါတယ်။

   တရားပွဲပြီးတဲ့အခါမှာ ဆရာတော်ကြီးများနဲ့ အတူ သင်တန်းသား ရဟန်းတော်များ စကားဝိုင်း ဖွဲ့မိကြတဲ့အခါ နတ်မှီတောရဆရာတော်ကြီး ဟောကြားသွားတဲ့ “သမ္မာဝါစာ”နဲ့ ပတ်သက်လို့ စိတ်ဝင်တစား ဆွေးနွေးပြောဆို ဖြစ်ကြပါသေးတယ်။ အဲဒီမှာ ဆရာတော်အရှင်သေဋ္ဌိလက “အမှန်ကိုပြောပေမဲ့ အပြောမမှန်ရင် ကြားရသူက မေတ္တာနဲ့ မတုံ့ပြန်ဘဲ ဒေါသနဲ့ တုံပြန်တတ်တယ်၊ အဲဒီလို ဖြစ်သွားခဲ့ရင် အမှန်ပြောတာဟာ အကျိုးမဖြစ်ဘဲ ခိုက်ရန်ဒေါသတွေတောင် ပိုပြီးတိုးပွားစေတတ်တယ်၊ ဒါကြောင့် နတ်မှီဆရာတော်ပြောသလို ကောင်းလည်းကောင်း မှန်လည်း မှန်မှ ရည်ရွယ်ချက်အောင်မြင်နှိုင်မယ်”ဆိုတဲ့အကြောင်းကို ရှင်းပြပါတယ်။

  သင်တန်းသားအရှင်မြတ်တစ်ပါးက “ကောင်းမွန်မှန်ကန်”ဆိုတဲ့နေရာမှာ “မှန်ကန်တယ်”ဆိုတာနဲ့ပတ်သက်လို့တော့ နည်းနည်းပါးပါး သဘောပေါက်တန်သလောက်ပေါက်ပါတယ် “ကောင်းမွန်”ဆိုတာနဲ့ ပသတ်သက်လို့တော့ ဘယ်လို “စံ” နဲ့ တိုင်းတာဆုံးဖြတ်မလဲ”ဆိုတဲ့ အကြောင်း လျှောက်ထားဆွေးနွေးပါတယ်၊ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဒေးဒရဲကွန်းကျောင်းဆရာတော်ဘုရားကြီးက…
“အရှင်တို့ ကြားဖူးထားတဲ့ စကားခြောက်ခွန်း လူဝယ်ထွန်း၊ နှစ်ခွန်းဘုရားပြော”ဆိုတဲ့အထဲမှာဘုရားရှင်တို့ဟာ…

၁။ သူလည်းမြတ်နိုး၊ ကျိုးရှိမှန်ကန်တဲ့ စကား၊
၂။ သူမမြတ်နိုးလည်း၊ ကျိုးရှိမှန်ကန်တဲ့စကား.. ဆိုပြီး ဒီစကားနှစ်မျိုးကို ဘုရားရှင်တို့ပြောလေ့ရှိတယ် ဆိုသမို့လား၊ ဒါကို ကြည့်ရင်တော့ စကားရဲ့ “စံ”ဟာ “ကျိုးရှိခြင်း မှန်ကန်ခြင်းဆိုတဲ့  အင်္ဂါနှစ်ရပ် ဖြစ်တယ်”လို့ ဆိုရမှာပေါ့။

 “အကျိုးရှိခြင်းဆိုတဲ့ “စံ”မပါဘဲ ပြောဆိုခဲ့မယ်ဆိုရင် အမှန်ကို ပြောခြင်းသည်ပင် ဆဲရေးခြင်းမည်တယ်ဆိုတာ ဘုရားရှင် ဟောခဲ့တဲ့ ဆဲရေးခြင်း ဆယ်မျိုး(အသေက္ကာသဝတ္ထုဆယ်ပါး) ကိုကြည့်ရင်သဘောပေါက်လောက်ပါတယ်ဗျာ၊ အဲဒီမှာ

(၁) “ဇာတိ”တဲ့ မင်းမျိုး၊ သူဌေးမျိုး စသည်ဖြင့် တိုရိုက်ခေါ်တာတို့၊ ခုခေတ်ဆိုရင် မြန်မာ၊ ကုလား၊ အညာသား၊ အောက်သားစသည် ခေါ်တာတို့ဟာ မှန်ကနပေမယ့် ဆဲရေးခြင်းတစ်မျိုး ဖြစ်တယ်။

(၂)“နာမ”တဲ့ အမည်ကို တိုက်ရိုက်ခေါ်တာလည်း ဆဲခြင်းတစ်မျိုးပဲတဲ့၊ ရှေ့ကနေ ဦး၊ ဒေါတို့၊ မ၊ မောင် စသည်ထည့်ပြီးခေါ်မှ ဆဲရေးခြင်းလွတ်တယ်။

ရွှေကျင်ဆရာတော်ကြီးရဲ့ ဆုံးမစာထဲမှာ..
+ ရိုသေနည်းပါး၊ ကိုယ်တော်စား၊ စကားယဉ်အောင် ဘယ်သို့သုံးမည်နည်း။
+ ဦးဇင်း၊ ကိုရင်၊ အရှင်၊ ဘုန်းကြီး၊ တသီး၊ ဆရာတော်၊ နောက်သော်ဘုရား၊ ထည့်စွက်ငြား၊ စကားယဉ်အာင်သုံးပါမည်လို့ ဆိုသလိုပေါ့။
ရိုသေလေးစားမှုနည်းပါးရာကျတဲ့ “ကိုတော်”ဆိုတဲ့ စကားအစား“ဦးဇင်းဘုရား၊ ကိုရင်ဘုရား၊ အရှင်ဘုရား၊ ဘုန်းကြီးဘုရား၊ ဆရာတော်ဘုရား”လို့ သုံးရမယ်ဆိုတာလေ၊ အဲဒီလို ယဉ်ကျေးအောင် သုံးမှ ဆဲရေးခြင်းဆယ်ပါးက လွတ်တယ်တဲ့။

(၃)ဂေါတ္တ)- အနွယ်ဆိုတာ ဘုရားခေတ်ကတော့ ဂေါတမနွယ်၊ ကဿပနွယ်စသည်ရှိတော့၊ ဂေါတက၊ ကဿပ စသည် တိုက်ရိုက်ခေါ်တာပေါ့၊ ခုခေတ် ဆိုရင်တော့ ဟေ့.. သူကြီးမျိုး ဆယ်အိမ် ခေါင်းမျိုးစတဲ့ မျိုးရိုးစဉ်အလာကို တိုက်ရိုက်ခေါ်တာမျိုးပေါ့၊ ဒါလည်း ဆဲရေးသလို ရိုင်းရာကျတာပဲတဲ့။

(၄)ကမ္မ- အလုပ်ဆိုတာ ဒွန်းစဏ္ဍားတို့၊ ဈေးသည်တို့၊ တံခါသည်တို့ ၊ မုဆိုးတို့လို အလုပ်မျိုး လုပ်သူတွေကို ဟေ့.. ဒွန်းစဏ္ဍား စသည်ခေါ်တာလည်း ဆဲရေးခြင်းတစ်မျိုးပဲတဲ့။

(၅) သိပ္ပ-ဆိုတာ လက်သမား၊ ပန်းရံသမား၊ ကပ်ယက်သမား၊ အမှိုက်ကျုံသမားစသည်ကို လည်း တိုက်ရိုက်ခေါ်ရဘူး၊ အဲဒါလည်း ဆဲတာပဲတဲ့။

(၆) အာဗာဓ-ဆိုတာ အနာရောဂါလေး၊ ကုဋ္ဌ(နူနာ) ဂဏ္ဍ-ကင်ဆာစတဲ့ အနာရှိသူတွေကို အဲဒီ အနာနဲ့တပ်ပြီးခေါ်ရဘူး ဆဲသည်ထက်တောင် နာတတ်တယ်။

(၇) လင်္ဂိက-ဆိုတာ ချွတ်ယွင်းဖေါက်ပြန်တဲ့ ကိုယ်အင်္ဂါအသွင်အပြင်ကို ပြောတာ၊ အကန်းတို့၊ အကုန်းတို့၊ အကျိုးတို့လိုဟာမျိုးကို တိုက်ရိုက် ခေါ်တာမျိုးပေါ့။

   တချို့က မှန်တာပြောတာပဲ ဘာဖြစ်လို့လက်မခံနိုင်တာရမှာလဲလို့ ပြောလေ့ရှိတယ်မို့လား၊ တကယ်တမ်း ကိုယ့်ရဲ့ ကိုယ်အင်္ဂါ ချွတ်ယွင်းချက်ကို တိုက်ရိုက်ကြီး ပြောပီဆိုရင်တော့ “မျက်စေ့တစ်ဘက်ကန်းနဲ့လူကြီး”လို့ အခေါ်ခံရတဲ့ ပုံပြင်ထဲကလိုပဲ“တောနက်နက်အထိ နှင်ထုတ်ဖို့ ကောင်းတယ်”လို့ မှတ်ချက်ချကြမှာချည်းပဲ၊ အဲဒါလည်း သတိထားရမယ်ဗျာလို့ မိန့်ပါတယ်။ ဆရာတော်အမိန့်ရှိတဲ့ ပုံပြင်အကျဉ်းချုပ်ကတော့..

 တစ်ခါက ရွာတစ်ရွာရဲ့ မနီးမဝေးတောထဲမှာ လူရွယ်တစ်ယောက်နေသတဲ့၊ ခရီးသွားဧည့်သည် တစ်ဦးက အဲဒီလူရွယ်နေတဲ့ တဲနားရောက်တဲ့ အခါ ခရီးတစ်ထောက်ဝင်ပြီး နားတယ်၊ လူရွယ်က ကျန်း ကျန်းမာမာရှိသလို လူနေတဲ့ တဲရဲ့ အဝန်းအဝိုင်းကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ ပါပဲတဲ့၊ ပြီးတော့ သဘောသကန်လည်း ကောင်းပုံပါပဲ၊ ခရီးသွားဧည့်သည်ကြီးကို ရေနွေးကြမ်းထန်းလျက်ခဲတို့ နဲ့ပါ ဧည့်ခံကျွေးမွေးလိုက်သေးတယ်ဆိုတော့ ခရီးသွား ဧည့်သည်က ကျေနပ်သွားတယ်။

   ဒါပေမယ့် ခရီးသွားဧည့်သည်ကြီး စိတ်ထဲမှာ ဇဝေဇဝါးနဲ့ စဉ်းစားမရတဲ့ အချက်တစ်ခုရှိနေတယ်၊ ကျေးလက်မှာ တောထဲ တဲနဲ့နေတယ်ဆိုတာ ယာခင်း ချောင်းခင်းစောင့်ဖို့ဖြစ်စေ၊ ကျန်းမာရေးအရ ရပ်ထဲရွာထဲ နေဖို့ မသင့်လို့ဖြစ်စေ အကြောင်းတစ်ခုခုရှိတယ်။ အခု လူရွယ်နေတဲ့ တဲဝန်းကျင်းမှာ ယာခင်းချောင်းခင်းရယ်လို့လည်း ဟုတ်တိပတ်တိမရှိ၊ လူကလည်း ကျန်းကျန်းမာမာ ဖြစ်နေတယ်၊ ဒါနဲ့ ဧည့်သည်ကြီးက “နေပါဦး မောင်ရင်ရဲ့ .. စပ်စုတယ်လဲ မထင်ပါနဲ့၊ ဦးစိတ်ထဲမှာ မရှင်းလင်းတတ်လို့ မေးပါရစေ၊ မောင်ရင်ကြည့်ရတာ ကျန်းမာရေးကြောင့်လဲမဟုတ်၊ ယာခင်း ချောင်းခင်း စောင့်ဖို့လဲမဟုတ်၊ တရားဓမ္မအားထုတ်ဖို့ တောရဆောက်တည်နေတာလဲ ဟုတ်ပုံမရဘူး၊ ဘာဖြစ်လို့ တောထဲမှာ တစ်ယောက်တည်း ထွက်ပြီး နေနေတာလဲ”လို့မေးတော့ “ဟုတ်တာပြောတတ် လွန်းလို့ သူကြီးက ရွာထဲနေခွင့်မပေးဘဲ နှင်ထုတ်ထားလို့ အခုလိုနေရတာ”တဲ့။

  ဧည့်သည်ကြီးကတော့“မင်းတို့ရွာလူကြီးကလဲကွာ ဟုတ်တာပြောတာနဲ့များ တောထုတ်ရတယ်လို့”ဆိုပြီး  လူရွယ်အတွက် စိတ်မကောင်း တဲ့သဘောနဲ့ ပြောပါသတဲ့။ အမောပြေတော့ ဧည့်သည်ကြီး ခရီးဆက်သွားလို့ တစ်ခေါ်လောက်ရောက်တဲ့အခါ ခရီးသည်ကြီးရဲ့ လွယ်အိပ် တစ်လုံး မေ့ကျန်တာကို တဲရှင်လူရွယ်ကတွေ့တော ကမန်းကတန်းပြေးထွက်သွားပြီး၊ “ဗျို့… မျက်စေ့တစ်ဖက်ကန်းနေတဲ့ လူကြီး ဒီမှာ ခင်ဗျားလွယ်အိတ် မေ့နေခဲ့တယ်”လို့ လှမ်းအော်တော့မှာ ခရီးသည်ကြီးက ပြန်လှည့်လာပြီး လွယ်အိတ်ကိုယူရင်း၊ “ဒီလောက်တောင် ဟုတ်တာ ပြောတဲ့ သင်းလို အကောင် ဒီလောက်ကလေး တောထုတ်ခံရတာ ရွာနဲ့တောင် နီးနေသေးတယ်၊ တောနက်နက်ထဲ နှင်ထုတ်ဖို့ ကောင်းတယ်”လို့ မှတ်ချက်ချသွား ပါသတဲ့။ ဒါမျိုးဟာ ဆဲရေးခြင်းတစ်မျိုးပဲလို့ ဆိုလိုတာပါ။ အဲဒါ သတိထားရတယ်။

(၈) ကလေသာ- ဆိုတာ လောဘတို့ ဒေါသတို့ ဣဿာ မစ္ဆရိယတို့ စသည်ပေါ့။ လောဘကြီး တဲ့သူ၊ ဒေါသကြီးတဲ့သူစသည်လည်း မခေါ်လေနဲ့၊ အဲဒါလည်း ဆဲရေးတာထက်ဆိုးတဲ့ ဆဲရေးခြင်းပါပဲ၊ ခုခေတ်ဆို ဘာသာရေးနယ်ပယ်မှာ ကိုယ်နဲ့ ဝါဒမတူရင် “မိစ္ဆာဒိဋ္ဌိ”လို့ချည်းခေါ်ကြပြောကြ တယ်မို့ လား၊ အဲဒါ ဘာသာရေး ဆဲလုံးကြီးပဲလေ။

  (၉) အာပတ္တိ- ဆိုတာ တိုက်ရိုက်တော့ ရဟန်းတော်များကိုပေါ့လေ၊ သူတို့မှာ သင့်ထားတဲ့ အာပတ်ကိုကြည့်ပြီး ပါစိတ်အာပတ်သင့်တဲ့ ကိုယ်တော်စသည်ခေါ်ရင် ဆဲသည်ထက် နာမှာပေါ့၊ လူဆိုရင်လည်း ထောင်ကျတဲ့ကောင်တို့ ထောင်ထွက်တို့ စသည်ခေါ်တာမျိုးပေါ့။

  ဒါတွေဟာ အမှန်တွေကို ပြောတာဖြစ်ပေမဲ့ အပြောမမှန်တဲ့အတွက် ဆဲရေးခြင်းတွေ ဖြစ်တယ် ဆိုပြီး (၁ဝ) ခုမြောက်ဖြစ်တဲ့ တိုင်းထွာဆဲရေးခြင်းတို့နဲ့ အတူတူ အားလုံးပေါင်း ဆဲရေးခြင်းဆယ်ပါးလို့ ဆိုတာပေါ့၊ “ကောင်းမွန်”ဆိုတာ အဲဒီဆဲရေးခြင်းဆယ်မျိုး လွတ်ဖို့ အဓိကလိုတယ်။

ပြီးတော့ ဘုရားရှင်ဟောတော်မူတဲ့ သဂါထာဝဂ်၊ ဝင်္ဂီသသံယုတ်ထဲက သုဘာသိတသုတ်မှာ စကားအရာ အင်္ဂါလေးတန်ဆိုတာလည်း ရှိသေးတယ်လေ၊

(၁)သုဘာသိတ- ကောင်းမွန်တဲ့စကား၊
(၂) ဓမ္မ- ကောင်းကျိုးနဲ့ယှဉ်တဲ့ တရားစကား၊
(၃) ပိယ- ချစ်ဖွယ်စကား၊
(၄) သစ္စ- မှန်ကန်တဲ့စကား..တဲ့၊ ဒါတွေကိုလည်း သတိပြုရမှာပေါ့၊ အရေးအကြီးဆုံး “စံ”ကတော့ ဘုရားရှင်ပြောတဲ့စကား နှစ်ခွန်းထဲက အဓိကဖြစ်တဲ့ “မှန်ကန်အကျိုးရှိခြင်း”ဆိုတဲ့ စံပါပဲ။

သူ့ကောင်းကျိုးကို လိုလားတဲ့ မေတ္တာစိတ်မပါရင် ဘယ်စကားမှ “ကောင်းမွန်တယ်”ဆိုတဲ့ ဂုဏ်ထူးနဲ့ မတန်ပါဘူး။
အကျိုးလိုလားတဲ့ စေတနာနဲ့ မှန်ကန်တဲ့ အကြောင်းအရာများကို ပြောဆိုရာမှာလည်း တစ် ဘက်သားရဲ့ အမှားကို ထောက်ပြ ဝေဖန် ပြောဆိုရမယ်ဆိုတဲ့ အခါမျိုးမှာ ဟိုး.. ပါထိကဝဂ်၊ သင်္ဂီတိ သုတ်မှာလာတဲ့  အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ဝေဘန်ရေး စံငါးချက်ဆိုတာ ရှိသေးတယ်။

 (၁) ဆွမ်းခံချိန်၊ ဆွမ်းစားချိန်၊ ပရိတ်သတ်နဲ့ ရောနှောနေချိန်၊ ဆွမ်းစားဇရပ်တို့ ဧည့်သည်ဇရပ် စသည်မှာ နားနေချိန်စတဲ့ မပြောသင့်တဲ့ နေရာတွေ ကင်းဝေးချိန်မှာသာ ပြောရမယ်၊ အများနဲ့ ဆက်ဆံတဲ့နေရာမျိုးမှာ မပြောရဘူး။

(၂) အကြောင်းအရာ ရေရာသေချာမှပြောရမယ်၊ မရေရာမသေချာဘဲ မပြောရဘူး။

(၃) နူးညံ့သိမ်မွေ့တဲ့ စေတနာ၊ စကားလုံး၊ အမူအရာတို့နဲ့သာ ပြောရမယ်၊ စိတ်ကြမ်း ကိုယ်ကြမ်း နှုတ် ကြမ်းမျိုးနဲ့ မပြောရဘူး။

(၄) ပြောခံရသူရဲ့ အကျိုးကို လိုလားရှေးရှုတဲ့ စိတ်ထားနဲ့သာ ပြောရမယ်၊ ဂုဏ်သိက္ခာကျစေဖို့၊ မကောင်းသတင်းကျော်ဇောစေဖို့ဆိုတဲ့ အခုကာလ ပြော ပြောနေတဲ့ အပုပ်ချတယ်ဆိုတာမျိုး မပြောရဘူး။

(၅) မေတ္တာစိတ် သန့်သန့်ထားပြီးတော့သာ ပြောရမယ်၊ အပြစ်ရှာခြင်း ရန်တုံ့ပြုခြင်း သဘောမျိုးနဲ့ လုံးဝ မပြောရဘူးတဲ့။

အဲဒီစံငါးချက်နဲ့လည်း ကိုက်ညီမှ ကောင်းမွန်တဲ့စကားဖြစ်မှာပါ၊ ကောင်းမွန်တဲ့ စကားကို ပြောမှသာ ပြောပုံမှန်တယ်လို့ ဆိုနိုင်တယ်၊ ပြောပုံမှန်မှလည်း နာရသူက လေးစားလိုက်တာနဲ့အတွက်  ရည်ရွယ်ရင်း ထိရောက်နိုင်ပါတယ်၊

    ပြောပုံမမှန်ရင်တော့ “မှန်တာပြော ဆဲသည်ထက်နာ” ဆိုတာမျိုးဖြစ်ပြီး ဆေးကြောင့် ဘေးဖြစ်တတ်တယ်၊ ဥတုမှား အစားမှားကြောင့်ဖြစ်တဲ့ ရောဂါမျိုးက ဆေးကုလို့ လွယ်ကူပေမယ့်၊ “ဘေသဇ္ဇ သမုဋ္ဌိတော ရောဂေါ အတေကိစ္ဆော- ဆေးမှားလို့ဖြစ်တဲ့ ရောဂါမျိုးမှာ ဆေးမရှိ” ဆိုတဲ့အတိုင်း နောက်သမားတောင် ကုသဖို့ မလွယ်တော့ဘူးဖြစ်သွားမယ် ဆိုတဲ့အကြောင်း အကျယ် တဝင့် ရှင်းပြတော်မူပါတယ်။

သတိထား အသိပွားပြီး ကောင်းမွန်မှန်ကန်တဲ့ စကားများနဲ့ လောကအကျိုး သာသနာအကျိုး ဆောင်ရွက်နိုင်ကြပါစေ။

မေတ္တာများဖြင့်
အရှင်သိရိန္ဒ
မေတ္တာဥယျာဉ်
2012-ခု၊ ဇူလိုင်လ(၆)ရက်၊ သောကြာနေ့။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၂၁.၇.၁၂)စနေနေ့



Wednesday, July 4, 2012

“ပရဟိတအကြောင်းသိကောင်းစရာ”

                                                      
                                ပရဟိတအကြောင်းသိကောင်းစရာ




အရှင်ကေဝလ(အလင်းစက်)
    ယနေ့ခေတ်တွင် “ပရဟိတ”ဟူသောစကားလုံးဝေါဟာရကို နေရာများစွာတွင်အသုံးပြုနေကြသည်ကို တွေ့ရသည်၊၊ မည်သို့သောလုပ်ငန်း မျိုးသည် ပရဟိတအစစ်အမှန်ဖြစ်သည်နှင့်၊ ပရဟိတဝေါဟာရ၏ မူလရင်းမြစ်အဓိပ္ပါယ်ကို စာဖတ်သူသို့တင်ပြဆွေးနွေးလိုက်ရပါသည်၊၊

  မြန်မာစာပေနှင့်ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာကိုအခြေပြုထားသည့်အတွက် ဗုဒ္ဓဘာသာ၏မူလစာပေ ဖြစ်သည့် ပါဠိစာပေမှ ဝေါဟာရစကားလုံး များစွာကို နေ့စဉ်ဘ၀လုပ်ငန်းစဉ်များတွင် အသုံးပြုထားသည် ကို တွေ့ရနိုင်ပါသည်၊၊

    “ပရဟိတ”ဟူသောဝေါဟာရသည် မူလအားဖြင့် ပါဠိစာပေဝေါဟာရတစ်ခုဖြစ်သည်၊၊ သို့သော် ဗုဒ္ဓဘာ သာဝင်တို့သည် မြန်မာဝေါဟာရကိုထက် ပါဠိစကားလုံးကိုပို၍နှစ်သက်စွာအသုံးပြုခဲ့ကြရာမှ“ပရဟိတ”ဟုကြားလိုက်လျင် ‘အများအကျိုးပြုလုပ်ငန်း’ဟူ၍ ကလေးသူငယ်များအထိပင် နားလည်သဘော ပေါက်လာခဲ့ကြသည်၊၊

   ပါဠိဝေါဟာရစကားလုံးများကို မြန်မာတို့ကသာအလေးအနက်တန်ဖိုးထားပြီး နေ့စဉ်သုံးစကားများတွင် ထည့်သွင်း၍ ပြောဆိုကြသည်ဟု အထင်ရှိခဲ့ဖူးသည်၊၊ သီရိလင်္ကာနိုင်ငံသို့ရောက်သောအခါတွင်မှ မြန် မာတို့ထက် သီရိလင်္ကာလူမျိုးတို့က ပါဠိစာပေဝေါဟာရများကိုပိုမို၍နှစ်သစ်ပြီး၊ အလေးအနက်ထား အသုံးပြုသည်ကို သတိပြုမိတော့သည်၊၊

  သို့သော် သီရိလင်္ကာလူမျိုးတို့သည် ပါဠိဝေါဟာရများကိုအသုံးပြုရာတွင် မြန်မာတို့ကဲ့သို့စကားလုံး တိုက်ရိုက်အသုံးမပြုဘဲ ဒေသအသံထွက် များနှင့်ရောနှောပြီး အသုံးပြုကြလေသည်၊၊ ဥပမာ မြန်မာတို့ သည် တစ်စုံတစ်ခုသောအကြောင်းကြောင့်ဆင်မပြေဖြစ်လျင် “ဒုက္ခ,ဒုက္ခ”ဟုဆိုကြ သည်၊၊ သီရိ လင်္ကာတို့ကမူ“ဒုက္ခိုက်,ဒုက္ခိုက်”ဟု ဆိုကြလေသည်၊၊

    ပါဠိစကားလုံးဝေါဟာရအားဖြင့် “တစ်နံပတ်=ဧက”ကို ‘ဧကိုက်’၊ “နှစ်နံပတ်=ဒွေ”ကို ‘ဒေကိုက်’၊ “သုံးနံပတ်=တေ”ကို ‘တူနိုက်’စသည်အားဖြင့် ဂဏန်းဝေါဟာရများတွင်လည်း ပါဠိဝေါဟာရကိုပင် ဒေသသံရောလျက် အသုံးပြုကြလေသည်၊၊

   ထို့ပြင် ထမင်းစားသည်ကို ပါဠိဝေါဟာရအားဖြင့် ‘ခါဒတိ’ဟု ခေါ်သည်ကို သီရိလင်္ကာတို့သည် ထမင်း စားရန်ပြောသောအခါ  ‘ခါန၀’ဟု၎င်း၊ ရေသောက်သည်ကို‘ဘောန၀’ဟု၎င်း၊ အိပ်သည်ကို‘နိတိ’ဟု၎င်း၊ သွားသည်ကို‘ယာန၀’၊ လာသည်ကို‘ဧန၀’ဟု၎င်း၊ ပါဠိစကားလုံးများ ကိုချည်း အသုံးပြုထားကြသည်ကို လေ့လာရသည်၊၊

   လူနာမည်များကိုလည်း ပါဠိလိုအမည်မှည့်ခေါ်ကြသည်ကို တွေ့ရသည်၊၊ မြန်မာတို့သည် ပါဠိစကားလုံး ဆိုလျင် ဘုရားစကားတော်များဖြစ်သည်ဟု တချို့ဝေါဟာရများကို မသုံးရဲကြပေ၊၊ သီရိလင်္ကာတို့ကမူ ပါဠိစကားလုံးတိုင်းကို ရဲရဲဝံ့ဝံ့အသုံးပြုကြလေသည်၊၊

   သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းတွင်ကပ်နေသည့် အရက်သမားကပ္ပိယကြီး၏ အမည် သည် “တဏှင်္ကရ”ဟူ၍မှည့်ထားပါသည်၊၊ မြန်မာစာသင်သားသံဃာတော်တို့ ဘုရားဖူးနှင့်ဟိုဟိုသည် သည်သွားရာတွင် အသုံးပြုငှားရန်းသည့်ကားသမားလေး၏အမည်သည် “ဇနက”ဟူ၍ခေါ်ပါသည်၊၊

  အခြား “သိဒ္ဓတ္ထ”ဟူ၍နာမည်မှည့်ထားသူ၊ “ရာဟုလ”အမည်မှည့်ထားသူများကိုလည်းတွေ့ရသည်၊၊ ထိုအမည်များအားလုံးပင် နှစ်ကျိပ်ရှစ်ဆူ ဘုရားအမည်နှင့် ရဟန္တာသာဝကကြီးများ၏အမည်များဖြစ်ပါ သည်၊၊ အမျိုးသ္မီးအမည်များသည်လည်း ပါဠိအမည်များဖြစ်ပါသည်၊၊

    သီရိလင်္ကာ ဘာသာဗေဒပညာရှင်တို့၏အဆိုအရ သီရိလင်္ကာ၏နေ့စဉ်သုံးဝေါဟာရစကားလုံးတစ်ရာမှ ရှစ်ဆယ်ရာခိုင်နှုံးသည် ပါဠိသက်ဝေါဟာရများချည်းသာဖြစ်ကြောင်း သိရပါသည်၊၊ ကျန်နှစ်ဆယ်ရာ ခိုင်နှုံးသည် “တမီးလ်”နှင့်၊ “သက္ကတ”ဝေါဟာရများဖြစ်ကြောင်း လေ့လာသိရှိရပါသည်၊၊

   သမိုင်းအထောက်အထားများအရ မြန်မာတို့သည်ထေရ၀ါဒဗုဒ္ဓဘာသာကို သီရိလင်္ကာများအထံမှ ရရှိထားသည်ဖြစ်ရကား သီရိလင်္ကာ လူမျိုးတို့၏အတုကိုလိုက်၍ ပါဠိဝေါဟာရစကားလုံးများကို အလေး ထားပြီး၊ အသုံးပြုခဲ့ကြဟန်ရှိကြောင်း အကဲခပ်ရပါသည်၊၊

   “အလင်းစက်အရှင်”နှင့်ခင်မင်သည့် သီရိလင်္ကာလှပျိုဖြူလေး၏အမည်သည် “အဘယရတနာ”ဟုခေါ် ပါသည်၊၊ ပုဂံရာဇ၀င်အဆိုအရ မြန်မာတို့ ချစ်မငြီးသည့် “ကျန်စစ်သားမင်းကြီး”တွင် မိဖုရားအချောအလှ လေးယောက်မျှရှိသည်ဟု ဆိုပါသည်၊၊

   အကြီးဆုံးမိဗုရားခေါင်ကြီးကို“အပါယ်ရတနာ”ဟု ခေါ်ပါသည်၊၊ မြန်မာသမိုင်းပညာရှင်တစ်ဦးမှ“အပါယ် ရတနာမိဗုရားကြီး”နှင့်ပတ်သက်၍ မြုပ်ကွယ်နေသည့်သမိုင်းအချက်အလက်တစ်ခုကို ဆွေးနွေးထား သည်ကို မဂ္ဂဇင်းတစ်စောင်တွင်ဖတ်ရဖူးပါသည်၊၊

   အပါယ်ရတနာသည် မြန်မာလူမျိုးမဟုတ်ဘဲ၊ သီရိလင်္ကာနိုင်ငံဟုယ္ခုအခါခေါ်သည့်၊ ရှေးခေတ်အခေါ် “တမ္ဗဒီပ”နိုင်ငံတော်မှ သီရိလင်္ကာတို့ အခေါ်အားဖြင့် “ရာမညဘုရင်-ကျင်စွတ်သား”အားဆက်သထား သည့်“တမ္ဗဒီပ”လှပျိုဖြူတစ်ပါးသာဖြစ်ကြောင်း၊ အမည်စင်စစ်မှာ “အဘယရတနာ” ဟုခေါ်တွင် ကြောင်း ဆွေးနွေးတင်ပြထားပါသည်၊၊

   အကြောင်းပြချက်အနေအားဖြင့် အကုသိုလ်များသဖြင့် ကျရောက်ခံစားရမည့်အပါယ်လေးမျိုးကို မည် သူကမှ“ရတနာ”တပ်၍ ခေါ်ဆိုမည် မဟုတ်ဘဲ၊ “အဘယရတနာ”ဟူသောအမည်ကသာ ခေတ်များစွာ ပြောင်းလဲပြီး၊ သဒ္ဒဗေဒပိုင်းဆိုင်ရာအသံပြောင်းလဲရာမှ “အဘယ်ရတနာ” (သို့မဟုတ်)“အပါယ်ရတ နာ”ဟုခေါ်တွင်ခဲ့ကြဟန်ရှိကြောင်း ဆိုပါသည်၊၊

  သမိုင်းကြောင်းအရ အနော်ရထာခေတ်တွင် သီရိလင်္ကာတို့သည် မြန်မာတို့အထံမှစစ်ရေးအကူအညီ များစွာကို အကူအညီတောင်းခဲ့ ရသောကြောင့်၎င်း၊ ရှေးခေတ်ဘုရင်များသည်သ္မီးဆက်သ၍ အင်အား ကြီးသည့် တိုင်းခြားဘုရင်များကိုမိတ်ဖွဲ့သော အစဉ်အလာရှိခဲ့ သောကြောင့်၎င်း ဖြစ်နိုင်ခြေရှိသည်ဟု ဆိုပါသည်၊၊

   ပါဠိဝေါဟာရများကို နေ့စဉ်သုံးစကားတွင် သီရိလင်္ကာနိုင်ငံနှင့်မြန်မာနိုင်ငံတို့ အသုံးပြုကြပုံခြင်းတူပုံကို ထင်သာသည့် အကြောင်းကို တင်ပြခြင်းဖြစ်ပါသည်၊၊

  “အများအကျိုးပြုလုပ်ငန်း”ဟု မြန်မာလိုအသုံးပြုလျင်ပြည့်စုံနေပါလျက်နှင့် “ပရဟိတ”ဟူ၍ပါဠိဝေါဟာ ရကိုအသုံးပြုလိုက်သဖြင့် ပို၍မြင့်မြတ်သည့်လုပ်ငန်းတစ်ခု၊ လေးနက်သည့်အလုပ်တစ်ခုဟူ၍ မြန်မာ လူမျိုးတို့ယူဆကြီး “ပရဟိတ”နာမည်တပ်၍ အသင်းကြီးအသင်းငယ်များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်း များကို ခေါ်ဆိုလေ့ရှိကြပါသည်၊၊

   စာဖတ်လေ့လာကြသူများအထဲတွင် ပရဟိတလုပ်နေသူများစွာပင်ရှိ ကြောင်း သိရပါသည်၊၊ မည်သို့သောအလုပ်ကို ပရဟိတဟူ၍ခေါ်ကြောင်းနှင့်၊ ပရဟိတလုပ်လိုသူ တစ်ယောက်တွင် ရှိရမည့်စိတ်ဓာတ်နှင့်လုပ်ဆောင်ချက်ကိုမေးကြသူများလည်း ရှိပါသည်၊၊

  အရှင်အနေဖြင့် “ပရဟိတ”အကြောင်းကို ပါဠိစာပေတွင်ဖော်ပြထားသည့်အတိုင်း အသေးစိတ်တင်ပြ ဆွေးနွေးပါမည်၊၊ “ပရဟိတ” ပါဠိဝေါဟာရကိုနားလည်ရန်အတွက် “အတ္တဟိတ”ဝေါဟာရနှင့် နှိုင်းယှဉ်၍ လေ့လာရပါမည်၊၊

   အတ္တဟိတပုဒ်ကို“ကိုယ်ကျိုး”ဟူ၍ လေ့လာရပါသည်၊၊ ပရဟိတပုဒ်ကို“အခြားသူ၏အကျိုး”ဟူ၍ မူရင်း ပါဠိပုဒ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် သိရပါသည်၊၊ စကားလုံး၏ရင်းမြစ်ကိုလေ့လာကြည့်လျင် “အတ္တ ဟိတ”ကို မိမိ၏ကိုယ်ကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟုဆိုလိုကြောင်း သိရပါသည်၊၊
(အင်္ဂလိပ်လို အတ္တဟိတကို Self Welfare, ပရဟိတကို Social Welfareဟု ဘာသာပြန်နိုင်ပါသည်၊၊ တချို့ပါဠိစကားလုံးများကို အင်္ဂလိပ်လိုဘာသာပြန်လိုက်လျင် ပို၍နားလည်ရလွယ်ကူသောကြောင့် အင်္ဂ လိပ်လိုမှတ်လိုသူများ မှတ်သားနိုင်ပါသည်၊၊)

   “ပရဟိတ”ဟူသည်မှာ အများအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟူ၍ ယေဘုယျအဓိပ္ပါယ်သတ်မှတ် နိုင်ကြောင်း လေ့လာရပါသည်၊၊

  ပရဟိတအကြောင်းကို မြတ်စွာဘုရားရှင်သင်ပြထားသည့် ဟောပြောပို့ချချက်များအတိုင်းမလေ့လာမှီ “လူတစ်ယောက်၏ဘ၀တွင် အတ္တဟိတနှင့် ပရဟိတမည်သည်က ပို၍အရေးပါကြောင်းကိုသုံးသပ်ရန် အထူးလိုအပ်ပါသည်၊၊”

   သက္ကတကျမ်းများတွင် လူတစ်ယောက်၏ဘ၀အတွက် အတ္တဟိတသည်ပို၍အရေးပါကြောင်းကို ဖော်ပြ ထားသည်ကို လေ့လာရပါသည်၊၊ အတ္တဟိတကိုပြည့်စုံလုံလောက်သည်အထိ ကျိုးစားဖြည့်ဆည်းပြီးမှ ပရဟိတကိုလုပ်သင့်ကြောင်း ဆိုထားပါသည်၊၊

   ပါဠိစာပေတွင် ထိုကဲ့သို့ဖော်ပြချက်တစ်စုံတစ်ရာကိုမတွေ့ရသော်လည်း အတ္တဟိတကိုပြည့်စုံစေရန် မဖြည့်ဆည်းဘဲ ပရဟိတကိုလုပ်သူထက်၊ အတ္တဟိတကိုအောင်မြင်တိုးတက်ရန်ကျိုးစားသူကသာ ပို၍မြင့်မြတ်သည်ဟု ဖော်ပြထားသည်ကိုတွေ့ရပါသည်၊၊

  အနှစ်ချုပ်ဆွေးနွေးရလျင် အတ္တဟိတကိုခိုင်မာအောင် တည်ဆောက်ကျိုးစားပြီးမှသာ ပရဟိတကိုကျိုး စားသင့်သည်ဟု မှတ်ယူရပါမည်၊၊ အကြောင်းမှာ “အတ္တဟိတ(ခေါ်)ကိုယ်တိုင်တွင်ပြည့်စုံမှုမရှိဘဲ၊ ပရဟိတကိုခြေလှမ်းမိလျင် ထိုပရဟိတအထဲမှ ကိုယ်ကျိုးရှာမိတတ်သောကြောင့် ဖြစ်ပါသည်၊၊”

  မှန်ပါသည်၊၊ များစွာသောပရဟိတအဖွဲ့အစည်းကြီးများတွင် ထိုကဲ့သို့ကိုယ်ကျိုးရှာမိကြရာမှ ပြဿနာများစွာဖြစ်ပေါ်ပြီး အဖွဲ့အစည်း ရည်ရွယ်ချက်များပျက်ပြားရုံမျှမက၊ အဖွဲ့ပျက်ပြားကြသည်အထိပြဿနာ ကြီးများဖြစ်လေ့ရှိကြသည်ကို တွေ့ရပါသည်၊၊

  ကမ္ဘာလောကအတွင်း ပေါ်ပေါက်ခဲ့ဖူးသမျှပရဟိတပါရမီရှင်များအထဲတွင် ဗုဒ္ဓရှင်တော်သည် စံနမူနာ ပြုရန်အကောင်းဆုံး ပရဟိတသမားဖြစ်ကြောင်း ဆိုကြပါသည်၊၊ ဗုဒ္ဓ၀င်ကျမ်းများကို စနစ်တကျလေ့ လာကြည့်လျင် ဗုဒ္ဓရှင်တော်သည်လည်း အတ္တဟိတကို အကောင်းဆုံးပြည့်စုံသည်အထိ ဖြည့်ဆည်း ကျိုးစားပြီးမှ အဆုံးစွန်အောင်မြင်သည့်ပရဟိတလုပ်ငန်းကို ပြုလုပ်သွားသူဖြစ်ကြောင်း တွေ့ရပါသည်၊၊

   အထက်ပါဆွေးနွေးတင်ပြချက်နှင့် သာဓကများကိုသုံးသပ်၍ တိကျသည့်အဖြေကိုထုတ်ကြည့်လျင် လူတစ်ယောက်၏ဘ၀တွင် အတ္တဟိတ(ခေါ်)မိမိဘ၀ပြည့်စုံမှုကို ဦးစွာအလေးထားပြီး၊ ကျိုးစားဖြည့် ဆည်းသင့်ကြောင်း မှတ်သားရပါမည်၊၊

    မိမိဘ၀တွင် အခြေခံလိုအပ်ချက်များကို ခိုင်မာပြည့်စုံသည်အထိကျိုးစားပြီးမှသာ ပရဟိတလုပ်သင့် ကြောင်းနှင့်၊ သို့မှသာလျင် အောင်မြင်ပြီး၊ အများလေးစားအတုယူအားကျရလောက်သည့် ဖြောင့်မတ် မှန်ကန်တိကျသော ပရဟိတသမားကောင်းတစ်ယောက်ဖြစ်နိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါ သည်၊၊              
          
   ပရဟိတနှင့်ဆက်စပ်၍ မူလဝေါဟာရများတည်ရှိရာ ပါဠိစာပေကျမ်းစာများတွင် အောက်တွင်ဆွေးနွေး တင်ပြထားသည့်အတိုင်း တွေ့ရပါသည်၊၊

   ကမ္ဘာလောကတွင် လူအမျိုးအစား(၄)မျိုးရှိသည်ဟု “အတ္တဟိတသုတ်”တွင် ဖော်ပြထားပါသည်၊၊ အတ္တဟိတသုတ်တွင် အကျဉ်းမျှ ဖော်ပြထားသည်ကို “ရာဂ၀ိနယသုတ်”နှင့်အခြားသုတ်ပေါင်းများစွာတွင် အသေးစိတ်အကျယ် ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊

 “လူ(၄)မျိုး”
(၁) ကိုယ်ကျိုးတစ်ခုတည်းကိုသာပြုလုပ်သူ၊ (အတ္တဟိတသမား)
(၂) အခြားသူ၏အကျိုးကိုသာပြုလုပ်သူ၊ (ပရဟိတသမား)
(၃) ကိုယ်ကျိုးလည်းမပြုလုပ်၊ အများအကျိုးလည်းမပြုသူ၊ (လူမိုက်)
(၄) ကိုယ်ကျိုးပြုလုပ်၍၊ အများအကျိုးလည်းပြုသူ၊ (လူလိမ္မာ)

 လူအမျိုးအစား(၄)မျိုးတွင် ပရဟိတတစ်ခုတည်းကိုသာပြုသူသည် မြတ်သည်ဟုဆိုပါသည်၊၊ အတ္တဟိ တတစ်ခုတည်းကိုပြုလုပ်သူသည် ပရဟိတသီးသန့်ပြုသူထက်ပို၍ မြတ်သည်ဟုဆိုပါသည်၊၊

 အတ္တဟိတလည်း မပြုလုပ်၊ ပရဟိတလည်းမပြုလုပ်သူသည် ယုတ်မာသူ၊ လူမိုက်ဟုခေါ်ဆိုရပြီး၊ အစွန်းနှစ်ဘက်တွင်မီးတောက်နေပြီး၊ အလည်တွင်မစင်ပေကျံနေသည့် တုတ်ခြောင်းနှင့်တူသည်ဟု ဖော်ပြထားပါသည်၊၊

  အတ္တဟိတကိုပြည့်စုံစေပြီး၊ပရဟိတကိုပြုသူသည် လူလေးမျိုးတို့တွင် အသာဆုံးအမြတ်ဆုံးလူမျိုးဖြစ် သည်ဟု မှတ်ချက်ပေးထားသည်ကို တွေ့ရပါသည်၊၊ ထို့ကြောင့် ပရဟိတလုပ်ငန်းတွင် စိတ်ဝင်စား သည့် စာဖတ်သူများ သင့်တော်သည့်ရွေးချယ်မှုကို ပြုနိုင်ပြီဟုယူဆပါသည်၊၊

  မူလပါဠိစာပေတစ်ရပ်လုံးတွင် အသုံးပြုဖော်ပြထားသည့် “ပရဟိတ”စကားလုံးသည် နယ်ပယ်များစွာ ကျယ်ဝန်းသည်ကို တွေ့ရပါသည်၊၊ ဗုဒ္ဓအဘိဓမ္မာတွင် “ငါ”နှင့် “အခြားသူ”ဟူ၍မရှိဘဲ ခန္ဓာငါးမျိုးတို့ အချိုးကျ ဖွဲ့စည်းတည်ဆောက်ထားသည်ကို “လူ”ဟူ၍ခေါ်ဆိုသည်ဖြစ်ရကား မိမိကိုယ်တိုင်ထမင်းဆာ သဖြင့် ထမင်းစားသည်ကိုပင် ပရဟိတဟူ၍ခေါ်နိုင်ကြောင်း မှတ်သားရပါသည်၊၊

  အခြားသော မိမိဘ၀ပြည့်စုံမှုအတွက် ပညာသင်ယူခြင်း၊ စီးပွားရှာဖွေခြင်း၊ မိသားစုကိုပြုစုလုပ်ကျွေး ခြင်းများကို ပရဟိတဟူ၍ခေါ်ဆိုနိုင်ကြောင်းကို သိသာလှပါတော့သည်၊၊ အင်္ဂလိပ်စာပေတွင် Charity Begins at Home.ဟုဆိုပါသည်၊၊ “ဒါနဆိုတာ မိမိအိမ်မှစတင်ပြုလုပ်ရသည်ဟု ဆိုလိုပါသည်၊၊”

 ထို့ကြောင့် ပရဟိတဟူသည်မှာ အဖွဲ့အစည်းကြီးများတည်ထောင်၍ ဆိုင်းဘုတ်နာမည်ကြီးကြီးများချိပ် ဆွဲပြီးလုပ်ကိုင်မှ မဟုတ်ပေ၊ မိမိဘ၀အတွက် ပြည့်စုံအောင်ကျိုးစားခြင်းများ၊ မိသားစုကိုလုပ်ကျွေးခြင်း များအားလုံးပင် ပရဟိတနယ်ပယ်တွင် ပါဝင်လေသည်၊၊

   ထို့ထက်ပို၍အစွမ်းရှိခဲ့ပါလျင် လူသားအကျိုးပြုလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းများ၊ ပညာရေးထောက်ပံ့မှုလုပ်ငန်းများ၊ ဘာသာရေးအလှူဒါနလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောင့်မှုလုပ် ငန်းများတွင် ကိုယ်စိတ်နှစ်၍လုပ်ကိုင်နိုင်သူဖြစ်ပါမူ အတိုင်းထက်အလွန်လောက တာဝန် ကျေပွန်သူ၊ လူလိမ္မာဟူ၍ ခေါ်ဆိုထိုက်ပါတော့သည်၊၊

  ဤတွင် ပရဟိတအကြောင်း လေ့လာတင်ပြချက်စာတမ်းသည် အတိုင်းအတာတစ်ခုမျှပြည့်စုံပြီဟု ယူဆပါသည်၊၊ အလင်းစက်အရှင်၏ အမြင်ကိုတင်ပြပါပါမူ လူတိုင်းလူတိုင်းသည် မိမိဘ၀ပြည့်စုံမှုကို ထိထိရောက်ရောက် ကျိုးစားသင့်လှပါသည်၊၊

ကျိုးစားအောင်မြင်ပြီးမှသာလျင် ပတ်ဝန်းကျင်နှင့်လောကအကျိုးအများအကျိုး စွမ်းအားရှိသမျှပြုလုပ် သင့်သည်ဟု ယူဆပါသည်၊၊ ထိုသို့မဟုတ်မူဘဲ ပညာရေးတစ်ပိုင်းတစ၊ စီးပွားရေးတစ်ပိုင်းတစမျှနှင့် ဘ၀တွင်ယောင်ဝါးဝါးဖြင့်အဆုံးမသတ်သင့်ဟု မြင်ပါသည်၊၊

  “အလင်းစက်”ရေးသားသမျှစာတမ်းများသည် ပညာရပ်သုတေသနဆန်စွာ ပညာရေးရှုဒေါင့်ဖြင့်ချည်း ကပ်တင်ပြသည့်အတွက် ဘာသာရေးနှင့် ဘာသာရေးစာပေများအပေါ်တွင်  ရိုးရာအစွဲရှိသူများအနေ ဖြင့် ကြမ်းရှသည့်ရေးသားဟန်များအဖြစ် မြင်ရတတ်ပါသည်၊၊

  ထို့အပြင် ရေးသားမှုတွင် အမှားပြုပြင်ဖွယ်ရာများနှင့်၊ မူလစာပေ၏အာဘော်နှင့်လွဲချော်သည့်ရေးသား ချက်များတွေ့ရှိလျင် အကြံပြုဆွေး နွေးကြဖို့ရိုးသားပွင့်လင်းစွာ ဖိတ်ခေါ်အပ်ပါသည်၊၊

  ဗုဒ္ဓစာပေနှင့်အတွေးအခေါ်များကို လေ့လာဖတ်ရှုကြသူများအားလုံးတို့သည် ဗုဒ္ဓစာပေဖြင့် မိမိတို့၏ဘ၀ကို အလင်းပေးနိုင်သူများဖြစ်ကြပြီး၊ ကမ္ဘာ့လူအများကိုလည်း စာပေအလင်း၊ ဘ၀အလင်းပေးနိုင်သူများဖြစ်ကြပါစေကြောင်း ဆုတောင်းပေးလျက်စာတမ်းကို အဆုံးသတ် လိုက်ရပါသည်၊၊           ၊၊

{ကျမ်းညွန်း/ အဂုင်္တ္တရနိကာယ်၊ စတုက္ကနိပါတ-ဆ၀ါလာတသုတ်၊ ခိပ္ပသန္တိသုတ်၊ အတ္တဟိတသုတ်၊ သိက္ခာပဒသုတ်နှင့်၊၊ ပဉ္စကနိပါတ-ပ.ဒု.တ.စ.ပဉ္စမဟိတသုတ်၊၊ အဌကနိပါတ-မဟာနာမသုတ်၊ ဇီဝကသုတ်တို့ကိုကိုးကားလျက် ဤစာတမ်းကိုရေးသားအပ်ပါသည်၊၊}

{စာကြွင်း}       
စာတမ်း၏အစပိုင်းတွင် “ပရဟိတ”ဟူသောစကားလုံးဝေါဟာရသည် အနက်အဓိပ္ပါယ်ကျယ်ပြန့်သည် ဟုဆိုခဲ့ပါသည်၊၊ ဆက်လက်၍ “ပရဟိတ”စကားလုံး၏ လေးနက်ကျယ်ပြန့်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက် များကို မူလကျမ်းများအတွင်ဖွင့်ဆိုထားသည့်အတိုင်း တင်ပြလိုက်ပါသည်၊၊
ယ္ခုအခါ “ပရဟိတ”နှင့်ဆက်စပ်၍ မူလသုတ်များတွင်ဖော်ပြထားသည်ကို တင်ပြဆွေးနွေးပါမည်၊၊ ဆွေးနွေးတင်ပြပါ သုတ်များအားလုံးသည် မြတ်စွာဘုရားရှင် သင်ပြဟောပြောထားသည့် ပါဠိတော် သုတ်များ ဖြစ်ပါသည်၊၊ (သုတ္တ=သုတ်=story)

ရာဂ၀ိနယသုတ်တွင် လူ(၄)မျိုးနှင့်ဆက်စပ်၍ အောက်ပါအတိုင်းဖွင့်ဆိုပါသည်၊၊
ကိုယ်တိုင်တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းအောင် ကျိုးစားပြီး၊ အခြားသူတို့အား တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုများမှ ကင်းဝေးအောင် မတိုက်တွန်းသူသည် အတ္တဟိတကိုသာဖြည့်ဆည်း သူဟု ခေါ်ပါသည်၊၊

  ကိုယ်တိုင်တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းအောင်ကျိုးစားမှုမရှိဘဲ၊ အခြားသူများအား တပ် မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းသင့် ကြောင်းတိုက်တွန်းသူမျိုးကို ပရဟိတကိုဖြည့်ဆည်းသူဟု ခေါ်ပါသည်၊၊

  ကိုယ်တိုင်လည်း တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းဝေးစေရန်မကျိုးစား၊ အခြားသူများကို လည်း မတိုက်တွန်းသောသူမျိုးသည် အတ္တဟိတလည်းမရှိ၊ ပရဟိတကိုလည်းမပြုသူ ဟုခေါ်ပါသည်၊၊

  ကိုယ်တိုင်နှင့်အခြားသူများကိုပါ တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုများမှကင်းဝေးစေရန်ကျိုးစား တိုက်တွန်းသူမျိုးကို နှစ်ဘက်လှအတ္တဟိတ နှင့်ပရဟိတပြည့်စုံသူဟု ခေါ်ဆိုပါသည်၊၊

   ခိပ္ပနိသန္တိသုတ်တွင် ပရဟိတနှင့်ဆက်စပ်၍ လူအမျိုးအစား(၄)မျိုးကို အောက်ပါအတိုင်းဖော်ပြထား သည်ကို တွေ့ရပါသည်၊၊

  လူအချို့သည် အကျိုးနှင့်အပြစ်ကို နားလည်သည်၊ ပညာတတ်သည်၊ ကိုယ်ကျင့်ကောင်းသည်၊ သို့သော် အပြောအဆိုမတတ်၊ အခြားသူများ၏ အကျိုးစီးပွားကို မညွန်ပြတတ်၊၊ ထိုကဲ့သို့သော လူမျိုးများကို အတ္တဟိတကိုဖြည့်ဆည်းသူဟု ခေါ်ဆိုပါသည်၊၊

   လူအချို့သည် အပြောအဆိုကောင်းသည်၊ အခြားသူများ၏အကျိုးကို ညွန်ပြတတ်သည်၊၊ သို့သော် ကိုယ့်အတွက် အကျိုးနှင့်အပြစ်ကို နားလည်မှုမရှိ၊ ပညာမတတ်၊ ကိုယ်ကျင့်တရားမရှိ၊၊ ထိုကဲ့သို့သော လူမျိုးများကို ပရဟိတကိုဖြည့်ဆည်းသူဟု ခေါ်ပါသည်၊၊

   လူအချို့သည် အကျိုးနှင့်အပြစ်ကို နားလည်မှုမရှိ၊ ပညာမတတ်၊ ကိုယ်ကျင့်တရားမရှိ၊၊ ထို့အပြင် အခြားသူအပေါ်တွင်လည်း အပြောအဆိုမတတ်၊ အကျိုးစီးပွားကိုမညွန်ပြတတ်၊ ထိုသူမျိုးသည် အတ္တ ဟိတနှင့်ပရဟိတနှစ်မျိုးလုံး မရှိသူဟုခေါ်ပါသည်၊၊

  လူအချို့သည် အကျိုးနှင့်အပြစ်ကို နားလည်သည်၊ ပညာတတ်သည်၊ ကိုယ်ကျင့်တရားကောင်းသည်၊၊ အခြားသူများအပေါ်တွင် အပြောအဆိုလိမ္မာပါးနပ်သည်၊ အကျိုးစီးပွားကို ညွန်ပြတတ်သည်၊၊ ထိုကဲ့သို့ သောလူမျိုးကို ပရဟိတနှင့်အတ္တဟိတနှစ်မျိုးလုံးတွင် ကျွမ်းကျင်သူ ဟုဆိုပါသည်၊၊

  သိက္ခာပဒသုတ်တွင် ဖော်ပြထားသည့်ပရဟိတနှင့်ဆက်စပ်သည့် သင်ပြချက်ကိုအောက်ပါအတိုင်း လေ့လာနိုင်ပါသည်၊၊

   ကိုယ်တိုင် ငါးပါးသီလကိုစောင့်ထိမ်းပြီး၊ အခြားသူများအားစောင့်ထိမ်းရန်အတိုက်တွန်းသူကို အတ္တ ဟိတကိုသာ ကျင့်သုံးသူဟုခေါ်ပါသည်၊၊
ကိုယ်တိုင်က ငါးပါးသီလကိုစောင့်ထိမ်းမှုမရှိဘဲ၊ အခြားသူများအားစောင့်ထိမ်းရန် တိုက်တွန်းသူမျိုးကို ပရဟိတကိုဖြည့်ဆည်းသူဟု ခေါ်ပါသည်၊၊
ကိုယ်တိုင်လည်း သီလမရှိ၊ အခြားသူများအားလည်း သီလရှိစေရန်တိုက်တွန်းမှုမရှိသောသူမျိုးသည် အတ္တဟိတနှင့်ပရဟိတနှစ်မျိုးလုံး မရှိသူဟုဆိုပါသည်၊၊

   ကိုယ်တိုင် သီလစောင့်ထိမ်းပြီး အခြားသူများအားလည်း စောင့်ထိမ်းရန်တိုက်တွန်းသူမျိုးကို ပရဟိတ နှင့်အတ္တဟိတနှစ်မျိုးလုံးပြည့်စုံသူဟု ခေါ်ပါသည်၊၊

   အခြားသော ပရဟိတနှင့်ဆက်စပ်သည့် သုတ်များစွာလည်းရှိပါသေးသည်၊၊ ပ.အင်္ဂုတ္တရနိကာယ်တွင် ပထမ.ဒု.တ.စ.ပဉ္စမသုတ်တို့တွင် အောက်ပါအတိုင်းလေ့လာရပါသည်၊၊

   သီလ၊ သမာဓိ၊ ပညာ၊ ၀ိမုတ္တိ၊ ၀ိမုတ္တိညာဏဒဿနဟူသော တရားငါးမျိုးတို့ကို ကိုယ်တိုင်၏ဘ၀တွင် ဖြစ်ပေါ်အောင်ဖြည့်ဆည်းသူကို အတ္တဟိတပြုသူဟု ခေါ်ပါသည်၊၊ အခြားသူ၏ဘ၀အတွက် ဖြည့်ဆည်း ပေးသူမျိုးကို ပရဟိတလုပ်သူဟု ခေါ်ပါသည်၊၊

 အတ္ထကနိပါတ၊ မဟာနာမသုတ်တွင် မဟာနာမ်သာကီဝင်မင်းကြီးသည် မြတ်စွာဘုရားအား အဘယ်သူသည် အတ္တဟိတကိုကျင့်သုံးမည်ပါသနည်း၊ မည်သူသည်ပရဟိတကိုကျင့်သုံးသူမည်ပါ သနည်းဟု မေးသည်ကို မြတ်စွာဘုရားရှင်သည် တိကျစွာဖြေကြားတော်မူခဲ့ပါသည်၊၊

အတ္တဟိတ=ကိုယ်ကျိုးတစ်ခုတည်းကို ကျင့်သုံးသူ၊၊    ၊၊
(၁) ကိုယ်တိုင် သဒ္ဓါ သီလ၊ စာဂနှင့်ပြည့်စုံ၍ အခြားသူကိုပြည့်စုံစေရန် မတိုက်တွန်းသူ၊
(၂) ကိုယ်တိုင်သံဃာကိုဖူးမြင်လို၍၊ သူတစ်ပါးတို့ဖူးမြင်ခွင့်ရစေရန်အားမထုတ်သူ၊
(၃) ကိုယ်တိုင်သူတော်ကောင်းတရားနာလို၍၊ အခြားသူတို့နာယူခွင့်ရစေရန် အားမထုတ်သူ၊
(၄) ကိုယ်တိုင်တရားစကားကိုမှတ်သားမှုရှိပြီး၊ သူတစ်ပါးတို့ကိုမှတ်သားရန်မတိုက်တွန်းသူ၊
(၅) ကိုယ်တိုင်ဆင်ခြင်သုံးသပ်တတ်ပြီး၊ သူတစ်ပါးကိုဆင်ခြင်သုံးသပ်ရန် မတိုက်တွန်းသူ၊
(၆) ကိုယ်တိုင်တရားအားလျော်စွာကျင့်သုံး၍၊ သူတစ်ပါးကိုကျင့်သုံးရန်မတိုက်တွန်းသူ၊  
အထက်တွင်ဆွေးနွေးတင်ပြထားသည့် ခြောက်မျိုးသောလူတို့သည် အတ္တဟိတတစ်ခုတည်းကိုသာ ကျင့်သူများဖြစ်သည်ဟု မြတ်စွာဘုရားရှင်ညွန်ပြထားပါသည်၊၊

ပရဟိတ၊ အတ္တဟိတနှင့်ပြည့်စုံသူ၊၊        ၊၊     
(၁) ကိုယ်တိုင် သဒ္ဓါ သီလ၊ စာဂနှင့်ပြည့်စုံ၍ အခြားသူကိုပြည့်စုံစေရန် တိုက်တွန်းသူ၊
(၂) ကိုယ်တိုင်သံဃာကိုဖူးမြင်လို၍၊ သူတစ်ပါးတို့ဖူးမြင်ခွင့်ရစေရန်အားထုတ်သူ၊
(၃) ကိုယ်တိုင်သူတော်ကောင်းတရားနာလို၍၊ အခြားသူတို့နာယူခွင့်ရစေရန် အားထုတ်သူ၊
(၄) ကိုယ်တိုင်တရားစကားကိုမှတ်သားမှုရှိပြီး၊ သူတစ်ပါးတို့ကိုမှတ်သားရန်တိုက်တွန်းသူ၊
(၅) ကိုယ်တိုင်ဆင်ခြင်သုံးသပ်တတ်ပြီး၊ သူတစ်ပါးကိုဆင်ခြင်သုံးသပ်ရန် တိုက်တွန်းသူ၊
(၆) ကိုယ်တိုင်တရားအားလျော်စွာကျင့်သုံး၍၊ သူတစ်ပါးကိုကျင့်သုံးရန်တိုက်တွန်းသူ၊၊

အထက်တွင် တင်ပြဆွေးနွေးထားသည့် လူများသည်ပရဟိတနှင့်အတ္တဟိတနှစ်မျိုးလုံးကို ပြည့်စုံစွာ ကျင့်သုံးသူများဖြစ်သည်ဟု မြတ်စွာဘုရားရှင် သုံးသပ်တော်မူပါသည်၊၊  

  ဤမျှတင်ပြဆွေးနွေးခဲ့သည်များကို လေ့လာဖတ်ရှုပြီးလျင် ပရဟိတအကြောင်းကို ကောင်းကောင်းသ ဘောကျလောက်ပြီဟု ယူဆပါသည်၊၊ အခြားသော ပါဠိတော်၊ အဌကထာနှင့် ဋီကာကျမ်းများတွင် လည်း ပရဟိတအကြောင်းအရာကို များစွာပင်ဖွင့်ဆိုထားပါသေးသည်၊၊

စာဖတ်သူအနေဖြင့် ပရဟိတနှင့်ဆက်စပ်သည့် မူလမြတ်စွာဘုရားရှင်၏ ဟောပြောသင်ပြချက်များကို စနစ်တကျလေ့လာဖတ်ရှုပြီး၊ အတ္တဟိတနှင့်ပရဟိတဟူသည်ကို အသေးစိတ်နားလည်ပြီး၊ မိမိဘ၀ အတွက် အရေးပါသည်ကိုကျိုးစားဖြည့်ဆည်းနိုင်မည်ဟု ယူဆပါသည်၊၊ ပရဟိတလုပ်ငန်းများတွင် ၀ါသနာထုံသူဖြစ်ပါလျင်လည်း မြတ်စွာဘုရားရှင်ညွန်ပြထားသည့် ပရဟိတသမားကောင်းမျိုးဖြစ်စေ ရန်အထူးကျိုးစားသင့်ကြောင်း အကြံပြုရပါသည်၊၊
                                                                                           
                                                                                        အရှင်ကေဝလ(အလင်းစက်) {မဟာဝိဇ္ဇာ-သီရိလင်္ကာ}
 မကုဋာရာမမြန်မာကျောင်းတိုက်၊ကိုလံဘိုမြို့၊
 သီရိလင်္ကာနိုင်ငံ၊၊(08/06/2012)

 ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ
                     (၅.၇.၁၂)ကြာသာပတေးနေ့