Photobucket

Friday, January 27, 2012

ဘယ်ကျောင်းနေမလဲ မောင်ရေခဲ(၂)

                                                  
                                      

        ဘယ်ကျောင်းနေမလဲ မောင်ရေခဲ(၂)

                                          ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


ဒီဥပမာ အတိုင်းပဲ တကယ့် လက်ငင်း လက်တွေ့ ဗုဒ္ဓဝါဒကို လေ့လာတဲ့ နေရာမှာလဲ “မြတ်ဗုဒ္ဓ ဘယ်မှာလဲ”  ဆိုတဲ့ ပြဿနာထက်   မြတ်ဗုဒ္ဓ ဘယ်လို ဟောခဲ့သလဲ။
ဘယ်လို အကျိုးတွေ  ဖြစ်ပေါ်နိုင်သလဲ ဆိုတာကိုသာ အလေးအနက် ထားဖို့ အရေးကြီးပါတယ်။ ဒီလောက် ဆိုရင် ပုဂ္ဂလ ဓိဋ္ဌာန်ထက် ဓမ္မဓိဋ္ဌာန်ကသာ အရေးကြီးတယ် ဆိုတာလဲ သဘောပေါက် လောက်ပါပြီ။




နောက်ထပ်ကျန်နေတဲ့ ပြဿနာတစ်ခုက “မြတ်ဗုဒ္ဓက ယုံကြည်ကိုးကွယ်သူတွေကို ဘာများ အာမခံချက်ပေးခဲ့လဲ” ဆိုတဲ့ ပြဿနာပါ။




(၅)
အထက်မှာပြောခဲ့သလိုပဲ ဗုဒ္ဓဝါဒဆိုတာ ကိုးကွယ်ဆည်းကပ်ဆုတောင်းရေးအဓိကဝါဒ မဟုတ်ဘူး၊ လိုက်နာကျင့်သုံးရေး အဓိကဝါဒပါ။ ဗုဒုဒဝ္ဓဝါဒကို လိုက်နာကျင့်သုံး သူတို့အတွက်  မြတ်ဗုဒ္ဓက ပေးတဲ့ အာမခံ ကတော့  “လုံးးဝချွတ်ယွင်းချက်မရှိ ကောင်းကျိုးရစေတဲ့ နည်းမှန် လမ်းမှန်ကို ညွှန်ပြပေးမယ်” ဆိုတာပါပဲ။


မြတ်ဗုဒ္ဓရဲ့ အာမခံ အပြည့်ညွှန်ကြားပုံကို မူရင်း အတိုင်း ပြောရမယ်ဆိုရင်တော့ -
“ တှမှေဟိ ကိစံ္စ မာတဗ္ဗံ္ဗံ = ကြိုးစားဖို့က သင်တို့တာဝန်။
အက္ခာတာရော တထာဂတာ = ချွတ်ယွင်းချက် မရှိ လမ်းးညွှန်ပေးဖို့က လမ်းးမှနှ် ရောက်သခင် ဘုရားရှင်တို့ရဲ့ တာဝန်။
ပဋိပန္နာ ပမောက္ခန္တ္တိ = ကြိုးးစားအားထုတ်နိုင်သလောက်  ဒုက္ခလွတ်မြောက်မယ်။
ဈာယိနော မာရဗန္ဓနာ = ကြိုးစားမှု လုံ့ံ့လနဲ့ ရှို့မြှိုက် ရင် အလွန်ခိုင်မာတဲ့ မာရ်မ်မင်းးရဲ့ အနှောင်အအဖွဲ့တွေတောင် လောင်မြိုင်ပျက်စီးသွားနိုင်တယ် တယ်” တဲ့။(ဓမ္မပဒ - ၂၇၆)



ဒီထက်ပိုပြီး ရဲရင့် ပြတ်သားတဲ့ အာမခံချက်ကတော့ မြတ်ဗုဒ္ဓဟောညွှန်တဲ့ တရားတော်မှန်သမျှ “ သန္ဒိဋ္ဌိကော=လက်တွေ့ကောင်းကျိုးရစေမယ်၊ ဧဟိပဿိကော = မည်သူမဆို လက်တွေ့ လာရောက် စမ်းသပ်စစ်ဆေးခွင့်ရှိတယ်” ဆိုတဲ့ အချက်တွေပါပဲ။



“ဒီအာမခံချက်တွေဟာ ဘယ်ဘာသာတရားမှာမှ မရှိတဲ့ ရဲရဲတောက် (သီဟနာဒ)စိန်ခေါ်မှု အပြည့်ပါတဲ့ အာမခံချက်တွေ ဖြစ်တယ်ဆိုတာကို ဘာသာဝါဒနဲ့ အဘိဓမ္မာအားလုံးကို ဘက်မလိုက် လေ့လာကြတဲ့ ကမ္ဘာ့ပညာရှင်များက တလေးတစား လက်ခံ အသိအမှတ်ပြုကြပါတယ်” ဆိုတဲ့ အကြောင်း ရှင်းပြတဲ့အခါ မေးမြန်းတဲ့ ဒကာကြီးက…


“ အရှင်ဘုရား အခုမိန့်ရှိသွားတဲ့အထဲက “သန္ဒိဋ္ဌိကော၊ ဧဟိပဿိကော” ဆိုတဲ့ တရားဂုဏ်တော် ၂ ခုကတော့  “ဘာမဆိုလက်တွေ့ကျမှ လက်ခံမယ်”  ဆိုတဲ့ ခုခေတ်လူငယ်တွေအတွက် အတော်ရဲရင့် ပြတ်သားတဲ့အာမခံချက်ပဲဘုရား။



ဒီနှစ်ချက်နဲ့ ပတ်သက်လို့ သူတို့သိသာ လက်ခံနိုင်လောက်တဲ့ ဥပမာလေးဖြစ်ဖြစ်၊ သာဓကလေး ဖြစ်ဖြစ် အမိန့်ရှိပေးပါဦး”  ဆိုပြီးတော့ ကြားဖြတ်လျှောက်ထားပါတယ်။



“ ဒီအာမခံချက်တွေရဲ့ သာဓကအနေနဲ့ကတော့ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ၄၅ - ဝါပတ်လုံး ဟောတော်မူခဲ့တဲ့ တရားတွေ၊ ကြုံတွေ့ ဖြေရှင်းခဲ့ရတဲ့ ပြဿနာတွေ၊ ဖြစ်ရပ်တွေ အားလုံးဟာ တရားဂုဏ်တော် အားလုံးနဲ့ဆိုင်တဲ့ ယုတ္တိသာဓကတွေချည်းပါပဲ၊ အဲ .. ဒီအမေရိကမှာ ရှိတဲ့ လူငယ်တွေအတွက် သိသာလွယ်ကူတဲ့ သာဓကတစ်ခုကို ပြောမယ် ဆိုရင်တော့ - မြတ်စွာရှင်က ဓမ္မပဒပါဠိတော် (ဂါထာ -၂၂၃)မှာ -



(၆)
အကောဓေန ဇိနေ ကောဓံ = အမျက်ထွက်သူကို အမျက်မထွက်ခြင်းးဖြင့် အနိုင်ယူရမယ်။
အသာဓုံ သာဓုနာ ဇိနေ = သူယုတ်မာကို   ကိုယ်ကကောင်းခြင်းဖြင့် အနိုင်ယူရမယ်။
ဇိနေ ကဒရိယံ ဒါနေန = နှမြောတွန်တိုသူကို ပေးကမ်း ကူညီခြင်းဖြင့် အနိုင်ယူရမယ်။
သစ္စေန အလိတဝါဒိနံ = လိမ်ညာလှည့်ဖြားတတ်သူကို သစ္စာစကားဖြင့် အနိုင်ယူရမယ်” ဆိုတဲ့ဟောညွှန်ချက်ရှိပါတယ်။




ဒီဟောညွှန်ချက်တွေကို လက်တွေ့ဘဝထဲမှာပဲဖြစ်ဖြစ်၊ ကမ္ဘာ့ဖြစ်ရပ်တွေနဲ့ပဲ ဖြစ်ဖြစ် တိုက်ဆိုင်လေ့လာကြည့်ပါ၊ “သန္ဒိဋ္ဌိက” ဂုဏ်၊ “ဧဟိပဿိက” ဂုဏ်တို့နဲ့ ဘယ်လောက်ပြည့်စုံတယ်ဆိုတာ သဘောပေါက်နိုင် ပါတယ်။



ဒီ(အမေရိက)က လူငယ်တွေအနေနဲ့ ၁၉၆၂ နှစ်ကုန်ပိုင်းလောက်က ဖြစ်ပျက်ခဲ့တဲ့ ကျူးဘား အရေးအခင်းမှာ ရုရှားနဲ့ အမေရိကန်တို့ ထိပ်တိုက်တွေ့ပြီး အဏုမြူစစ်ပွဲကြီး ဖြစ်ခါနီးဆဲဆဲအထိ ရောက်ခဲ့ရတဲ့ဖြစ်ရပ်တွေအကြောင်း ဖတ်ဖူးကြားဖူး ရှိကြမလားပဲ။ အဲဒီပြဿနာက အမေရိကန်တွေ အနေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ကမ္ဘာ့မျက်နှာစာမှာ သိပ်မျက်နှာပန်းမလှခဲ့တဲ့ ကိစ္စဆိုတော့ ဒီမှာ မေ့မေ့ ပျောက်ပျောက်လို သဘောထားပြီး ဖုံးကွယ်ထား ကြသလားတော့ မသိဘူးပေါ့ဗျာ။



မြန်မာနိုင်ငံသား (အဲဒီတုန်းက သတင်း ဖတ်ကြသူ) များအနေနဲ့တော့ ဒီကိစ္စက ကမ္ဘာကြီး ဖြုံသွားရတဲ့ ကိစ္စဖြစ်တာလည်း တစ်ကြောင်း။

ဒီကိစ္စဖြန်ဖြေရေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးတစ်ယောက်အနေနဲ့ မြန်မာတို့ရဲ့ဦးသန့်ကလည်း ကမ္ဘာကျော် ပညာရှင်ကြီး ဘာထရန် ရပ်ဆဲလ် နဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တာဖြစ်လို့ ကမ္ဘာမှာ မြန်မာတွေ မျက်နှာပန်း ပွင့်ခဲ့ရတဲ့ ကိစ္စကြီးလည်း ဖြစ်နေတာ တစ်ကြောင်း အဲဒီနှစ်မှာ ကြုံရတဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကလည်း ရုရှားနဲ့ အမေရိကန် ဆိုတဲ့ အင်အားကြီး နှစ်နိုင်ငံရယ်၊ တရုတ်နဲ့ အိန္ဒိယဆိုတဲ့ လူဦးရေအများ ဆုံး နိုင်ငံကြီး နှစ်နိုင်ငံ  ရယ်ဆိုတော့ အဲဒီနှစ်နဲ့ အဲဒီအဖြစ် အပျက်တွေက တကယ့်ကိုမှ အမှတ်တရကြီးတွေပဲ မဟုတ်လား။ ဒကာကြီးတို့တော့ မှတ်မိချင် မှတ်မိမယ် ထင်ပါတယ်။


အဲဒီတုန်း အမေရိကန်သမ္မတ ကနေဒီက အရွယ်ကလည်းငယ်ငယ်နဲ့ ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုရဲ့ အာဏာ အရှိဆုံး ပုဂ္ဂိုလ်လည်း ဖြစ်နေတာ ဆိုတော့ အတ္တတွေ၊ ဒေါသမာနတွေကလည်း သွေးနားထင် ရောက်ဖြစ်ပြီး စစ်သွေးကြွနေတာလေ။ နေတိုးတို့ ဝါဆောတို့ ဆိုတဲ့ အနောက်အုပ်စု၊ အရှေ့အုပ်စုတို့ကလည်း ဘာရယ်လို့ မဟုတ်ဘူး အာဏာတွေ ပါဝါတွေ ပြချင်၊ ပြိုင်ချင်နေကြ တာဆိုတော့ အဏုမြူစစ်ပွဲကြီး ဖြစ်ခါနီးဆဲဆဲအထိ တာစူလာကြတာ မဟုတ်လား။



အဲဒီကိစ္စမှာ ဘာမဆို အမေရိကန်လုပ်သမျှကို မျက်စိမှိတ် ထောက်ခံလေ့ရှိတဲ့ ဗြိတိန်ကလည်း ဒီအဏုမြူစစ်ပွဲကြီးထဲကို ဝင်မယ်တကဲကဲ ဖြစ်နေတာပေါ့။ အနောက် အုပ်စု စာနယ်ဇင်းတွေကလည်း “ နောက်မဆုတ်မနဲ့ ချတာ ချ” ဆိုတဲ့ သဘောမျိုးနဲ့ ဆွပေးကြတော့ ဘာပြောကောင်းမလဲ၊ ဘာမှကို ပြောမကောင်း ကြားမကောင်း အဖြစ်ဆိုးကြီးနဲ့ ကြုံခါနီးဆဲဆဲ ရောက်သွားတဲ့ကိစ္စပေါ့။



အဒဲ ကိစ္စမှာ အနုမြူစစ်ပွဲကြီး တားဆီး ဖြန်ဖြေရေး လုပ်နေတဲ့  ဗြတိန်နိုင်ငံသား ပညာရှင်ကြီး ဘာထရန် ရပ်ဆ်လ် က (၂၄.၁၁.၆၂)နေ့စွဲနဲ့ စစ်သွေး ကြွနေတဲ့ ဗြိတိန်နိုင်ငံသားတွေကို သတိပေးတဲ့ ကြောငြာချက်ထဲက -


“သက်တမ်းစေ့နေပြီး သေကြရမှာ မဟုတ်ဘူး၊ သတင်းပတ်အနည်းငယ်အတွင်း သေကြရ လိမ့်မယ်။ တစ်ယောက်ထဲ သေမယ်လို့ မထင်လိုက်ပါနှင့်၊ ကိုယ့်သားမယား၊ ကိုယ့်မိတ်ဆွေ သင်္ဂဟ တွေနဲ့ ဗြိတိန်မှာ နေသမျှ လူတွေအားလုံးအပြင် ကမ္ဘာ့နေရာအနှံ့မှာ အသက်ရှင်နေကြတဲ့ ဘုမသိ ဘမသိ သန်းပေါင်းများစွာ ရှိတဲ့ လူတွေပါ အတူသေသွားကြရမှာ ဖြစ်တယ်။



ကြမ်းတမ်းရိုင်းစိုင်းပြီး စိတ်ရူးပေါက်နေတဲ့ လူသတ်သမားစကားကို နားယောင်ပြီးတော့ “ကိုယ့်တိုင်းပြည်အတွက် အသက်ပေးကာကွယ်ဖို့ ဝတ္တရား ရှိတယ်” လို့ မထင်ပါနဲ့၊ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ကမ္ဘာပေါ် ထားအပ်တဲ့ ဝတ္တရားကလွဲပြီး ဒီ(ဗြိတိန်)နိုင်ငံ ဝန်ကြီးချုပ် (မက္ကမီလန်)နဲ့ အမေရိကန်သမ္မတ(ကနေဒီ)တို့ကို  အလုပ်အကြွေး မပြုလုပ်ချင်ပါနဲ့။

နှစ်မြို့စရာ ပျော်ရွှင်စရာ လွတ်လပ်တဲ့ ကမ္ဘာမှာ နေလိုကြတယ်ဆိုရင် သူတို့ စကားနားမထောင်ဘဲ ကိုယ့်ဝတ္တရား ကိုယ်သတိရနေဖို့ ဖြစ်ပါတယ်”  ဆိုတဲ့ သတိပေးကြော်ငြာချက်က သွေးနားထင်ကြွပြီး ဘဝကို မေ့နေကြတဲ့ ဗြိတိန်ပြည်သူ တွေကို မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ပြီး လန့်ဖျပ်နိုးသွား စေရုံ သာမက ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ကမ္ဘာ့ပြည်သူအားလုံးကို လှန့်နိုးလိုက်သလို ဖြစ်သွားခဲ့လို့ သတင်း ဖတ်သူ ပေါက်စကလေးတွေ ဖြစ်တဲ့ ဦးဇင်းတို့တောင် တစ်ခါတည်း စွဲငြိသွားခဲ့ရ တာပေါ့။



အဲဒီအရေးခင်းမှာ ဘာထရန် ရပ်ဆဲလ်က အနောက်နိုင်ငံ(အရင်းရှင်း)အုပ်စုမှာ ရှိတဲ့ စေ့စပ်ရေး သမားတွေကိုပြောခဲ့တဲ့  “ နျူကယီးယားစစ်ပွဲဟာ ကွန်မြူနစ်ဝါဒ တစ်ကမ္ဘာလုံးကို လွမ်းမိုးသွားခြင်း ထက် ပိုဆိုးလိမ့်မယ်လို့ ကျွန်ုပ် ယုံကြည်” ဆိုတဲ့ စကားနဲ့ အရှေ့(ကွန်မြူနစ်)အုပ်စု စေ့စပ်ရေး သမား တွေပြောခဲ့တဲ့  “ နျူကယီးယားစစ်ပွဲဟာ အရင်းရှင်စနစ်က တစ်ကမ္ဘာလုံးကို လွမ်းမိုးသွားခြင်းထက် ပိုဆိုးလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်ကြောင်း” ဆိုတဲ့ စကားလုံးများဟာလည်း ဘာသာတရားမဲ့ လူကြမ်း ကြီးတွေလို့ သတ်မှတ်ခြင်းခံရတဲ့ ရုရှားကွန်မြူနစ်ခေါင်းဆောင်ကြီး ခရုရှက်ရဲ့ နှလုံးသား ကိုတောင် ထိမှန်သွားတဲ့အတွက် နောက်ဆုံးမှာတော့ အမေရိကန်သမ္မတ ကနေဒီက ညစ်ကျယ်ကျယ် ခေါင်းမာ မာနဲ့ တင်းခံနေတဲ့ ကြားထဲကပဲ ရှရှားခေါင်းဆောင်ကြီး ခရုရှက်က ကျူးဘားကို ဦးတည်ခုတ် မောင်း နေတဲ့ ရုရှားသင်္ဘောစုကို အမေရိကန်ပိတ်ဆို့ရေး သင်္ဘောစုနဲ့ ပဋိပက္ခ မဖြစ်အောင် ရှောင်ကြဉ်ဖို့ အမိန့်ထုတ်ပြီး ကျူဘားမှာရှိတဲ့ ဒုံးပျံများကို ပြန်လည်ရုပ်သိမ်းသွားခဲ့ ခြင်းတို့ကြောင့် အဏုမြူ လက်နက် များနဲ့ ပါဝင်ဆင်နွှဲ မည့် တတိယကမ္ဘာစစ်ကြီးဖြစ်ဖို့ အထိ တာစူနေတဲ့ ပဋိပက္ခကြီးဟာ ပြီးငြိမ်းသွားခဲ့တယ် မဟုတ်လား။





ဒီဖြစ်ရပ်တွေကို ခြုံငုံကြည့်လိုက်ရင် အမေရိကန်သမ္မတကနေဒီနဲ့ အပေါင်းပါများက ဒေါသမာန် တွေတင်းပြီး လူမျိုးပြုတ် စစ်ပွဲကြီးဆင်နွှဲဖို့အထိ မိုက်ရူးရဲခဲ့တဲ့ ပဋိပက္ခမှုကြီးဟာ တစ်ဖက်ကလည်း ဒေါသမာန်မာနတွေနဲ့ ရင်ဆိုင်မယ်ဆိုရင် ဒီနေ့ ကမ္ဘာမြေပုံဟာလည်း သတ္တလောက ဆိတ်သုဉ်းနေတဲ့ သဲကန္တာရ ဩကာသ သင်္ခါရလောကကြီးသက်သက်ပဲ ဖြစ်နေလောက်ပြီပေါ့။ သတ္တဝါတွေရဲ့ ကံ အကြောင်းတရားနဲ့ လူစိတ်မဆိတ်သုဉ်းသေးတဲ့ ရုရှားခေါင်းဆောင် ခရုရှက်က ဒေါသမာန်မာနတွေ ကို ပယ်ချရင်ဆိုင်ခဲ့လို့သာ ခုလိုကမ္ဘာကြီးမှာ သတ္တလောကပါ ပြည့်စုံသာယာနေတာပေါ့။


ဒီကိစ္စနဲ့ ပတ်သက်လို့ အဲဒီတုန်းက စစ်သွေးကြွတွေ  ဖြစ်နေကြ  သူများကတော့ “သူတို့ ရဲ့အင်အားနဲ့ သတ္တိရှိမှုကြောင့် ခရုရှက်ဟာ စစ်ပွဲကို ရင်မဆိုင်ရဲဘဲ အရှုံးပေးသွားတာ”လို့ ရူးကြောင်မူးကြောင် သတင်းတွေ လွှင့်နေကြတာလည်း မှတ်မိတယ်။



တကယ်တော့ ဒီပဋိပက္ခမှာ ဒေါသမာန်မာနတွေကို ဖယ်ရှားပြီး ရင်ဆိုင်ခဲ့တဲ့ ခရုရှက်နဲ့အတူ သက်ရှိလောကကြီးတစ်ခုလုံးက အောင်နိုင် သွားခြင်း သာ ဖြစ်တယ်ဆိုတာ ဆင်ခြင်တုံတရားရှိသူတိုင်း သိနိုင်ပါတယ်။



ရှင်းရှင်းပြောရရင် ဒီနေ့ အမေရိကန်နိုင်ငံနဲ့ ပြည်သူတွေ အသက်ရှင်နေရတာဟာ ခရုရှက်ရဲ့ ဒေါသမာန်မာနတွေကို ဖယ်ရှားနိုင်မှုကြောင့်သာ ဖြစ်ပါ တယ်။


ဒီအောင်ပွဲနဲ့ပတ်သက်လို့ ဖြန်ဖြေရေးပညာရှင်ကြီး ဘာထရမ် ရပ်ဆဲလ်က သတင်းစာများကနေ ကြောငြာချက်ထုတ်ပြန်ရာမှာ -
“ အမေရိကန်စစ်ဝါဒကြောင့် ပေါ်ပေါက်လာမည့်ဆဲဆဲ ရောက်လာတဲ့စစ်ပွဲကြီးကို တားဆီးနိုင်တဲ့ သတ္တိနဲ့ တကယ်တမ်း တားဆီးဖို့ ဆုံးဖြတ်ချက်ချလိုက် တဲ့ မစ္စတာ ခရုရှက်ဟာ တစ်ကမ္ဘာလုံးအပေါ် ဧရာမ ကျေးဇူးကြီးပြုလိုက်ပေပြီ။ အင်အားကြီးတစ်နိုင်ငံက လူသိရှင်ကြားသူ့ကို ခြိမ်းခြောက်နေ တဲ့ကြားက ပဲ မှားယွင်းတဲ့ မာနတံခွန်စေပါးချက်တို့ကို လျစ်လျူပြုခဲ့တဲ့ မစ္စတာခရုရှက်ဟာ လူသား အကျိုးကို မျက်ကွယ်ပြုပြီး လက်ရုံးအားကိုးနဲ့ ရယူနိုင်တဲ့ ဂုဏ်ရှိန်ဩဇာကို မက်မောတဲ့ ကလေးဆန် ဆန်ပြုမူ ခြင်းကို ကြံ့ကြံ့ခံ နိုင်ခဲ့ပါပြီ”ဆိုပြီး ထောမနာပြုခဲ့ တာကို ကြည့်လိုက်ရင် ဒေါသမာန်မာနတွေ ကို ဖယ်ရှားပြီ လူသား အားလုံး အပေါ် စာနာစိတ်အပြည့်နဲ့ အနိုင်ယူခဲ့တဲ့ ခရုရှက်ရဲ့အောင်ပွဲဟာ သက်ရှိလောကကြီး တစ်ခုလုံးရဲ့ အောင်ပွဲကြီးပဲ မဟုတ်လား။



ဒါဟာ “အက္ကောဓေန ဇိနေ ကောဓံ” စတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတွက် ပစ္စက္ခမှာပဲ လုံလောက်ထင်ရှားတဲ့ သာဓကကြီးပါပဲ။ ဒါက ကမ္ဘာနဲ့အဝှမ်း အထင်ရှားဆုံးကိစ္စတစ်ခုကိုသာ ပြောတာပါ။



အလားတူထင်ရှားတဲ့ ကမ္ဘာဖြစ်ရပ် သာဓကတွေဟာ ဒီနေ့ကမ္ဘာ့ဝန်းကျင်တစ်ခုလုံးမှာ သတိထားမိသူတိုင်း သိသာထင်ရှားပါတယ် ‘ဆိုတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။



ဒကာကြီးကတော့ သူ့ကိုယ်တိုင်အောင် ဒီဖြစ်ရပ်တွေအပေါ်မှာ ဝေဝေ၀ါးဝါးဖြစ်နေပုံပါပဲ။ ဒါနဲ့ နောက်ဆုံးမှာမိမိက -
ကဲ ..ထားပါတော့၊ ဒါတွေက “သန္ဒိဋ္ဌိက၊ ဧဟိပဿိက”စတဲ့ မြတ်ဗုဒ္ဓရဲ့တရားတွေဂုဏ်တွေဟာ လူကြားကောင်းရုံ ကြွေးကြော်ထားတာတွေ မဟုတ်ဘူး။

တကယ်အစမ်းသပ်ခံနိုင်တယ်၊ တကယ့်ကို လက်ငင်းလက်တွေ့ အကျိုးထင်ရှား တယ်ဆိုတာ ဒကာကြီးသဘောပေါက်အောင် ပြောပြရတာပါ။ ဒကာကြီးရဲ့သားသမီးတို့နဲ့ ပတ်သက်လို့ အခုကြုံ နေရတဲ့ ပြဿနာပြေလည် စေဖို့အတွက်တော့ ဦးဇင်းဥပမာလေးတစ်ခုကို ပြောပေးချင် ပါတယ်။



စာသင်ကျောင်းကြီးနှစ်ကျောင်းရှိတယ်ဆိုပါစို့၊ ပထမတစ်ကျောင်းက "ငါတို့ ကျောင်းမှာ လာနေပါ၊ ငါတို့ကို လေးစားအားကိုးပါ၊ သင့်မှာ ဘယ်လိုချွတ်ယွင်းချက်တွေရှိနေနေ၊ သင်ဘာတွေမှ အထွေ အထူးမကြိုးစားလဲ ကိစ္စမရှိဘူး၊ အချိန်တန်ရင် သင့်ရဲ့ ချွတ်ယွင်းချက်မှန်သမျှကိုလဲ ဖယ်ရှားပေးမယ်၊ ဘွဲ့ဒီဂရီတွေလဲ ရစေမယ်၊ ရာထူးဂုဏ်သိန်စည်းစိမ်ဥစ္စာတွေနဲ့လဲ ပြည့်စုံစေမယ်” လို့ အာမခံကြွေးကြော်ထားတဲ့ ကျောင်းကြီးပေါ့။



နောက်တစ်ကျောင်းကတော့ “ကြိုးစားဖို့က သင်တို့တာဝန်ဖြစ်တယ်၊ ချွတ်ယွင်းချက်မရှိ အပြည့်အဝသင်ကြားပေးဖို့ ငါတို့က လုံးဝတာဝန်ယူတယ်၊ သင်တို့ ကြိုးစားသလောက် မုချအောင်မြင် မှုရမယ်၊ သင်ရဲ့ကြိုးစားမှု၊ သင့်ရဲ့ အစွမ်းအစနဲ့ပဲ အခက်အခဲဟူသမျှ ကျော်လွှားအောင်မြင်စေရမယ်၊ သင့်ရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ လူသားဂုဏ်သိက္ခာအားလုံးကိုငါတို့က တလေးတစားအသိ အမှတ်ပြု တယ်”လို့ အာမခံ ကြွေးကြော်ထားတဲ့ ကျောင်းကြီးပေါ့။


(၇)
ဒကာကြီးရဲ့ သားနဲ့သမီးကို မေးကြည့်ပါ၊ “ ဒီကျောင်းကြီး နှစ်ကျောင်းထဲက ဘယ်ကျောင်းမှာ နေမလဲ” ပေါ့။    အခုခေတ်လူငယ်တွေဟာ အရာရာ ကို နှိုင်းယှဉ်စဉ်းစားတတ်ပါတယ်။


အဲ ..ဒကာကြီးအနေနဲ့ သဘောပေါက်ထားရမှာကတော့ ဗုဒ္ဓဘာသာဆိုတာ ဒုတိယ ကျောင်းကြီးမျိုး ဖြစ်ပါတယ်။



ဗုဒ္ဓမြတ်စွာ အာမခံနိုင်တာကတော့ “ချွတ်ယွင်းချက်မရှိအောင် အပြည့်အဝ သင်ကြားပေး မယ်”ဆိုတဲ့ အချက်ပါပဲ။ အောင်မြင်မှုက မြတ်ဗုဒ္ဓရဲ့ လက်ထဲ မှာ မရှိပါဘူး၊ ကြိုးစားအားထုတ်သူတို့ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ “အတ္တာဟိ အတ္တနောနာထော = ကိုယ်ကိုယ်တိုင်သာ ကိုယ့်ရဲ့ ကိုးကွယ်ရာ ဖြစ်တယ် ”ဆိုတဲ့ “လူသာ ပဓာန”ဝါဒကို ဟောညွှန်တာဆိုလို့ မြတ်ဗုဒ္ဓတစ်ပါးသာရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒဆိုတာ လူနဲ့ လူ့အခွင့်အရေး၊ လူရဲ့ ကံဥာဏ်ဝီရိယ စွမ်းအားနဲ့ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာတို့ကို အပြည့်အဝ လေးစား အသိအမှတ်ပြုတဲ့ ဝါဒပဲ ဖြစ်ပါတယ်။



ကဲ .. ဒကာကြီး ဒါကို လက်တွေ့ စမ်းကြည့်ချေပါဦး” လို့ တိုက်တွန်းလိုက်ပါတယ်။ ဒကာကြီးလည်း  “ပြောစရာတော့ရပြီ” ဆိုတဲ့ သဘောနဲ့ ပေါ့ပေါ့ပါးပါး ကြည်ကြည်လင်လင်ပဲ ဦးချပြန်သွားပါတယ်။


နောက်စနေနေ့မှာတော့ ဒကာကြီး ခပ်စောစောပဲ ရောက်လာပါတယ်။ မျက်နှာက တစ်ခုခု အဆင်ပြေလာတဲ့ပုံစံနဲ့ပါ။ ရောက်မဆိုက်ဆိုသလိုပဲ “ဆေးချက်ကတော့ တည့်သွားပြီ ဆရာတော် ရေ့၊အဲဒီနေ့ ညစာထမင်းဝိုင်းမှာပဲ အရှင်ဘုရား အမိန့်ရှိလိုက်တဲ့ ကျောင်းကြီးနှစ်ကျောင်း ဥပမာကို ပြော လိုက်တော့ သားကရော သမီးကရောပဲ “ဟာ .. ကိုယ်က ဘာမှ မကြိုးစားပဲနဲ့ အောင်မြင်မှု ရစေမယ်ဆိုတဲ့ ကျောင်းမျိုးကတော့ ဘယ်သွားအားကိုး လို့ ဖြစ်မလဲ၊ ကြိုးစားသူရောမကြိုးစားသူရော အတူတူအောင်မြင်စေမယ်ဆိုရင် သားတို့ ကြိုးစားသမျှတွေက ဘာသွားထူးတော့မှာလဲ" ဆိုပြီး ကျောင်းနှစ် .ေ ကျာင်းကို နှိုင်းယှဉ်ဝေဖန်ကြတော့တာပဲ။ တစ်ချို့အချက်တွေမှာ နည်းနည်း ပြင်းထန် လွန်းလို့ တပည့်တော်တို့ကတောင်ထိန်းပေးရသေးတယ် ဆိုတဲ့အကြောင်း အားပါးတရ ပြောပြ ပါတယ်။



မိမိက - “ဒကာကြီးအခုလို ထိန်းပေးတာ ကောင်းပါတယ်၊ အမှန်ကတော့ ဘာသာဝင်တို့ရဲ့ အရေးအကြီးဆုံးတာဝန်က ကိုယ်ယုံကြည်တဲ့ ဘာသာ တရားကို လေးစားပြီး ကိုယ်လိုက်နာ ကျင့်သုံးရမယ့် “ ရှောင်သင့်တာ ရှောင်၊ ဆောင်သင့်တာဆောင်” ဖို့ပဲ မဟုတ်လား။



“ ဣဒမေဝ သစ္စံ္စံ မောဃမညံ = ငါ့ဝါဒသာ အမှန်၊ အခြားဝါဒတွေဟွဟာ အလကား ဝါဒတွေဖြစ်တယ်”ဆိုတဲ့ စိတ်ထားမျိုးဟာ အဆင့်နိမ့်သူတို့ရဲ့ စိတ်ထားမျိုးဖြစ်တယ်ဆိုတဲ့ မြတ်ဗုဒ္ဓ့ အဆုံးးအမနဲ့  “ န ပရောပရံ နိကုဗ္ဗေထ = တစ်ယောက် တစ်ယောက်က်ကို မလှည့်မဖြား ရိုးးသားစွာ ဆက်ဆံရမယ်။ နာတိမညေထ ကတ္ထစိ နံကိဉ္စ္စိ = ဘယ်ကိစ္စ္စမှာမဆို တစ်ယောက်က တစ်ယောက်ကို နိုင်ထက်စ်စီးးနင်းး မထီမဲ့မြင် မပြုဘဲ လေးစားစွာ ဆက်ဆံရမယ်”  ဆိုတဲ့ ဘုရားရှင်ရဲ့ သတိပေး ညွှန်ကြား ချက်များကို အလေးထားတတ်ကြဖို့ လိုပါတယ်ဆိုတဲ့ အကြောင်း သတိပေးလိုက်ပါတယ်။
                                                            
                                                    ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ဤပိုစ်ကိုမေတ္တာဥယျာဉ်မှကူးယူဖေါ်ပြပါသည်။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၂၇.၁.၁၂)သောကြာနေ့


Gmail...ashinvimala2009@gmail.com

5 comments:

  1. ဒုတိယကျောင်းထွက်ပါဘုရား။
    ......။
    ဘုန်းဘုန်းပို့ သသောမေတ္တာကြာင့်ရွှင်လန်းချမ်းမြေ့ ပါကြောင်း။
    ဦးတင်ပါတယ်။

    ReplyDelete
  2. ဘုန်းဘုန်း ဘုရား ... တရားတော် တွေ မှတ်သား နာယူ သွားပါတယ် ...

    အကောဓေန ဇိနေ ကောဓံ = အမျက်ထွက်သူကို အမျက်မထွက်ခြင်းးဖြင့် အနိုင်ယူရမယ်။
    အသာဓုံ သာဓုနာ ဇိနေ = သူယုတ်မာကို ကိုယ်ကကောင်းခြင်းဖြင့် အနိုင်ယူရမယ်။
    ဇိနေ ကဒရိယံ ဒါနေန = နှမြောတွန်တိုသူကို ပေးကမ်း ကူညီခြင်းဖြင့် အနိုင်ယူရမယ်။
    သစ္စေန အလိတဝါဒိနံ = လိမ်ညာလှည့်ဖြားတတ်သူကို သစ္စာစကားဖြင့် အနိုင်ယူရမယ်။

    ဒီစာသားလေး ကို တော့ coppy လုပ်ခွင့်ပါ ဘုရား ... ကျနော် မေ့တက်လွန်း လို့ ပါ ...

    ဘုန်းဘုန်း ရေ ... အခုမှ ရောက်လာတဲ့ အတွက်လည်း နားလည်ပေးပါ ... ဘုရား
    ကျနော် လည်း အားတဲ့ အချိန် လေး စိတ်ကူး ပေါက်ရာ တွေ ရေး လိုက် အချိန်လေး ရ ရင်တင်လိုက်နဲ့  .... ဘုန်းဘုန်း ဆီ မရောက်ဖြစ်လို့ ပါ ...

    ဒီနေ့ တော့ အချိန်လေး ရတာနဲ့  စာတွေ အများကြီး ဖတ်သွားပါတယ် ...
    လင့်ချိတ် ခွင့်လည်း ပြု ပါဘုရား .....

    ReplyDelete
  3. ဖတ်တုန်း ခဏတော့ လုပ်အုံးမယ်ဆိုပြီး ဖတ်လည်းပြီးရော မလုပ်ဖြစ်ပြန်ဘူး..

    ဒါနဲ့ စကားမစပ်..

    JB မှာ နေတယ်ဆို
    ဘယ်ရပ်ကွက်လဲ မောင်ရေခဲ :D

    ReplyDelete
  4. ကောင်းလိုက်တဲ့ပိုစ့်လေး ဘုန်းဘုန်းဘုရား
    အသက်ရာကျော်ရှည်ပါစေ

    ရိုသေလေးစားလျှက်

    မဒိုးကန်

    ReplyDelete
  5. ကိုရင်....ကိုရွှေဝန်းကဂျိုဟိုးမြို့နယ် ဘာတုပါဟမှာနေပါတယ်ဘုရား...9.A..jalan Susur Mutiara Taman Mutiara.Jalan kluang8300 Batu pahat Johor

    H/p 0102546243..0122617350 လမ်းကြုံရင်ဝင်လိုရပါတယ်..မကြုံလဲသီးသန့်လာလည်လိုရပါတယ်ဘုရား...

    မေတ္တာဖြင့်...
    ရွှေဝန်းရတနာ

    ReplyDelete