ယနေ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ၊ မကုဋာရာမမြန်မာကျောင်းတိုက်ကြီး၏ နေ့ဆွမ်းအလှူကို ရန်ကုန်မြို့၊ ကျောက်မြောင်းမြို့နယ်၊ ဖခင်ကြီး ဦးကျော်ရှိန်၏ အသက် (၉၀) ပြည့်မွေးနေ့အတွက် သားဖြစ်သူ ဦးမောင်မောင်အေး မိသားစု (နော်ဝေနိုင်ငံ) မှ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ပါသည်။
ကုသိုလ်ရှင်ဖြစ်သော သားဖြစ်သူ ဦးမောင်မော်အေးနှင့် မိသားစုတို့သည်၎င်း၊ မွေးနေ့ရှင်ဖြစ်သော ဖခင်ကြီး ဦးကျော်ရှိန်သည်၎င်း၊ ယနေ့မှစ၍ သက်တော်ရာကျော် ရှည်ပါစေ၊ လောကအကျိုး၊ သာသနာ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများဖြစ်ပါစေ ဟူသော မေတ္တာစိတ်ဖြင့် သီရိလင်္ကာနိုင်ငံတွင် စာပေသင်ကြား နေကြသည့် မြန်မာစာသင်သား သံဃာတော်တို့မှ သမန္တာမှစ၍ မေတ္တာသုတ် ပရိတ်တရားတော်များ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များအစရှိသည်တို့ကို ရွက်ဖတ်သရဇ္ဈာယ်ကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါသည်။
ဤကုသိုလ်၏ အဖို့ကို ၃၁ ဘုံသား သတ္တ၀ါအားလုံး အမျှရကြ၍ သာဓုနုမော် ခေါ်ဆိုနိုင်ပါစေ။
သာဓု သာဓု သာဓု
No comments:
Post a Comment