Photobucket

Friday, September 16, 2011

ဆွမ်းအလှူရှင် (၁၅.၀၉.၂၀၁၁)

                                                                        


ယနေ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ၊ မကုဋာရာမမြန်မာကျောင်းတိုက်ကြီး၏ နေ့ဆွမ်းအလှူကို ဒါနသီရိလင်္ကာအသင်း ဥက္ကဋ္ဌ မယ်တော်ကြီး ဒေါ်တင်တင်မြင့်၏အစ်ကို ကပ္ပတိန် ဦးသိန်းဦးမြင့်(ကနေဒါ) ၆၆ နှစ် ရက်လည်ဆွမ်းအဖြစ်ရည်စူး၍ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ပါသည်။

Mr.parasana+မနန်းလောဝ်ဟွမ်(သား)praneeth မိသားစုတို့မှ အချိုပွဲလှူဒါန်းပါသည်။

ယနေ့ဆွမ်းအလှူရှင်တို့သည် လောကအကျိုး၊ သာသနာ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများဖြစ်ပါစေ ဟူသော မေတ္တာစိတ်ဖြင့် သီရိလင်္ကာနိုင်ငံတွင် စာပေသင်ကြား နေကြသည့် မြန်မာစာသင်သား သံဃာတော်တို့မှ သမန္တာမှစ၍ မေတ္တာသုတ် ပရိတ်တရားတော်များ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များအစရှိသည်တို့ကို ရွက်ဖတ်သရဇ္ဈာယ်ကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါသည်။

ဤကုသိုလ်၏ အဖို့ကို ၃၁ ဘုံသား သတ္တ၀ါအားလုံး အမျှရကြ၍ သာဓုနုမော် ခေါ်ဆိုနိုင်ပါစေ။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ...ရွှေဝန်းရတနာ...

No comments:

Post a Comment