Photobucket

Thursday, September 29, 2011

ဝန်းသိုစော်ဘွားကြီး စ၀်အောင်မြတ်

                                                                   


မြန်ပြည်မြောက်ပိုင်း သျှမ်းလူမျိုးများ သျှမ်းနီ၊ ခန္တီး၊ ကဒူး၊ ကဏန်းတို့၏ ခေါင်းဆောင်ကြီး
သူ့ကျွန်မခံလိုသော မောရိယမဟာဝံသ သီရိသုဓမရာဇာ
သိုဟုံဘွား မျိုးချစ် ဝန်းသို စော်ဘွားကြီး စ၀်အောင်မြတ်။ ။

ဝန်းသို့ စော်ဘွားကြီး စ၀်အောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ တပိုတွဲလဆန်း ၁၁ ရက်၊ (ခရစ်နှစ် ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်) တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် ဝန်းသိုမြို့၌ ဖွားမြင်သည်။ အဘ အမည်မှာ မင်းလှ သမန္ဈရန်ဆောင်ဘွဲ့ခံ ဝန်းသို စစ်ကဲ ဦးရွှေသာ ဖြစ်ပြီး၊ မိခင်မှာ သုဝဏ္ဏ ကာယ ဒေဝီဘွဲ့ခံ ဒေါ်ဒွေးဖြူ ဖြစ်သည်။ မွေးချင်း ညီအစ်ကို မောင်နှမ ခုနစ်ဦး ရှိရာ မောင်အောင်မြတ်၊ မသူဇာ (သောင်သွတ် စော်ဘွားကတော်)၊ မောင်ရွှေသိုက်၊ မယ်မူ၊ မယ်ဖန်၊ ခွန်ကျယ်၊ ခွန်ဆိုင်တို့ ဖြစ်ကြသည်။
မောင်အောင်မြတ်အား ငယ်စဉ်က ဝန်းသို ဆရာတော် ဦးဂုဏထံ စာပေ သင်ကြားစေရန် အပ်နှံထားခဲ့ရာ အခြေခံ မြန်မာ စာပေများကို အတော်အတန် တတ်မြောက်ပြီး သာမဏေဘောင်သို့ ဝင်ခဲ့သည်။ မောင်အောင်မြတ် ငါးနှစ်သား အရွယ် ၁၂၂၈ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ဖခင်ဖြစ်သူ ဦးရွှေသာအား မြို့လက်ရှိအတိုင်းနှင့် ၀န်းသိုမြို့ မင်္ဂလါ စော်ဘွားကြီးဟု အဆောင်အရောင် အစီးအနှင်းများနှင့်တကွ စော်ဘွား အဖြစ်သို့ တိုးမြင့်ခန့်ထားပြန်သည်။
ပထမ- မဟာဝံသရာဇာ သိုဟုံဘွား
ဒုတိယ- မဟာသိဒ္ဓိဇေယ သိုဟုံဘွား၊ သက္ကရာဇ် ၁၂၃၆၊ ၃၇ ခုနှစ်တွင် ရွှေအရှေ့ကြောင်း အလယ်ကြောင်း သံသုံးတာရွာ ဂဏန်းဘွား ဂဏန်းမ နန်းခမ်း ကျေးရွာနှင့်တကွ ကျေးရွာခရိုင် တိုးချဲ့၍ ထပ်မံချီးမြင့်ပြန်သည်။ နှောက် သက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် မင်းတုံးမင်း ကြီး နတ်ရွာစံပြီး သားတော် သီပေါမင်းလက်ထက် ထပ်မံ ချီးမြင့်ပြန်လေသည်။
တတိယ- ဟာဝံသ သိရီရာဇာ သိုဟုံဘွားဟူ၍ တံဆိပ် ၃ လုံး ဘွဲ့ ၃ တန်ရရှိ၍ ထိုဘွဲ့များကို အပ်နှင်းလျက် ဝန်းသို စော်ဘွားအဖြစ် တိုးမြှင့် ခန့်အပ်ခြင်း ခံရသည်။
နယ်နိမိတ် အပိုင်းခြားများ
၁။ အရှေ့လာသော် ဧရာဝတီ မြစ်လယ်ကြော ကေ မ္ဘာဇတိုင်းအထိ၊ ၂။ တောင်ဘက်လာသော ရဲသာရွာ ဟလင်းကြီး သံသနဂရတိုင်းထိ၊ ၃။ အနောက်ဘက်လာသော သလ္လာဝတီ မြစ်လယ်ကြော မဏိပူရတိုင်းထိ၊ ၄။ မြောက်လက်လာသော မိုင်းကောင်းနှင့် ကြောကိုင်း နရသုတဏ္ဍတိုင်းအထိ၊ ၅။ အရှေ့မြောက်လာသော ကောက်ကွေ့ချောင်းထွက် ဧရာဝတီအထိ၊ ၆။ အရှေ့တောင်လာသော တမောအောက် ဇင်းချောင်းပေါက် ဧရာဝတီအထိ၊ ၇။ အနောက်တောင်လာသော ကလုံး ရွှေတွင်း သလ္လာဝတီမြစ်အထိ၊ ၈။ အနောက်မြောက်လာသော ဦးရူချောင်းထွက် သလ္လာဝတီ မြစ်လယ်ကြောထိ ဖြစ်လေသည်။ ဤသို့ နယ်လေးရပ်၊ ရှစ်ရပ် သတ်မှတ် ပိုင်းခြားလျက် ၅၅ ခရိုင်ဘွားစားရသည်။ ဤကား စော်ဘွား အဆက်ဆက်တို့၏ ဘွားစားရသော နယ်ပယ် အပိုင်းအခြားဖြစ်သည်။
မောင်အောင်မြတ် အရွယ်ရောက်သော အခါ သူ၏ ဆန္ဒအတိုင်း ဖခင်ဖြစ်သူ ဝန်းသို စော်ဘွားကြီး ဦးရွှေသာက ကင်းဝန်မင်းကြီး ဦးကောင်းထံ အပ်နှံ၍ ထီးသုံး နန်းသုံး တရားဥပဒေ ပညာရပ်များနှင့်တကွ အုပ်ချုပ်မှုရေးရာ အဖြာဖြာများကို သင်ကြား စေခဲ့သည်။ သီပေါမင်းတရား ထံတွင်လည်း ကွမ်းရေတော်ကိုင် အဖြစ် အမှုထမ်းရသည်။ ထို့ကြောင့် ဦးအောင်မြတ်သည် စာပေ ကျမ်းဂန် ဗဟုသုတတို့၌ လည်းကောင်း၊ ရှေးဟောင်း အနုပညာ၊ ရာဇဝင်၊ ကဗျာလင်္ကာများ၊ ဗေဒင်ပညာရပ်များ၌ လည်းကောင်း၊ အုပ်ချုပ်မှုရေးရာများ၌ လည်းကောင်း ကျွမ်းကျင် လာခဲ့သည်။
ဦးအောင်မြတ်၏ ဖခင် ဦးရွှေသာသည် မိုးကောင်းမြို့ဝန် အဖြစ် ပြောင်းရွှေ့ ခန့်ထားခြင်း ခံရသဖြင့် ဦးအောင်မြတ်သည် ၁၂၄၄ ခုနှစ်တွင် ဘုရင်သီပေါမင်းထံ အမိန့်တော် ခံဝင်ကြရာ မြို့ရွာ ခရိုင်နေ ပေါမိုင်း ထမုံ သူကြီး ခေါင်းကြီးရွာအုပ်တို့မှစ၍ သဘော တူညီကြခြင်း ရွှေနန်းတော်ကြီး၌လည်း ဘုရင်သီပေါမင်းမှ အစ ပြု၍ ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ရက်နေ့တွင် သားတော်ကြီး သခင်အောင်မြတ်အား ဘုရင် သီပေါမင်းက ၀န်းသိုစော်ဘွား အရာခန့်အပ် ချီးမြင့်တော်မှုလေသည်။ ဖခင်နေရာ ဝန်းသို့ စော်ဘွားအဖြစ် သီပေါမင်းမှ ခန့်အပ်ခဲ့သည်။ 'မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ' ဟူသော ဘွဲ့ကိုလည်း ချီးမြင့်တော်မူသည်။ ဝန်းသိုမြို့သည် နေပြည်တော် မန္တလေးနှင့် အတန်ဝေးသော မြို့ဖြစ်၍ အအုပ်အချုပ် မကောင်းလျှင် နယ်ခြား နိုင်ငံရေး ပြဿနာများ အချိန်မရွေး ပေါ်ပေါက်နိုင်သည်။ မီးဝေးချိပ်ပမာ ဆိုသကဲ့သို့ လူဆိုးတို့ အတန် သောင်းကျန်းသော နေရာ ဖြစ်သည်ဟုလည်း ကြားသိရသဖြင့် လက်ရုံးရည် ပြည့်ဝသော မောင်အောင်မြတ်နှင့် သင့်လျော်သည်ဟု ကင်းဝန်မင်းကြီး ဦးကောင်းက သူ၏ မှတ်တမ်း၌ ရေးသားထားခဲ့သည်။ ဝန်းသိုစော်ဘွား အဖြစ် ခန့်အပ်ခြင်း ခံရစဉ်က ဦးအောင်မြတ်၏ အသက်သည် ၂၃ နှစ်သာ ရှိသေးသည်။ ဦးအောင်မြတ် စော်ဘွားဖြစ်ပြီး နောက်တနှစ်တွင် မိုးညှင်းဒေသ တလျှောက်၌ ဗိုလ်ဝ ခေါင်းဆောင်သော သူပုန်များ ထွက် သောင်းကျန်းခဲ့သည်။ လူအင်အား သုံးထောင်ကျော် လေးထောင်ခန့်နီးပါး ရှိသော သူပုန်တို့အား နှစ်ထောင်မျှလောက်သာ အင်အားစုနှင့် အောင်မြင်စွာ နှိမ်နင်းနှိင်ခဲ့သည်။ သူပုန်ခေါင်းဆောင် ဗိုလ်ဝကိုပါ အသေ ဖမ်းမိခဲ့သည်။ သီပေါမင်း ကိုယ်တိုင်က အားရတော် မှူလှသဖြင့် မောရိယမဟာဝံသ သီရိသုဓမ္မရာဇာသိုဟုံဘွား ဟူသောဘွဲ့ဖြင့် ချီးမြှင့်ခြင်း ခံရသည်။ ၁။ ပထမ- ဘွဲ့ မဟာဝံသသိရီဇေယ သိုဟုံဘွား ၎င်းနောက်မကြာမီ ၁၂၄၅ ခုနှစ် ပထမ၀ါဆို လဆန်း ၉-ရက်နေ့တွင် သိရီဇေယနှင့် လဲလှယ်၍ အဘစော်ဘွားကြီး လဲချားစော်ဘွားကြီးနည်းတူ ထီးအစီး အနင်းနှင့်တကွ ထပ်မံချီးမြင့်တော်မူပြန်သည်။ ၂။ ဒုတိယ- မောရိယမဟာဝံသ သိရီ သုဓမ္မရာဇာ သိုဟုံဘွားဟူ၍ဖြစ်သည်။ ထိုနှစ်တွင် စကာစော်ဘွားကြီး၏ သမီးတော် မှန်နန်း အပျိုတော် စပ်ရွှေကြည်နှင့် လက်ဆက်ခဲ့သည်။ စော်ဘွား ဦးအောင်မြတ်သည် ဝန်းသိုမြို့တွင် ဟော်နန်း ရှိသော်လည်း နယ်ပယ် ငြိမ်သက်ရေးကို ရှေးရှု၍ ဝန်းသိုမြို့ အနောက်မြောက် မိုင် ၃ဝ ကျော်သော ပင်လယ်ဘူးမြို့၌ ရွှေ့ပြောင်း နေထိုင်ခဲ့သည်။ ၁၂၄၇ ခုနှစ်တွင် တတိယ အင်္ဂလိပ် မြန်မာ နောက်ဆုံးစစ်ပွဲ ဖြစ်ပွားခါနီး အချိန်တွင် တိုင်းရေးပြည်ရေး မငြိမ်မသက် ဖြစ်လာသဖြင့် သတင်းမှန် ရရှိစေရန် နေပြည်တော်သို့ အထောက်တော်များ စေလွှတ် စုံစမ်းခဲ့သည်။ နေပြည်တော်မှလည်း အင်္ဂလိပ်တို့အား တိုက်ခိုက်ရန် အတွက် စစ်သားများ စုဆောင်းရန် စာချွန်တော် ရောက်လာသဖြင့် လက်နက် လူသူ အသင့် စုဆောင်းလျက် ရှိသည်။ အထောက်တော်များ ပြန်လည် ရောက်ရှိသော အခါ သီပေါမင်း အင်္ဂလိပ်လက်သို့ ပါတော်မူပြီ ဖြစ်ကြောင်း ကြားသိရသဖြင့် အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ သိုရာတွင် အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်ခြင်း မပြုဘဲ ငြိမ်သက်စွာ နေရန် ကင်းဝန်မင်းကြီးထံမှ အမိန့်လွှာ တစောင် ရောက်လာသဖြင့် အဖကဲ့သို့ လည်းကောင်း၊ ဆရာသမား ကဲ့သို့ လည်းကောင်း လေးစား အပ်သော မင်းကြီး အမိန့် ဖြစ်သဖြင့် ခက်ထန်သော စစ်စိတ် စစ်မာန်များကို မျိုသိပ် ထားခဲ့ရသည်။ အင်္ဂလိပ် လက်အောက်သို့ကား ဝင်ရောက်ခြင်း မပြုဘဲ သစ်လုပ်ငန်း၊ စပါး လုပ်ငန်းများကိုသာ လုပ်ကိုင် စားသောက် နေခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ဦးစီး လုပ်ကိုင်သော သစ်လုပ်ငန်း ထွန်းကားရာ နေရာကို မိမိတို့သာ ရရှိလျှင် ချက်ချင်း ချမ်းသာနိုင်သည်ဟု စိတ်ကူးမိသူ အချို့က ဦးအောင်မြတ်သည် စီးပွားရေးကို ဖိဖိစီးစီး လုပ်ကိုင်၍ ငွေကြေး စုဆောင်းကာ တော်လှန် ပုန်ကန်ရန် အကြံပြုနေသည်ဟု အင်္ဂလိပ် အရာရှိများအား ချောပစ်စကား ပြောဆိုကြသည်။ ထိုအခါ ဦးအောင်မြတ်ကို နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးလိုကြောင်း ကင်းဝန်မင်းကြီးအား အကြောင်းကြား စေခဲ့သည်။ ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်ကို နေပြည်တော်သို့ လာရောက် ရှင်းလင်းရန် ဆင့်ခေါ်ခဲ့သည်။ သို့ရာတွင် ဦးအောင်မြတ်က အရှင်သခင်များ မရှိသည့်နောက် နေပြည်တော်သို့ မလာရောက် လိုတော့ကြောင်း၊ တပါးကျွန်မခံလိုတော့ကြောင်း၊ အင်္ဂလိပ် မင်းနှင့်တကွ အင်္ဂလိပ်အရာရှိ ကိုယ်စားလှယ် တို့ကိုလည်း အရိုအသေ မပြုလိုတော့ကြောင်း အကြောင်း ပြန်လိုက်သည်။ ယင်းသို့ စာပြန်ပြီးနောက် အင်္ဂလိပ်များ လာရောက် တိုက်ခိုက်ပါက အသင့် ဖြစ်စေရန် ဝန်းသိုမြို့  ပတ်ဝန်းကျင်၌ သစ်တပ်မြို့ရိုးများ ဆောက်ခြင်း၊ ကင်းတပ်များ အထပ်ထပ်ချခြင်း၊ လူသူလက်နက် စုဆောင်းခြင်း စသည်များ ပြုလုပ် လာခဲ့သည်။ မက္ခရာ မင်းသားကြီး၏ သားတော် ထိပ်တင်ရန်ပိုင်နှင့် မူးမတ် တစုတို့သည် အင်္ဂလိပ်တို့အား တိုက်ခိုက်ရာမှာ ရှုံးနိမ့်သဖြင့် ဦးအောင်မြတ်၏ ဖခင် ဦးရွှေသာ၏ အကူအညီဖြင့် ယူနန်နယ်သို့ ဆုတ်ခွာ လာခဲ့သည်။ ဦးရွှေသာကိုလည်း တော်လှန် ပုန်ကန်မှု အားပေးသည်ဟု ဆိုကာ အင်္ဂလိပ် အစိုးရက ဖမ်းဆီးရန် အမိန့်ထုတ်ကြောင်း ဦးအောင်မြတ် သိသောအခါ ဖခင်ရှိရာ မိုးကောင်းမြို့သို့ သွားရောက်၍ အခြေအနေကို ဆွေးနွေးခဲ့သည်။ အင်္ဂလိပ်တို့ကား ဦးအောင်မြတ်တို့ သားအဖကို မဖမ်းသေးဘဲ ကင်းဝန်မင်းကြီးကို ဖျောင်းဖျ နားချရန် စေလွှတ်လိုက်သည်။ ဦးအောင်မြတ် မိုးကောင်းသို့ သွားနေခိုက် ဖြစ်၍ ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်နှင့်မတွေ့ဘဲ မန္ဈလေးသို့ ပြန်ခဲ့ရသည်။ ကင်းဝန်မင်းကြီးမှ တဆင့် စေ့စပ် မရသဖြင့် အင်္ဂလိပ် အစိုးရသည် ဦးအောင်မြတ်၏ ငယ်ဆရာ ဝန်းသို ဆရာတော် ဦးဂုဏမှ တဆင့် စေ့စပ်ပြန်သည်။ အင်္ဂလိပ်ကို ကျွန်အဖြစ် မခံလို အင်အား ပြည့်လာသည့် တနေ့ မန္တလေးကို တိုက်ယူပါမည်ဟု ဆရာတော်အား လျှောက်ထားခဲ့သည်။ စေ့စပ်မရသည် အဆုံး၌ မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် အင်္ဂလိပ် အစိုးရသည် ခွန်းတောင် မြို့အုပ်နှင့် အခွန်ဝန် ဦးစံတို့ကို စစ်တပ် တတပ်နှင့် စေလွှတ်လိုက်သည်။ ဝန်းသိုမြို့ စော်ဘွား ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ စေလွှတ်လိုက်သော တပ်များကို မှန်ကင်းတောင် စခန်းမှ ဆီးကြို တိုက်ခိုက်ရန် ချီတက် လာခဲ့သည်။ မှန်ကင်းတောင် စခန်းတွင် အင်္ဂလိပ်တပ်များနှင့် ဝန်းသိုစော်ဘွား တပ်များ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရာ ရှုံးပြီး အင်္ဂလိပ်တို့ ဆုတ်ခွာခဲ့ရသည်။ တိုက်ပွဲဖြစ်ရာ မှန်ကင်းတောင် စခန်းတွင် ယခုတိုင် အမှတ်အသား စိုက်ထူထားသော ကျွန်းတိုင်ကြီး တတိုင် ရှိနေသေးသည်။ ကောလင်းမြို့ဘက်သို့ ဆုတ်ခွာသွားသော အင်္ဂလိပ်တပ်များကို ဝန်းသိုစော်ဘွား တပ်များက လိုက်လံ တိုက်ခိုက်ရာ အင်္ဂလိပ်တို့ဘက်မှ စစ်ဗိုလ် တဦးနှင့် တပ်သား သုံးဦး ကျဆုံးခဲ့သည်။ အင်္ဂလိပ် တပ်များလည်း ကောလင်းမြို့မှနေ ထပ်ပြီး ဆုတ်ခွာရသည်။ ထိုအခါမှ စ၍ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏ အမည်သည် အင်္ဂလိပ်မင်း အုပ်ချုပ်သည့် မန္တလေးမြို့မှသည် အောက်ပြည်ဒေသ ရန်ကုန်မြို့သို့ တိုင်အောင် ကျော်ကြား လာခဲ့သည်။ ရှုံးနိမ့်၍ ဆုတ်ခွာခဲ့ရသော အင်္ဂလိပ်တပ်များကို အားဖြည့်ရန် ၁၂၅၂ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ကသာမှ ဗိုလ်နှစ် စဗက် ဦးဆောင်သော အမှတ် (၂ဝ) ခြေလျင်တပ်ရင်းနှင့် ရွှေဘိုမှ ဗိုလ်ကြီး ကေရီ ဦးဆောင်သော မြင်းတပ်များ ရောက်ရှိလာ သဖြင့် ကောလင်းမြို့သို့ ပြန်၍ ချီတက် လာကြပြန်သည်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် သူ၏ ဝန်းသိုတပ်များနှင့် အတူ ဖခင်ဖြစ်သူ မိုးကောင်းမြို့ဝန်၏ တပ်များနှင့်ပါ ကောလင်းသို့ အပြင်းချီတက်ကာ အင်္ဂလိပ်များကို တိုက်ခိုက်သည်။ သို့ရာတွင် အင်အားချင်း မမျှသဖြင့် ရုတ်တရက် မြို့သို့ မချဉ်းကပ်သေးဘဲ မြို့ပြင်မှသာ ဝန်းရံနေ၍ အင်္ဂလိပ် တပ်များကို တောထဲသို့ မျှားခေါ်သည်။ ယင်းတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အကျအဆုံး ဒဏ်ရာရသူ များပြားသည်။ လက်နက် အင်အား လူအင်အား မမျှသဖြင့် ဆုတ်ခွာ ခဲ့ရသော်လည်း ဦးအောင်မြတ်၏ တပ်များသည် အင်္ဂလိပ်တို့ကို အကြိမ်ကြိမ် ပြန်လှန် တိုက်ခိုက်မှုများ ပြုခဲ့သည်။ ထိုနယ်မြေ ဒေသ တဝိုက်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားစေခဲ့သည်။ အင်္ဂလိပ် အစိုးရက ယင်းတို့၏ စစ်တပ်အတွက် ရွှေဘိုမှ နောက်ထပ်တပ်များ စစ်ကူရောက်လာရာ ဝန်းသို တပ်များသည် တဖြေးဖြေး ဆုတ်ခွာရင်း ကျိုင်းခွင်တောင်ကုန်း၌ တပ်စွဲ၍ အခိုင်အမာ ခုခံရာ အင်္ဂလိပ်တပ်များ မကပ်နိုင်အောင် ရှိခဲ့သည်။ အဝေးမှ အမြောက် သေနတ်များဖြင့် အင်္ဂလိပ်တပ်များက ပစ်ခတ်သော်လည်း ခပ်ဝေးဝေးမှ ပစ်ရသဖြင့် မျှော်မှန်းသလောက် မဖြစ်ဘဲ ဝန်းသို စော်ဘွားတပ်များ အထိအခိုက် နည်းသည်။ နောက်ဆုံး၌ အင်္ဂလိပ်တပ်များသည် ကျိုင်းခွင်တောင်ကုန်းကို ပတ်၍ စီးသော ဒေါင်းဖြူချောင်းကို အကျအဆုံး များစွာနှင့် ဖြတ်ကူးကား ဝန်းသို့တပ်များကို အနီးကပ် တိုက်ခိုက်ကြသည်။ ဝန်းသိုစော်ဘွား၏ တပ်များသည် အတော်ကြာကြာ ခုခံ တိုက်ခိုက်ကြပြီးနောက် တောင်ကုန်း တဖက်မှ အင်္ဂလိပ်တပ်များကို ဖောက်ထွက်၍ ဝန်းသိုမြို့သို့ ဆုတ်ခွာခဲ့ကြသည်။ ကျိုင်းခွင် တိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အပျက်အစီး အသေအပျောက် များသည်။ အင်္ဂလိပ် စစ်သား သုံးဦး ကျဆုံးသည့် နေရာတွင် ကျောက်တိုင်တခု စိုက်ထူထားရာ ယခုတိုင် တွေ့နိုင်သေးသည်။ ကျိုင်းခွင်တောင်ကုန်းမှ ဆုတ်ခွာသည့် နေ့တွင်ပင် ရေဦးမြို့နယ်မှ ဗိုလ်ကြီး ဟက်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ် စစ်ပုလိပ်တပ် တတပ်နှင့် ဥက္ကံမြို့နားရှိ မိုးနန်းကျောင်းတွင် တပ်စွဲနေသော ဝန်းသိုတပ်များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားသည်။ ထိုတိုက်ပွဲတွင် စော်ဘွားကြီး ဦးအောင်မြတ်တပ်မှ ၂၇ ယောက် ကျဆုံးသည်။ အင်္ဂလိပ်စစ်ဗိုလ် ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားရာ ယင်းဒဏ်ရာနှင့်ပင် မကြာမီ သေဆုံးခဲ့သည်။ လက်နက် အင်အား လူအင်အား မမျှသည့်ပြင် အတွေ့အကြုံ နည်းပါးသော သူများနှင့် တိုက်ခိုက်ရသော်လည်း သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ဓာတ်ကြောင့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ကို ဝန်းသို၊ ကောလင်း၊ မိုးကောင်း၊ မိုးညှင်း၊ ပင်လယ်ဘူး စသော ဒေသများမှ အပြင်းအထန် တော်လှန် တိုက်ခိုက်ခဲ့သည်။ မဲဇာချောင်းနားရှိ မန်လောင် မန်စီ ဒေသများတွင်လည်း အင်္ဂလိပ်တို့နှင့် အကြိမ်ကြိမ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်သည် လူသူ လက်နက် အနည်းငယ်နှင့် တနှစ်နည်းပါးမျှ အားမလျှော့ဘဲ ဇွဲနပဲနှင့် တိုက်ခိုက်ခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ အင်္ဂလိပ် အစိုးရသည် စော်ဘွားကြီးကို ထိုအချိန်အထိ သူပုန်ဟုလည်း မကြေညာဘဲ သူတို့ဘက် ဝင်လာလျှင် အခါမရွေး လက်ခံ၍ ရာထူးပင် ပေးမည်ဟု စကား ကမ်လှမ်းမြဲ ကမ်လှမ်းလျက် ရှိသည်။ ဝန်းသို စော်ဘွားကြီးကာ အင်္ဂလိပ်တို့ မည်သို့ ခေါ်ယူ ချော့မော့စေကာမူ စကားပင် မပြန်ခဲ့ချေ။ အင်္ဂလိပ်ဆိုလျှင် သူနှင့် အဖက်မတန်ဟုပင် သဘောပိုက်ထားဟန် တူသည်။ နောက်ဆုံးတွင် ဝန်းသို စော်ဘွားကြီး၏ တပ်များသည် မန်စီ အနီး အင်္ဂလိပ် စစ်တပ်နှင့် တွေ့၍ ဝိုင်းမိနေသော အခါ အင်္ဂလိပ် စစ်တပ်နှင့် အတူ ပါလာသော မြတောင် မြို့စားက ဝန်းသို စော်ဘွားကြီးကို စကား ကမ်းလှမ်းပြန်ရာ ရာထူးမက်၊ ဥစ္စာမက်၊ စိတ်မခိုင်သူများ သစ္စာဖောက်ကာ အင်္ဂလိပ်ဘက်သို့ တစတစ ဝင်သွားကြသည်က တကြောင်း၊ မိုးဦးကျလာ သဖြင့် နောက်လိုက် နောက်ပါများ ငှက်ဖျားရောဂါ ဖြစ်လျက် စိတ်ဓတ် ကျဆင်းလာသည်က တကြောင်း၊ အထောက်အပံ့ အကူအညီများကလည်း နည်းပါသထက် နည်းပါး လာသည်က တကြောင်း၊ အရပ်ရပ်သော အခြေအနေတို့ကလည်း အဆိုးဘက်နှင့် အရှုံးဘက်ကချည်း များနေသည်က တကြောင်း ဤသို့သော အကြောင်းများကြောင့် အတိုက်အခိုက် ရပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ဝန်းသို စော်ဘွားကြီးသည် အင်္ဂလိပ် လက်အောက်သို့ကား မဝင်။ ဖခင်ရှိရာ တရုတ်ပြည်သို့ ထွက်ခွာတော့မည်ဟု အကြောင်းပြန်ရာ မြတောင်မြို့စားက ဘေးရန် ကင်းရှင်းသော တရုတ်ပြည် ထွက်လမ်းကို အလံစိမ်း လွှတ်ပြသဖြင့် ထိုလမ်းအတိုင်း ၁၂၅၃ ခုနှစ်တွင် ထွက်ခဲ့သည်။ မိုညှင်းမှ ဘီးလင်းမြို့၊ ယင်းမှ ဟိုပင်နန့်ဆော်လော်၊ ထိုမှ စန်းတာမြို့သို့ ဝင်သည်။ စန်းတာမြို့မှ စန်းတာ စော်ဘွားက ကောင်းစွာကြို၍ နေရာထိုင်ခင်းများ ချပေးသည်။ စန်းတာမြို့၌ပင် ၁၂၇၈ ခုနှစ်တွင် ဖခင် မိုးကောင်း စော်ဘွားကြီး ဦးရွှေသာ ကွယ်လွန်ရာ၊ ဦးအောင်မြတ် ကိုယ်တိုင် ဖခင် အလောင်းကို ထမ်း၍ မြို့ဦးဈေး နေရာ၌ သဂြုင်္ိဟ်ခဲ့သည်။ ယူနန်နယ် စန်းတာမြို့၌ ရှိနေစဉ်လည်း အင်္ဂလိပ် အစိုးရက စော်ဘွားကြီး၏ သတင်းများကို အမြဲ သိရှိလိုသည် ဟူသော အမိန့်ကြောင့် မန်းတာ၊ မိုင်းလ စသော မြို့များမှ လာသော ခရီးသည်များထံတွင် စုံစမ်းပြီးလျှင် မြတောင် မြို့စားက အမြဲ အစီရင်ခံစာ သွင်းနေရသည်။ ယူနန်နယ်တွင် နေထိုင်စဉ် စော်ဘွားကြီးသည် စပါးပေး ပေးခြင်း၊ တတ်ကျွမ်းထားသော မြန်မာ့ ဆေးပညာဖြင့် ဆေးဝါး ကုသပေးခြင်းတို့ဖြင့် ဖြစ်သလို အသက်မွေးဝမ်းကျောင်း ရှာဖွေ စားသောက် နေထိုင်ခဲ့သည်။ စော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ် လက်အောက်တွင် အညံခံ၍ ဝင်လျှင် သူများနည်းတူ ရာထူးရာခံ အပြည့်အဝနှင့် ထိပ်တန်းမှ သက်သောင့်သက်သာ နေရမည် ဖြစ်ပါလျက် သူ့ကျွန် မခံလိုသော စိတ်ဓာတ်ကြောင့် စည်းစိမ် ချမ်းသာများကို စွန့်လွှတ်လျက် နေထိုင်ခဲ့သော မြန်မာမျိုးချစ် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ စော်ဘွားကြီး စ၀်အောင်မြတ်သည် ယူနန်နယ် စန်းတာမြို့၌ ၁၃ နှစ်၊ မိုင်းလမြို့၌ ၁၉ နှစ်၊ စုစုပေါင်း ၃၂ နှစ်တိုင်တိုင် သူ့ကျွန် မခံလိုသော စိတ်ဖြင့် တရုတ်ပြည် မြို့များတွင် နေထိုင်ခဲ့သည်။ မြန်မာပြည် ဘုရင်ခံက စော်ဘွားကြီး စ၀်အောင်မြတ်အား ဦးရီတော် ညောင်ရွှေ စော်ဘွားကြီး ဆာစ၀်မောင် မှတဆင့် မြန်မာပြည်သို့ ပြန်ပြောင်းလာသော အခါ စိတ်မငြိုငြင်စေရပါ၊ အထောက်အပံ့ ပေးပါမည်ဟု ပြောကြားလာသည်။ ဦးရီးတော် ညောင်ရွှေ စော်ဘွားကြီး ဆာစ၀်မောင် Â စ၀်အောင်မြတ်၏ ကြင်ရာတော် မဟာဒေဝီ စပ်ရွှေကြည်၏ ဦးရီးတော် ညောင်ရွှေ စော်ဘွားကြီး ဆာစောမောင်လည်း အသက်ရွယ်ကြီးပြီ ဖြစ်သဖြင့်ကိုယ်ရပ် ကိုယ်ဒေသသို့ ပြန်နေပါရန် အတန်တန် တောင်းပန် ပြောဆိုလာသည်။ အမျိုးမျိုးအဖုံဖုံအဘက်ဘက်မှ စဉ်းစားပြီးမှ စော်ဘွားကြီးဦးအောင်မြတ်သည် (ခရစ်နှစ် ၁၉၂၃) ၁၂၈၅ ခုနှစ်၊တပေါင်းလဆန်း ၉ ရက် နေ့ တွင်မြန်မာနိုင်ငံသို့ ပြောင်းရွေ့ လာခဲ့သည်။ ယင်းနှစ် နှောင်းတန်ခူးလဆန်း ၈ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိ၍ ဟောကုန်းရှိ သထုံဟော်တွင် နေထိုင်ခဲ့သည်။ သထုံဟော်၌ပင် ကြင်ရာတော် မဟာဒေဝီ စပ်ရွှေကြည်သည် အသက် ၇၁ နှစ် အရွယ်၌ ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။ တောင်ကြီးမြို့သို့ ပြန်ရောက်သော အခါ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်ကို အင်္ဂလိပ် အစိုးရတို့က တလလျှင် ထောက်ပံ့ငွေ ၁ဝဝိ ပေးခဲ့သည်။ ထိုစဉ်က ငွေ ၁ဝဝိ သည် ယခုငွေနှင့် ခေတ်ကာလ အလျောက် နှိုင်းစာလျှင် ၁ဝဝဝိ မျှပင် ကျော်မည် ထင်သည်။ စော်ဘွားကြီးသည် ထိုထောက်ပံ့ငွေကို နည်းသည် များသည်လည်း မပြော။ အချိန်တန်၍ လာရောက် ထုတ်ပေးလျှင် သားသမီးများ လက်သို့ လွှဲအပ် ပေးခဲ့သည်။ စော်ဘွားကြီး အတွက်မူ ဦးရီးတော် ညောင်ရွှေစော်ဘွားကြီး ဆာစောမောင် ထောက်ပံ့နေသော ငွေဖြင့်သာ ရောင့်ရဲစွာ သုံးစွဲနေခဲ့သည်။ ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်သည် ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ပြန်ရောက်၍ သုံးနှစ်အကြာ ကွယ်လွန် သွားရှာသည်။ ယနေ့ သျှမ်းလူငယ်အမျိုးသားတို့ ၀န်သိုစော်ဘွားကြီး စ၀်အောင်မြတ်၏ မျိုးချစ်စိတ်ဓါတ်အား အတုယူ စံထားလောက်ပေသည်။ ၀န်းသိုစော်ဘွား ဦးအောင်မြတ်သည် အထက်မြန်ပြည် မြောက်ပိုင်းတွင် နေထိုင်ကြသော တိုင်းလုံ၊ တိုင်းမောဝ်၊ ခန္တီးသျှမ်း၊ သျှမ်းနီ၊ ကဒူး၊ ကဏန်း၊ တိုင်းဆာတို့၏ ကောင်းဆောင်ကြီးလည်းဖြစ်တော့သည်။ ဦးအောင်မြတ်သည် မည်သူ့အားမျှ အပူမကပ်ဘဲ ရသမျှဖြင့် တင်းတိမ် ရောင်ရဲစွာ လောကုတ္တရာဘက်တွင်သာ အားထုတ် နေထိုင်ခဲ့သည်။ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ကလည်း ဆက်လက် ထောက်ပံ့ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်၍ မြန်မာနိုင်ငံသို့ ဂျပန်များ ဝင်လာသော အခါ၌လည်း အင်္ဂလိပ် အစိုးရကဲ့သို့ပင် တလလျှင်ငွေ ၁ဝဝိ ထောက်ပံ့ခဲ့ရာ ဂျပန်တို့ ထွက်ပြေးသည့် အချိန်အထိ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည့် နောက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါ ခရစ် ၁၉၅ဝ ပြည့်နှစ်၊ အောက်တိုဘာလမှ စ၍ ဝန်းသို စော်ဘွားကြီးနှင့် သခင်ကိုယ်တော်မှိုင်းတို့အား မြန်မာအစိုးရက ကျေးဇူးဆပ်သည့် အနေဖြင့် တလလျှင် ထောက်ပံ့ကြေးငွေ ၅ဝဝိ ကျပ်စီ ပေးခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၃၂၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့ (ခရစ် နှစ် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) နေ့တွင် တောင်ကြီးမြို့၌ အသက် ၁ဝ၃ နှစ်တွင် ကွယ်လွန် အနိစ္စရောက်သည်။ ယင်းနှစ် ပြာသိုလဆန်း ၉ ရက်နေ့တွင် စော်ဘွားကြီး၏ ရုပ်ကလာပ်ကို တောင်ကြီးမြို့ ရပ်တော်မူကုန်း မြောက်ဘက်ရှိ စီစဉ် ရွေးချယ် သတ်မှတ်ထားသော မြေနေရာသို့ ယူဆောင်ကာ ရှေးထုံးစဉ်လာ အတိုင်း ဂူသွင်း သဂြုင်္ိုဟ်ကြသည်။ အာဏာသိမ်း တော်လှန်ရေး စစ်ကောင်စီကလည်း စော်ဘွားကြီး၏ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည့် ဂုဏ်ကျေးဇူးကို ဆပ်သည့် အနေဖြင့် မသာစရိတ်ငွေ ၅,ဝဝဝိ ထောက်ပံ့ခဲ့သည်။ စော်ဘွားကြီး ဦးအောင်မြတ်တွင် ဦးခွန်ဆက် (ခေါ်) စောခွန်ဆက်၊ စောစံမြ၊ ခွန်လုံး၊ ခွန်ဖုံးနှင့် ခွန်ချို ဟူသော သား ၅ ယောက်နှင့် နန်းဆိုင်မယ်၊ စောဖြူ ဟူသော သမီး ၂ ယောက် ထွန်းကားခဲ့သည်။ ▪ - ¤ - ▪ ဤသို့ဖြင့် ဗြိတိသျှတို့ ၀င်ရောက်ကျုးကျော်မှုတွင်လည်း သျှမ်းအမျိုးသားများသည် ရဲဝန့်ပြတ်သားစွာဆန့်ကျင် ခဲ့ကြသလို မြန်မာ့လွတ်ရေးအတွက်မှာ ပါဝင်ခဲ့ကြသည် အထူးသဖြင့် မြန်မာ့သမိုင်းဝင် ရဲဘော်သုံးကျိပ်ထဲတွင်း သျှမ်းအမျိုးသား သုံးဦးပါဝင်လေသည် ဗိုလ်မိုးညို၊ ဗိုလ်စောအောင်၊ ဗိုလ်စောနောင် အထက်မြန်မာပြည်တွင် ထင်ရှားသော ပုဂိုလ်များအနက် ဗန်မော်နယ်ဘက်တွင် ဦးစိန်တိုး၊ ဗိုလ်လှကြိုင်ဖြစ်ပြီး၊ မိုးညှင်း၊ မိုးကောင်းနယ်တွင် သခင်ပြန့်၊ ဗိုလ်အောင်ခို၊ ဗိုလ်ထွန်းရင် တို့သည် မျက်မှောက်ကာလအထိ နိုင်ငံတော်၏ အကျိုးကို တယ်ပိုးခဲ့သော တိုင်းလျဲန်ခေါ်သျှမ်းနီ များဖြစ်၍ ၎င်းတို့သည် မော်ကွန်းဝင် ပုဂ္ဂိုလ်များ ပင်ဖြစ်ပါသည်။
အထူးသဖြင့် ဗိုလ်လှကြိုင်သည် ဗိုလ်ချုပ်အောင်းနှင့် အရင်းနီးဆုံးသူဖြစ်သည် အထက်မြန်ပြည် မြေလတ်သျှမ်းဒေသများအား ကချင်ပြည်နယ်အဖြစ် သတ်မှတ်ရန်အခြေခံ ဥပဒေ ရေးဆွဲမည်ပြုရာတွင် ဗိုလ်လှကြိုင်သည် ထိုဒေသများသည် သျှမ်းနယ်များဖြစ်သည် ကချင်ပြည်နယ်အဖြစ် သတ်မှတ်ရန် မသင့်သော်ကြောင်းပြောဆိုရာ ဗိုလ်ချုပ်အောင်ဆန်းမှ တတိုင်းလုံးတပြည်လုံးအတွက် လုပ်နေတာ မင်းလူမျိုးတမျိုးထဲကို မကြည့်နဲ့ဟုပြောရာ ဗိုလ်လှကြိုင်သည် မည်သို့ပြန်လည်တုံ့ပြန်ခြင်း မရှိတော့၍ နေလိုက်ခြင်းသည် သျှမ်းနီအမျိုးသားတို့အတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရလေသည်။
အနာဂတ် သျှမ်းမျိုးစက်သစ် လူငယ်များ စော်ဘွားကြီးကဲ့သို့ သျှမ်းအမျိုးသားရေး တာဝန်များ ကျေးပွန်စွာ ထမ်းဆောင် နိုင်ကြပါစေလို့ ရည်ညွန်းတင်ပြ လိုက်ရပါသည်။   ထုတ်နုတ်- ရွှေဥသြရဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ'  စာအုပ် နှင့်ကျေးဇူးရှင်- ခန္တီးဆရာတော်ဘုရားကြီး ရေး ၀န်းသို ရာဇ၀င်သစ် 
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ..ရွှေဝန်းရတနာ..(၂၉.၉.၁၁)ကြာသာပတေးနေ့
 
ဤပိုစ်ကိုဒီဆိုက်မှကူးယူဖော်ပြပါသည်။ 

Saturday, September 24, 2011

ဘဝအမောတွေပြေစေဘို့ အားလုံးဘဲရီ(ရည်)မောကြပါစို့

                                             
                                                           

                ဖြစ်နိုင်မယ်ဆိုရင်

-ဘူတာသွားချင်လို့ ကားခ ဘယ်လောက်ပေးရမလဲ။
-သုံးရာပါခင်ဗျာ။ အိပ်အတွက်က မယူပါဘူး။
- ဒါဖြင့် အိတ်ကိုပဲ ဘူတာပို့ပေးပါကွာ ငါလမ်းလျှောက် လိုက်ခံမယ်။

                     သွားရမယ့် လမ်း
ခရီးသည်က သင်္ဘောကပ္ပတိန်ကို
- ကျွန်တော်တို့ ဘယ်လောက်သွားရင် မြေပြင်ကိုတွေ့နိုင်မလဲ။
- သုံးမိုင်လောက်ပါပဲ။
- ဘယ်လမ်းက သွားရမှာလဲ။
- အောက်တည့်တည့် ဆင်းသွားရမှာ။

                          ရှိသေးရင်နဲနဲပေးပါ။

ရှက်တတ်ဟန်ရှိသော မိန်းမပျိုလေးအား သကြားလုံး ထုတ်လုပ်သူတစ်ဦးက သူ့စက်ရုံတွင် သကြားလုံးကလေးများကို ကြော်ငြာသည့် အနေ ဖြင့် လမ်းသွားလမ်းလာ များအား လိုက်လံ ဝေငှ
ပေးရန် ငှားရမ်းထားသည်။ ပထမဆုံး အလုပ်စ လုပ်သည့်နေ့ အလုပ်သိမ်းချိန်မှာ ထိုမိန်းမပျိုလေး သည် သူ့သူငယ်ချင်း တစ်ယောက်နှင့် အမှတ်မထင် တွေ့ဆုံ လိုက်ရ၏။

ဟဲ့ နင်မကြာ ခင်လက်ထပ် တော့မလို့ ဆို…….

ဟုတ်တယ်ဟ…… ရှေ့လထဲမှာ လက်ထပ်မယ်..

ဝမ်းသာစရာပဲဟာ။ ဒါထက် ခုလောလော ဆယ် နင်ဘာလုပ်နေလဲ

နမူနာတွေ လိုက်ပေးနေတယ်လေ…..

                          သားမက်တို့ အချိုး

ကောလိပ်ကျောင်းသူတစ်ဦးက သူ့ချစ်သူအား မှာနေ၏။
ကနေ့ညကတော့ မောင်လာလို့ မဖြစ်ဘူးနော်၊ ဖေဖေ သိပ်စိတ်ဆိုးနေတယ်သိလား။ မနေ့ညက သူ့ကား ယူပြီး မ တို့ လျှောက်မောင်းကြတာကို သိသွားတယ်လေ။

ဟာ…….. ဘယ်လိုလုပ်သိသွားတာလဲ၊ ဒုက္ခပါပဲကွာ…..

ဟောတော့… မောင်မေ့သွားပြီလား၊ မတို့ ဖေဖေ့ ကို ၀င်တိုက်မိကြတယ် လေ။

                                     မစစ်ရဘဲ ပေါ်

လူငယ် – ဦးသမီးနဲ့ ကျွန်တော် ချစ်သူတွေဖြစ်နေကြပါပြီ၊ ကျွန်တော် သူ့ကို လက်ထပ်ချင်ပါတယ်။

ဖခင် – မင်းအရက်သောက်တတ်လား

လူငယ် – ဟာ……. ဦး၊ အရေးကြီးတဲ့ကိစ္စ အရင်ပြောပါဦး၊ ပြီးမှ သောက်ကြတာပေါ့

                            ဘာကွ

ကောင်လေး – ကျွန်တော် ဦးသမီးကို လက်ထပ်ချင်ပါတယ်

မိန်းကလေးဖခင် – မင်း၊ ငါ့မိန်းမ နဲ့ တွေ့ပြီး ပြီလား

ကောင်လေး – ဟုတ်ကဲ့၊ တွေ့ပြီး ပါပြီ။ ဒါပေမယ့် ဦးသမီးကိုပဲ ကျွန်တော် ပိုကြိုက်ပါတယ်။

                   ကျွန်တော် က ရေခဲသေတ္တာထဲမှာပါ..


ငရဲပြည်ကို လူသုံးယောက် သေဆုံးပြီးရောက်လာပါတယ်…..

ငရဲမင်းကြီး က သေလူသုံးယောက်အားသေဆုံးခြင်းအကြောင်း အရာတွေကို မေးမြန်းနေပါတယ်…

ငရဲမင်းကြီး၊ မင်းကဘာလို့သေလာတာလဲ
ပထမလူ။ ကျွန်တော့် မိန်းမဖောက်ပြန်တာကိုအလုပ်ကအပြန်မှာတွေပြီး မိန်းမနဲ့ဖောက်ပြန်တဲ့ သူကို ရေခဲသေတ္တာ နဲ့ ပစ်ပေါက်ပြီး ကျွန်တော် ကိုယ်ဘာသာ သတ်သေလာတာပါ…

ငရဲမင်းကြီး။ ဒါဆိုခဏနေအုံး….

ငရဲမင်းကြီး က ဒုတိယလူဘက်သိုလှည့်မေးပါတယ်…

ငရဲမင်းကြီး။ မင်းကရော ဘာလို့သေတာလဲ
ဒုတိယလူ။ ကျွန်တော် က ကျွန်တော့် အိမ်ရှေ့ ၀ရန်တာမှာ အရမ်း အိုက်လို့ အကျီင်္တွေ ချွတ်ပြီး အအေးခဲံနေတုံး အပေါ်က ရေခဲသေတ္တာပြုတ်ကျတာ ပိပြီး သေလာတာပါ….

ငရဲမင်းကြီး။ မင်းလဲခဏနေအုံး…

တတိယလူဘက်လှည့်ပြီးမေးပါတယ်

ငရဲမင်းကြီး။ မင်းကရော
တတိယလူ။ ကျွန်တော် က ရေခဲသေတ္တာထဲ က လူပါဗျာ……

တခါသောလူတစ်ဦးသည် သတ်မှတ်မြန်နှုန်းထက်ကျော်လွန်
စွာမောင်းသဖြင့် ရဲသားတစ်ဦးမှဖမ်းလေ၏..

ရဲသား – ” ခင်ဗျားရဲ့လိုင်စင်ခဏပြပါ..”

ယာဉ်မောင်း – “ခင်ဗျားကျွန်တော်အနားမကပ်နဲ့.. ကျုပ်အခုမှလူသတ်ပြီးလာတာ..ကျုပ်ဆီမှာသေနတ်ရှိတယ်.. ကားနောက်ခန်းထဲမှာလူသတ်ပြီးထည့်လာတာ..ဟားဟား”

ရဲသားလည်းစခန်းသို့အကြောင်းကြားရာ ရဲအရာရှိအပါအ၀င် တပ်ဖွဲ့များရောက်ရှိလာလေသည်… ကားကိုအတန်ကြာစစ်ဆေးသော်လည်းမည့်သည့်လက်နက်၊ အလောင်းမျှမတွေ့ရသောအခါ..

ရဲအရာရှိ – “ရဲအရာရှိ.. တောင်းပန်ပါတယ်ဗျာ… ကျွန်တော့်တပ်သားကမှားသွားတာပါ.. ”

ယာဉ်မောင်း – “ဟာ.. ဒီကောင်လား.. ကျွန်တော်ကိုလည်း Speeding ဆိုပြီးတားထားသေးတယ်”
ရယ်စရာ ဟာသများ
ဆရာ – တစ်ခါတစ်လေ အရူးတစ်ယောက်မေးတဲ့မေးခွန်းကို လူကောင်းတွေမဖြေနိုင်တာမျိုးရှိ
တယ်ကွ
ကျောင်းသား – အင်းဒါကြောင့် ဒီလကျနော် စာမေးပွဲကျတာကိုး။ သိပြီ သိပြီ
လူနှစ်ယောက်

လူနှစ်ယောက်သေလွန်ပြီးနောက် တမလွန်သို့ရောက်လာကြသည်။ တစ်ယောက်ကစမေးသည်။
“မင်းဘာလို့သေသွားတာလဲ။” နောက်တစ်ယောက်က ” အအေးလွန်လို့ သွေးခဲသေတာကွ”
“မင်းကရော”
ပထမလူက “ဒီလိုကွ။ ငါရုံးကပြန်လာတယ်ကွာ။ ငါ့တိုက်ခန်းရှေ့ရောက်တော့ အထဲမှာ ငါ့မိန်းမနဲ့
တခြားလူတစ်ယောက် စကားပြောသံကြားရတယ်။ အဲဒါနဲ့ငါလဲ တံခါးကို တအားခေါက်တယ်။ တော်
တော်နဲ့မပွင့်ဘူးကွ။ တော်တော်ကြာမှ ငါ့မိန်းမတံခါးလာဖွင့်တယ်။ ဒါနဲ့ အခန်းထဲကြည့်လိုက်တော့
သူတစ်ယောက်ထဲကွ။ ငါလဲတစ်ခန်းလုံးမွှေ့ပတ်ရှာတယ်။ မတွေ့ဘူးဟေ့ကောင်ရေ။ ငါ့တိုက်ခန်းကလဲ ငါးထပ်မှာကွ။ ဘယ်လိုမှ အောက်ကိုခုန်ချလို့လဲမရဘူး။ ခုန်ချရင်သေမှာပဲ။ မတွေ့တဲ့ အဆုံး ငါလဲ အံ့သြလွန်ပြီး နှလုံးသွေးရပ်ပြီးသေတာပါပဲကွာ။ ”
ထိုအခါ နောက်တစ်ယောက်က ” တောက်..မင်းတော်တော်ညံ့တဲ့ကောင်ပဲကွာ။ ဘာလို့ရေခဲသေတ္တာ
ကိုဖွင့်မကြည့်ရတာတုန်း။ ဖွင့်သာကြည့်ရင် ငါတို့နှစ်ယောက်လုံး အသက်ရှင်မှာ။ ခုတော့ကွာ အသေစောလို့ နှမျောလှချည်ရဲ့” ။

လျှပ်စစ်ဝန်ကြီးအတွက် ကော်လီနာရဲ့ အနီကတ်

ကျွန်တော်ဟာ
အခုတလောမှာ
ခြေထောက်သုံးချောင်းနဲ့
လက်တစ်ချောင်းကို
လိုချင်တဲ့ စိတ်ဖြစ်နေမိတယ်။
Real Madrid က
စီရော်နယ်လ်ဒိုရဲ့
ခြေထောက်ကို
ခဏလိုချင်တယ်။
ဧရာဝတီမြစ်ကြီးကို
လက်ညှိုးထိုးပြီးရောင်းစားတဲ့
လျှပ်စစ်ဝန်ကြီးရဲ့ခေါင်းကို
ဖရီးကစ်ကန်သလို
ကြုံးကြုံးကန်ချင်လို့။
အင်္ဂလန်က
ဒေးဗစ်ဘက်ခမ်းရဲ့
ခြေထောက်ကို
ခဏလိုချင်တယ်။
ဧရာဝတီမြစ်ကြီးကို
အိမ်ကမိန်းမကြီးလောက်မှ
ချစ်ရကောင်းမှန်းမသိတဲ့
အဲဒီလူကြီးကို
ဖရီးကစ်ကန်သလို
ကြုံးကြုံးကန်ချင်လို့။
             
ဘရာဇီးက
ရော်ဘတ်တိုကားလို့စ်ရဲ့
ခြေထောက်ကို
ခဏလိုချင်မိတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို
အိမ်က မိန်းမ စိန်နားကပ်ထိန်းသိမ်းရေးလောက်မှ စိတ်မ၀င်စားတဲ့
အဲဒီလူကြီးရဲ့ခေါင်းကို
ဖရီးကစ်ကန်သလို
ကြုံးကြုံးကန်ချင်လို့။
အင်း…..
လက်တစ်ချောင်းကျန်သေးတယ်။
အီတလီဒိုင်လူကြီး
ကော်လီနာရဲ့ လက်ကြီးကို
ခဏလိုချင်မိတယ်။
ဧရာဝတီမြစ်ကြီး
ထာဝရအနားယူသွားရလောက်အောင်
စီးပွားရေးကစားပုံကြမ်းတဲ့
အဲဒီလူကြီးကို
တိုက်ရိုက် အနီကတ်နဲ့
မြန်မာပြည် နိုင်ငံရေးကွင်းထဲက
အပြီးအပိုင်မောင်းထုတ်ချင်လို့။

ဘဝအမောတွေပြေစေဘိုအားလုံးဘဲရီမောပျော်ရွှင်နိုင်ကြပါစေ..
 
 ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ..ရွှေဝန်းရတနာ..(၂၅.၉.၁၁)တင်္ဂနွေနေ့..

Friday, September 23, 2011

မြစ်ဆုံစီမံကိန်းရပ်တန့်ရန် မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားသူများ ဆန္ဒပြ

                                                            
ကချင်ပြည်နယ်တွင်းက မြစ်ဆုံရေကာတာ​ စီမံကိန်းကို ရပ်တန့်ဖို့ မလေးရှားနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

မြစ်စုံရေကာတာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ မလေးရှား (ဓာတ်ပုံ-ရိုက်တာ)

ဒီကနေ့ မနက် ၁၀ နာရီခန့်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြန်မာသံရုံးမှာ မြန်မာနိုင်ငံသား ၁၀၀ နီးပါး ပိုစတာတွေ အလံတွေ ကိုင်ဆောင်စုရုံးပြီး “မြစ်ဆုံစီမံကိန်း – ချက်ချင်းရပ်၊ နိုင်ငံရေးအကျဉ်းသား ချက်ချင်းလွှတ်၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး – ချက်ချင်းလုပ်၊ “ဒီမိုကရေစီရရှိရေး- ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

မလေးရှားရဲက သံရုံးရှေ့မှာ ခွင့်မပြုလို့ သံရုံးဘေးက ပလက်ဖောင်းမှာ ဆန္ဒပြခဲ့ကြတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

မလေးရှား နိုင်ငံရေးအင်အားစုတွေဖြစ်တဲ့ ဇိုမီးအမျိုးသမားကွန်ဂရက်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကချင်အမျိုးသားအစည်းအရုံး စတဲ့အဖွဲ့ လေးဖွဲ့က ဒီဆန္ဒပြပွဲကို ဦးဆောင်တာပါ။

ဆန္ဒပြဦးဆောင်သူတဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရုံး အဖွဲ့မှူး ကိုဇော်မြင့်က ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကို ခုလို ပြောပါတယ်။

“ဧရာဝတီဆိုတာ ကျနော်တို့ ပြည်သူတွေပိုင်တဲ့ ရတနာတခု။ ဧရာဝတီမရှိရင် ကျနော်တို့မှာ သမိုင်းမရှိဘူး။ ဧရာဝတီမရှိရင် ကျနော်တို့ရဲ့ ယဉ်ကျေးမှု မရှိဘူး။ နောက်ဆုံး ကျနော်တို့ရဲ့ ၀ိညာဉ်တွေပါ မရှိဘူးလို့ ခံယူတဲ့အတွက် ဧရာဝတီ ပျက်စီးဆုံးရှုံးမှာကို လုံးဝမခံနိုင်ဘူး။

“ဧရာဝတီကို လူတစုရဲ့ ကိုယ်ကျိုးရှာတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖျက်ဆီး အနိုင်ကျင့်နေတာကို ကျနော်တို့ ပြည်သူတွေ လက်ပိုက်ကြည့်မနေနိုင်သလို ပြည်ပကပါ ပံ့ပိုး ဖိအားပေးနေတာပါ” လို့ ပြောပါတယ်။

`ပညာရှင်တွေ ဦးဆောင်ပြီး ပြည်သူတွေက ဒီစီမံကိန်းကို သုံးသပ်ဖို့ ပြောဆိုနေချိန်မှာ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက စီမံကိန်းကို ဆက်လုပ်မှာပါလို့ ပြောဆိုထားပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ကိုဇော်မြင့်က “ဧရာဝတီ ပျက်စီးဆုံးရှုံးမယ့် အရေးကို ပြည်သူတွေက သဘောမတူလို့ မလုပ်ပါနဲ့လို့ ပြောနေတဲ့ကြားက ဘယ်ကောင် ဘာပြောပြော လုပ်မယ်ဆိုတဲ့ လမ်းဘေးက ဆိုက်ကားသမား မဟုတ်ဘဲ ၀န်ကြီးတန်မဲ့နဲ့ ဒီစကားပြောလိုက်တာ ကျနော်တို့ကို စော်ကားလိုက်တာပဲ” လို့ ပြောပါတယ်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းရပ်ဖို့ အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ ရေးထားတဲ့ ကြေညာချက်ကို သံရုံးကို သွားပေးပေမယ့် လက်မခံလို့ သံရုံးစာတိုက်ထဲကို ထည့်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်သားအားလုံးဧရာဝတီမြစ်ကြီးကိုကာကွယ်ကြပါလူတိုင်းမှာတာဝန်ရှိပါတယ်။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ..ရွှေဝန်းရတနာ..(၂၄.၉.၁၁)စနေနေ့

Thursday, September 22, 2011

အမိဧရာဝတီကိုချစ်တဲ့ မလေးရှားရောက် မြန်မာပြည်သားများရဲ့ မြစ်ဆုံရေကာတာစီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲအခမ်းအနား...

                                                    




အမိဧရာဝတီကို ချစ်တဲ့ မလေးရှားရောက် မြန်မာပြည်သူများရဲ့ မြစ်ဆုံရေကာတာစီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲအခမ်းအနား...
ပေးပို့ပေးတဲ့ ကိုဇော်ဝင်းစိုင်းအား ကျေးဇူးတင်ပါသည်....။

Wednesday, September 21, 2011

ဘ၀ပျော်ရွှင်ရေးအတွက်.

                                                       
                                                              
ဘ၀ပျော်ရွှင်ရေးအတွက်…
  1. လက်ရှိအချိန်ကာလကို ခံစားနေထိုင်တတ်ပါ။
  2. လှိုက်လှိုက်လှဲလှဲရယ်မောပါ။
  3. မအိပ်ခင် စာကောင်းကောင်းလေးတွေဖတ်ပြီး အိပ်ရာဝင်ပါ။
  4. ဂီတနားဆင်ပါ။
  5. စိတ်ရောကိုယ်ပါ ကစဥ့်ကလျားမဖြစ်ပါစေနဲ့။
  6. မလိုတာတွေ မလုပ်၊ မပြော၊ လက်မခံပဲ ငြင်းတတ်ပါစေ။
  7. စိတ်ညစ်စရာပြသနာတွေကို ဖြေရှင်းဖို့ စာရင်းလုပ်လိုက်ပါ။
  8. တစ်ချိန်မှာ တစ်မျိုးပဲ အာရုံစိုက်ပါ။
  9. လေကောင်းလေသန့်ရှူပါ။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပါ။
  10. မိမိချစ်သော ခွေးကလေးနှင့် လမ်းလျှောက်ထွက်ပါ။ (တိရစ္ဆာန်လေးများကို ကြင်နာတတ်ပါစေ)
  11. ဘာသတင်းကိုမှ နားမစွင့်တဲ့နေ့ရှိပါစေ။
  12. လင်းလင်းရှင်းရှင်း၊ သန့်သန့်မွှေးမွှေးနေတတ်ပါ။
  13. လုပ်ငန်းခွင်ကို ခေတ္တမေ့ထားတဲ့အခါ ရှိပါစေ။
  14. တိတ်ဆိတ်အေးငြိမ်းသော နေရာများသို့ သွားလည်ပါ။
  15. လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီပါ။ လုပ်အားပေးပါ။
  16. တစ်ယောက်တည်း နေတတ်ပါစေ။
  17. စိတ်ပါလက်ပါ လမ်းလျှောက်လှုပ်ရှားမှုပြုပါ။
  18. ရင်းနှီးချစ်ခင်သော ဆက်ဆံရေးသည် ရောင်ပြန်ဟပ်တတ်တာ နားလည်ပါ။
  19. ဘာသာတရား ကိုင်းရှိုင်းပါ။
  20. အကောင်းမြင် မေတ္တာထားတတ်ပါစေ။
  21. စောစောအိပ်ရာထပါ။
  22. အလွန်အကျူးမစားပါနှင့်။ ခန္ဓာကိုယ်ကို ၀န်ပိစေပါတယ်။
  23. စိတ်မရွှင်မပျဖြစ်ရင် အပန်းဖြေခရီးတစ်ခုကို စိတ်ကူးနဲ့ဖြစ်ဖြစ် သွားကြည့်လိုက်ပါ။
  24. အရက်သောက်ရင် သင့်တင့်ရုံသာ သောက်ပါ။
  25. မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊ ပိုပြီး ကျန်းမာလေပါ။
  26. နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောကဖြစ်မနေပါနဲ့။
  27. နှစ်သက်သဘောကျတဲ့ ၀ါသနာတစ်ခုရှိနေရင် စိတ်တက်ကြွရှင်သန်နေပါမယ်။
  28. ထုတ်ပိုးပြုပြင်ထားသော အစားအသောက်ရှောင်ပါ။
  29. သစ်သီး၊ ဟင်းသီးဟင်းရွက် အစိမ်းများများစားပါ။
  30. ရေတွေ၊ အရည်တွေ များများသောက်ပါ။
  31. မိမိရင်ထဲ ခံစားရတဲ့ဝေဒနာတွေကို အရင်းနှီးဆုံးလူတွေထံ ရင်ဖွင့်ပါ။
  32. မိမိ အချစ်ဆုံးသူကို အနည်းဆုံး တစ်နေ့တစ်ခါ “ချစ်တယ်” လို့ဖွင့်ပြောပါ။ (အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ဆင်ခြင်ကင်းမဲ့သော ကမ္ဘာကြီးတွင် ချစ်မေတ္တာထားခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေပါတယ်)
  33. ဘ၀ကို ပျော်ရွှင်စရာ စွန့်စားခန်းတစ်ခုလို သဘောထားခံစားပါ။
  34. အဆိုးဆုံးကို ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။ (အဆိုးဆုံးကို သိရှိလက်ခံလိုက်တာနဲ့ ကြောက်ရွံ့တုန်လှုပ်စိတ်အတော်များများ ပျောက်ကွယ်သွားတာ အံ့သြဖွယ်ရာ တွေ့ရမှာပါ။)
  35. ဘ၀ကို အလဟသ မဖြုန်းတီးပဲ မိမိလုပ်ချင်တာတွေအတွက် အချိန်ပေးပါ။
  36. စိတ်ထိခိုက် ၀မ်းနည်း ဒေါသဖြစ်နေတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ခြင်းဖြင့် စိတ်ဖြေဖျောက်ပါ။
  37. နေအိမ်မှာ အလင်းရောင်အားကောင်းတဲ့ မီးလုံးမီးချောင်းရှိပါစေ။
  38. ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းလျှော့သောက်ပါ။
  39. မိမိကိုယ်ကို မိမိ နှစ်သက်သလို ၀တ်စားဆင်ယင်ပါ။
  40. ညနေတိုင်း မိမိနားထင်ကို လက်ထိပ်လေးနဲ့ နှိပ်ပေးပါ။
  41. ငြီးငွေ့မှုကို ခံစားရရင် ရေနွေးနဲ့ ရေချိုးပါ။
  42. တီဗီအစီအစဉ်ကို ရွေးကြည့်ပါ။ အကြာကြီး မကြည့်ပါနဲ့။
  43. မိမိရဲ့ စွမ်းအားကို လျှော့မတွက်ပါနဲ့။
  44. အများသုံးရေချိုးခန်း၊ အိမ်သာတွေကို တတ်နိုင်သမျှရှောင်ပါ။
  45. မိမိခန္ဓာကိုယ်က အချက်ပေးတာကို နားထောင်လိုက်နာပါ။ (ဆရာဝန်ကိုသာ အားကိုးပုံအပ်ခြင်း မပြုပါနဲ့)
  46. လေကောင်းလေသန့်များများရှူပေးပါ
                   အားလုံး ဘ၀မှာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ.....
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ..ရွှေဝန်းရတနာ..(၂၂.၉.၁၁)ကြာသာပတေးနေ့..                                                                                                         

Sunday, September 18, 2011

သီရိလင်္ကာနိင်ငံ၊ကိုလံဘိုမြို။၏၊မကုဋာရာမမြန်မာကျောင်း သမိုင်းအကျဉ်း၊


သီရိလင်္ကာနိုင်ငံ၊ကိုလံဘိုမြို့ ၏၊မကုဋာရာမမြန်မာကျောင်း။                                                                            

သီရိလင်္ကာနိုင်ငံရှိ မြန်မာကျောင်းတော်ကြီးများကို စတင်တည်ထောင်တော်မူခဲ့သော သာသနာပြု ပုဂ္ဂိုလ်ထူးမှာ မွန်ပြည်နယ် မော်လမြိုင်ဇာတိဖွား ဆရာတော် ဘဒ္ဒန္တ ၀ိနယာလင်္ကာရ မဟာထေရ်မြတ် ဖြစ်ပါသည်။ ဆရာတော်သည် ခရစ်နှစ်-၁၉၀၁-ခုနှစ်တွင် သီရိလင်္ကာ နိုင်ငံသို့ စတင်ကြွရောက်၍ သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော် မူခဲ့သည်ဟု သိရပါသည်။ ဆရာတော် ဘဒ္ဒန္တ၀ိနယာလင်္ကာရ မဟာထေရ်မြတ် (အေဒီ-၁၈၇၈-၁၉၅၉)သည် သီရိလင်္ကာနိုင်ငံ

တွင် ကျောင်းတိုက်ကြီး(၅)တိုက်ကို တည်ထောင်တော်မူခဲ့ပါသည်။


ယင်းကျောင်းတိုက်ကြီးများမှာ

၁။ သိရီဝိနယာလင်္ကာရ မဟာမကုဋာရာမကျောင်းတိုက်၊ အပိုင်း(၉)၊ ကိုလံဘိုမြို့။

၂။ သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ အပိုင်း(၁၀)၊ ကိုလံဘိုမြို့။

၃။ သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ ပေါက္ကုနုတမြို့။

၎။ သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ ကန္ဒီမြို့နှင့်

၅။ သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ အနုရာဓပူရမြို့တို့ဖြစ်ကြပါသည်။


ဖော်ပြပါ ကျောင်းတိုက်ကြီး (၅) တိုက်အနက် အမှတ် (၂) နှင့် (၃)တို့မှအပ အခြားသော ကျောင်းတိုက်ကြီး (၃) တိုက်တွင် မြန်မာသံဃာတော်များ စဉ်ဆက်မပြတ် သီတင်းသုံးနေထိုင်ကာ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိနေကြသည်ကို ဖူးတွေ့ရသဖြင့် ၀မ်းမြောက်ဂုဏ်ယူရပါသည်။ ဤတွင် အလျဉ်းသင့်သဖြင့် သီရိလင်္ကာရောက် မြန်မာသံဃာတော်အရှင်မြတ်များနှင့် မြန်မာအများစု၏ အဓိကမှီခိုအားထားရာ ဌာနကြီးသုံးခုတွင် တစ်ခု အပါအ၀င်ဖြစ်သော ကိုလံဘို (၉) ရှိ မကုဋာရာမ မြန်မာကျောင်းတိုက်ကြီး၏ သမိုင်းနောက်ခံကို တစေ့တစောင်းအဖြစ် လေ့လာတင်ပြလိုပါသည်။

မကုဋာရာမမြန်မာကျောင်းတိုက်ကြီးကို သာသနာတော်နှစ် (၂၄၈၆)၊ ခရစ်နှစ် ၁၉၂၄ တွင် စတင် တည်ထောင်ခဲ့သည်။ သို့ဖြစ်ရာ ကျောင်းတိုက်ကြီး၏ သက်တမ်းမှာ နှစ်ပေါင်း (၈၀)ကျော်ကြာမြင့်ခဲ့ပြီး
ဖြစ်ပေသည်။ သီရိလင်္ကာနိုင်ငံသည် ၁၉၄၈ ခုနှစ်ရောက်မှ လွတ်လပ်ရေး ရရှိခဲ့ရာ ကျောင်းတိုက် တည်ထောင်ခဲ့သောကာလမှာ ကိုလိုနီခေတ်ဖြစ်နေသည်ကို တွေ့ရပါသည်။
ပထမကျောင်းတိုက်တည် ဆရာတော်ကြီး ဘဒ္ဒန္တ၀ိနယာလင်္ကာရ မဟာထေရ်မြတ်သည် နိုင်ငံခြား သာသနာပြုသက်တမ်း နှစ်(၅၀)ကျော်ကာလအတွင်းတွင် သီရိလင်္ကာနိုင်ငံ၌ ကျောင်းတိုက် ကြီး (၅) တိုက်ကို တည်ထောင်တော်မူနိုင်ခဲ့ပါသည်။ ထို့ပြင် ဆရာတော်ကြီး ဘဒ္ဒန္တသိဂ္ဂ၀ထေရ်နှင့် ဆရာတော် ဘဒ္ဒန္တ သုမနသာဂရမထေရ် (ယခု ဒဂုံမြို့ သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျဉ်မြို့တော်၊ ကန္ဒီမြန်မာကျောင်း ဆရာတော်) အစရှိသော ပြည်တွင်း ပြည်ပ သာသနာပြု တပည့်ပေါင်းများစွာကိုလည်းမွေးထုတ်ပေးနိုင်
ခဲ့ပါသည်။
ဆရာတော် ၀ိနယာလင်္ကာရ မဟာထေရ်နှင့် အိန္ဒိယနိုင်ငံ ကုသိန္နာရုံဆရာတော်ကြီး ဘဒ္ဒန္တစန္ဒြမုနိမဟာထေရ် (ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပေါက်ပင် ကုန်းရွာဇာတိ) တို့မှာ ခေတ်ပြိုင်ဖြစ်သည်ဟုလည်း သိရသည်။ ဖော်ပြပါ ဆရာတော်ကြီး နှစ်ပါးမှာ ဆင်းရဲဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံရင်း ဘ၀နတ်ထံ ပျံလွန်တော်မူသည့် တိုင်အောင် ပြည်ပတွင် သီတင်းသုံး နေထိုင်သွားကြသော မြန်မာပြည်၏ သားကောင်း ရတနာများပင် ဖြစ်သည်။
သီရိလင်္ကာရှိ မြန်မာကျောင်းတိုက်ကြီးများကို စတင်တည်ထောင်တော်မူခဲ့သော ဆရာတော် ဘဒ္ဒန္တ ၀ိနယာလင်္ကာရ မဟာထေရ်မြတ်သည် မိမိ၏ သာသနာပြုအမွေများကို ဆက်ခံနိုင်ရန် ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀ထေရ်အား ၁၉၄၁ နှစ်မှစ၍ တွဲဖက်စောင့်ရှောင့်စေခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် တရားဝင်လွှဲပြောင်း လှူဒါန်းခဲ့သည်ဟု သိရပါသည်။ မကုဋာရာမ မြန်မာကျောင်းတိုက်၏ ပထမတိုက်တည် ဆရာတော်ကြီး ၁၉၅၉ ခုနှစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူသောအခါ ဆရာတော် ဘဒ္ဒန္တ သိဂ္ဂ၀မထေရ်မှာကျောင်းထိုင်
ဆရာတော် ဖြစ်လာခဲ့ပါသည်။ မကုဋာရာမ မြန်မာကျောင်းတိုက်၏ ဒုတိယမြောက်ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀မထေရ်သည် ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တိစန္ဒ၀ိဟာရကျောင်း၌ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
၂၀၀၀ပြည့်နှစ် နောက်ပိုင်းမှစ၍ မြန်မာသံဃာတော်များသည် သီရိလင်္ကာနိုင်ငံသို့ ကြွရောက်၍ ပညာသင်ယူဆည်းဖူးကြသည်မှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာသဖြင့် မကုဋာရာမ မြန်မာ
ကျောင်းတိုက်အတွင်း နေရာအခက်အခဲ ဖြစ်ကြရပါသည်။ ထို့ကြောင့် မြန်မာသံဃာတော်များမှာ
ဒေသခံသီရိလင်္ကာဘုန်းတော်ကြီးကျောင်းများတွင် မှီတင်းနေထိုင်ကာ ပညာသင်ယူ ဆည်းဖူးကြရပါသည်။
သီရိလင်္ကာ စာသင်သားဖြစ်ခဲ့ဖူးသော ပြည်တွင်း ပြည်ပသာသနာပြု ပီနန်ဆရာတော်ကြီး ဘဒ္ဒန္တပညာဝံသ မဟာထေရ်သည် သီရိလင်္ကာရောက် ပညာတော်သင် မြန်မာသံဃာတော်များ၏ နေရာအခက်အခဲကို ကူညီဖြေရှင်းလိုသော ဆန္ဒဖြင့် မကုဋာရာမမြန်မာကျောင်းတိုက်အတွင်း၌ တိုးချဲ့ ကျောင်းဆောင်သစ်ကြီး တစ်ဆောင် ဆောက်လုပ်ရန် ၁၉၉၄ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် အပြီးမသက်နိုင်ဘဲ ရှိသည့် တိုးချဲ့ကျောင်းဆောင်သစ်ကြီးကို ပီနန်ဆရာတော်
ကြီး၏ သြ၀ါဒနှင့်အညီ မူလအလှူရှင်များနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများစုစည်းဖွဲ့စည်း
ထားသော “ဒါနသိရီလင်္ကာအသင်း” တို့၏ ဦးဆောင်မှုဖြင့် ပြီးဆုံးအောင် တည်ဆောက်ခဲ့ပါသည်။
ယခုအခါ တိုးချဲ့ နှစ်ထပ်ကျောင်းဆောင်သစ်ကြီး အပါအ၀င် မကုဋာရာမကျောင်းတိုက်၌ အခန်းနေ
သံဃာတော်အပါး (၆၀) အပါအဝင် သံဃာတော်အပါး ရှစ်ဆယ်ခန့် သီတင်းသုံး နေထိုင်နေကြပြီး သီရိလင်္ကာနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ဗုဒ္ဓစာပေတို့ကို လေ့လာ သင်ယူနေကြပါသည်။






ရောက်လာသူအပေါင်းရွှင်လန်းချမ်မြေ့ ကြပါစေ..ရွှေဝန်းရတနာ..(၁၈.၉.၁၁)တနင်္ဂနွေနေ့.....

Friday, September 16, 2011

မကုဋာရာမမြန်မာကျောင်း၌မွေးနေ့ဆွမ်းကျွေးစဉ်အမှတ်တရဓာတ်ပုံများ

                 ဒီလိုသံဃာတော်များကိုတိုင်ကိုကျမီးဖိုချောင်ထဲဝင်ကာချက်ပြုတ်ရတယ်လေ
                ဒကာဒကာမတွေမရှိတော့လဲဒီလိုဘဲပေါ
                           
                               ဒါကတောခရမ်းချဉ်သီးငပိချက်လေသိတယ်မဟုတ်လားမြန်မာလူမျိုးဆိုတော့
                                                မြန်မာကိုချစ်ရင်ငပိကိုချစ်ရမယ်လေ
                      အပေါ်ပုံကတော့အချဉ်ရည်ဟင်းအိုလေ အအီပြေလေပေါ့
                        အောက်ပုံကတော့မွေးနေ့ရှင်အမည်ကိုဝိုက်ဘုတ်မှာရေးနေကြတာလေ
                               
                                    အလှူရှင်ဝိုက်ဘုတ်ကိုနံရံမှာကပ်ထားတာလေ
                                         
                                  ဒီလိုသံဃာတော်များကိုတိုင်ခူးခပ်ပြင်ဆင်ရတာပေါ့

                               ဒါကတောမန္တလေးနာယကကိုတိုင်အလှူရှင်အမည်ကိုကြေငြာပြီး
                              သံဃာတော်များမေတ္တာပို့ပေးကြဖို့လျှောက်ထားတာပါ                                              
                            ဒါကတော့သံဃာတော်များကမွေးနေ့ရှင်နှင်တကွသုံးဆယ့်တစ်ဘုံသား
                            သတ္တ၀ါတိုအားမေတ္တာပို့နေကြတာပါ

                            မေတ္တာပို့ပြီးပြီဆိုတော့လဲအားရပါးရဘုန်းပေးကြပြီပေါ  ကြည်ညိုစရာဘယ်လောက်
                       ကောင်းသလဲ နှစ်စဉ်နှစ်တိုင်းကပ်နိုင်ပါစေလိုဆုတောင်းပေကြပါဘုရား
                        အဆိုးတွေပယ်ရှင်းအကောင်းတို့ရောက်ပါစေ အညံ့တွေပယ်ရှင်းအကောင်းတို့ရောက်ပါ
                    စေနှစ်စဉ်နှစ်တိုင်းဆက်ကပ်နိုင်ပါစေဘုရားသံဃာဂုဏ်ကိုဦးညွတ်လျက။်

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ..ရွှေဝန်းရတနာ..
                                                                                                      


                                                                                                        
             

ဆွမ်းအလှူရှင် (၁၅.၀၉.၂၀၁၁)

                                                                        


ယနေ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ၊ မကုဋာရာမမြန်မာကျောင်းတိုက်ကြီး၏ နေ့ဆွမ်းအလှူကို ဒါနသီရိလင်္ကာအသင်း ဥက္ကဋ္ဌ မယ်တော်ကြီး ဒေါ်တင်တင်မြင့်၏အစ်ကို ကပ္ပတိန် ဦးသိန်းဦးမြင့်(ကနေဒါ) ၆၆ နှစ် ရက်လည်ဆွမ်းအဖြစ်ရည်စူး၍ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ပါသည်။

Mr.parasana+မနန်းလောဝ်ဟွမ်(သား)praneeth မိသားစုတို့မှ အချိုပွဲလှူဒါန်းပါသည်။

ယနေ့ဆွမ်းအလှူရှင်တို့သည် လောကအကျိုး၊ သာသနာ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများဖြစ်ပါစေ ဟူသော မေတ္တာစိတ်ဖြင့် သီရိလင်္ကာနိုင်ငံတွင် စာပေသင်ကြား နေကြသည့် မြန်မာစာသင်သား သံဃာတော်တို့မှ သမန္တာမှစ၍ မေတ္တာသုတ် ပရိတ်တရားတော်များ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များအစရှိသည်တို့ကို ရွက်ဖတ်သရဇ္ဈာယ်ကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါသည်။

ဤကုသိုလ်၏ အဖို့ကို ၃၁ ဘုံသား သတ္တ၀ါအားလုံး အမျှရကြ၍ သာဓုနုမော် ခေါ်ဆိုနိုင်ပါစေ။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ...ရွှေဝန်းရတနာ...

ယနေ့ နေ့ဆွမ်းအလှူရှင်

                                                                      




ယနေ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ၊ မကုဋာရာမမြန်မာကျောင်းတိုက်ကြီး၏ နေ့ဆွမ်းအလှူကို မြန်မာ့ကျောက်မျက်ရတနာ ကုန်သည်များအဖွဲ့မှ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ပါသည်။

ကုသိုလ်ရှင်ဖြစ်သော မြန်မာ့ကျောက်မျက်ရတနာ ကုန်သည်များအဖွဲ့သည် လောကအကျိုး၊ သာသနာ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများဖြစ်ပါစေ ဟူသော မေတ္တာစိတ်ဖြင့် သီရိလင်္ကာနိုင်ငံတွင် စာပေသင်ကြား နေကြသည့် မြန်မာစာသင်သား သံဃာတော်တို့မှ သမန္တာမှစ၍ မေတ္တာသုတ် ပရိတ်တရားတော်များ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များအစရှိသည်တို့ကို ရွက်ဖတ်သရဇ္ဈာယ်ကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါသည်။

ဤကုသိုလ်၏ အဖို့ကို ၃၁ ဘုံသား သတ္တ၀ါအားလုံး အမျှရကြ၍ သာဓုနုမော် ခေါ်ဆိုနိုင်ပါစေ။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ.ရွှေဝန်းရတနာ...

ယနေ့ နေ့ဆွမ်းအလှူရှင်

                                                                      






ယနေ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ၊ မကုဋာရာမမြန်မာကျောင်းတိုက်ကြီး၏ နေ့ဆွမ်းအလှူကို ရန်ကုန်မြို့၊ ကျောက်မြောင်းမြို့နယ်၊ ဖခင်ကြီး ဦးကျော်ရှိန်၏ အသက် (၉၀) ပြည့်မွေးနေ့အတွက် သားဖြစ်သူ ဦးမောင်မောင်အေး မိသားစု (နော်ဝေနိုင်ငံ) မှ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ပါသည်။

ကုသိုလ်ရှင်ဖြစ်သော သားဖြစ်သူ ဦးမောင်မော်အေးနှင့် မိသားစုတို့သည်၎င်း၊ မွေးနေ့ရှင်ဖြစ်သော ဖခင်ကြီး ဦးကျော်ရှိန်သည်၎င်း၊ ယနေ့မှစ၍ သက်တော်ရာကျော် ရှည်ပါစေ၊ လောကအကျိုး၊ သာသနာ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများဖြစ်ပါစေ ဟူသော မေတ္တာစိတ်ဖြင့် သီရိလင်္ကာနိုင်ငံတွင် စာပေသင်ကြား နေကြသည့် မြန်မာစာသင်သား သံဃာတော်တို့မှ သမန္တာမှစ၍ မေတ္တာသုတ် ပရိတ်တရားတော်များ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များအစရှိသည်တို့ကို ရွက်ဖတ်သရဇ္ဈာယ်ကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါသည်။

ဤကုသိုလ်၏ အဖို့ကို ၃၁ ဘုံသား သတ္တ၀ါအားလုံး အမျှရကြ၍ သာဓုနုမော် ခေါ်ဆိုနိုင်ပါစေ။

သာဓု သာဓု သာဓု

စောင့်လေမျိုးနွယ်..

                               
                   စောင့်လေမျိုးနွယ်...( ၃ )..နိဂုံးပိုင်း

3 နှစ်ကြားပြီးနောက် .......
"mom...ဘာလုပ်နေတာလဲဟင်"
အနီးတွင်ထိုင်နေသောသားလေးက သူမအား နားမလည်ဟန်ဖြင့်မေးလိုက်သည်။
"သြော်--သားသား--mom ဘုရားရှိခိုးနေတာလေ။ ဟောဟိုမှာတွေ့လား။
အဲဒါသားသားတို့ ဘုရားကြီးပေါ့။ သားသားလည်း ရှိခိုးရမယ်နော်"။
သားလေးကိုသူမရင်ခွင်ထဲထိုင်စေလိုက်သည်။ လက်နှစ်ဖက်ကို
လက်အုပ်ချီပုံစံပြုစေ၍ နဖူးထက်တွင် တင်ပေးရင်း စေတီတော်မြတ်ကြီးရှိရာသို့
ဦးတိုက်ထားလိုက်သည်။
"သားသားလိုက်ဆိုစမ်း mom ဆိုသလိုလိုက်ဆိုစမ်း .........."
"..ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊
ဓမံ္မ သရဏံဂစ္ဆာမိ....၊
သံဃံ သရဏံ ဂစ္ဆာမိ။ "
သားလေးကို တိုင်ပေးရင်း သူမရောသားလေးပါ သရဏဂုံဆောက်တည်ပြီး ဖြစ်သည်ဟု
မှတ်ယူလိုက်သည်။
..............**------**----- xxxxxxxx-----****-----****.............
ဘုရားကပြန်လာပြီး နောက်တနေ့မှာပင် သူမခင်ပွန်းက ဆန့်ကျင်ဘက်ဖြစ်လွန်းသော စကားတစ်ခွန်းဖြင့် တိုင်ပင်ခဲ့ပါသည်။
"ချို-သားလေးကိုကို xxxx ခ်ါသွားအုံးမယ်"
"အို-သားလေးက.. အခုမှလေးနှစ်ကျော်ရုံလေးရှိသေး တာ ငယ်ပါသေးတယ်။ အစ်ကိုရယ်ဖြည်းဖြည်းမှခေါ်တာပေါ့။"
"ကို..ဆရာတစ်ယောက်နဲ့တိုင်ပင်ြ ပီးပြီခေါ်သွားမှဖြစ်တော့မယ်။"
ဆန္ဒ၏နောက်မှာအာဏာတို့ ရောစွက်နေသော သူမခင်ပွန်း၏စကားလုံးများကို
သူမတော်လှန်တားမြစ်နိုင်စွမ်း မရှိခဲ့ပါ။ အိမ်ထောင်ဦးစီးမဟုတ်ပါလား ......
.....................**....... ................**.....................*...................
xxxxxx.............xxxxxx............
"အေးမာ�yle="text-align: center;"> အရေးတကြီး ခေါ်သံကြားလိုက်ရသည်။
"မချို-----မချို----မချို"
"ဟဲ့----ဘာလို့ဒီလောက်အရေးတကြီး ခေါ်နေရတာလဲ"
"အစ်မယောက်ျားမှာသွားတယ် .. ၀တ်ကျောင်းကအပြန် နင့်သားကို 
ချင်းချင်းဝိုင်းရိုက်လို့ ခေါင်းကွဲတာ ..အဲဒါ ဆေးရုံကိုအမြန်လိုက်ခဲ့ပါတဲ့"
လျစ်လျူရှုခဲ့မိတယ်။ ဒါကြောင့် ငါဟာ.. ဘာသာလဲဆုံး၊ သာiv style="text-align: center;">
သူမရင်ထဲ မီးစနှင့်ထိုးသွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ ရပ်ထားသော
ကြမ်းပြင်နေရာသည် ဦးစိုက်ကျွမ်းပြန် ဖြစ်သွားသည်ဟု မှတ်ထင်လိုက်ရသည်။
ဆေးရုံကိုအမြန်ဆုံးလိုက်သွားလိုက်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော
သားလေးအလောင်းကို တွေ့လိုက်တော့ သူမရင်ထဲဆို့နင့်သွားသည်။ သားလေးအား
ကြီးစွာသောသနားခြင်းနှင့်အတူ လက်လွတ်ဆုံးရှုံးလိုက်ရပြီဟူသောအသိကြောင့်
နှလုံးသားသည် တဆက်ဆက်တုန်နေ၏။ ငိုရှိုက် လိုက်သည့်တိုင်
ရင်ဝ၌တစ်ဆို့နေသောကြောင့် အသံထွက်မလာတော့။ သားလေးအား
သဂြိုလ်ပြီးစီးသည့်နေ့မှာပင် သူမခင်ပွန်းက
ပဟေဠိဆန်သောမေးခွန်းတစ်ခုကိုမေးလာသည်။
"ချို--ကိုယ်တို့သားလေးဆုံးရတာ ဘာကြောင့်လဲသိလား"
"သိတယ်လေ--ရှင့်ကြောင့်ပေါ့။ သားကိုခေါ်သွားလို့ပေါ့။
ကျွန်မခေါ်မသွားနဲ့အုံးလို့ တားပါလျှက်နဲ့ ဇွတ်အတင်းခေါ်သွားတယ်။
ရှင့်ကြောင့်ကျွန်မသားသေရတာလေ။"
သားလေးအတွက် ခံစားခဲ့ရသော နာကျင်မှုနှင့်ဒေါသတို့ ရောစွက်နေသည်ကြောင့်
သူမကြမ်းတမ်းစွာပြောဆိုပစ်လိုက်သည်။
"အေးငါလည်း အဓိကတရားခံဘယ်သူလည်းဆိုတာ သိစေချင်လို့ မင်းကိုမေးတာ။
သားလေးမဆုံးခင်နေ့က အပြင်သွားတဲ့ကိစ္စ အိမ်နီးချင်းတွေပြောလို့
ငါအားလုံးသိပြီးပြီ။
သားလေးကို မင်းတို့ရွှေတိဂုံဘုရားခေါ်မသွား ခဲ့ရင် ငါလည်း xxxxx ပို့ဖို့
အလောတကြီး စီစဉ်မှာမဟုတ်ဘူး။ သားလေးဆုံးစရာ အကြောင်းမရှိဘူး။
သားလေးဆုံးရခြင်းရဲ့ အဓိကတရားခံက..မင်းကွ..။ မင်းသိရဲလား။"
"အို--ရှင်မဆိုင်တဲ့ကိစ္စကိုလြာ ပီးမစွပ်စွဲပါနဲ့ အမေတစ်ယောက်က
သူ့သားတစ်ယောက်ကို သူတို့ဘုရားခေါ်သွားတာ အပြစ်ပြောစရာမဟုတ်ဘူး။
ဒါဘာထူးဆန်းလဲ"
"အေးသူများတွေအတွက် မထူးဆန်းပေမယ့် မင်းအတွက်ထူးဆန်းတယ်ကွ မင်းကိုယ်မင်းပြန်မေးကြည့်စမ်း။ ဘာ--ဘာသာဝင်လဲဆိုတာ၊ မင်းက
xxxx  ဘာသာဝင်ဖြစ်နေပြီလေ"။
သူမရယ်သွမ်းသွေးရင်းပြန်လည်ချေ ပလိုက်သည်။
"ဟင်း--ဟင်း--ဟင်း၊ ကျွန်မလား ဗုဒ္ဓဘာသာဝင်လေ။
ကျွန်မရွှေတိဂုံဘုရားကြီးဆီမှာ သရဏဂုံဆောက်တည်ပြီးသွားပြီ
အခုကျွန်မဗုဒ္ဓဘာသာဝင်ဖြစ်နေပြီေ လ"
"ဘာ---ဘာပြောတယ်။ မင်းစော်ကားတယ်ပေါ့။ ငါတို့ဘာသာထဲဝင်ပြီး တခြားဘာသာ ပြန်ပြောင်းတယ်ပေါ့"
"စော်ကားတာမဟုတ်ဘူး။ ကျွန်မရဲ့ကိုယ်ပိုင်အခွင့်အရေး ကို
ကျွန်မဘာသာဖန်တီးယူတာ။ အခုကျွန်မမှာ သားလေးလဲမရှိတော့ဘူး။
ဘာမှငှဲ့ကွက်စရာအကြောင်းမရှိတော့ဘူး။ ဒီတော့ ရှင့်ကို ဆက်ပြီး
မပေါင်းနိုင်တော့ဘူး။ ကျွန်မရဲ့အခွင့်အရေးတွေကို ကျွန်မဆက်ပြီး
အဆုံးအရှုံးမခံနိုင်တော့ဘူး"
"အေး--ဒါဆိုရင်ကောင်းပြီလေ အိမ်မှာရှိတဲ့ပစ္စည်းကိုတော့ မင်းဘာတစ်ခုမှ
ရလိမ့်မယ်မထင်နဲ့ မင်းကြိုက်တဲ့ နေရာသွားနိုင်တယ်"။
သူမအ၀တ်အစားများကို အိမ်ထောင်ကျစဉ်က ယူလာခဲ့သောအိတ်ဖြင့် ထည့်၍
သင်္ဘောဆိပ်သို့ ထွက်လာခဲ့သည်။ သူမအတွက် ရှေ့ဆက်ပြီးလုပ်ရမည့်အလုပ်နှင့်
သွားရမည့်နေရာအတွက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက်သည်။
ခရီးသည်များ နားနေခန်းသို့ဝင်၍ စာတစ်စောင်ရေးလိုက်သည်။
......xxxxxxx............... xxxxxx.............xxxxxx............
"အေးမာ၊ မဆွေ၊ ခင်မိုး။ ငါစာရေးလိုက်ပါတယ်။ နင်တို့ဒီစာကို ဖက်နေတဲ့
အချိန်မှာ ငါဟာမချိုအဖြစ်နဲ့မဟုတ်တော့ပဲ
လောကီကိုစွန့်ခွာသွားတဲ့သီလရှင် တစ်ပါး ဖြစ်နေပါပြီ။ ငါလေ တို့ငယ်ငယ်က
နုတ်တိုက်ကျက်ခဲ့ဘူးတဲ့ သားသမီးကျင့်ဝတ်ငါးပါး လင်္ကာထဲက
"စောင့်လေမျိုးနွယ်"ဆိုတဲ့စာကြောင်းလေးကို မိုက်မဲစွာ
လျစ်လျူရှုခဲ့မိတယ်။ ဒါကြောင့် ငါဟာ.. ဘာသာလဲဆုံး၊ သားလဲဆုံး၊
ဘ၀လည်းဆုံးခဲ့ရတယ်။ အမျိုးအနွယ်ကို စောင့်ရှောက်ဘို့တာဝန်ပျက်ကွက်သူ၊
ဒို့ရဲ့ချစ်စရာကျေးလက်စရိုက်တွေနဲ့ ဝေးကွာသူလည်း ဖြစ်ခဲ့ရတယ်။
နင်တို့နဲ့အတူ တခြားဒို့ရဲ့သူငယ်ချင်း တွေကို ငါ့လိုအဖြစ်မျိုး
မကြုံရအောင် ငါ့ဘ၀ကို သင်ခန်းစာယူပြီး အိမ်ထောင်ပြူမမှားကြပါနဲ့လို့
ငါသတိပေး တိုက်တွန်းလိုက်ပါတယ်"။
နင်တို့ရဲ့သူငယ်ချင်း
မချို
...........xxxx.............. xxxxx.................xxxxx................xxx....
စာအိတ်ကိုပိတ်၍ ဧရာဝတီသင်္ဘောစာရေးကြီးအား သူမတို့ရွာသို့ ပေးဘို့ရန်
မှာကြားလိုက်သည်။ ဤစာသည် ဆုံးရှုံးခံဘ၀ဖြင့်ရင်း၍ရခဲ့သော သူမ၏
နောင်တဝေဒနာများ အတွက် သူမတက်နိုင်သောအစားထိုးကုသမှုဟု ခံယူလိုက်သည်။
သင်္ဘောများဥဒဟိုသွားလာနေသောရန်ကု န်မြစ်ပြင်ကြီးကို ကျောခိုင်းလိုက်သည်။
သူမရင်ထဲမှာ အိမ်ထောင်ရေး နောင်တများ၊ ဘ၀သင်ခန်းစာများ၊ လောကီသံဝေဂများ၊
ပွေ့ပိုက်ထည့်သွင်းလျှက် သူမ၏ခြေလှမ်းများက သီလရှင်များနေသော
ကျောင်းတိုက်ဆီသို့တရွေ့ရွေ့။ တရွေ့ရွေ့


(ဤ၀တ္ထုတိုလေးသည် အဖြစ်ပျက်မှန်တစ်ခုအား အခြေခံပြီး ခံစားရေးဖွဲ့ထားသောဝတ္ထုတိုတပုဒ်ဖြစ်ပါသည်။)

You do all performance on everything is your morally.
အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်သမျှကိစ္စ တိုင်းသည် သင့်၏ ကိုယ်ကျင့်တရားပင် ဖြစ်သည်။

မှတ်ချက် ။      ။ ဤဆောင်းပါးသည် မည်သည့်ဘာသာကိုမျှ ထိခိုက်လိုသော ရည်ရွယ်ချက်မရှိပဲ မိမိ ဘာသာဝင် အတွက်သာ စောင့်လေမျိုးနွယ်ဆိုော ၀တ္တရား အရအသိပေး တိုက်တွန်းချင်းသား ဖြစ်သည် ။
မိမိ ဘာသာအား စောင့်ရှောက်သော ဆောင်းပါးဖြစ်သည်ကြောင့် မည်သည့်ဘာသာကိုမျှ မထိခိုက်ပါ ။
    ရောက်လာသူအပေါင်းရွှင်လမ်းချမ်မြေ့ကြပါစေ..ရွှေဝန်းရတနာ..(၁၆.၉.၁၁)သောကြာနေ့
ဤဆောင်းပါကိုမြန်မာအမျိုးသမီများအတွက်မည်သူမဆိုဖြန့်ဝေနိုင်ပါသည်။။။။။။။

Tuesday, September 13, 2011

စောင့်လေမျိုးနွယ်

                                                      

                                               စောင့်လေမျိုးနွယ်..( ၂ )
                              
*................*...........xxxxxxx........*......................*

ဤခုနှစ်ဆူကုန်သော......မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
အမှတ်ဖြင့်သာလျှင်... ရွှေဖ၀ါးရတနာ... စကြာရွှေဖ၀ါး.... ဖြန့်ငြား........
ဖြန့်ငြားပါစေသော်။

သူမတို့နေရာနှင့် မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှ
လွင့်ပျံလာသောအသံချဲ့စက်အသံ။ ဤသီချင်းသံသည် ရွာမှာအလှူဘုရားပွဲရှိတိုင်း
ဖွင့်နေကျ သီးချင်းသံဖြစ်သည်။ အခုမှပို၍တမ်းတစွာ နားထောင်ဖြစ်သည်။
ရွာကိုပို၍သတိရမိသည်။သူမတို့အရပ်တွင် အလှူအစနေ့တွင် အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်သီချင်းသံကို စတင်ကြားရသည်။ ထိုအချိန်တွင် သူမတို့အမျိုးသမီးအုပ်စုကကြက်သွန်လှီး၊ ကြက်သွန်ခွာဖြင့် အလုပ်ရှုပ်ကျမည်။ ဦးညွန့်တို့
ဦးအောင်လံတို့၊ ဦးကြီးများက အကျီဗလာကျင်း၍ ပုဆိုးခေါင်းပေါင်းဖြင့်
လာရောက်ထမင်းချက်ကြမည်။ ကလေးတသိုက်က ဆူညံစွာ ပြေးလွှားဆော့ကစား၍
အချို့ကအသံချဲ့စက်နားတွင် ၀ိုင်းအုံနေကြမည်။ ညနေပိုင်းတွင်
အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့်
ကလေးလူကြီးအားလုံးပျော်ပျော် ပါးပါးစားသောက်ကျတော့မည်။

ဤသီချင်းနှင့် စိတ်ကူးထဲကရွာအလှူပွဲ၏ပုံရိပ်မြင်ကွင်းအစုံသည်
သူမနှလုံးသားထဲ အသွေးအသားထဲအထိ ရုန်းကြွလှုပ်ရှားဆူဝေလာစေ၏။
ရင်တလှပ်လှပ်တုန်လာသည်အထိ ရွာကိုအောင်းမေ့မိ၏။ အိမ်အပြင်ထွက်၍
အသံချဲ့စက်အသံကြားရာသို့ သူမ ထွက်ကြည့်လိုက်သည်။
ယောဂီလုံချည်များဝတ်လျှက် သာသနာတော်အကျိုး အတွက် ငွေဖလားကိုယ်စီကိုင်ကာ
အလှူခံနေသူများ၊ တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊
ကျောင်းတော်ကြီးအတွင်းဝင်၍ ဘုရားဝတ်ပြုနေသူများ၊ ကျက်သရေရှိလှသော
မြင်ကွင်းအစုံကို သူမလွမ်းမောစွာ ငေးကြည့်နေမိသည်။ ဖြစ်လိုရာဖြစ်စေတော့
ပိုက်ဆံအိတ်ထဲမှ ငွေသုံးထောင်ကျပ်ကို ထုတ်ယူ၍
ခပ်သုတ်သုတ်သွားလှူလိုက်သည်။ ဘ၀တသက်တာအတွင်းမှာ အရသာအရှိဆုံးအလှူဟု
သူမဘာသာမှတ်ချက်ပြုရင်း ကြည်နူးလိုက်သည်ဖြစ်ခြင်း။

.......................................................*...................................................

"ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခံကြွလို့ရမလား"

သင်္ကန်းကို သပ်ရပ်စွာရုံထားသော ကိုရင်နှစ်ပါးက သူမကိုမြင်၍
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ ဘာသာခြားအများ စုနေထိုင်သော
ဤနေရာတ၀ိုက်တွင် မြန်မာရုပ်ပေါ်လွင်နေသောသူမကို တွေ့လိုက်၍ အားကိုးတကြီး
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ သူမဘာပြောရမှန်းမသိတော့
ကိုရင်များကိုခပ်တွေတွေကြည့်နေမိသည်။

"အရှင်ဘုရား တပည့်တော်.......?........xxxxxx ဘာသာကြားထဲ ရောက်နေလို့
ဆွမ်းလှူခွင့်မရှိပါဘုရား"

တစ်ဆို့နေသော လည်ချောင်းအတွင်းမှ သူမ အသံချောက်ကပ်စွာ ထွက်ပေါ်လာသည်။
ကိုရင်များကသူမကို ဘာသာခြားဟုတ်ပါ့မလားဟု သံသယအကြည့်ဖြင့် ကြည့်၍
လှည့်ပြန်သွားကြလေပြီ။

အလှူအတန်း ရက်ရောသောအဘိုးအဖွားတို့၏မြေးဖြစ်သူ. သဒ္ဓါစေတနာထက်သန်သော
အမိအဖတို့၏သမီးဖြစ်သူ၊ ကုသိုလ်ကောင်းမှုဖြင့်ဝေးခဲ့ရ၍ အလှူအတန်းကို
ရက်ရောစွာ ပြုလုပ်လိုသူ ယခုတော့ ဆွမ်းလာဖိတ်သော ကိုရင်များကို
ဘာသားခြားပါဟူ၍ ငြင်းဆန်လိုက်ရပြီ။ ရင်ထဲမှာ နင့်နေအောင်ခံစားလိုက်ရသည်။
တလှိုက်လှိုက် တက်လာနေသော ရင်တွင်းသောကကို ဘယ်လိုမှထိန်းမထားနိုင်တော့။
အိပ်ခန်းတွင်းသို့ဝင်၍ အားရအောင် ငိုရှိုက်ပစ်လိုက်သည်။ ဘယါသူမပြု မိမိမှု့ ဘယ်သူ့အပစ်မှမဟုတ် မိမိ ပြင်မရသော အပစ်ကြီး .......။

.......*.........*............xxxxxxxxxxxx........*........*..........

တိတ်ဆိတ်သောပတ်ဝန်းကျင် ခပ်စိမ့်စိမ့်လေနုအေး
ကြည်နူးဖွယ်ဆည်းလည်းသံတို့ကို ခံစားရင်း အလင်းရောင်ခပ်ဖျော့ဖျော့အောက်ဝယ်
ထီးထီးမားမားတည်ရှိနေသော စေတီတော် မြတ်ကြီးကို ဦးချရှိခိုးလိုက်သည်။
တဒင်္ဂအခိုက်အတန့်လေးရယ်ပေါ့။ သည်အခိုက်အတန့် လေးမှာပင်
မြင်ကွင်းအားလုံးပျောက်ကွယ်ခဲ့ရပါပြီ။ သူမ အိပ်ယာကလန့်နိုးခဲ့သည်။
    
မှတ်ချက် ။      ။ ဤဆောင်းပါးသည် မည်သည့်ဘာသာကိုမျှ ထိခိုက်လိုသော ရည်ရွယ်ချက်မရှိပဲ မိမိ ဘာသာဝင် အတွက်သာ စောင့်လေမျိုးနွယ်ဆိုော ၀တ္တရား အရအသိပေး တိုက်တွန်းချင်းသား ဖြစ်သည် ။
မိမိ ဘာသာအား စောင့်ရှောက်သော ဆောင်းပါးဖြစ်သည်ကြောင့် မည်သည့်ဘာသာကိုမျှ မထိခိုက်ပါ ။
 ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ...ရွှေဝန်းရတနာ..(၁၃.၉.၁၁)အင်္ဂါနေ့