ဘ၀ပျော်ရွှင်ရေးအတွက်…
- လက်ရှိအချိန်ကာလကို ခံစားနေထိုင်တတ်ပါ။
- လှိုက်လှိုက်လှဲလှဲရယ်မောပါ။
- မအိပ်ခင် စာကောင်းကောင်းလေးတွေဖတ်ပြီး အိပ်ရာဝင်ပါ။
- ဂီတနားဆင်ပါ။
- စိတ်ရောကိုယ်ပါ ကစဥ့်ကလျားမဖြစ်ပါစေနဲ့။
- မလိုတာတွေ မလုပ်၊ မပြော၊ လက်မခံပဲ ငြင်းတတ်ပါစေ။
- စိတ်ညစ်စရာပြသနာတွေကို ဖြေရှင်းဖို့ စာရင်းလုပ်လိုက်ပါ။
- တစ်ချိန်မှာ တစ်မျိုးပဲ အာရုံစိုက်ပါ။
- လေကောင်းလေသန့်ရှူပါ။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပါ။
- မိမိချစ်သော ခွေးကလေးနှင့် လမ်းလျှောက်ထွက်ပါ။ (တိရစ္ဆာန်လေးများကို ကြင်နာတတ်ပါစေ)
- ဘာသတင်းကိုမှ နားမစွင့်တဲ့နေ့ရှိပါစေ။
- လင်းလင်းရှင်းရှင်း၊ သန့်သန့်မွှေးမွှေးနေတတ်ပါ။
- လုပ်ငန်းခွင်ကို ခေတ္တမေ့ထားတဲ့အခါ ရှိပါစေ။
- တိတ်ဆိတ်အေးငြိမ်းသော နေရာများသို့ သွားလည်ပါ။
- လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီပါ။ လုပ်အားပေးပါ။
- တစ်ယောက်တည်း နေတတ်ပါစေ။
- စိတ်ပါလက်ပါ လမ်းလျှောက်လှုပ်ရှားမှုပြုပါ။
- ရင်းနှီးချစ်ခင်သော ဆက်ဆံရေးသည် ရောင်ပြန်ဟပ်တတ်တာ နားလည်ပါ။
- ဘာသာတရား ကိုင်းရှိုင်းပါ။
- အကောင်းမြင် မေတ္တာထားတတ်ပါစေ။
- စောစောအိပ်ရာထပါ။
- အလွန်အကျူးမစားပါနှင့်။ ခန္ဓာကိုယ်ကို ၀န်ပိစေပါတယ်။
- စိတ်မရွှင်မပျဖြစ်ရင် အပန်းဖြေခရီးတစ်ခုကို စိတ်ကူးနဲ့ဖြစ်ဖြစ် သွားကြည့်လိုက်ပါ။
- အရက်သောက်ရင် သင့်တင့်ရုံသာ သောက်ပါ။
- မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊ ပိုပြီး ကျန်းမာလေပါ။
- နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောကဖြစ်မနေပါနဲ့။
- နှစ်သက်သဘောကျတဲ့ ၀ါသနာတစ်ခုရှိနေရင် စိတ်တက်ကြွရှင်သန်နေပါမယ်။
- ထုတ်ပိုးပြုပြင်ထားသော အစားအသောက်ရှောင်ပါ။
- သစ်သီး၊ ဟင်းသီးဟင်းရွက် အစိမ်းများများစားပါ။
- ရေတွေ၊ အရည်တွေ များများသောက်ပါ။
- မိမိရင်ထဲ ခံစားရတဲ့ဝေဒနာတွေကို အရင်းနှီးဆုံးလူတွေထံ ရင်ဖွင့်ပါ။
- မိမိ အချစ်ဆုံးသူကို အနည်းဆုံး တစ်နေ့တစ်ခါ “ချစ်တယ်” လို့ဖွင့်ပြောပါ။ (အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ဆင်ခြင်ကင်းမဲ့သော ကမ္ဘာကြီးတွင် ချစ်မေတ္တာထားခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေပါတယ်)
- ဘ၀ကို ပျော်ရွှင်စရာ စွန့်စားခန်းတစ်ခုလို သဘောထားခံစားပါ။
- အဆိုးဆုံးကို
ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။ (အဆိုးဆုံးကို
သိရှိလက်ခံလိုက်တာနဲ့ ကြောက်ရွံ့တုန်လှုပ်စိတ်အတော်မျာ
းများ ပျောက်ကွယ်သွားတာ အံ့သြဖွယ်ရာ တွေ့ရမှာပါ။) - ဘ၀ကို အလဟသ မဖြုန်းတီးပဲ မိမိလုပ်ချင်တာတွေအတွက် အချိန်ပေးပါ။
- စိတ်ထိခိုက် ၀မ်းနည်း ဒေါသဖြစ်နေတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ခြင်းဖြင့် စိတ်ဖြေဖျောက်ပါ။
- နေအိမ်မှာ အလင်းရောင်အားကောင်းတဲ့ မီးလုံးမီးချောင်းရှိပါစေ။
- ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းလျှော့သောက်ပါ။
- မိမိကိုယ်ကို မိမိ နှစ်သက်သလို ၀တ်စားဆင်ယင်ပါ။
- ညနေတိုင်း မိမိနားထင်ကို လက်ထိပ်လေးနဲ့ နှိပ်ပေးပါ။
- ငြီးငွေ့မှုကို ခံစားရရင် ရေနွေးနဲ့ ရေချိုးပါ။
- တီဗီအစီအစဉ်ကို ရွေးကြည့်ပါ။ အကြာကြီး မကြည့်ပါနဲ့။
- မိမိရဲ့ စွမ်းအားကို လျှော့မတွက်ပါနဲ့။
- အများသုံးရေချိုးခန်း၊ အိမ်သာတွေကို တတ်နိုင်သမျှရှောင်ပါ။
- မိမိခန္ဓာကိုယ်က အချက်ပေးတာကို နားထောင်လိုက်နာပါ။ (ဆရာဝန်ကိုသာ အားကိုးပုံအပ်ခြင်း မပြုပါနဲ့)
- လေကောင်းလေသန့်များများရှူပေးပါ
။
အားလုံး ဘ၀မှာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ.....
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ ကြပါစေ..ရွှေဝန်းရတနာ..(၂၂.၉.၁၁)ကြာသာပတေးနေ့..
ဘုန်းဘုန်း
ReplyDeleteပရင်ထုတ်သွားပါတယ်ဘုရာ့။
ဘုန်းဘုန်းလည်းပျော်ရွှင်ချမ်းမြေ့ပါစေဘုရာ့။
ရိုသေစွာဖြင့်